Monday, February 16, 2015

အီဘိုလာရောဂါ

ဆရာ အီဘိုလာဖြစ်ရင် ကုသလို့ရပါသလား၊ပျောက်ကင်းနိုင်လား၊ကာကွယ်ဆေးကော ရှိပါသလား ဆရာ။ အီဘိုလာဆေးအကြောင်းကို အနည်းအကျဥ်းလောက် ရှင်းပြပေးပါလားခင်ဗျာ။


အီဘိုလာရောဂါသည်တွေမှာ သုံးတဲ့ဆေးတွေရှိပါတယ်။ ZMapp လို့ခေါ်ပါတယ်။ အမေရိကားFDA က အီဘိုလာအတွက် အသိအမှတ်ပြုထားတဲ့ဆေးနှစ်မျိုး ရှိပါတယ်။တခုက ZMappဆေးဖြစ်ပြီး နောက်တခုက TKM-Ebola ဆိုတဲ့ဆေးဖြစ်တယ်။ အနောက်အာဖရိကမှာ

မျက်ရစ်ပြင်တာမလုပ်ခင် ဘာတွေသိရမလဲ

• မခွဲခင် ၆ပတ်အလိုကတည်းက ဆေးလိပ်ကြိုရှောင်ရတယ်။ ဒီအတိုငိး ခွဲပြီး ၁လထိရှောင်ပေးသင့်တယ်။

• မခွဲခင် ၂ပတ်ကစပြီး သွေးယိုစေတဲ့ ဆေးအချို့ဖြတ်ရတယ်။ခွဲပြီး ၂ရက်ထိ ဖြတ်ပေးသင့်တယ်။ginsengအားဆေးနဲ့garlic က သွေးယိုစေနိုင်လို့ ကြိုဖြတ်သင့်တယ်။Aspirin နဲ့ clopidogrel ကြိုဖြတ်ပါ။နှလုံး၊သွေးကြောရောဂါ၊သွေးယိုရောဂါအခံရှိရင် သတိထားရမယ်။

ချွေးထွက်သော လက်

မင်္ဂလာပါ ဆရာ ကျနော် ကျန်းမာရေး အကြောင်းမေးချင်လို့ပါ  ကျနော် လက်နဲ့ခြေ က မွေးရာပါ အမြဲ ချွေးထွက်ပါတယ် စိတ်လူပ်ရှားဖြစ်လို့ ထွက်တာမဟုတ်ပါဘူး အလိုလိုနေရင်းထွက်နေတာပါ အခု ကျနော်အသက် (၂၀) ပါ  ချွေး အများကြီးထွက်လို့ အလုပ်တဲ့အခု လူများနဲ့ ဆက်ဆံရတဲံ့ အခါ အမြဲ စိတ်ညစ်ရပါတယ် အဲ့တာ ဘယ်လို လုပ်ရမလည်း ဆရာ

ကလေးလိုချင်သလား

ကလေးရချင်တဲ့လူနာတွေ မြန်မာနိုင်ငံမှာ မနည်းဘူး။ အွန်လိုင်းမှာ ဆေးပညာ ဆောင်းပါးရေး၊အမေးအဖြေတွေလုပ်တော့ ကလေးကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်းတွေက တပုံတပင်ရောက်လာတယ်။ ဖြေရတာလည်း လက်မလည်ပါ။ ကလေးရဖို့ ကိစ္စက တချို့အတွက် မခက်ပေမယ့် တချို့အတွက် ဧရာမပုစ္ဆာကြီးတပုဒ်လို ခက်ခဲလှပါတယ်။ ဒါကလည်း တယောက်နဲ့တယောက် အနေအထား၊ကံတရားချင်း ကွာခြားသွားလို့ပါ။ ပြစ်ချက်တွေကလည်း သူ့ဖက်၊ကိုယ့်ဖက်၊နှစ်ဦးနှစ်ဖက်လည်း ဖြစ်နိုင်တယ်။ အပြစ်ဖို့တာ သာမန်ကိစ္စတွေမှာ မကောင်းပေမယ့် ကလေးရဖို့ဆိုရင် အပြစ်အနာအဆာ အရင်ရှာတတ်ဖို့ လိုပါတယ်။ ဘယ်သူ့မှာ အပြစ်ရှိလဲ။ အပြစ်ကိုသိဖို့ လူနာနဲ့ ဆရာ viva

စာရေးဆရာဖြစ်ချင်သူများသို့

ဆရာခင်ဗျား
ကျွန်တော်က ဆရာ့စာတွေကို အမြဲဖတ်နေတဲ့စာဖတ်ပရိသတ်တဦးပါ။ ဆရာ့စာတွေက ကျန်းမာရေးပညာပေးသလိုဗဟုသုတတွေလညိး ရရှိစေပါတယ်။ ဆရာ့ကို တခုလောက်မေးချငိတာက ဒီလိုစာတွေရေးဖို့ဘယ်လိုကြိုးစားသင့်လဲဆိုတာ အကြံပြုပေးစေချင်ပါတယ်။ တချို့က အချစ်ဝတ္တုတွေ ဖတ်တာအကြံပြုသလို တချို့က စာအကုန်ဖတ်ဖို့လိုတယ်လို့ပြောပါတာကြားဖူးပါတယ်။ ကျွန်တော်ကတော့ ဆရာကြီးမင်းသိင်္ခနဲ့ဆရာမဂျူးရဲ့ဝတ္တုတွေကို ဖတ်ပါတယ်။ ဆရာ့အနေနဲ့ ဘယ်လိုစာတွေကို အရေးပေးဖတ်ခဲ့သလဲဆိုတာ သိချင်ပါတယ်။ ဆရာ့အကြံပြုချက်ကို သိချင်ပါတယ်ခင်ဗျား။

