Thursday, January 30, 2014

ခြေထောက်လှုပ်တဲ့ဝေဒနာ အဖြေရှာ

လူတိုင်းဟာ ညဖက်မှာ အိပ်စက်အနားယူကြပါတယ်။ သို့သော် လူတချို့ဟာ ညပိုင်းမှာ ကောင်းကောင်းအိပ်စက် အနားမယူနိုင်ကြဘူး။ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ sleep disorderခေါ်တဲ့ ကျန်းမာရေးပြဿနာတခုခုရှိလို့ပါပဲ။ ဒီထဲမှာ sleep disorderလို့ အမည်တပ်ရမယ့် ရောဂါဝေဒနာတခုက restless legs syndrome ဖြစ်ပါတယ်။ Restless legs syndromeဆိုတာ ဦးနှောက် အာရုံကြောဆိုင်ရာ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာရပ်တွေကို ဆိုလိုပါတယ်။ဒီရောဂါလက္ခဏာရှိသူအများစုဟာ ကောင်းကောင်း အိပ်စက်နိုင်စွမ်းမရှိတာကို တွေ့ရတယ်။ ညဖက်အိပ်စက်ဖို့စတင်ကြိုးစားတာနဲ့ ခြေထောက်မှာ ပုံမမှန်တဲ့ ခံစားမှုမျိုး စတင်ခံစားရတယ်။ ငြိမ်နေတာနဲ့ အမျှ ဝေဒနာက ပိုဆိုးလာတယ်။ နောက်ဆုံး ခြေထောက်ကို အငြိမ်မထားဘဲ လှုပ်ရှားကြည့်တဲ့အခါမှ သက်သာသွားတယ်။ လှုပ်ရှားတာရပ်ပြီး ပြန်အိပ်ဖို့ကြိုးစားတဲ့အခါ ဝေဒနာကပြန်ပေါ်လာတယ်။ ခြေထောက်ကို အငြိမ်မပေးဘဲ အဆက်မပြတ် လှုပ်ရှားနေရတာကြောင့်  restless legs syndrome လို့ ခေါ်ပါတယ်။ ကဗျာဆန်ဆန် "ငြိမ်ငြိမ်မနား ခြေထောက်များ၊နားနားမနေ ခြေထောက်တွေ"လို့ ကင်ပွန်းတပ်ရမလားပဲ။ restless legs syndrome(RLS)ကို primary နဲ့ secondaryဆိုပြီး နှစ်မျိုးခွဲခြားထားတယ်။ 

Monday, January 27, 2014

မတ်တပ်ရပ်လို့ခြေထောက်နာ သက်သာစေလား


မက်တပ်ရပ်ပြီးအလုပ်လုပ်နေရလို့
ခြေထောက်နာသတ်သာအောင်ဘယ်လို
လုပ်ရမလဲ ဆရာ


ကျွန်တော်တို့လူသားတွေဟာ ဖြစ်ပျက် နိယာမကို မရှောင်လွဲနိုင်ကြဘူး။ မတ်တပ်ရပ်တဲ့အခါ gravity သဘောအရ သွေးပြန်ကြောစီးဆင်းမှုဟာ အထက်ကို မရောက်ကြဘူး။ ကြာလာတော့ သွေးအိုင်ပြီး ထုံလာ၊ကျင်လာတယ်။ နောက်ပိုင်း နာတာ၊အောင့်တာမျိုး ဖြစ်လာတယ်။ ထိုင်တာဖြစ်ဖြစ်၊မတ်တပ်ရပ် ကြာတာပဲဖြစ်ဖြစ် ကျန်းမာရေးအရ မကောင်းလှဘူး။ ဥပမာ လိပ်ခေါင်းရောဂါ၊သွေးပျစ်ရောဂါ ဖြစ်နိုင်တယ်။ ခြေထောက်ရောင်ရင်ကုသပေးရမယ်။

နှလုံးရောဂါနဲ့ ဟောက်ခြင်း


Dear sir,

            My brother have got papitation for over years and done ECG,show that incomplete right bundle block.Is this condition serious?He also have sleep apnoea and have loud snoring.What is the cause and is this related to RBBB?Thanks u sir 

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၂)

သက်စောင့်ဓာတ်များကို လေ့လာခြင်းခေါင်းစဉ်နဲ့ ဗီတာမင်တွေရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေ ကို ရေးသားနေပါတယ်။ ဒီတပတ်မှာ သက်စောင့်ဓာတ်တမျိုး ဖြစ်တဲ့ ဗီတာမင် ဘီဝမ်း(vitamin B1)အကြောင်းကို ဆက်လက်ဖော်ပြပေးပါမယ်။

