Sunday, October 6, 2013

ပန်ကရိယ ရောင်ရမ်းခြင်းနဲ့ ကုသခြင်း

ကျွန်တော် ဆေးပညာဆောင်းပါးတွေ၊ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဂျာနယ်၊မဂ္ဂဇင်း၊သတင်းစာနဲ့ ကိုယ်ပိုင်ဘလော့ခ်တွေမှာ ရေးခဲ့တာ ကြာပါပြီ။ ကိုယ်တိုင်ရေးတာတွေသာများပြီး တိုက်ရိုက်ကူးချတာမျိုး တတ်နိုင်သမျှ ရှောင်ပါတယ်။ကျွန်တော့ဘဝမှာ ဆေးကုမ္ပဏီရဲ့ဖိတ်ကြားချက်နဲ့ ဆေးဝါးမိတ်ဆက်ပွဲတွေ တက်ခဲ့တာ မနည်းပါဘူး။ ဒါပေမယ့် ဆောင်းပါးအနေနဲ့တော့ မရေးဖြစ်ခဲ့ဘူး။ ဒီရက်ပိုင်းတွေမှာ ဆေးကုမ္ပဏီရဲ့ sponsorနဲ့ အထူးကုတွေက symposiumတွေလုပ်ကြ၊ပြောကြတဲ့အခါ အဲဒီအကြောင်းတွေ ဖော်ပြချင်လာတယ်။ဆိုင်ရာအထူးကုတွေ ဆွေးနွေးကြတဲ့ ပြောင်းလဲလာတဲ့ ဆေးပညာ ကုထုံးတွေ၊သဘောတရားတွေကို ပြန်လည်ဖော်သည်ချချင်လာတယ်။ အထူးသဖြင့် symposiumမတက်လိုက်ရတဲ့ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေ၊ ဆေးပညာစိတ်ဝင်စားသူတွေ အလွယ်တကူဖတ်လို့ရအောင် ကိုယ်ပိုင်ဘလော့ခ်မှာ တင်ပေးဖို့ စိတ်ကူးရလာတယ်။နောက်တချက်က သူတို့ပင်ပင်ပန်းပန်းကြိုးစား စုဆောင်းထားတဲ့စာတွေ အလကားဖြစ်မှာ စိုးရိမ်လို့တချက်လည်း ပါပါတယ်။ ဒါ့ကြောင့် ဒီနောက်ပိုင်းကစပြီး ဆေးပညာဆိုင်ရာ နောက်ဆုံးကုထုံးများ ခေါင်းစဉ်အောက်မှာ ဆိုင်ရာအထူးကုတွေရဲ့ တင်ပြချက်များကို အနှစ်ချုပ်ပြီး ပြန်လည်မျှဝေပေးပါမယ်။

Friday, October 4, 2013

ဖိုးဖိုးဖွားဖွား သတိထားစရာ ပါကင်ဆန်ရောဂါ

ပါကင်ဆန်ရောဂါဆိုတာ အသက်ကြီးတဲ့လူတွေမှာ အဖြစ်များတယ်။ ဖြစ်ပွားမှုက Alzheimer's ရောဂါပြီးရင် ဒုတိယလိုက်ပါတယ်။လူ့သက်တမ်းဟာ တိုတောင်းလှပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အို၊နာ၊သေဘေးကို ဘယ်သူမှ ပြေးမလွတ်နိုင်ဘူး။ အိုမင်းယိုယွင်းမှုရဲ့နောက်မှာ ပျက်စီးခြင်းဆိုတာပါလာတယ်။ အသက်ကြီးလာတဲ့အခါ ဦးနှောက်နာ့ဖ်ကြောတွေ ယိုယွင်းပျက်ဆီးလာပါတယ်။  "ပျက်အစဉ် ပြင်မရတာထဲမှာ ဦးနှောက်နဲ့ အာရုံကြောရောဂါ"တွေလည်းပါတယ်။  လူငယ်သဘောက နှေးကွေးတာကို မကြိုက်ဘူး။ သွက်သွက်လက်လက် လှုပ်လှုပ်ရှားရှားရှိမှ လူရာဝင်တယ်။ အသက်ကြီးတဲ့အခါ လေးတိလေးကန်သွားနေတဲ့အခါ စိတ်မရှည်ချင်ဘူး။ အမှန်က လှုပ်ရှားမှုနှေးကွေးတာ ဇရာသဘောပါ။ ဆေးပညာအရ အာရုံခံကြောတွေ ပျက်ဆီးလာတဲ့အခါ ဒီလိုပဲ တုန်တုန်ရီရီနဲ့ လေးလံလာတယ်။ နှေးကွေး၊လေးလံမှုနဲ့ ဇရာသဘောကို ဆောင်တဲ့ရောဂါတွေထဲမှာ ပါကင်ဆန်ရောဂါလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ပါကင်ဆန်ရောဂါဆိုတာက slow progressive degenerative diseaseတဖြည်းဖြည်း ပိုဆိုးလာတဲ့ရောဂါမျိုး ဖြစ်ပါတတယ်။ အသက်၆၀ကျော်ရင် ဖြစ်ဖို့ရာခိုင်နှုန်းက ၁ရာခိုင်နှုန်း၊ ၈၀ကျော်အရွယ်မှာ ၂-၄ရာခိုင်နှုန်းရှိတယ်။ အသက်၅၀မတိုင်မှီ ရောဂါဖြစ်သူ ၁၀ရာခိုင်နှုန်း ရှိပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် တစ်ဆခွဲလောက် ပိုအဖြစ်များတယ်။