Sunday, February 15, 2015

မြန်မာနိုင်ငံ ကျန်းမာရေးစနစ်

ဆရာ
ကျနော်အဖေက သွေးတိုးဆီးချိုနဲ့နှလုံးရောဂါအပြင် ဆီးကျောက်တည်တာလည်း ရှိပါတယ်။ တရက်ကိုဆေး၆မျိုးလောက်သောက်နေရပါတယ်။Coversyl 5 တကြိမ်,diamicron MR 30 နှစ်ကြိမ်,Furo Denk 40 မနက်တခြမ်း,cardimax SR တနေ့တလုံး,rowatinex တနေ့သုံးကြိမ်,nutrivita တနေ့တလုံး သောက်ရပါတယ်။အခု Aztor 10လည်း သောက်နေရပါတယ်။ကျနော်သိချင်တာက ဘယ်ဆေးကဘာအတွေက်သောက်ရသလဲဆိုတာပါ၊ဖြစ်နိုင်ရင် တခုချင်းဆီရှင်းပြပေးပါလားဆရာ။အထူးကုနဲ့ ပြတဲ့အခါ ဆေးရေးပြီးပြန်လွတ်တာကြောင့်မမေးနိုင်ပါဘူး။ကောင်တာမှာမေးရင်လည်း

ဆံပင်ရှည်ထားသူများ သတိထား

Rocker wrote: "အကိုကျနော်မေးစရာလေးရှိလိုပါကျနော်က ဆံပင်အရှည်ထားပါတယ်အလုပ်လုပ်နေ၇င် ကျနော်ဆံပင်ကအပေါက်ဖောက်တဲ့စက်ထည်းကို ၀င်သွားတယ်ဗျကျနော်ဆွဲပြီး၇ုန်းလိုက်တော့ ဆံပင်တွေကလက်တ၀ါးစားလောက်ဆွဲနှတ်သလိုဖြစ်သွားတယ် အခုဆံပင်ပြန်တေ့ပေါက်ပါတယ် အ၇င်မသန်ဖူးဖြစ်နေတယ်မပေါက်တဲ့နေ၇ာက မပေါက်သေးဖူးဖြစ်နေတယ် ကျနော်မှာ ကတုံးကေးနဲပဲနေနေ့၇တယ်အကို အဲဒါဘယ်ဆေးကောင်းလဲ ဆိုတာကျေးဇူပြုပြီးပြောပြပေးပါဗျား............ ကျနော်ဖြစ်ဖြစ်နေထဲကနေ ဒီနေထိဆို၇င်19၇က်ရှိပါပြိး ဘယ်ဆေးသုံး၇မလဲပြောပြပေးပ်အကို"

BMI ဒီလိုလေးတွက်ချက်ကြမယ်

ဆေးပညာမှာ လူတစ်ယောက်ဟာ ခန္ဓာကိုယ်အရွယ်အစား၊အလေးချိန် ပုံမှန်ရှိ၊မရှိ သိဖို့အတွက် BMI(Body Mass Index) ခေါ်တဲ့ စံသတ်မှတ်ချက်နှုန်းထားတွေနဲ့ တွက်ချက်ကြတယ်။
 Body-ခန္ဓာကိုယ်၊Mass-အလေးချိန်၊Index-စံသတ်မှတ်ချက်
BMIဆိုတာ ခန္ဓာကိုယ် အလေးချိန်ကို စံသတ်မှတ်ပြီး တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။
ဥပမာ အရပ်၅ပေရှိတဲ့လူတစ်ယောက်ရဲ့ ခါးဆိုက်ဟာ ၃၂ ဆိုကြပါစို့။ ဘေးကကြည့်ရင် အရပ်ပုပု၊ဗိုက်စူစူနဲ့ သူ့ကို ဝတဲ့အမျိုးအစားထဲ ထည့်ရမှာပေါ့။ ဒါပေမယ့် ခါးဆိုက် ၃၂ ရှိတဲ့ နောက်တစ်ယောက်ရဲ့ အရပ်အမောင်းက ၆ပေရှိရင်တော့ သူ့ကို

အရပ်ကြည့်ပြီး အလေးချိန်တွက်လို့ရတယ်

လူတစ်ယောက်ရဲ့ အရပ်အမောင်းပေါ်မူတည်ပြီး ရှိသင့်တဲ့ အလေးချိန်ကို အလွယ်တကူ တွက်ချက်ကြည့်နိုင်ပါတယ်။ ဒီလိုတွက်ချက်ပြီး ခန္ဓာကိုယ်အချိုးအစား ကျ၊မကျ ဆိုတာ ကိုယ့်ဘာသာ သိရှိနိုင်တယ်။
 အရပ်အမောင်းကို တိုင်းတာပြီး  ရှိသင့်တဲ့အလေးချိန်ကို အရင်ခန့်မှန်းကြည့်ရအောင်။ အလွယ်ဆုံးနည်းကို ဖော်ပြပေးပါမယ်။

ရေယုန်ကာကွယ်ဆေး

ဆရာခင်ဗျာ ကျွန်တော်လူပျိုပေါက်တုန်းက ရေကျောက်ဖြစ်ဘူးပါတယ် အခုဆရာရေးထားတဲ့ အကြောင်းကိုဖတ်မိမှတော်လေး၂ သိခွင့်ရခဲ့ပါတယ် ဆရာပြောတဲ့ shingles vaccine ဆိုတဲ့ဆေးကို အသက်ရွယ်မရွေးထိုးလို့ရပါသလား ဘယ်နှစ်ကြိမ်လောက်ထိုးရပါသလဲ တစ်ခါထိုးပြီးသွားရင် ရာသက်ပန်ကာကွယ်ပေးပါသလား ဘယ်လောက်ကုန်ကျမလဲဆိုတာ ကို ပြည့်၂စုံ၂ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ 

ခြေသည်းမှိုပိုး


ဆရာခင်ဗျာ
ကျွန်တော်၏အသက်မှာ 49 နှစ်ရှိပါပြီ၊
ကျွန်တော်၏ခြေမ ခြေသည်းတွင် ထိပ်ဖက်မှကြည့်လျင် အသားနှင့်ကပ်နေသောဖက်တွင်
အခေါင်းပေါက်ကဲ့သို့ အပ်ပေါက်အရွယ်လေးများ 3-4 ပေါက်ဖြစ်နေပါသည်
အပေါ်မှကြည့်လျင် သာမန်ခြေသည်းအရာင်နှင့်မတူသော ဖြူညစ်ညစ် အလိုင်းလေးများဖြစ်နေပါသည်