Vitamin B1(ဗီတာမင် ဘီဝမ်း)
ပထမဆုံးတွေ့ရှိခဲ့တဲ့ ဗီတာမင်ဘီဖြစ်လို့ vitamin B1လို့ ခေါ်ပါတယ်။ ၁၉၁၂ခုနှစ်မှာ  Casimir Funkဆိုသူက စတင်တွေ့ရှိခဲ့တယ်။ ဗီတာမင် ဘီဝမ်းကို thiamine(သိုင်ရာမင်း)လို့လည်း ခေါ်ကြတယ်။ ကနဦးက အာရုံကြောရောင်ရမ်းခြင်းကို သက်သာစေလို့ "aneurin" လို့ခေါ်ခဲ့တယ်။vitamin B1ရဲ့အသုံးဝင်ပုံက များတယ်။ သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။ နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။ အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။ မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။

Monday, January 20, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁)

ကျွန်တော်တို့လူသားတွေ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင်ဓာတ်တွေ ပါဝင်နေပါတယ်။ လူတယောက် အသက်ရှင်နေထိုင်ဖို့ ဗီတာမင်ဓာတ်တွေ လိုအပ်တယ်။ဗီတာမင်(vitamin)ဆိုတဲ့ မူရင်းအဓိပ္ပါယ်က "vital amines" သက်ရှိတွေအတွက် လိုအပ်သော amineများ လို့ အဓိပ္ပါယ်ရတယ်။ မြန်မာလို သက်စောင့်ဓာတ်လို့ ခေါ်နိုင်ပါတယ်။ ၁၉၁၂ခုနှစ်မှာ ပိုလန်နိုင်ငံသား Casimir Funkက "vitamine"လို့ စတင်သုံးစွဲခဲ့တယ်။ ၁၉၂၀နောက်ပိုင်းကစပြီး ဗီတာမင်တိုင်းဟာ amines တွေချည်းမဟုတ်ကြလို့ နောက်ဆုံးက "e"ကို ဖြုတ်ထားပြီး ဒီနေ့ခေတ် လူတွေသုံးစွဲနေကြတဲ့ vitaminဆိုတာ ဖြစ်လာတယ်။ ယနေ့ခေတ်မှာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်(၁၃)မျိုး ရှိတယ်လို့ တွေ့ရှိထားပါတယ်။ ဘာ့ကြောင့်လိုအပ်လဲဆိုတော့ ခန္ဓာကိုယ်တွင်းက မထုတ်လုပ်နိုင်ဘဲ ပြင်ပကနေ ရယူသုံးစွဲရလို့ ဖြစ်ပါတယ်။ ဒီတပတ်မှာ ဗီတာမင်(၁၃)မျိုးအနက် အရေးကြီးတဲ့ vitamin A အကြောင်းကို ဖော်ပြပေးပါမယ်။

Monday, January 13, 2014

ခေါက်ဆွဲခြောက်ထုပ်နဲ့ ကျန်းမာရေး

ခေါက်ဆွဲခြောက်ထုပ်တွေဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်ကို instant noodleလို့ ခေါ်ပါတယ်။ တချို့က junk food အာဟာရမမြောက်တဲ့ အစားအစာအဖြစ် သတ်မှတ်ကြတယ်။ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ လူတော်တော်များများ သိကြပါတယ်။ ဒါပေမယ့် မဆင်ခြင်နိုင်ကြဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့မှာလည်း အားသာချက်များစွာရှိနေလို့ ဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်တွေဟာ ဝယ်ရလွယ်ကူသလို ဈေးပေါတယ်။ အရသာရှိတယ်။ အသင့်စားသုံးနိုင်တယ်။ ချက်တတ်၊ပြုတ်တတ်ဖို့မလိုအပ်ဘူး။ ရေနွေးရှိရုံနဲ့ မိမိဘာသာလုပ်စားနိုင်တယ်။ အထူးသဖြင့် အချိန်မပေးနိုင်သူတွေအတွက် အဆင်ပြေတယ်။ အဆောင်နေကျောင်းသား၊ကျောင်းသူတွေအတွက် ခေါက်ဆွဲခြောက်နဲ့ တင်းတိမ်ရတဲ့ရက်တွေ ရှိတယ်။ ပိုက်ဆံပြတ်တဲ့အခါ ခေါက်ဆွဲခြောက်နဲ့နှစ်ပါးသွားပြီး မနက်စာ၊နေ့လည်စာ၊ညစာ ပြီးရတယ်။ ဒါ့ပြင် စားသုံးသူအများစုဟာ ကျောင်းသားအရွယ်လူငယ်တွေ ဖြစ်တာကြောင့် မော်ဒန်အစားအစာလို့ ဆိုရမလားပဲ။ 

