Saturday, May 31, 2014

ညှပ်ရိုးကျိုးပြီး အလေးမ မသင့်ပါ

လွန်ခဲ့ သော တနှစ်က ဘယ်ဘက် ညပှက်ရိုးကျိုးသွားပါ တယ်ဆရာ ခွဲရမည် ဟု ပြော သည့် ဆရာ ကပြော ပြီး ခွဲဆရာမလိုဘူး လို့ ပြော လို့ အခွဲ ဖြစ် ခဲ့ ပါ။ အခု အလေး မ အားကစား ပြန် လုပ် ချင် ပါတယ် ခင်ဗျ အ လေး ပြန်မ ရင် နာ  ပါ တယ် ။  အရိုး ပြန် ကျိုး နိုင် ပါသလား ကျေး ဇူး တင်ပါတယ်။


ညှပ်ရိုးကျိုးရင်ကုရခက်ပါတယ်။ ကျောက်ပတ်တီးစည်းလို့မရ၊ခွဲစိတ်ဖို့လည်း ခက်ခဲတယ်။ အများစုဟာ ပခုံးရိုးလှုပ်ရှားမှုမရှိအောင် နားရတယ်။ clavicle support ဆိုတဲ့ ကျောပိုးအိတ်လို အထိန်းအကွပ်မျိုးကို လွယ်ထားရတယ်။ ၆လတန်သည်

နေ့စဉ်လိုအပ် သတ္တုဓာတ်များ

၁။Boron (B) - ဘိုရွမ်
သတ္တုဓာတ် မဟုတ်တဲ့ ဒြပ်စင်တမျိုး ဖြစ်ပါတယ်။ ကြွေထည်၊မြေထည်၊ ဖန်ထည်ပစ္စည်းတွေမှာ တွေ့ရတယ်။ စိမ်းတဲ့အရွက်၊သစ်သီးဝလံ၊ပဲအမျိုးမျိုးမှာ ပါဝင်တယ်။ အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်။

၂။Calcium (Ca) -ကယ်လ်စီယမ်
အရိုးနဲ့သွားတွေအတွက် အခြေခံဓာတ်ဖြစ်ပါတယ်။ စိမ်းတဲ့ဟင်းသီးဟင်းရွက်၊ငါး၊အစေ့အဆန်၊ပင်လည်စာ၊ပဲပုပ်စတာတွေမှာ ပါဝင်နေတယ်။ ချို့တဲ့မှုက အရိုးပွ၊အရိုးပျော့၊အရိုးကျွတ်ဆတ်၊အရိုးကျိုးလွယိတယ်။ သွားတွေကို ပျက်ဆီးစေတယ်။ သွေးယိုစေတယ်။

Monday, May 26, 2014

သွားကြိတ်လို့ စိတ်ညစ်နေလား

ဆေးခန်းလာတဲ့အခါ ကလေးမိဘတွေက မေးကြပါတယ်။ ကလေးငယ်တွေ သွားကြိတ်တာ ဘယ်လိုရောဂါမျိုးလဲ။ ဘယ်လိုလုပ်ရမလဲ၊စိုးရိမ်ရလား၊ကုသဖို့ လိုလားဆိုတဲ့မေးခွန်းမျိုးပါ။ ဒီလိုမေးခွန်းမျိုးကို ဖြေဖို့ ဆရာဝန်တွေဖက်က သီအိုရီအမျိုးမျိုးနဲ့ ရှင်းပြကြတယ်။ 

စိတ်ရှုပ်စရာ ပြဿနာ
ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ သွားကြိတ်ခြင်းဟာ ရောဂါတခုမဟုတ်ပါဘူး။ မိဘတွေအတွက် စိတ်ရှုပ်စရာ ပြဿနာတရပ်အဖြစ် သတ်မှတ်ရင်တော့ ရပါတယ်။ICSD-Rရဲ့ဖော်ပြချက်အရ သာမန်တစ်နှစ်အောက်ကလေးတွေရဲ့ ထက်ဝက်ကျော်ဟာ ပုံမှန်အားဖြင့်ကို သွားကြိတ်တတ်ကြပါသတဲ့။ စိုးရိမ်နေတဲ့ ကလေးမိဘတွေအတွက် ဝမ်းသာစရာအချက်ပါ။ အသက်၆လအရွယ်ကစပြီး မြီးကောင်ပေါက်အရွယ်တွေထိ အဖြစ်များကြတယ်။ အသက်၃၀အောက် အရွယ်မှာ ၁၃ရာခိုင်နှုန်းသာ တွေ့ရတယ်။ ဒါ့ကြောင့် အသက်ကြီးလေ ဖြစ်ဖို့အခွင့်အလန်း ပိုနည်းလေဖြစ်ပါတယ်။ 