အိမ်ထောင်ကျပြီး ကလေးမရတာ ဘာ့ကြောင့်လဲ


ဆရာ
ကျွန်မအိမ်ထောင်ကျတာ ၈လ ရှိပါပြီ
ဒါပေမဲ့ ကလေးမရဘူးဖြစ်နေတယ်
တားဆေးလည်း၁လပဲသုံးတယ်
ဘာကြောင့်မရလည်းဆိုတာသိချင်ပါတယ်

ဆေးထိုးတဲ့နေရာက အနာဖြစ်ရင်

ဆရာခင်ဗျာ
ကျနော်သားလေး မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှာမွေးပါတယ်ခင်ဗျာ။ ဆေးရုံမှာ မဆင်းခင်မှာ အသားဝါ ကာကွယ်ဆေးထိုးပေးလိုက်တယ်။ ဒါပြီး ၁ လပြည့်ရင် တခါထပ်ထိုးရအုံးမယ်လို့မှာလိုက်တယ်။ ကျနော်တို့က နယ်မှာတာဝန်ကျနေတဲ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် ၁ လပြည့်တဲ့အခါ Entrix-B  ကိုဘဲ့ဒုတိယအကြိမ်ပြန်ထိုးပါတယ်။

သမီးမေးတဲ့ ရာသီပေါ်ဆေး

ကန်တော့်ပါဆရာ၊ သမီးရာသီပေါ်ဆေးသိချင်လို့ပါ၊တဦးတည်းသောသမီးမို့လို့ တိုင်ပင်စရာမရှိလို့ပါ ဆရာဝန်သွားပြရမှာလဲ ရှက်လို့ပါ
သမီးရာသီထိန်တာ ၂လ လောက်ရှိပါပြီ အခုသုံးလထဲတောင် ရောက်တော့မယ် အရင်က ပုံမှန်ဆင်းပါတယ်၊ တခါတရံတော့ ၁၅ရက်လောက်နေရင်နောက် တခါ ထပ်လာတတ်ပါတယ်၊ဒါလည်း အဖြစ်နည်းပါတယ်၊ အခု ၄လပိုင်းကတည်းက မလာတာ အခုချိန်ထိပါ၊ သမီးမှာ ရည်းစားလည်း မရှိပါဘူး ဘာအရှုပ်အရှင်းမှလည်း မရှိပါဘူး။ ဘာကြောင့် မလာတာလဲ သိချင်ပါတယ်၊ သောက်ဆေးရှိရင်သောက်ချင်ပါတယ်၊ ဖြစ်နိုင်ရင် ကူညီပေးပါဦးဆရာရယ်

ဆရာဝန်စာရေးဆရာဖြစ်ချင်လို့

မင်္ဂလာပါ။ညီမက umm မှာ 1st yr တက်နေတာပါ။ဒီနေ့ဆေးလာဝယ်ရင်းနဲ့ဆရာ့

websiteကိုတွေ့ကို ရှာကြည့်လိုက်တာပါ။
ညီမကထူးချွန်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ချင်တာပါ။ဒါကြောင့်မို့ ဆရာ အပန်းမကြီးဘူးဆိုရင် ဘယ်လိုကြိုးစားသင့်လဲဆိုတာ လမ်းညွှန်ပေးပါရှင့်။ဆရာကလည်း ဆရာဝန်စာရေးဆရာပေါ့နော်။ဆရာ့စာတွေကို ခုကစပြီး အမြဲဖတ်တော့မယ်။ဆရာ့ကိုခင်မင်လေးစားမိပါတယ်။

ဆရာဝန်ထံမှ မိတ်ဆက်စာ

ဆရာ့ကို ကျေးဇူးတင်လို့စာရေးလိုက်တာပါ။ ကျနော်က ဒေါက်တာ_ပါ။မန္တလေးက ပါပဲ။အခုလောလောဆယ် မြို့သစ် စက်မှု_လမ်းနဲ့_လမ်းမှာ ဆေးခန်းဖွင့်ထားပါတယ်။မနှစ်က ဘွဲ့ရထားတာပါ။ အလုပ် မခေါ်သေးလို့ ဆေးခန်းတနေကုန် ဖွင့်ထားပါတယ်။ တရက်က ဖုန်းသုံးနေရင်း ဆေးဝါးအကြောင်းဆိုပြီး ရိုက်ထည့်လိုက်တော့ ဆရာရေးထားတဲ့ဆေးဝါးစာတွေကျလာပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းအတွင်း ခေါင်းတခြမ်းကိုက်တဲ့လူနာနှစ်ယောက်လောက် ကျနော်ဆီရောက်လာပါတယ်။ တယောက်ကပျောက်သွားပေမယ့် နောက်တယောက်က မပျောက်ပဲ ကျန်နေတာ

ပွေးဝဲညှင်းအတွက် အကြံပြုချက်


Dear Doctor, i would like to ask something. Now Terbinafine on my skin. I apply FITNEAL terbinafine hydrochloride cream for a week already... i think it's not cured. please advice for me something. i feel that the area of terbinafine is bigger and bigger. its too ugly and happen on hand so. i feel shy. please advice me. thank you doctor.

