Friday, October 30, 2015

မျက်ကပ်မှန်တပ်ခြင်း

ဒီဖက်ခေတ် လူသုံးများလာတဲ့ မျက်ကပ်မှန်အကြောင်း နည်းနည်းပြောပါရစေ။ မျက်ကပ်မှန်ဆိုတာ မျက်စိပေါ်မှာ ဖုံးအုပ်လို့ရတဲ့ သေးငယ်တဲ့ မှန်အသေးစား တမျိုး ဖြစ်တယ်။ မှန်ဆိုပေမယ့် ပလတ်စတစ် အကြည်တမျိုးပဲ။ မျက်ကပ်မှန်ကို polymethyl methacrylate (PMMA),silicone acrylate, hydrogels စတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်။ မျက်ကပ်မှန်တခုမှာ အရေးကြီးဆုံးက  အောက်စီဂျင်ဝင်ရောက်လွယ်ဖို့နဲ့ အစိုဓာတ်ထိန်းဖို့က ဖြစ်ပါတယ်။ ဒါမှ မျက်ကြည်လွှာကို မထိခိုက်စေမှာ ဖြစ်ပါတယ်။ 

လမ်းလျှောက်ခြင်း

ဒီဖက်ခေတ်မှာ ကျနိးမာရေးအရ လမ်းလျှောက်ခြင်းကို လူတော်တော်များများလုပ်လာကြပါပြီ။ မအားလပ်သူတွေက မနက်စောစောထပြီး လမ်းလျှောက်ကြတယ်။ လမ်းလျှောက်တဲ့အခါ နှေးနှေးလျှောက်တာရှိသလို တချို့က မြန်မြန်လျှောက်တယ်။လမ်းလျှောက်တာကြည့်ပြီး လူ့သဘောခန့်မှန်းသူတွေလည်း မနည်းပါဘူး။လမ်းလျှောက် မြန်သူတွေကို ယေဘုယျအားဖြင့် စိတ်မြန်သူတွေဖြစ်တယ်လို့ ကောက်ချက် ချကြတယ်။ တိကျတဲ့လေ့လာစမ်းသပ်မှုတွေ 
ဘယ်လောက်ရှိလဲ မသိပေမယ့် တွေ့ဖူးသူတွေကို ကောက်ချက်ချရရင် အဆိုပါအချက်ဟာ မှန်ကန်ပါတယ်။ လမ်းလျှောက်မြန်သူဆိုတာ 
တစ်နာရီကို သုံးမိုင်အထက်လမ်းလျှောက်သူများကို ခေါ်တယ်။ ပိုမြန်မြန် လျှောက်သူတွေကို jogging ခေါ်တယ်။ တစ်နာရီ ၅မိုင်ခန့်  လမ်းလျှောက်သူတွေဖြစ်ပါတယ်။