Sunday, January 5, 2014

မျိုးဆက်သစ်တို့ ကျန်းမာဖို့

နှစ်သစ်မှာ အရေးကြီးဆုံးလို့ ယူဆထားတဲ့ကျန်းမာရေးပြဿနာက မျိုးဆက်သစ်လူငယ်တွေရဲ့ ကျန်းမာရေးဖြစ်ပါတယ်။ မျိုးဆက်သစ်ဆိုတာ အားလုံးအတွက် အနာဂတ်သစ်ပါ။ အနာဂတ်အတွက် မျိုးဆက်သစ်တို့ ကျန်းမာဖို့အရေးကြီးတယ်။ "ယနေ့လူငယ် နောင်ဝယ်လူကြီး"ဖြစ်မယ့် တိုင်းပြည်ရဲ့သားကောင်းရတနာတွေမှာ ကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်ဖို့လိုလာတယ်။ အနာဂတ်ကောင်းအောင် ပြင်ဆင်စရာ၊ပြုပြင်စရာတွေကို ဝိုင်းဝန်းပြုပြင်နိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိချိန်မှာ ကုသနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအပြင် ကုသရခက်ခဲတဲ့ နာတာရှည်ရောဂါတွေကလည်း ခေါင်းခဲစရာ ကျန်းမာရေးပြဿနာ အဖြစ်တည်ရှိနေတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များတဲ့ တီဘီ၊အိတ်ခ်ျအိုင်ဗွီလိုကူးစက်ရောဂါတွေအပြင် အဝလွန်ရောဂါ၊သွေးတိုး၊ဆီးချို၊ကင်ဆာရောဂါလို အနေအထိုင်၊အပြုအမူကြောင့် ဖြစ်တဲ့နာတာရှည်ကျန်းမာရေးပြဿနာတွေကို စစ်မြေပြင်နှစ်ဖက်ခင်းပြီး ရင်ဆိုင်နေရပါတယ်။ ဒီလိုကျန်းမာရေးပြဿနာတွေအပြင် လူငယ်တွေရဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းတွေ ကျဆင်းလာတာ တွေ့ရပါတယ်။ စာရိတ္တ၊အတွေးအခေါ်အားနည်းလာကြတယ်။ ဖေ့စ်ဘွတ်သုံးတာ၊တီဗွီဂိမ်းနှိပ်တာ၊

Wednesday, January 1, 2014

မျိုးဗီဇသွေးအားနည်းရောဂါ(သို့)သာလာဆီးမီးယား

သာလာဆီးမီးယား(thalassaemia) ဆိုတာ သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင်မှာ မွေးရာပါ ဗီဇပြောင်းလဲတဲ့ သွေးအားနည်းတဲ့ရောဂါတခုဖြစ်ပါတယ်။ Haemoglobin ဆိုတာ hemeနဲ့ globinနှစ်ခုပေါင်းစပ်ထားပါတယ်။ hemeဆိုတာ သံဓာတ်နဲ့ ဖွဲ့စည်းထားသလို globinဆိုတာ ပရိုတင်းနဲ့ ဖွဲ့စည်းထားပါတယ်။ globinဖြစ်ဖို့ alpha-chainနဲ့ beta-chainနှစ်ခုနဲ့ ပေါင်းစပ်ရတယ်။ သာလာဆီးမီးယားရောဂါမှာ chainအဆက် နှစ်ခုထဲက တခုခုမှာ မျိုးဗီဇချို့ယွင်းချက်ရှိလို့ ဖြစ်ပါတယ်။ ဒီချို့ယွင်းချက်ကြောင့် ဖြစ်လာသမျှ သွေးနီဥတွေဟာ ပုံမှန်မဟုတ်ဘဲ အလွယ်တကူပျက်ဆီးနိုင်တယ်။ သွေးနီဥတွေ ပုံမှန်မဟုတ်ဘဲ ပျက်ဆီးတဲ့အခါ ခန္ဓာကိုယ်က ပြုပြင်ဖို့လုပ်ရတယ်။ ဒီလိုအခါမျိုးမှာ ရိုးတွင်းခြင်ဆီက သွေးနီဥသစ်တွေ ထုတ်ပေးရတယ်။ ကြာလာတဲ့အခါ ထုတ်ပေးတဲ့အရိုးက ပုံပျက်ပန်းပျက်ဖြစ်လာတယ်။ ပုံမှန်ထက် ပိုထုတ်ရတာကြောင့် ရောဂါလက္ခဏာတွေ ခံစားလာရသလို နောက်ဆက်တွဲဆိုးကျိုးတွေပါ ဖြစ်လာတယ်။