Best Regards
_

ကျန်းမာရေးအတွက် အထောက်အကူပေးမယ့်  Omega 3 

ဆေးပညာအရ တိုးတက်လာတဲ့ဒီနေ့ခေတ်မှာ ဆေးမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် dietary supplementလို ဖြည့်စွက်အားဆေးပုံစံတွေက လူတွေကြားမှာ ပိုမိုတွင်ကျယ်ပြီး ခေတ်စားလာပါတယ်။  ခေတ်စားလာတဲ့ဆေးအမျိုးမျိုးအနက် ဒီဘက်ခေတ်မှာ ပိုမိုကျော်ကြားလူကြိုက်များလာတာက omega 3 ပါဝင်တဲ့ အားဆေးတောင့်တွေ ဖြစ်ပါတယ်။ အမှန်က Omega 3 ရဲ့ကောင်းကျိုးတွေကို သိခဲ့တာကြာပါပြီ။ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တယ်ဆိုတာ ၁၉၃၀ မတိုင်ခင်ကတည်းက သိရှိခဲ့ပေမယ့် တကယ်အသုံးဝင်ပုံကို ၁၉၉၀နောက်ပိုင်းနှစ်တွေ ကစပြီး ပိုမိုသတိထားမိခဲ့တယ်။လေ့လာမှုအမျိုးမျိုးကတဆင့် ကောင်းကျိုးတွေပိုသိလာသလို လူတွေကြားမှာ ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာတယ်။အစောဆုံးလေ့လာမှုတွေအရ နှလုံး ကျန်းမာရေးအတွက်

ကြီးမှပေါင်းတဲ့ရောဂါ

"ဆရာ...ကျီးပေါင်းရောဂါကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ"


ကျီးပေါင်းကို ဆေးပညာလို spondylosisလို့ခေါ်ပါတယ်။ဂုတ်ကျီးပေါင်းကို cervical spondylosis၊ခါးကျီးပေါင်းကို lumbar spondylosisခေါ်ပါတယ်။ထပ်ရှင်းရရင် spondylဆိုတာ spinal column ကျောရိုးဆစ်၊osisဆိုတာ ကြာလာတာအမျှ ယိုယွင်းပျက်ဆီးတဲ့သဘောကို ဆောင်တယ်။ဒါ့ကြောင့် ကျီးပေါင်းဆိုတာ အချိန် ကြာတာနဲ့အမျှ ကျောရိုးဆစ်တွေ ရောင်ရမ်း၊ပျက်ဆီးတဲ့သဘောဖြစ်ပါတယ်။

ထွေလီကာလီမေးခွန်း နှစ်ခု


"ဆရာ နှစ်ခုလောက် မေးချင်လို့ပါ...
၁။ အသိတစ်ယောက်ရဲ့ချိုင်းမှာ အလုံးတစ်ခုဖြစ်နေတယ်..အစကတော့မနာဘူးတဲ့... အခုနည်းနည်းနာတယ်လို့ပြောတယ်....ဘာလိုလုပ်ရမလဲ...
၂။ တစ်ချို့ ဗမာဆေးဆရာတွေက ချက်ရဲ့ အပေါ်ပိုင်းမှာဆို အသမာ လို့ ခေါ်ပြီး အောက်ပိုင်းမှာပေါက်ရင်ဥပမာတင်ပါး မှာဆိုအနာစိမ်းလို့ ခေါ်တယ် အသမာက ပိုပြီးအရေးကြီးတယ်လို့ ပြောပါတယ် ဘာဖြစ်လို့ တစ်ခါဖြစ်ပြီးတိုင်း ၃လုံး ၇လုံး ၉လုံး ပေါက်တာလဲမသိဘူး...

အိမ်ထောင်သည်တွေလည်း လာကြသည်


ဆ၇ာလိပ်​စာ​လေးပို့​ပေးတာ​ကျေးဇူးအမျယးကြီးတင်​ပါတယ်​ဆ၇ာ။ကျွန်​​တော်​​နောက်​တစ်​ခုသိချင်​တာ​လေး​​ဖြေ​ပေးပါအုန်းဆ၇ာ။ကျွန်​​တော်​အိမ်​​ထောင်​၇ှိပါတယ်​ဆ၇ာ။ကျွန်​​တော်​အမျိုးသမီးနဲ့အတူ​နေတိုင်​မြန်​မြန်ပီးပီးသွားလို့ပါဆ၇ာ အဲ့ဒါဆ၇ာဆီလာကုလို့၇ပါသလားဆ၇ာ။

ဝက်ခြံထွက်ပြီး အမာရွတ်ကျန်နေလို့


မင်္ဂလာပါ ဆရာ ဆရာ့ကို ရိုသေစွာဖြင့် ဂါရဝပြုပါတယ်နော်
                                      ညီမမျက်နှာမှာ အရင်ကဝက်ခြံတွေအရမ်းထွက်ပါတယ်
်အခု သူငယ်ချင်းတစ်ယောက်ညွှန်လို့ tetracyclin ဆွဲသောက်တာတော်တော် ပျောက်သွားပါတယ် ဒါပေမဲ့ အမည်းစက်တွေကျန်ခဲ့ပါတယ် မျက်နှာကကြည့်ရဆိုးနေပြီး အလုပ်သွားရင်လဲ အမြဲတမ်းသနပ်ခါးနဲ့ဖုံးနေရတယ် အပြင်တွေသွားရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ခံစားရပါတယ် အဲဒီအမည်းစက်တွေပျောက်သွားအောင် ဘယ်လိုဆေးတွေလိမ်းသင့်လဲဆိုတာ ပြောပြပေးပါနော် ညီမဆေးတွေ cosmetic တွေလိမ်းတာလဲ တော်တော်စုံနေပြီ မပျောက်လို့ အခုတော်တော်လေးကိုစိတ်ညစ်နေပါတယ် ညီမလဲ သူများတွေလို

Saturday, February 14, 2015

ဆေးခန်းကပေးလိုက်တဲ့ ဝဆေး

မင်္ဂလာပါ ဆရာ
                      ကျွန်တော့် ဆေးခန်းတခုမှာ ပိန်နေလို့ ဝအောင်ဘာဆေးသောက်ရမလဲ ပြလိုက်တာ အဲ့ဆေးတွေပေးလိုက်ပါတယ် တနေ့ ၂ခါ တခါသောက် ၆လုံးပါ ဒီနေ့မနက် အစာစားပီးသောက်လိုက်တာ ရင်အရမ်းခုန်ပီးမောလာတယ် ညဖက်တော့ မမောဘူး ဆေးဆက်သောက်ရမလား မသောက်ရမလား အကြံပြုပေးပါဆရာ
ပီးတော့ အောက်က ပုံ၂ပုံမှာ အနီစက်လေးတွေ ဖြစ်နေလို့ခင်ဗျ နည်းနည်းကြာရင် ပျောက်သွားပါတယ် ဒါပေမယ့် ဝက်ခြံလို အရာ ကျန်နေခဲ့တယ် ဘာဖြစ်တာလဲ သိချင်ပါတယ်ဆရာ လက်ပြင်မှာလဲ အဲ့လို အဖုလေးတွေရှိတယ်ခင်ဗျ ဝက်ခြံလို အဆံထွက်တယ် ခင်ဗျ ဘာဖြစ်တာလဲ ဘယ်လိုပျောက်အောင် ကုရမလဲသိချင်ပါတယ် ဆရာ

