ကမ္ဘာမှာ ငှက်ဖျားရောဂါဖြစ်သူပေါင်း သန်း ၂၀၀ကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နှစ်စဉ် လူတစ်သန်းလောက်ဟာ ဒီရောဂါနဲ့ သေကြေပျက်ဆီးကြတယ်။ ငှက်ဖျားရောဂါကို အပူပိုင်းဒေသတွေနဲ့ အပူလျှော့ပိုင်းဒေသတွေမှာ အဓိကတွေ့ရတယ်။ ခြင်ပေါက်ဖွားမှုကလည်း ဒီလိုဒေသတွေမှာ များတာကိုး။ အထူးသဖြင့် မိုးကျပြီးစ ရေစီးရေလာ မကောင်းတဲ့နေရာတွေမှာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်တွေ ပေါက်ဖွားကြတယ်။ ငှက်ဖျားဖြစ်စေတာက ခြင်မဖြစ်တယ်။ ခြင်မတွေက လူသွေးကို စုပ်ယူပြီး ခြင်ထီးတွေက အပင်တွေရဲ့ ဝတ်ရည်ကို စုပ်ယူတယ်။ ငှက်ဖျားပိုးဟာ ခြင်ကသာမက သွေးသွင်းရာကနေတဆင့် ကူးစက်နိုင်တယ်။ အမေကနေ ကလေးကို ကူးစက်ရင် congenital malaria လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ငှက်ဖျားကူးစက်ခံရရင် ကလေးအသေမွေးတာ၊ပေါင်မပြည့်တာမျိုး ရှိတယ်။ ငါးနှစ်အောက်ကလေးငယ်တွေ သေဆုံးမှုဟာ ငှက်ဖျားရောဂါကြောင့် ပိုများလာတယ်။ ငှက်ဖျားရောဂါကို သွေးနီဥဆိုင်ရာ မျိုးဗီဇပြောင်းလဲမှုအချို့က ခံနိုင်ရည်ရှိတယ်။ သာလာဆီးမီးယားရောဂါ၊ G6PD ချိုတဲ့ခြင်း နဲ့ ဆစ်ကယ်ဆဲလ် သွေးအေားနည်းရောဂါရှိသူမှာ ရောဂါပိုးမဝင်ရောက်နိုင်လို့ ကာကွယ်ပြီးဖြစ်တယ်။ ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Pages
▼
Wednesday, July 30, 2014
ငှက်ဖျားအကြောင်း တစေ့တစောင်း
ကမ္ဘာမှာ ငှက်ဖျားရောဂါဖြစ်သူပေါင်း သန်း ၂၀၀ကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နှစ်စဉ် လူတစ်သန်းလောက်ဟာ ဒီရောဂါနဲ့ သေကြေပျက်ဆီးကြတယ်။ ငှက်ဖျားရောဂါကို အပူပိုင်းဒေသတွေနဲ့ အပူလျှော့ပိုင်းဒေသတွေမှာ အဓိကတွေ့ရတယ်။ ခြင်ပေါက်ဖွားမှုကလည်း ဒီလိုဒေသတွေမှာ များတာကိုး။ အထူးသဖြင့် မိုးကျပြီးစ ရေစီးရေလာ မကောင်းတဲ့နေရာတွေမှာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်တွေ ပေါက်ဖွားကြတယ်။ ငှက်ဖျားဖြစ်စေတာက ခြင်မဖြစ်တယ်။ ခြင်မတွေက လူသွေးကို စုပ်ယူပြီး ခြင်ထီးတွေက အပင်တွေရဲ့ ဝတ်ရည်ကို စုပ်ယူတယ်။ ငှက်ဖျားပိုးဟာ ခြင်ကသာမက သွေးသွင်းရာကနေတဆင့် ကူးစက်နိုင်တယ်။ အမေကနေ ကလေးကို ကူးစက်ရင် congenital malaria လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ငှက်ဖျားကူးစက်ခံရရင် ကလေးအသေမွေးတာ၊ပေါင်မပြည့်တာမျိုး ရှိတယ်။ ငါးနှစ်အောက်ကလေးငယ်တွေ သေဆုံးမှုဟာ ငှက်ဖျားရောဂါကြောင့် ပိုများလာတယ်။ ငှက်ဖျားရောဂါကို သွေးနီဥဆိုင်ရာ မျိုးဗီဇပြောင်းလဲမှုအချို့က ခံနိုင်ရည်ရှိတယ်။ သာလာဆီးမီးယားရောဂါ၊ G6PD ချိုတဲ့ခြင်း နဲ့ ဆစ်ကယ်ဆဲလ် သွေးအေားနည်းရောဂါရှိသူမှာ ရောဂါပိုးမဝင်ရောက်နိုင်လို့ ကာကွယ်ပြီးဖြစ်တယ်။ Sunday, July 27, 2014
ဖနောင့်အတက် စိတ်မပျက်နဲ့
ဖနောင့်အတက်ထွက်တယ်ဆိုတာ ဖနောင့်အရိုးမှာ ကယ်လ်စီယမ် အနည်ထိုင်လို့ ဖြစ်ရတယ်။ အမှန်တော့ ပျက်စီးမှုကို ပြုပြင်ဖို့ ခန္ဓာကိုယ်က ကယ်လ်စီယမ်တွေထုတ်ပေးရတာပါ။ ဖနောင့်ရိုး(calcaneus)မှာ ကယ်လ်စီယမ်တွေ စုပုံရာကနေ သေးငယ်တဲ့ အရိုးအတက်ဖြစ်လာပါတယ်။ အဲလိုအရိုးအတက်ကို Heel spurs(သို့)osteophytesလို့ ခေါ်ပါတယ်။ လူအများစုမှာ ဖြစ်နိုင်ပေမယ့် လက္ခဏာရပ်မပြလို့ မသိကြသူက များတယ်။ အကယ်၍ ဖနောင့်ရိုး(calcaneus)နဲ့ ခြေဖဝါးရိုး(metatarsal bones)ကို ဆက်သွယ်ထားတဲ့ plantar fascia အရွတ်ရောင်တဲ့အခါ ဖနောင့်နေရာကနေ စတင်နာကျင်လာပါတယ်။ တချို့က အရိုးအတက်ကြောင့်လို့ ထင်မှတ်မှားကြတယ်။ အမှန်က အရွတ်ရောင်ခြင်းကြောင့် တွယ်ဆက်ထားတဲ့ ဖနောင့်နေရာက နာကျင် လာတာ ဖြစ်ပါတယ်။ ဒီလိုအရွတ်ရောင်တာမျိုးကို plantar fasciitis လို့ ခေါ်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အတက်ထွက်တာ ရှိနိုင်ပေမယ့် ခြေဖနောင့်ကတော့ နာကောင်းမှနာလိမ့်မယ်။
Friday, July 25, 2014
ကော်ဖီကင်ဆာ
ဆရာခင်ဗျား
ကော်ဖီစေ့ကို မီးပြင်းပြင်းနဲ့ ခပ်ကြာကြာလှော်မိရင် Acrylamideဆိုတဲ့ ဓာတ်တမျိုး ထွက်လာတယ်။ ဒီဓာတ်က ကင်ဆာရောဂါကို ဖြစ်စေတယ်။ အရောင်မဲသွားလေ Acrylamide ဓာတ် ပိုများလာလေဖြစ်တယ်။ ကော်ဖီများများသောက်ရင် cortisol, epinephrine နဲ့
ဆရာရေးထားတဲ့ ကော်ဖီနဲ့ကဖင်းဓာတ်ကို ဖတ်ပြီးတော့ သိချင်လာတာက ကော်ဖီက ကင်ဆာကို ဖြစ်စေပါသလားဆရာ၊တခြားဘာဆိုးကျိုးတွေများ ရှိလာနိုင်မလဲ။ ဖြေကြားပေးပါဦးဆရာ၊
ကော်ဖီစေ့ကို မီးပြင်းပြင်းနဲ့ ခပ်ကြာကြာလှော်မိရင် Acrylamideဆိုတဲ့ ဓာတ်တမျိုး ထွက်လာတယ်။ ဒီဓာတ်က ကင်ဆာရောဂါကို ဖြစ်စေတယ်။ အရောင်မဲသွားလေ Acrylamide ဓာတ် ပိုများလာလေဖြစ်တယ်။ ကော်ဖီများများသောက်ရင် cortisol, epinephrine နဲ့
