Pages

Monday, April 22, 2013

မြန်မာတို့ရဲ့ အနာမျိုး(၉၆) ပါး



အနာမျိုး(၉၆)ပါးဆိုတာ မြန်မာလူမျိုးတွေဆုတောင်းတဲ့အခါ မကြာခဏ ကြားနေရတဲ့ ရောဂါတွေပါ။ သြကာသ ကန်တော့ချိုးလေးရွတ်လိုက်မိရင်  အနာမျိုး၉၆ပါးမှ ကင်းလွှတ်ရပါ၏ လို့ဆုတောင်းကြတယ် မလား။ဆုတောင်းကြတာတော့ ဟုတ်ပါပြီ။ ဘယ်လိုအနာရောဂါမျိုးတွေပါလိမ့်။  အမှန်ဝန်ခံရရင် တချို့ရောဂါတွေ၊အမည်တွေဟာ မကြားဘူးသလို အနောက်တိုင်းဆေးပညာမှာလည်း မသင်ကြားခဲ့ဖူးပါ။ သို့သော် ဖတ်ထားမိတာကို ဗဟုသုတရဖို့ ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို၊ဆေးပညာလို ဘာသာပြန်ပါဆိုရင် အကုန်လုံးမပြန်တတ်တာလည်း အမှန်တရားပါ။

အနာမျိုး (၉၆)ပါး ဆိုတာ


၁။ဖဝါးပူပါဒရက်နာ

၂။ဘိန်းပြဲ ကိုယ်ရောင်နာ

၃။ကုတ်ဟီးချောင်းဆိုးနာ

၎။ဝက်ရူးနာ
၅။ရှူနာ
၆။ဖက်သကပ်နာ
၇။ကြို့ထိုးနာ
၈။စိမ်ရေသင့်နာ
၉။ကြွက်နို့နာ
၁၀။ထွတ်မြင်းနာ
၁၁။ခူကိုက်နာ
၁၂။သနပတ်နာ
၁၃။မှည့်နာ
၁၄။တင်းတိပ်နာ
၁၅။သင်းခွေချပ်နာ
၁၆။ပွေးညှင်းနာ
၁၇။ရေယုန်နာ
၁၈။အသားမာနာ
၁၉။ကြက်လည်ပင်းကြီးနာ
၂၀။အနာမှောက်ခုံ
၂၁။ရမ်းနမဲနာ
၂၂။မွေးကျွတ်နာ
၂၃။သွေးစုနာ
၂၄။ဝက်ခြင်နာ၊ဝက်ချုပ်နာ
၂၅။တောင်စဉ် ခုနှစ်ထပ်နာ
၂၆။အနာပဆုပ်
၂၇။ဆင်ကူ လည်ပြတ်နာ
၂၈။ဖွတ်သိုနာ
၂၉။အနာ သစ်ငုတ်
၃၀။ရေဇူနာ
၃၁။အိုင်းနာ
၃၂။အိုင်ငယ်ရေမြွေဆိပ်နာ
၃၃။ခရုဘေနာ
၃၄။သက်တံ ခေါင်းလျှိုနာ
၃၅။သတပိုနာ
၃၆။မြွေလက်ပတ်နာ
၃၇။ဆံကျင်နာ
၃၈။မှန်ကင်းနာ
၃၉။အနာ ပတ္တမြား
၄၀။မင်နာ
၄၁။ဂရင်ဂျီ အနာမီး
၄၂။နဂါးပွက် နဂါဖုံးနာ
၄၃။ငရှဥ့်ပွက်နာ
၄၄။ကိန္နရာနာ
၄၅။မုတ္တကိတ်နာ
၄၆။ထွက်နာ၊ဝက်အူနာ
၄၇။သရက်ကင်းနာ
၄၈။အနာထွက်
၄၉။အထင်ကလိနာ
၅၀။မုက္ခစိုနာ
၅၁။ကာလနာ
၅၂။မြင်းသရိုက်ပိတ် ဝမ်းပျက်နာ
၅၃။မျက်စိနာ
၅၄။သွေးကျနာ
၅၅။ခေါင်းခဲဦးယဉ်းနာ
၅၆။အမူးနာ
၅၇။နှလုံးသွေးနာ
၅၈။တကျည်းနာ
၅၉။ဂူနာ
၆၀။ကျပ်သဖီနာ
၆၁။မေဓုန်သနပတ်နာ
၆၂။သွေးပျက်နာ
၆၃။နူနာ
၆၄။ဝဲနာ
၆၅။အင်ပြင်နာ
၆၆။မြေပြုတ်ရှပ်နာ
၆၇။သွေးကင်ပိန့်နာ
၆၈။ဝက်ခမ်းနာ
၆၉။လိင်သေနာ
၇၀။မုဿနာ
၇၁။လေပူလောင်နာ
၇၂။ရိစွဲနာ
၇၃။ဆီးအောင့်နာ
၇၄။အော့နာ
၇၅။မြွေငန်းသွေးငန်းနာ
၇၆။ဂျွမ်းခိုက်နာ
၇၇။သွေးမွှန်နာ
၇၈။အတွင်း သွေးပျက်နာ
၇၉။သွေးသဖုံးနာ
၈၀။ကလမူနာ
၈၁။နို့ယဉ်နာ
၈၂။ကျဗဟုံး ကြက်ညှာနာ
၈၃။နို့မြွေသူငယ်နာ
၈၄။ကျောက်နာ
၈၅။ဝက်သက်နာ
၈၆။မီးယပ်နာ
၈၇။မြုံနာ
၈၈။မြေသလိပ်နာ
၈၉။သည်းခြေနာ
၉၀။လေနာ
၉၁။တုတ်သံနာ
၉၂။ဒူလာသရော သွေးသွန်နာ
၉၃။ဥတုယာဉ်ငယ်မန်းနာ
၉၄။ပယောဂနာ
၉၅။လောဘ၊ဒေါသ၊မောဟနှင့် ယှဉ်သောအနာ
၉၆။ကိလေသာနှင့် ယှဉ်သောအနာ
စတာတွေပဲ ဖြစ်ပါတယ်။
(မြန်မာ့သမိုင်းဝင် ဖြစ်ရပ်များ ၁၀၀ မှ ကူးယူဖော်ပြပါသည်။)

ဒေါက်တာ အေးမင်းထူး
၂၂.၄.၁၃

No comments:

Post a Comment