ဝိတ်ကျဖို့ ဘယ်လေ့ကျင့်ခန်းတွေ ကောင်းလဲ

                                     တစ်မိနစ်စာ             ကယ်လိုရီ ၁၀၀ ကုန်ဖို့ကြာချိန်
အိမ်သန့်ရှင်းရေး.                 2.7 cal.              37 min
ကြမ်းတိုက်ခြင်း.                    2.8 cal.              36 min
စက်ဘီးစီးခြင်း.                     2.9 cal.              35 min
စားပွဲတင်တင်းနစ်ကစား.        3 cal.                 33 min
လမ်းလျှောက်ခြင်း.                3.5 cal.              30 min
ကြက်တောင်ရိုက်ခြင်း.           4.5 cal.              23 min
တင်းနစ်ရိုက်ခြင်း.                  5 cal                  20 min
အမြန်လမ်းလျှောက်ခြင်း.        5 cal.                 20 min

ဝိတ်တက်စေတဲ့ အစားအစားများ

တမင်းဖြူ(ပန်းကန်လုံးတလုံးစာ)   204cal
ကြက်သားဆီပြန်ဟင်း.               450cal
ဝက်သားဆီပြန်ဟင်း.                  550cal
ဘဲကင်တပန်းကန်.                     650cal
ကြက်ဥပြုတ်တလုံး.                      75cal
ကြက်ဥမွှေကြော်.                        100cal
အာလူးကြော် တပန်းကန်.            250cal
အာလူးပြုတ်တလုံး.                       50cal

CLINIC 64 ဆေးခန်းတွင်ရနိုင်သော ကာကွယ်ဆေးများ

၁။တိုက်ဖွိုက်ရောဂါ ကာကွယ်ဆေး.                          
၂။အသည်းရောင် အေပိုး ကာကွယ်ဆေး(လူကြီး).        
၃။အသည်းရောင် အေပိုး ကာကွယ်ဆေး(ကလေး).       
၎။အသည်းရောင် ဘီပိုး ကာကွယ်ဆေး(လူကြီး).           
၅။အသည်းရောင် ဘီပိုး ကာကွယ်ဆေး(ကလေး).          
၆။ခွေးရူးပြန် ကာကွယ်ဆေး.                                      
၇။ခွေးရူးပြန် အဆိပ်ဖြေဆေး. 
၈။Hib ရောဂါ ကာကွယ်ဆေး.

လူနာကြည့်ချိန်များ သတ်မှတ်ခြင်း

လူနာကြည့်ချိန်များကို အချိန်ဇယားအလိုက် စနစ်တကျ သတ်မှတ်ထားပါသည်။ 
တနင်္လာ၊အင်္ဂါ - fertility clinic (ကလေးမရတာ၊မြုံတာ၊မျိုးပွားခြင်းဆိုင်ရာ ကုသခြင်း)
ဗုဒ္ဓဟူး၊ကြာသပတေး- liver disease (အသည်းရောဂါအမျိုးမျိုး၊ဘီပိုး၊စီပိုးကုသခြင်း)
သောကြာ၊စနေ - skin disease and beauty(အရေပြားရောဂါ၊အသားအရေဆိုင်ရာ ရောဂါများ ကုသခြင်း)
တနင်္ဂနွေ - slimming clinic (စနစ်တကျ ဝိတ်ချနိုင်အောင် ကူညီပေးခြင်း)

ဆိုဒ်နဲ့မဆိုင် နားလည်နိုင်ပါစေ

ဆရာ.....ကျ​နော့်​ရဲ့အားနည်းချက်​ကို​ပြောပြပါရစေ.....နားနဲ့မနာဖ၀ါးနဲ့သာနာပါဆရာ.. ကျ​နော့်​အသက်​က၂၄နှစ်​ရှိပါပြီ...အိမ်​​ထောင်​လည်းကျပါပြီ...အိမ်​​ထောင်​က်​က​တော့၃နှစ်​ရှိပါပြီ....ကျ​နော့်​ရဲ့အားနည်းချက်​ကလိင်​တံ​သေးငယ်​​နေချင်းပဲဖြစ်​ပါတယ်​...ဘယ်​လိုလုပ်​ရမလဲဆရာ...ကျ​နော်​​ဆေးလည်းမထိုးချင်​ဘူး.... နည်းလမ်း​လေးများရှိရင်​​ပေးပါလား.ခင်​ဗျာ............
                                      ကျေးဇူးတင်​လျှက်
                                       ၀၀၀၀၀၀၀
စာကျွင်း။  ။ကျ​နော့်​ရဲ့လိင်​တံအရှည်​က ၃လက်​မခွဲ..လုံးပတ်​က၅လက်​မ....