Thursday, July 24, 2014
ချွေးထွက်ရာကဖြစ်တဲ့ အရည်ကြည်ဖုလေးများ
တလောက အမျိုးသမီးတယောက် လက်ကိုဓါးရှပြီး ဆေးခန်းလာပြဖူးတယ်။ ဓားရှပြီး သွေးထွက်များလို့ ဆေးခန်းပြတာမျိုး မဟုတ်ဘူး။ ဖြစ်တဲ့နေရာကို ပလာစတာကပ်ပြီး သိပ်မကြာခင်မှာပဲ အရမ်းယားတဲ့ အရည်ကြည်ဖုတွေထွက်လာလို့ လာပြတာပါ။ သေချာမေးကြည့်တော့ အရင်ဆုံး ဓားရှတဲ့ လက်ဖဝါးကို ပလာစတာကပ်ပါတယ်။ပလာစတာကပ်ပြီး မကြာပါဘူး။ အရေပြားက ယားယံလာတယ်။ ဒါလည်းမဖြုတ်သေးပဲ ၁၂နာရီလောက် ကပ်ထားမိပါတယ်။ ပိုဆိုးတာက ရေလည်း ကိုင်လိုက်မိပြန်တယ်။ ယားတာပိုဆိုးလာလို့ ပလာစတာကို ခွာကြည့်လိုက်တဲ့အခါ ကပ်တဲ့နေရာမှာ အရည်ကြည်ဖုတွေ အစုလိုက်၊အပြုံလိုက်ကြီး ထွက်လာတာ တွေ့ရတယ်။ အမှန်တော့ ဒီလိုလက်ဖဝါး အရေပြားရောဂါမျိုးက အဖြစ်မနည်းပါဘူး။ ဆေးစာနဲ့ရေးတော့ Pompholyxလို့ ခေါ်ပါတယ်။
Monday, July 21, 2014
ကော်ဖီတခွက်နဲ့ ကဖင်းဓာတ်
ကော်ဖီဆိုတဲ့ စကားလုံးက လူတိုင်းနဲ့ ရင်းနှီးပြီးသား စကားလုံးဖြစ်ပါတယ်။ လူတော်တော်များများရဲ့ သည်းခြေကြိုက် စကားတခုလည်း ဖြစ်နေပြန်တယ်။ ဒီနေ့ခေတ်မှာ လူကြီး၊လူငယ်၊ကျားမ မရွေး လူတိုင်းနီးပါး ကော်ဖီ သောက်ကြတယ်။ ကော်ဖီမကြိုက်တဲ့သူတောင် ကော်ဖီဆိုင်တွေ သွားထိုင်ဖြစ်ကြတယ် မလား။ ကော်ဖီခရေစီတွေကတော့ ကော်ဖီသောက်လို့ ကျန်းမာရေးအပေါ် ကောင်းကျိုး၊ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မလဲ သိချင်နေကြတယ်။Thursday, July 17, 2014
အရွယ်မတူ စိတ်ညစ်နေသူ
ဆရာ ခင်ဗျား
ကျွန်တော်ကအင်ဂျင်နီယာတစ်ယောက်ပါ။နာမည်ကတော့ ......ဖြစ်ပါတယ်။ကျွန်တော်ကိုတစ်ခုလော်ရှင်းပြပေးဖို့ရိုသေလေးစားစွာပြောပြချင်ပါသည်။
ဆရာခင်ဗျားမရိုသေစကားကျွန်တော်၏testic မှာဘယ်ဘက်ကပိုကြီး၍ညာဘက်ကသေးနေပါသည်။၎င်းtestic အခြေအနေကြောင့်ကလေးမရမှာစိုးရိမ်မိပါသည်။အကယ်၍မရနိုင်လျှင် ရအောင်လုပ်၍ရနိုင်ပါသလားသိချင်ပါသည်ဆရာ။ကလေးမရမှာစိုးရိမ်သောကြောင့်ကျွန်တော်အားရှင်းပြပေးစေလိုပါသည်။ကျွန်တော်သည်မကြာမီအိမ်ထောင်ပြုတော့ဖြစ်ပါသောကြောင့်ရှင်းပြပေးစေလိုပါသည်ဆရာ။
လေးစားစွာဖြင့်
........
