Friday, April 25, 2014

သွေးကြောထုံးရင် ဘယ်လိုပြုပြင်

သွေးကြောထုံးခြင်းကို varicose veinလို့ ခေါ်ပါတယ်။ သွေးပြန်ကြော ရှိတဲ့ နေရာမရွေး ဖြစ်နိုင်တယ်။ ခြေထောက် ၊ခြေသလုံးစတဲ့နေရာတွေမှာ ပိုအဖြစ်များတယ်။ သွေးကြောထုံးတဲ့နေရာက ဖုဖောင်းပြီး အကြည့်ရဆိုးတဲ့ သွေးကြောပြင် စိမ်းစိမ်းတွေ ရှိနေတတ်တယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ   စိတ်ဒုက္ခရောက်ရတယ် ။ သွေးကြောထုံးသူကို လေ့လာကြည့်ရင် အဖြစ်မနည်းလှဘူး။ လူတရာမှာ သုံးယောက်ဟာ သွေးပြန်ကြော ထုံးကြတယ်။ အသက်ငါးဆယ်ကျော်အရွယ်စပြီး သွေးကြောတွေ ထုံးလာနိုင်တယ်။ ဒီထဲမှာ အမျိုးသမီးတွေက ပိုအဖြစ်များတယ်။ ငယ်စဉ်ကတည်းက သွေးကြောထုံးသူတွေလည်း ရှိတယ်။ အစားအသောက်၊အနေအထိုင်ကြောင့် ဖြစ်နိုင်တယ်။

Monday, April 21, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၃)

Vitamin Kဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တမျိုး ဖြစ်တယ်။ လူသတ္တဝါတွေအတွက် သွေးခဲစေတဲ့ ပရိုတင်းဓာတ်တွေကို ထုတ်လုပ်ပေးတယ်။သဘာဝအတိုင်း တွေ့ရတဲ့ ဗီတာမင်ကေ နှစ်မျိုးရှိပါတယ်။ vitamin K1နဲ့ vitamin K2တို့ ဖြစ်ကြတယ်။ vitamin K1ကို စိမ်းတဲ့အရွက်တွေမှာ အဓိကတွေ့ရတယ်။ phylloquinone, phytomenadione, phytonadioneစသည်ဖြင့် အမျိုးမျိုး ခေါ်ပါတယ်။ vitamin K2ကို အသား၊နို့၊ဒိန်ချဉ်၊ကြက်ဥစတာတွေမှာ တွေ့ရတယ်။ အူမကြီးထဲမှာ ရှိတဲ့ E.coliလို ဗက်တီးရီးယားတွေကလည်း vitamin K1ကတဆင့် vitamin K2အဖြစ်ပြောင်းလဲနိုင်တယ်။ vitamin K2ကို menaquinones အုပ်စုဝင်တွေအဖြစ် လူသိများတယ်။  လူ၊တိရိစ္ဆာန်တွေက သိုလှောင်ပေးတယ်။ vitamin K3,K4,K5 ဆိုပြီး ထပ်ရှိသေးတယ်။ဓာတ်ခွဲခန်းက ထုတ်လုပ်ထားတဲ့ ဗီတာမင်မျိုး ဖြစ်တယ်။ 

Sunday, April 13, 2014

ခေါင်ရည်သောက်၍ ငပိစား ရေယုန်ပေါက်လား

အခုကျွန်တော်ရေယုန်ပေါက်နေတယ် အဲဒါဘာကြောင့်လဲ။လွန်ခဲ့တဲ့နှစ်ရက် ပုသိန်မှာမြစ်ရေချိုးခဲ့တယ်၊ခေါင်ရည်သောက်ခဲ့တယ်၊တစ်ခါမှငပိရည်ချိုကိုမစားဘူးပဲစားခဲ့တယ်အဲဒါကြောင့်လား။sex ကိစ္စက လဲကျွန်တော့ကောင်မလေးကလွဲရင်ဘယ်သူနဲ့မှမလုပ်ဘူး ထူးစပ်းတယ်

Wednesday, April 9, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၂)

Vitamin E
Vitamin Eဟာ အဆီမှာ ပျော်ဝင်တဲ့ fat soluble vitaminမျိုး ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်အာနိသင်နဲ့ အသားအရေကို အားဖြည့်ပေးတာကြောင့် နာမည်ကြီးတယ်။ Vitamin Eမှာ tocopherols နဲ့ tocotrienolsဆိုတဲ့ အဓိကအုပ်စု နှစ်မျိုး ရှိပါတယ်။ အုပ်စုတခုစီမှာ alpha- (α-), beta- (β-), gamma- (γ-), နဲ့ delta- (δ-) ဆိုတဲ့ ပုံစံကွဲလေးမျိုး စီရှိကြတယ်။ လက်တွေ့မှာ alpha-tocopherolတမျိုးတည်းကိုသာ ခန္ဓာကိုယ်က အသုံးချပေးနိုင်တယ်။