စကားထစ်သူအတွက် သောက်ဆေး

စကားထစ်တဲ့အကြောင်း ဆောင်းပါးရေးမိလေတော့ တချို့က စကားမထစ်အောင် ဘယ်ဆေးတွေ သုံးမှာလဲ သိချင်လာကြပြန်တယ်။ စကားထစ်ခြင်းကို လျှော့နည်းစေနိုင်တဲ့ ဆေးနည်းတွေရှိပါတယ်။ အမှန်တော့ နောက်ကွယ်က မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာကို ကုသတဲ့ ဆေးဝါးကုထုံးသာဖြစ်ပါတယ်။ ဥပမာ စိုးရိမ်စိတ်လွန်ကဲသူကို စိုးရိမ်စိတ်နည်းအောင် ပြုလုပ်နိုင်ရင် စကားထစ်တဲ့အမူအကျင့်ကို တဖြည်းဖြည်း သက်သာလာပါတယ်။ ဆေးနည်းတွေက တခေတ်ပြီး တခေတ် ပြောင်းလဲလာတာ တွေ့ရတယ်။ ဥပမာ ၁၉၆၀ဝန်းကျင်လောက်က haloperidol သုံးခဲ့ပေမယ့် ဘေးထွက်များလို့ နောက်ပိုင်းမှာ မသုံးတော့ဘူး။ ဒီဖက်ခေတ်ရောက်တော့ စိတ်ဆေး၊စိတ်မကျဆေး၊အတက်ပျောက်ဆေးတွေ သုံးလာကြတယ်။ တချို့က ဆေးတမျိုးထက် ဆေးနှစ်မျိုးပေါင်းရင်

နေ့ကောင်းရက်သား ရွေးကြမလား

Chinese lunar calendar ဆိုတာ တရုတ်ရိုးရာ တော်ဝင်နည်းတခုဖြစ်တယ်။လွန်ခဲ့တဲ့ နှစ်၇၀၀ကျော်လောက်က တရုတ်မင်းဆက်တွေ သုံးခဲ့တဲ့ နည်းဖြစ်ပြီး နောက်ပိုင်းမှ ပီကင်းမြို့အနီးက ရှေးဟောင်းဘုရင်တပါးရဲ့ သချိုင်းဂူမှာတူးဖော်ရရှိခဲ့တယ်။ တဆင့်စကားတွေအရ ဒီနည်းက ကလေးရဲ့ လိင်သဘာဝ(ယောကျာင်္းလေး၊မိန်းကလေး) ဖြစ်နိုင်မှုကို အနီးစပ်ဆုံး ခန့်မှန်းနိုင်တယ်လို့ သိရတယ်။ အနောက်နိုင်ငံတွေကပါ ဒီနည်းနဲ့ တွက်ချက်ပြီး ကလေးယူလာကြတယ်။ ဒီနည်းမှာ ကိုယ်ဝန်ရှိတဲ့ အသက်အရွယ်ကို  လအလိုက် တွက်ချက်ပြီး ကလေးရဲ့ ဖြစ်နိုင်ချေ ဖို၊မ ရွေးချယ်နိုင်တယ်။ အောက်မှာ ကိုယ်ဝန်ဆောင်  အသက်အလိုက် အစဉ်အတိုင်း ဖော်ပြထားတယ်။ လတွေနဲ့ ချိန်ပြီး ခန့်မှန်းနိုင်တယ်။ ဥပမာ ၁၈နှစ်အရွယ် မိန်းကလေးက ဇန်နဝါရီမှာ ကိုယ်ဝန်ဆောင်ရင် မိန်းကလေးမွေးမှာ ဖြစ်ပြီး

Thursday, February 12, 2015

ကလေးကြီးထွားမှုနည်းနေသလား

ကျေးဇူးပါဆရာ
ကျမကလေးက ၇ ရက်နေ့ ၁ ၁ လ ပြည့်ပါမယ်
အခုထိ သွားလုံးဝ မပေါက်သေးပါ၊ မတ်တတ်မရပ်နိုင်သေးပါ ၊အိပ်နေရာမှသူ့ဘာသာ ထမထိုင်နိုင်သေးပါ၊ ထိုင်ပေးထားမှ ထိုင်နိုင်ပါတယ်
ဘာလုပ်သင့်ပါသလဲ၊ အားဆေးတိုက်ရမလား။ အကြံပေးပါဦး။

နှလုံးရောဂါ ကောင်းရဲ့လားဆရာ

ညီမက 2nd MBပါ။မနေ့ညက ဆေးစစ်ချက်တွေနဲ့ လာပြတဲ့ လူနာ(ischaemia)က ညီမ အဖိုးပါ။အခု MGH မှာ တက်နေရပါတယ်။သူ့ရဲ့ ရောဂါ အခြေအနေလေး သိချင်လို့ပါ။ဆေးရုံကchart ထဲမှာ MI လို့ ရေးထားပါတယ်။အမှန်အတိုင်းreplyလုပ်ပေး ပါ ဆရာ။

မနေ့က ဆေးခန်းကို ischaemia နှစ်ယောက်လာတယ်။ အသက်(၄၀)ကျော်လား၊(၆၀)ဝန်းကျင်လား။ သွေးစစ်ခိုင်းထားတဲ့ လူနာချည်းပဲ (၆)ယောက်ရှိတယ်။

မိန်းမသားတို့ စပ်စပ်စုစုမေးခွန်းများ(၂)

ဆရာကျွန်မအမျိုးသား လိင်ကြီးဆေးထိုးထားတာအဆင်မပြေဘူးဖြစ်နေတယ် အဖျားမှာစုနေတယ်ထိပ်ကိုပိတ်သလိုဖြစ်နေတယ် ဆရာဆေးခန်ပြဆိုတော့ရှက်လို့တဲ့ ဆရာ့ဆီအကူအညီတောင်းပါတယ်

ဆရာကျွန်တော်လိင်ကြီးဆေးထိုးထားတာအဖျားမှာစုပြီး ထိပ်ဝပါပိတ်သလိုဖြစ်နေလို့ပါအေဲ့ဒီဆေး ထိုးတုန်းကမချေလိုက်မိဘူးအဖျားမှာမာခဲခဲဖြစ်နေလို့ဘယ်လိုလုပ်ရမလဲ ဆရာ့ထံမှာအကြံတောင်းပါတယ်ခင်ဗျ

အစာအိမ်ဆေး မစပေးခြင်း

ဆရာရေ ကျွန်တော့အစာအိမ်ရောဂါကမကြာခဏနာတတ်တယ်။ ပီးရင်ပြန်ပေါ်ပေါ်လာတာ ဘာဖြစ်လို့လဲမသိဘူး။ဆေးတွေသောက်တာလဲစုံနေပြီ။အခုဖြစ်နေတာ ၂ပတ်လောက်ရိပြီး၊ဆရာဝန်ကြီးတယေးက်က ပန်တိုးဆစ်သောက်ခိုင်းလို့သောက်တာမသက်သာသေးဘူး။ အစာမကြေသလိုဗိုက်နာသလိုခံစားရတယ် ။ဖြစ်နိုင်ရင် သောက်ရမယ့်ဆေးလေးမစပါခင်ဗျာ