Wednesday, July 16, 2014
ပင်လယ်ရေမကူးခင်
ရေကူးခြင်းဟာ ခန္ဓာကိုယ်တခုလုံး လှုပ်ရတဲ့လေ့ကျင့်ခန်း ဖြစ်တယ်။ ဒီလိုလှုပ်နေရတာကြောင့် သက်လုံကောင်းစေတယ်။ကြွက်သားတွေ သန်မာလာတယ်။ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ် ။ ရေကူးကန်မှာဖြစ်ဖြစ်၊မြစ်၊ချောင်း၊ ပင်လယ်မှာဖြစ်ဖြစ် ရေကူးခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေးအကျိုးရလာဒ်တွေက အတူတူဘဲ ဖြစ်တယ်။
လက်တွေ့ကွာခြားသွားတာက ရေချိုနဲ့ ရေငန်ဖြစ်တယ်။ ပင်လယ်ရေငန်က အသားအရေ ပျက်ဆီးစေတယ်။ အသားရောင် မွဲခြောက်သွားစေတယ်။ ထပ်ပိုလာတာက
Monday, July 14, 2014
နည်းလမ်းတကျ ဆီးချိုချပါ
ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါ ဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်သူတွေမှာ ဆေးမပေးခင် lifestyle modification ခေါ်တဲ့ အနေအထိုင်၊အစားအသောက်နဲ့ အရင်ဆုံးထိန်းသိမ်းခိုင်းပါတယ်။ ဒါပေမယ့် လူနာအများစုအတွက်တော့ ဒီလိုထိန်းသိမ်းနေရတာကိုက အခက်ခဲဆုံးအပိုင်းဖြစ်နေပါတယ်။ ဆီးချိုဖြစ်သူအများစုဟာ အနေအထိုင်၊အစားအသောက် ပြောင်းလဲရမှာ ထက် ဆေးသောက်ဖို့ကို ပိုအားသန်နေတာတွေ့ရတယ်။ အနေအထိုင် ဆင်ခြင်ပါ။ အစားအသောက်ရှောင်ပါဆိုရင် ဘယ်သူကမှ စိတ်ဝင်တစား မလုပ်ချင်ကြပါဘူး။ ဆေးသောက်ဖို့ကိုသာ ပိုလိုလားကြတယ်။ ဆေးပေးဖို့ အတင်းပူဆာတတ်တယ်။ အကယ်၍ ဆေးသောက်ပြီးရင် ဘာလုပ်တယ် ထင်ပါသလဲ။ ငါတော့ ဆေးသောက်ပြီးပြီ။ လုပ်ချင်ရာ လုပ်လို့ရပြီ ယူဆကြပြန်တယ်။ အစားအသောက် မရှောင်ချင်ကြတော့ဘူး။ အနေအထိုင် မဆင်ခြင်ချင်ကြတော့ဘူး။ စားချင်သလိုစားပြီး ပြန်ခေါ်တဲ့အချိန်တော့ ဆေးခန်းလာပြပါတယ်။ တိုင်းကြည့်တဲ့အခါဂလူးကို့စ် မကျဘဲ အမြဲတက်နေတာ တွေ့ရတယ်။ ဒါကိုဆရာဝန်က