Friday, May 16, 2014

အရေပြားအောက်ထား၍ ကိုယ်ဝန်တားခြင်း

အမျိုးသမီးတွေ သုံးစွဲကြတဲ့ တားနည်းအမျိုးမျိုးအနက် သုံးစွဲသူတွေစိတ်ချရပြီး အလုပ်ရှုပ်သက်သာတဲ့ တားနည်းတမျိုးက implanonခေါ်တဲ့ အရေပြားအောက်မှာထည့်ရတဲ့ တားဆေးချောင်းလေးဖြစ်ပါတယ်။ စိတ်အချရဆုံး တားနည်းတွေထဲက တခုလည်းဖြစ်ပါတယ်။ ဒီတားနည်းက ၉၉ရာခိုင်နှုန်းမက စိတ်ချရတယ်။ ကလေးရနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်ထက်နည်းတယ်။ သုံးနှစ်အတွင်းကလေးရနိုင်ချေလေ့လာကြည့်တဲ့အခါ လူ၃၀၀၀မှာ တစ်ယောက်သာ ရှိတယ်။ implanonဆိုတာအမှန်တော့ progestogenဟော်မုန်း တမျိုးထဲပါဝင်တဲ့ တားဆေးမျိုးဖြစ်ပါတယ်။ implanon အချောင်းကို ethylene vinylacetate copolymerနဲ့ပြုလုပ်ထားတယ်။ implanon ထဲမှာ etonogestrel 68mgကို ထည့်သွင်းထားတယ်။တားနည်းတွေထဲမှာ အလုပ်ရှုပ်သက်သာတဲ့နည်း တခုဖြစ်လို့ လူကြိုက်များတယ်။ ၃လခံထိုးဆေးထက်သာတာက long-acting reversible contraception ကြာရှည်ခံပြီး ပြန်ထုတ်လိုက်ရင် ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်တယ်။ လေ့လာမှုတချို့က IUCDသားအိမ်တွင်းပစ္စည်းထည့်ခြင်း၊IUSနဲ့ sterilisation သားကြောဖြတ်ခြင်း တို့ထက် ပိုစိတ်ချရတာလို့ ဆိုပါတယ်။

Tuesday, May 13, 2014

ADHD စိတ်လိုက်မာန်ပါ စိတ်ဂဏှာမငြိမ်တဲ့ပြဿနာ

ဒေါက်တာခင်ဗျား
ဆေးပညာဆောင်းပါးဘလော့ကို ဖတ်ပြီး ကျွန်တော်ပါ မေးချင်လာလို့ အားကိုးစွာ စာရေးသားလိုက်ပါတယ်။ 
ကျွန်တော် ADHD ရောဂါရှိပါတယ်။ အရွယ်ရောက်ပြီးမှ သိတာပါ။ ငယ်တုန်းက ကျွန်တော်ရော မိဘတွေရော ဒီရောဂါအကြောင်း ကြားတောင် မကြားဖူးပါဘူး။ ဆိုတော့ ကျွန်တော် ငယ်ငယ်က ဘာကုသမှုမှ မရနိုင်ခဲ့ပါဘူး။

ကျွန်တော် ခံစားရတာတွေက
စိတ်တွေ ပျံ့လွင့်လွယ်တာ၊ အမြဲတမ်း အတွေးများနေတတ်တာ။။
ကျောင်းအမြဲနောက်ကျတာ၊ သူငယ်ချင်းတွေနဲ့ အချိန်းအချက်တွေ အမြဲ နောက်ကျတာ။
ကျွန်တော့်အခန်းက အမြဲ ညစ်ပတ်ရှုပ်ပွနေတာ၊ သူများတွေ သပ်သပ်ရပ်ရပ် လာရှင်းပေးသွားလဲ ခဏနေ ပြန်ပွတာ။
အပြင်သွားခါနီးရင် ပစ္စည်းတွေ ရှာမရတာ၊ ဘယ်ထားမိမှန်း မသိတာ။