ဘီပိုးမေးခွန်း(၁)

ဆရာရှင့်
ကျွန်မက HBV Positive
တစ်ယောက်ပါ၊ဆေးကုသမှုခံယူခြင်းမရှိခဲ့ပါဘူး၊ပြီးခဲ့တဲ့
၁နှစ်ကျော်လောက်ကစပြီး
blood allergy ဖြစ်လာပါတယ်။အရင်ကတော့ ၃..၎
လနေမှတစ်ခါလောက်ဖြစ်ပါတယ်.အစပိုင်းကတော့သတိမထားမိပါဘူး
အရင်ကလဲတစ်ခါမှမဖြစ်ဖူးပါဘူး
အခုနောက်ပိုင်း၁လကျော်ရင်တစ်ခါလောက်ဖြစ်လာပါတယ်၊၊ဖြစ်တဲ့အခါတိုင်းညမအိပ်နိုင်လောက်အောင်
အရမ်းယားပါတယ် ဖြစ်နေကျနေရာတွေ(နှုတ်ခမ်း၊မျက်နှာ၊လက်ကောက်ဝတ်၊ခြေညိုး နဲ့ ခြေဖ၀ါးအစပ်)မှာပဲဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ
ယောင်လာပြီးသွေးတွေကသွားစုနေသလိုညိုနေပြီးတခါတလေ

Wednesday, February 11, 2015

မိန်းမသားတို့ စပ်စပ်စုစုမေးခွန်းများ(၁)


ဆရာ
နောက်ထပ်သိချင်တာလေး ထပ်ပြီးမေးခွင့်ပြုပါ။ အရင်ကမေးခဲ့တာတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတာတွေ အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ် ရှင့်။ နောက်ထပ်သိချင်တာက လေတက်တာ ဘာကြောင့်လဲဆရာ နန်းဆိုလိုတာက ထမင်းစားပြီးလေတက်တာကိုပြောတာမဟုတ်ပါဘူး။ နန်းတို့ငယ်ငယ်က နန်းတို့ဖွားဖွားကို နှိပ်ပေးရင် ဖွားဖွားက တဂေ့ ဂေ့ နဲ့ လေတွေတက်တယ်လေ။ နှိပ်တာနဲ့ လေတက်တာနဲ့ ဘယ်လိုပတ်သက်လဲဆရာ။ ခု နန်းကိုလဲ ဘယ်နေရာကိုနှိပ် နှိပ် တဂေ့ ဂေ့ နဲ့ လေတွေတက်တယ်ဆရာ။ လက်ဆစ်၊ ခြေဆစ်လေးတွေကိုပဲ နှိပ် နှိပ်။ နောက်ဆုံး ခေါင်းလျှော်ချိန် မျက်နှာသစ်ချိန်တွေမှာ ခေါင်းတွေ မျက်နှာတွေကို နှိပ်နယ်ရင်တောင်မှ တဂေ့ ဂေ့ နဲ့ လေတက်တယ်။ ညောင်းနေတဲ့နေရာကို နှိပ်မိရင် ပိုပြီးတော့

သားအိမ်တွင်းပစ္စည်း

ဆရာ
နောက်ထပ်သိချင်တာလေးတွေလဲ ထပ်ပြီးမေးခွင့်ပြုပါနော်။ နန်းက ပဋိသန္ဓေ တားဖို့အတွက် IUDC သားအိမ်အတွင်း ပစ္စည်းထည့်ထားပါတယ်။ သမီးမွေးပြီး လေးဆယ့်ငါးရက်မှာထည့်တာ ခုဆို သမီးအသက် သုံးနှစ်ပြည့်တော့မှာပါ။ သုံးနှစ်ပြည့်ရင် အသစ်လဲရမယ်လို့ပြောထားတော့ လဲရတော့မှာပေါ့ဆရာ။ နန်းသိချင်တာက ရာသီလာတဲ့ နောက်ဆုံးရက်တွေဆိုရင် သွေးလို နီမနေပဲ အစိမ်းပုပ်ပုပ် မည်းမည်းတွေဆင်းတယ်ဆရာ။ Pad မှာဆိုလဲ နီမနေပဲ အစိမ်းပုပ်ပုပ် မည်းမည်းတွေပဲရှိနေတယ်ဆရာ။ Pad ကို တစ်နေ့ သုံးခု လဲပါတယ်ဆရာ။ ပုပ်စော်လဲ တအားနံတယ်။ ခါးတွေလဲ တအားကိုက်တယ်ဆရာရယ်။ အပေါ့သွားတဲ့အချိန်တွေဆို အိမ်သာကြွေခွက်ထဲမှာ မည်းမည်းအမှုန်တွေ တွေ့နေရတယ်။ ဘိုထိုင်အိမ်သာဆိုတော့

သားသမီးအတွက် မေးခွန်း

သို့…
            ဒေါက်တာရှင့်… နန်း ကလဲ မန္တလေးသူပါ။ ခုတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့နားမှာ အလုပ်လုပ်နေပါတယ်။ နန်းက ဆရာ့ရဲ့ ဆေးပညာဆောင်းပါ ဘလော့ခ်၊ ဆေးဝါးကမ္ဘာဘလော့ခ် တွေကို မကြာခဏဝင်ဖတ်နေသူပါ။ ပို့စ် တွေအားလုံးကိုတော့ စုံစေ့အောင်မဖတ်ရသေးပါ။ နန်းသိချင်တာလေးနှစ်ခုလောက်မေးပါရစေ ဆရာ။ တစ်ခုက နန်းရဲ့ သားသမီးတွေအတွက်ပါ။ နောက်တစ်ခုက နန်းအတွက်ပါဆရာ။

