Wednesday, June 26, 2013

မွေးကျွတ်နာ(သို့) အနာစိမ်းတမျိုး

မွေးကျွတ်နာကို အင်္ဂလိပ်လို boil လို့ခေါ်ပါတယ်။ ဆေးအခေါ်အရ furuncleလို့လည်း ခေါ်နိုင်သေးတယ်။မြန်မာလို အနာစိမ်းလို့ တချို့က  ဘာသာပြန်ကြတယ်။ Staphylococcus aureusလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေပါတယ်။ ကူးစက်မြန်တယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူတွေမှာ အဓိကဖြစ်တယ်။ လတ်တလော ခုခံအားကျဆင်းမယ်လို့ ယေဘုယျသိရှိနိုင်တယ်။ folliculitisမွေးညှင်းပေါက် ပိုးဝင်တာလည်း တမျိုးရှိသေးတယ်။ ပိုးဝင်တဲ့နေရာမှာ ပြည်ဖုသေးသေးလေးတွေ တစ်လုံးစ၊နှစ်လုံးစ တွေ့ရှိနိုင်တယ်။ မျက်နှာ၊လည်ပင်း၊ပေါင်၊ကျော၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ပွတ်တိုက်မှုများတာ၊ ချွေးထွက်များတာ၊ ရေနဲ့ ထိတွေ့မှုများတာတွေနဲ့ သက်ဆိုင်တတ်တယ်။ မွေးကျွတ်နာဆိုတာ deep folliculitis မျိုးဖြစ်လို့ မွေးညင်းနုပိုးဝင်ရုံသာမက အဆီဂလင်းဆိုတာ ပါလာတယ်။ရိုးရိုးfolliculitisထက် နေရာပိုကျယ်ပြန့်လာတဲ့ သဘောရှိတယ်။အာရုံကြောဆိုတာလည်းပါလာလို့ နာကျင်မှုပါ ပိုလာတယ်။ ထိမိကိုင်မိရင် အလွန်နာတယ်။

Thursday, June 6, 2013

လိုက်နာရှောင်ကြဉ် ပွေးကင်းစင်

အရင်အပတ်က ဝဲအကြောင်း ဆွေးနွေးခဲ့ပြီဆိုတော့ ဒီအပတ်ပွေးအကြောင်း ဆက်လက်သွားကြတာပေါ့။ ပွေးနဲ့ဝဲ တူညီမှုမရှိကြောင်း ပြောပြခဲ့ပြီးပါပြီ။ပွေးဆိုတာလည်း အဖြစ်အများဆုံး အရေပြားရောဂါတွေအနက် တခုဖြစ်ပါတယ်။

ပွေးဆိုတာ ဘာ့ကြောင့်ဖြစ်လဲ။
ပွေးကို အင်္ဂလိပ်လို ringwormလို့ ခေါ်ပါတယ်။အမှန်စင်စစ် fungusမှိုပိုးတစ်မျိုးကြောင့် ဖြစ်စေပါတယ်။ ဘယ်လိုမှိုအမျိုးအစားတွေလဲဆိုတော့ microsporum,epidermophyton,trichophytonအစရှိတဲ့ မှိုပိုးတွေကြောင့်ပါ။ သေဆုံးနေတဲ့ အရေပြားဆဲလ်တွေပေါ်မှာ ရှင်သန်နေထိုင်တတ်ကြတယ်။ ringwormကိုဆေးပညာအခေါ်အဝေါ်အရ tineaလို့ ခေါ်ပါတယ်။ လက်တင်ဘာသာက ဆင်းသက်လာတယ်။ "ကြီးထွားရှင်သန်နေသော တုပ်ကောင်"လို့ အဓိပ္ပါယ်ရတယ်။ ယခင်က worm ကြောင့်ဖြစ်တယ် ထင်ခဲ့တဲ့အတွက် ringwormဆိုပြီး ယနေ့ထက်တိုင် အမည်တွင်နေတာ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး အမျိုးမျိုးခေါ်ဆိုကြတယ်။

Sunday, June 2, 2013

မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်

မိုးရာသီရောက်လာပြီမို့  သွေးလွန်တုပ်ကွေး သတိပေးချက်တွေ ထွက်ပေါ်လာတယ်။  ကလေးမိဘတွေလဲ သွေးလွန်တုပ်ကွေးကို သတိထားလာတာ တွေ့ရပါတယ်။ ကလေးနေမကောင်းရင် သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်သူတွေလဲ မနည်းလှဘူး။ ဘာပဲပြောပြော ဒီလိုသတိထားလာတာ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ လူနာတွေကလည်း ကျန်းမာရေးသတိရှိလာကြသလို ကလေးတွေကို ဂရုတစိုက် ကုလာကြတယ်။ ဒီဘက်ပိုင်းနှစ်တွေမှာ သွေးလွန်တုပ်ကွေးက ပိုမိုနာမည်ကြီးလာတယ်။လူနာတွေကြားထဲမှာသာမက ဆရာဝန်အသိုင်းအဝိုင်းထဲမှာကို နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ သွေးလွန်တုပ်ကွေးပိုးဟာ ခြင်ကတဆင့် ကူးစက်နိုင်တာကြောင့် ခြင်နှိမ်နှင်းရေး၊ကာကွယ်ရေးတွေကို အလေးထားပြောလာကြတယ်။