ဝနည်းလမ်းညွှန်

ဝစေမယ့်နည်းလေး၊အားဆေးလေးများ သိရင် ပြောပြပေးပါလားဆရာ။ဆိုးကျိုးလည်း မဖြစ်ထွန်းစေနိုင်မယ့်ဆေးမျိုးပေါ့ဆရာ။
ဝလာတယ်ဆိုတာမျိုးက အစားအသောက်၊ အနေအထိုင်၊မျိုးရိုး၊ရောဂါမရှိ စတဲ့အခြေအနေမျိုးနဲ့ သက်ဆိုင်ပါတယ်။ ဒီလောကမှာ ဝဆေးဆိုတာ မရှိသေးပါ။ အားဆေးတော့ ရှိပါမယ်။အားဆေးသဘောက အားဖြည့်ပေးတယ်။ စားချင်စိတ်ကိုဖြစ်စေတယ်။ အားဆေးအများစုမှာ ဗီတာမင်ဘီပါဝင်ကြတယ်။ စွမ်းအင်ထုတ်လုပ်မှုဖြစ်စဉ်မှာ ပါဝင်ရပြီး ဇီဝဖြစ်ပျက်မှုကို ကောင်းစေတယ်။ အစားစားချင်စိတ်ကို ဖြစ်နေစေမယ်။ ဝဆေးဆိုတာမျိုးက ကြေငြာသဘောရောင်းကောင်းရုံလောက်သာဖြစ်ပါတယ်။  တကယ်ဝဖို့ 

Friday, May 9, 2014

လေးဖက်နာပိုး စစ်ချင်လို့

ဆရာ ကျွန်မလေးဖက်နာပိုးစစ်ချင်လို့ပါ
ဆေးခန်းမှာဘယ်လိုပြောရမလဲ မသိလို့ပါ ဆရာအင်္ဂံလိပ်လိုရေးပေးပါလား
ကျွန်မကဘန်ကောက်မှာနေတော့ထိုင်းလိုမပြောတတ်လို့ပါ
အရင်ကတည်းကလေးဖက်နာ ပိုးရှိပါတယ် မြန်မာပြည် မှာနေတုန်း ကတော့လစဉ် ပန်နယ်စလင်ထိုးပါတယ်

ကျေးဇူးတင်စွာဖြင့်

Monday, May 5, 2014

ဆံနွယ်ပြုပြင်လှချင်သူများသို့

တရက်က အွန်လိုင်းအမေး၊အဖြေကဏ္ဍတခုမှာ အမျိုးသမီးတယောက်က  မေးထားပါတယ်။ ဆံပင်တွေ ပျက်ဆီးတာ (၂)နှစ်လောက် ရှိပြီ။ ခေါင်းဖီးလိုက်ရင် ဆံပင်တွေ ကျွတ်ကျ၊ပြတ်ကျလာပါသတဲ့။ ဆေးတွေ သုံးတာလဲ စုံနေပြီ။ အခု ဘာဆေးသောက်သင့်လဲ။ ဘာဆက်လုပ်ရမှာလဲ။ ဆောင်ရန်၊ရှောင်ရန် မေးထားပါတယ်။ 

ဟုတ်ပါပြီ။ ဒီတော့ ဆံပင်ဘာ့ကြောင့် ကျွတ်စေပါသလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း သီအိုရီများစွာရှိပါတယ်။ မျိုးရိုး၊ဟော်မုန်း၊စိတ်ဖိစီးမှု၊အာဟာရချို့တဲ့မှု၊အသက်အရွယ်၊ဆေးဝါးစသည်ဖြင့် မာတိကာများစွာတွေ့ရပါမယ်။ အသက်အရွယ်ပေါ်လိုက်ပြီး အကြောင်းရင်း တခုနဲ့တခု မတူညီကြဘူး။ အမျိုးသမီးတွေဟာ အလှအပရေးရာ ကရိကထများသလို ပြုပြင်ပြောင်းလဲချင်တာကလည်း ထိပ်ဆုံးမှာရှိနေတယ်။ တကယ့် ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်တွေလည်း ဖြစ်ပါတယ်။ ဆံပင်ကောက်တာ၊ဖြောင့်တာ၊ဆေးဆိုး၊ဆေးချွတ် ဒီကြားထဲ စိတ်ညစ်ညူးရင် ဆံပင်ကို ကိုင်ကြ၊လိမ်ကြသေးတယ်။