ဟောက်သံမထွက်အောင် လေ့ကျင့်ရအောင်

ဟောက်သံထွက်တာ လည်ပင်း၊နှာခေါင်းနဲ့ ပါးစပ်က ကြွက်သားတွေ လှုပ်ရှားမှု၊တုန်ခါမှုကြောင့် ဖြစ်ရတယ်။ သိစိတ်မဲ့လှုံ့ဆော်မှုဖြစ်လို့ ထိန်းလို့မရဘူး။ ဒါပေမယ့် မဖြစ်အောင် ခေါင်းအနေအထား၊လေ့ကျင့်ခန်းလုပ်ပြီး ကာကွယ်နိုင်တယ်။ 
၁။သရသံဖြစ်တဲ့ a,e,I,o,uကို ခပ်ကျယ်ကျယ်ရွတ်ဆိုပါ။ တခါကျင့် (၃)မိနစ် တနေ့သုံးကြိမ်ရွတ်ပါ။
၂။လျှာလေ့ကျင့်ခန်းလုပ်ပါ။ လျှာကို အပေါ်သွားရဲ့ နောက်ဖက်ကို ထိထားပါ။ ပြီးရင် အာခေါင်နောက်ဖက်ကို ပွတ်ဆွဲပါ။ (၃)မိနစ်ကြာလုပ်ပါ။

သားအိမ်ခြစ်ပြီး ဘယ်အချိန်သားဥကြွေလဲ

သားအိမ်ခြစ်ပြီးဘယ်လောက်အကြာမှာ သားဥကြွေတတ်ပါလဲ သိချင်လို့ပါဆရာ ကျေးဇူးပြုပြီးဖြေပေးပါနော်

သားအိမ်ခြစ်တာနဲ့ သားဥကြွေတာ သက်သက်စီပါ။ သားအိမ်ခြစ်တာက သားအိမ်အတွင်းလွှာ ထူနေတာကို ပါးအောင်ခြစ်တာ။အဲလိုခြစ်လို့ တခါတရံ ရာသီသွေး နည်းတာ၊များတာ ရှိတယ်။ ကလေးရနိုင်ခြေကို ထိခိုက်စေတယ်။သားဥကြွေတာ ကတော့ မျိုးဥအိမ်(ovary)နဲ့ သက်ဆိုင်သွားတယ်။ မျိုးဥကြွေတိုင်း ရာသီလာမယ်ပြောလို့ မရသလို ရာသီလာတိုင်း

Pityriasis lichenoid ခရုသင်းလို အဖြူကွက်

ဆရာသမီးလက်နဲ့ရင်ဖတ်မှာ အဖြူကွက်တွေတွေ့လိုပါ။ ၆လလောက်ရှ်ပြီ။နည်းနည်းယားပါတယ်၊နောက်ပြီး အနီကွက်တွေလည်း ပေါက်လာတယ်။ မပျောက်တာလည်း နည်းနည်းကြာပြီ။ မိန်းကလေးဆိုတော့ ရှက်လို့လက်ရှည်လည်း မဝတ်ရဲဘူး။ ခရုသင်းဖြစ်မှာလည်း ဆိုးတယ်ဆရာ။ရောဂါကပျောက်မှာလားဆရာ၊ကုနည်းလည်း သိချင်ပါတယ်။ဆရာကြည့်ရအောင် ပုံပို့လိုက်ပါတယ်။ ပြန်ဖြေပေးပါနော်ဆရာ

Monday, February 9, 2015

ရောဂါကပ်ဆိုး ဗိုင်းရပ်စ်ပိုး

ကမ္ဘာမှာ ဗိုင်းရပ်စ်ရောဂါတွေ တစခန်းထနေပါတယ်။ သမိုင်းကို ပြန်ကြည့်လိုက်ရင် လူပေါင်းများစွာကို အစုလိုက်သေကြေပျက်ဆီးစေတာ ဗိုင်းရပ်စ်ပိုးရောဂါတွေကြောင့် ဆိုတာ တွေ့ရမှာပါ။ ၁၉၁၈မှာ စပိန်တုပ်ကွေးဖြစ်တော့ လူပေါင်းသန်း၅၀လောက်ကို သေဆုံးစေခဲ့တယ်။ ပထမကမ္ဘာစစ်ဖြစ်တော့ သေဆုံးသူဦးရေက ၁၆သန်းပဲ ရှိလို့ ရောဂါကပ်ကြောငိ့ သေဆုံးသူက သုံးဆလောက် ပိုများတယ်။ တကယ်တော့ လူသားရယ်လို့ မဖြစ်ခင် သက်ရှိမျိုးစိတ်တွေ စတင်ကတည်းက ဗိုင်းရပ်စ်ပိုးတွေရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကို စတင်တွေ့ရှိခဲ့တာတော့ သိပ်မကြာသေးဘူး။ ၁၈၉၂မှာ ရုရှားဇီဝပညာရှင် Dmitry Ivanovsky က ဆေးရွက်ကြီးမှာ ပါတဲ့ ပိုးမွှားတွေကို

Monday, February 2, 2015

ဝက်ခြံပျောက်နည်းနာ အဖြာဖြာ

ဆယ်ကျော်သက်တွေကို အမြဲဒုက္ခပေးတတ်တဲ့ ဝက်ခြံအကြောင်း အနည်းငယ်ဖော်ပြပါရစေ။  ဝက်ခြံကို acne လို့ ခေါ်ကြတယ်။ လေ့လာမှုတွေအရ ဝက်ခြံပေါက်သူရဲ့ ၈၀ရာခိုင်နှုန်းက လူပျိုအရွယ်တွေ ဖြစ်ပါတယ်။ လူအိုဖြစ်လာတာနဲ့ ပျောက်ဖို့ရာခိုင်နှုန်းပိုများလာတယ်။ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းက အဆီအိတ်ဂလင်း(sebaceous gland)တွေမှာ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်။ လူ့ခန္ဓာကိုယ်ရဲ့ မွှေးညင်းပေါက်မှာ အဆီအိတ်တွေရှိတယ်။ အဆီအိတ်ကနေ အဆီ(sebum)တွေ ထုတ်ပေးနေတယ်။ အဆီအိတ်များသူတွေမှာ မျကိနှာအဆီပြန်တာရှိတယ်။