Saturday, April 5, 2014

လည်ပင်းကြီးပြီး မျက်လုံးပြူးတာ ပြန်ကျနိုင်လား


ဆရာ လည်ပင်းကြီးပြီး မျက်လုံးပြူးတာက မျက်လုံးကမကျနိုင်တော့ဘူးလားဆရာ. ကျအောင်လုပ်လို့ကောရလား.?မျက်လုံးပြန်ကျဖို့ ဘာတွေလုပ်လို့ရနိုင်လဲ ဆရာ.ကျေးဇူးတ်ပါတယ် ရှင်...

Regards,
..........



သိုင်းရွိုက်ဟော်မုန်းများတာကို Hyperthyroidism လို့ခေါ်ပါတယ်။ လူကိုဒုက္ခပေးလာတာကြောင့် Thyrotoxicosis ဖြစ်လာတယ်။ သိုင်းရွိုက်ဟော်မုန်းများသူ၊နည်းသူတွေဟာ လည်ပင်းကြီးတတ်ကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ အမျိုးသား၊အမျိုးသမီး အချိုးချကြည့်ရင် ၁:၉ဖြစ်လို့ အမျိုးသမီးတွေဟာ

Wednesday, April 2, 2014

ပိုလီယိုကင်းစင် ကမ္ဘာတစ်ခွင်


ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ကနေ ပိုလီယိုကင်းစင်တဲ့ ကမ္ဘာဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဒီနေ့ကမ္ဘာ့နိုင်ငံအများစုမှာ ပိုလီယိုကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားသလို ကာကွယ်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်ရှိချိန်ထိ  အာဖကန်နစ္စတန်၊ပါကစ္စတန်နဲ့ နိုက်ဂျီးရီးယားနိုင်ငံတွေကလွဲရင် ကမ္ဘာ့နိုင်ငံအများစုမှာ ပိုလီယို ကင်းစင်နေကြပြီ ဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်မှာ အမေရိကန်နိုင်ငံဟာ ပိုလီယိုကင်းစင်နယ်မြေအဖြစ် ကြေငြာခဲ့တယ်။ ၂၀၀၀ပြည့်နှစ်မှာ တရုတ်၊သြစတေးလျနိုင်ငံ၊၂၀၀၂ခုနှစ်မှာ အနောက်ဥရောပနိုင်ငံတွေက ပိုလီယိုကင်းစင်နိုင်ငံတွေအဖြစ် အသီးသီးကြေငြာခဲ့ကြတယ်။ 

Tuesday, April 1, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၁)

Vitamin D(calciferol)
Vitamin Dဆိုတာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တမျိုး ဖြစ်ပါတယ်။ ဗီတာမင်ဒီမှာ vitamin D1,2,3,4,5စသည်ဖြင့် ပုံစံကွဲ(၅)မျိုး ရှိပါတယ်။ ဒီထဲမှာ အရေးကြီးတာက vitamin D2(ergocalciferol)နဲ့ vitamin D3(cholecalciferol)တို့ ဖြစ်ပါတယ်။ လူ့အရေပြားက vitamin Dကို ဖွဲ့စည်းပေးတယ်။ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီအများစုကို အရေပြားကတဆင့် အဓိက ရရှိနေပါတယ်။ အရေပြားမှာရှိတဲ့ ကိုလက်စတော(7-hydroxycholesterol)ဟာ နေရောင်(UVB)နဲ့တွေ့ပြီး cholecalciferol ဖြစ်လာတယ်။ တနည်းအားဖြင့် vitamin D3ကို ဖွဲ့စည်းတယ်။ vitamin D3ဟာ အသည်းရောက်တဲ့အခါ calcidiolအဖြစ် ပြောင်းလဲသွားတယ်။ တခါ ကျောက်ကပ်ရောက်ပြန်တော့ calcitriol ဖြစ်ပြန်တယ်။ calcitriolကို ကျောက်ကပ်အပြင် monocyteနဲ့ macrophage တွေကလည်း ထုတ်လုပ်နိုင်တယ်။ calcitriolဓာတ်ဆိုတာ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဟော်မုန်းအဖြစ် ပြုမူဆောင်ရွက်ပေးတယ်။ calcitriolက အရိုးတွေကျန်းမာသန်စွမ်းဖို့ လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဖော့စဖားရပ်ဓာတ် နှစ်မျိုးကို အူလမ်းကြောင်းက စုပ်ယူစေတယ်။  သွေးတွင်း ကယ်လ်စီယမ်နဲ့ ဖော့စဖိတ်ကို များလာစေတယ်။