Sunday, December 23, 2012

လက်ကောက်ဝတ် အကြိတ်

 လူတယောက်ဟာ သာမန်နဲ့မတူ အဖုအကြိတ် အလုံးအခဲတွေ နေရာတိုင်းမှာဖြစ်တတ်ပါတယ်။လူကိုဒုက္ခပေးနိုင်တာ ရှိသလို ဒုက္ခမပေးဘဲ သူ့ဘာသာ တည်ရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တခါတရံတော့ သူ့ဘာသာကို ပြန်ပျောက်သွားတတ်တယ်။သို့သော် ပုံမှန်မဟုတ်ဘဲ အဖုအကြိတ်ဖြစ်လာပြီဆိုရင်တော့ အနည်းဆုံး လူတယောက်ကို စိတ်ဒုက္ခပေးတတ်တာ အသေအချာပါ။ တရက်က ဆေးခန်းလာပြနေကျ ဘော်ဒါဆောင်တစ်ခုက ကျောင်းသားလေးတယောက် လက်ကောက်ဝတ်ပိုင်းအပေါ်မှာ အဖုအကြိတ်လုံးလေးတစ်လုံးဖြစ်လို့ လာပြခဲ့တယ်။ လက်ကောက်ဝတ်ကွေးရင်၊ ကော့ရင်နာတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေ ကွေးဆန့်ရင် ဘာမှမဖြစ်ဘူး။ အရွယ်အစားက ၂စင်တီမီတာလောက်ရှိမယ်။ စမ်းသပ်ကြည့်ရင် အရိုးနုလိုဘဲ။ မမာသလို မပျော့ဘူး။

ဆေးပညာရပ်ဆိုတာ

ဆေးပညာရပ်ဆိုတာ ဘာလဲ။ဆေးပညာရပ်တွေဟာ အတော်ခက်ခဲသလား။ ဒီအချက်ကို စကားဝိုင်းတစ်ခုမှာ မိတ်ဆွေတစ်ယောက်က မေးလို့ဆွေးနွေးဖြစ်တယ်။ ဆရာဝန်တွေပြောကြရေးကြတဲ့ထဲမှာ ဆေးပညာဆိုတဲ့ စကားလုံးကို တော်တော်များများ သုံးကြတယ်။ ဆေးပညာဆိုတဲ့ စကားလုံးကို သီးသန့်လေ့လာကြည့်ရင် ဆေးဆိုတာကိုတပိုင်း၊ ပညာ ဆိုတာကို တပိုင်း သတ်မှတ်ပြီး အဓိပ္ပါယ်ဖော်တာ ကောင်းပါတယ်။ ဆေးဆိုတာကတော့ ဆေးဝါးနှင့် သက်ဆိုင်သော(သို့) ကုသခြင်းနှင့်သက်ဆိုင်သော ဆိုတဲ့အဓိပ္ပါယ်ပါ။ ပညာဆိုတဲ့စကားမှာတော့ ဘာသာရပ်တခုကို လေ့လာခြင်း(သို့)အသုံးချခြင်းလို့ ဆိုရမှာပါ။ တချို့ကမေးပါတယ်။ဆေးပညာဆိုတာ တော်တော်ခက်ခဲမှာပဲနော် ဆိုတာမျိုး။စာအုပ်တွေလဲ