Pages

Monday, September 15, 2014

မေးခွန်းအတိုအထွာ(၁)

Probiotic ဆေးကိုအမြဲစွဲသောက်သင့်ပါလား။ ဆိုးကျိုးဘာတွေများရှိနိုင်ပါသလဲခင်ဗျား။Bပိုးရောဂါရှိပါတယ်။

အမြဲစွဲမသောက်သင့်ပါဘူး။ လိုအပ်မှ သောက်သင့်တယ်။ ဆိုးကျိုး အနေနဲ့ ကြီးကြီးမားမားမရှိပါ။ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားပေးရုံသာ ဖြစ်တယ်။ ဘီပိုးရှိသူတွေလည်း သောက်လို့ရပါတယ်။



မင်္ဂလာပါဆရာ ။ကျွန်တော်  B  ပိုးကာကွယ်ဆေး  ၃
လုံးဆေးသုတေတနမှာထိုးထားပါတယ်။နောက်  ၃
နှစ်ကြာရင်အားဖြည်ဆေးထိုးရမယ်လို့ပြောပါတယ် ။ မထိုးရင်ရောရပါသလားဆရာ။

အားဖြည့်ဆေးဆိုတာ booster dose ကို ပြောတာပါ။  သီအိုရီအရ ဆေး၃ကြိမ်ထိုးပြီး HBsAb အနည်းဆုံး 10ရှိရင် နောက်နှစ်(၂၀)လောက်ထိ ကာကွယ်ပေးသတဲ့။ မြန်မာနိုင်ငံမှာ အနည်းဆုံး100ကျော်မှ လက်ခံတယ်။ ဒါပေမယ့် နေတာက မြန်မာနိုင်ငံမှာ ဖြစ်တာသတိပြုပါ။ ဒီကဆရာဝန်အများစုက သွေးအဖြေဘယ်လိုဖြစ်ဖြစ် ဆေးသုံးကြိမ်ထိုးပြီး ၅နှစ်နေရင် booster နောက်တလုံး ထိုးခိုင်းတယ်။ ထိုးထားတာ မမှားပါ။ အနောက်တိုင်းစံနဲ့သတ်မှတ်ပြန်တော့ မှန်တာလည်း မဟုတ်ပြန်ဘူး။ မထိုးလည်း ရလားဆိုတော့ ရတယ်။ ဆရာဝန်အများစုကတော့ ၃-၈နှစ်အတွင်း booster ထပ်ထိုးကြတယ်။ 
အသေးစိတ် သိချင်ရင် ဒီမှာ http://drayeminhtoo.blogspot.com/2014/06/blog-post_24.html ဝင်ဖတ်ဖို့ အကြံပြုပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၁.၈.၁၄



မင်္ဂလာပါဆဆရာ ။ အားဖြည်ထိုးရင်ကြိုက်တဲ့နေရာမှာထိုးလို့ရပါသလား။ဆေးသုတေတနဆေးနဲ့နိုင်ငံကြားဆေးအတူတူပဲလား ။ဆူးလေးနားကလမ်း ၃၀ ဆေးခန်းက နီးလို့ပါ။ဆရာ

မိမိအဆင်ပြေတဲ့ ဆေးခန်းက ဆေးနဲ့ထိုးနိုင်ပါတယ်။ ဆေးထိုးပြီး အောင်၊မအောင် ပြန်စစ်ဖို့တော့ လိုပါတယ်။




မင်္ဂလာပါဆရာ ။ ကျွန်တော်အသက်က(28)ပါ ။လက်ရှိဆေး OPtical
ဆေးသောက်နေပါတယ်။ဈေးကွက်ထဲမှာဆေးကပြတ်ပြတ်နေတယ်။ visionace
အသစ်ဝင်နေတယ်။ ဆရာဆေးအနိသင်ချင်းတူတူပဲလား ဖြေကြားပေးပါ ။

ပါတာချင်းမတူသလို ထုတ်လုပ်တဲ့ ကုမ္ပဏီလည်း မတူပါဘူး။ optica ဆိုတာ Zifam ကုမ္ပဏီက ထုတ်လုပ်တယ်။ မြန်မာနိုင်ငံကို Pyrex ဆေးကုမ္ပဏီက တင်သွင်းတယ်။ visionaceဆိုတာ UK ကုမ္ပဏီ vitabioticက ထုတ်တယ်။ vimal ကုမ္ပဏီက တင်သွင်းတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲရောက်တာတော့ ကြာပါပြီ။ ဈေးအားဖြင့် ပိုကြီးတယ်။ နှစ်မျိုးလုံးသူ့ဟာနဲ့သူတော့ မဆိုးပါဘူး။ သုံးစွဲသူတွေ ရှိကြတယ်။တကယ်မျက်စိအတွက် အားကောင်းစေလားဆိုတာတော့ မသေချာပါဘူး။ မိမိအဆင်ပြေမယ်ထင်တာ ရွေးချယ် သောက်လို့ရပါတယ်။ 



မင်္ဂလာပါဆရာ ။ royal  jelly သီသန့်ဆေးတွေကသွေးတိုးရောဂါနဲ့တဲ့ပါသလားဆရာ။

သွေးတိုးသမားတွေလည်း သောက်လို့ရပါတယ်။ဒါပေမယ့် သွေးကျဆေးတွေနဲ့ အတူရောမသောက်ပါနဲ့။ အနည်းဆုံးတနာရီခြားပြီးမှ သောက်ပါ။ 

3 comments:

  1. မင်္ဂလာပါဆရာ
    ပိန်ပြီး အရောင်ကျအောင်ဆိုပြီး ထမင်းမစား၊ သကြားမစား၊ ဆားမစား ရှောင်လိုက်တာ မူးမူးနေလို့ ဘာဆေးသောက်ရမလဲဆရာ။ ထမင်း၊ ပေါင်မုန့်၊ခေါက်ဆွဲကြာဆံ ဘာမှမစားဘဲ ဖြတ်ထားပါတယ်။ ကိုယ်လက်ရောင်တာ သက်သာပေမယ်လို့ လူက မူးနေတတ်ပါတယ်

    ReplyDelete
  2. နည်းမှားနေပါတယ်။ ဝိတ်ကျဖို့ ဒီလောက်လုပ်ဖို့မလိုပါ။ အစားအာဟာရရှိမှ လူဆိုတာ အသက်ရှင်သန်နိုင်ပါတယ်။ အလယ်အလတ်လမ်းစဉ်က အကောင်းဆုံးပဲ။ ဖြစ်နေတဲ့ လက္ခဏာတွေက ဂလူးကို့စ်နည်းတယ်လို့ ယူဆပါတယ်။ ထမင်းပြန်စားပါ။ အလွယ်ဆုံးအမြန်ဆုံးနည်းက ဖျော်ရည်(သို့)သကြားရည်သောက်တာပါပဲ။ ပိန်ဖို့အတွက် အစားလျှော့စားသင့်ပေမယ့် လုံးဝရှောင်ဖို့မသင့်ပါ။ ဆေးကုဖို့မလိုပဲ အစားစားလိုက်ရင် ပြန်သက်သာသွားမှာ ဖြစ်ပါတယ်။

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်ဆရာ။

    ReplyDelete