Friday, January 30, 2015

ဝက်သက်ဂျိုက်သိုး ဘာ့ကြောင့်ထိုးလဲ

မြန်မာနိုင်ငံတဝှမ်း တောရော၊မြို့ပါမကျန် ဝေလံတဲ့ဒေသတွေအထိ အသက်(၁၅)နှစ်အောက် ကလေးသူငယ် (၁၇)သန်းကျော်ကို ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးပေးဖို့ စီမံချက်နဲ့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ ဒီလုပ်ငန်းစဉ်ကို အပိုင်း နှစ်ပိုင်းခွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ပထမပိုင်းအဖြစ် ဇန်နဝါရီ (၁၉)မှ (၂၇)ရက်အထိ အသက်(၅)နှစ်မှ(၁၅)နှစ်ထိ ကလေးငယ် (၈.၅)သန်းကိုကာကွယ်ဆေး ထိုးပေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ (၁၉)မှ (၂၈)ရက်အထိကို အသက်(၉)လမှ (၅)နှစ်အတွင်း ကလေးငယ်များနဲ့ပထမအကြိမ်တွင် ဆေးထိုးရန်ကျန်ရှိနေသူများကို

Monday, January 19, 2015

မွေးကင်းစ အာဟာရ

မွေးကင်းစ အာဟာရက ကလေးငယ်ရဲ့ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် သက်ဦးကိုယ်ဝန်ဆောင် မိခင်တွေအတွက် ကလေးသူငယ် အာဟာရကို ကောင်းကောင်းနားလည်ဖို့ လိုအပ်ပါတယ်။ ခေတ်တွေစနစ်တွေပြောင်းလဲလာသလို ဆေးပညာ သီအိုရီတွေလည်း ပြောင်းလဲလာတယ်။ ဒီခေတ်ရောက်တော့ မိခင်နို့ရဲ့ အရေးပါပုံ၊အာဟာရဓာတ်ကြွယ်ဝပုံ တွေကို သိလာကြပြီ။ ဒါ့ကြောင့် ကလေးမွေးပြီး ပထမ(၆)လအတွင်း မိခင်နို့တမျိုးတည်းကို တိုက်ကျွေးဖို့ ပြောလာကြတာပါ။

စိတ်ကျရောဂါအဖြေရှာခြင်း

စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် မကောင်းတာ ကျန်းမာရေးပြဿနာပါ။ ဆရာဝန်တွေဟာ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးအတွက်ပါ တာဝန်ယူကြရတယ်။ လူတိုင်းရဲ့ စိတ်ဟာ တသတ်မှတ်ထဲ တည်ငြိမ်နေတာ မဟုတ်ဘူး။ စိတ်မငြိမ်သက်တာ ကယောက်ကယက် ဖြစ်တာ သာမန်လူတို့ရဲ့ ထုံးစံပါ။ ဝမ်းနည်းဝမ်းသာ စိုးရိမ်ကြောင့်ကြမှုဆိုတာ လောကသုံးပါး မလွဲမသွေ ကြုံတွေ့နေရမှာပဲ မဟုတ်လား။ လူဖြစ်လို့ ဝမ်းနည်းတာ သဘာဝပါ။ ဒါပေမယ့် ခဏပါပဲ။ စိတ်ကျရောဂါကျတော့ မတူတော့ဘူး။ ကျနေတဲ့ စိတ်က တက်မလာတော့တာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့တာ၊ဘဝအဓိပ္ပါယ်ကင်းမဲ့သလိုခံစားရတာတွေဟာ စိတ်ကျရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။ 

လေဖြတ်တာနဲ့ လေတက်တာ

လေတက်ရင် လေဖြတ်နိုင်သလား။ နှိပ်တာနဲ့ လေတတ်တာ ဘယ်လိုဆက်စပ်မှုရှိလဲ။ မေးခွန်းက အမေးများတယ်။ သက်ကြီးရွယ်အိုလူနာတွေ မကြာခဏမေးတတ်တဲ့မေးခွန်းမျိုးပါ။ ကိုယ့်မိသားစုမှာ သက်ကြီးရွယ်အိုတွေရှိရင် သတိထားမိမယ်။ တနေရာရာကို နှိပ်လိုက်တိုင်း တဂေ့ဂေ့နဲ့ လေထွက်တာမျိုး။ ဘေးလူတွေအတွက်တော့  စိတ်ပျက်စရာကြီးပေါ့။မသိရင် တမင်တကာလုပ်နေတယ်ထင်ရအောင်ကို လေတက်ကြတာလား။ ဒီလိုလေတက်တာ ရောဂါလား၊ဘာဖြစ်တာလဲ ဘာ့ကြောင့်လဲ၊စိုးရိမ်ရလား သိချင်ကြမှာပဲ။ အဲဒီတော့ ဆရာဝန်တွေကို မေးကြတယ်။ ဘာ့ကြောင့် ဖြစ်ရလဲ။ဆေးပညာက တိုးတက်နေပြီဆိုပေမယ့် ဇီဝကမ္မပြောငိးလဲမှု၊သက်ရောက်မှုတွေ မသိတာ၊နားမလည်သေးတာတွေ အများကြီးရှိနေပါသေးတယ်။ အနောက်တိုင်းဆရာက အနောက်တိုင်းဆန်ဆန်၊တိုင်းရင်းဆေးဆရာက တိုင်းရင်းဆေးပညာအလိုအရ ပြောပါလိမ့်မယ်။

ပိန်ဆေးမလိုပါ ရွှေမြန်မာ

ပိန်နည်း၊ ပိန်ဆေး ဆောင်းပါးတွေချည်း ရေးလာတာ တလကျော်ပြီ ထင်ပါတယ်။ ဒီရက်ပိုင်း ရေးထားတဲ့နည်းတွေအတိုင်း လိုက်လုပ်ဖြစ်တယ်၊ဝိတ်ချပါတယ်ဆိုတဲ့ အကြောင်းကြားစာတွေ၊ဖုန်းနဲ့ မေးလ်နဲ့ ပေးပို့ကြပါတယ်။ သတိထားမိတာက နယ်ဖက်က လိုက်လုပ်သူတွေ ပိုများသလိုပဲ။ သတင်းစာတွေက ဘယ်အတိုင်းအတာထိ ပေါက်ရောက်သလဲ ကျွန်တော်တကယ် မသိပါဘူး။ နယ်ဖက်က ရွာတချို့က အကြောင်းကြားစာတွေအရ အဲဒီအထိ ရောက်တယ်လို့ ယူဆရတယ်။ တချို့ကလည်း တပတ်အတွင်း ဝိတ်ကျချင်လားဆိုတဲ့ ဆောင်းပါးမျိုးထပ်ရေးပေးပါပေါ့။ ဘာ့ကြောင့်လဲဆိုတော့ guideline ရှိတော့ အဆင်ပြေလို့ပါတဲ့။