Saturday, July 12, 2014
မတရားယားယံလာရင် ဘာဆက်လုပ်မလဲ
Saturday, July 5, 2014
ကြီးဆေးထိုးတာ အဆင်မပြေပါ
ဆရာ ကျွန်တော် ကျားအဂ်ါကြီးဆေးထိုးခဲ့တာ ရနှစ်လောက်ရှိပီ တစ်နှစ် ကို သုံးကြိမ်လောက် ကပ်ပယ်အိတ်ရောင်တယ်
မခံနိုင်အောင့်တယ် အူကြတာလား ဆေးထိုးထားတဲ့အရှိန်ကြောင့်လား ဘယ်လိုလုပ်ရင်အဆင်ပြေနိုင်ပါလဲ ခင်ဗျ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားစေလိုပါတယ်
ကပ်ပယ်အိတ်ရောင်တာ နဲ့အူကျတာ မတူညီပါဘူး။ အူကျသူအများစုဟာ ရေတိုသာဖြစ်တယ်။ ဒါပေမယ့် မကြာခဏပြန်ပေါ်တတ်တယ်။ ဝမ်းတွင်းဖိအားများတဲ့ အခြေအနေမျိုး(ဥပမာ ချောင်းဆိုး၊ဝမ်းညှစ်)မှာ ရုတ်တရက် ဖြစ်လာတတ်တယ်။ ကပ်ပယ်အိတ်ရောင်တာ ဖြစ်နိုင်ချေအမျိုးမျိုးရှိတယ်။ ပြင်ပအကြောင်းအရာတွေက အဓိကဖြစ်စေတယ်။ ဆေးထိုးတာမဖြစ်နိုင်ဘူးတော့ မဟုတ်ပါ။ ဆေးထိုးပြီး နောက်ပိုင်းကတည်းက
ဟိုနေရာက ထွက်လာတဲ့ အဖုလေးများ
ဆရာ ကျွန်တော်ကအသက်၂၀ပါ ကျွန်တော့ လိင်အင်ဂါမှာ ၀က်ခြံလို အဆံလေးတွေ နေရာနှံနီးပါး ပေါက်လာပါတယ် ဘယ်လိုကုရမှာလဲအကြံလေးတစ်ချက်လေက်ပြုပါ။
ပုံမှာတွေ့တာပြောရရင် ဝက်ခြံမဟုတ်ပါဘူး။ ဒီပြဿနာက အမျိုးသားတွေမှာ တွေ့ရတယ်။ ဆေးပညာလို pearly penile papule(PPP) လို့ခေါ်တယ်။ ပြဿနာလို့ ပြောရတာက ရောဂါမဟုတ်လို့ပါ။ အသက် ၂၀-၄၀ကြား အမျိုးသားတွေရဲ့ ၂၀ရာခိုင်နှုန်းမှာ ဒီလိုအဖုလေးတွေ ပေါက်တတ်တယ်။ လူကို ဒုက္ခပေးတဲ့ ရောဂါမဟုတ်ပေမယ့် စိတ်ကို ဒုက္ခပေးတယ်။ ဘာ့ကြောင့် ဖြစ်လဲ ပူပန်စေတယ်။ ဆရာဝန်တွေ ကိုယ်တိုင်လည်း ဘာ့ကြောင့်
Friday, July 4, 2014
ဂနိုကျရင် ဘယ်ဆေးခန်းပြမှာလဲ
ဆရာကျနော် ဂနိုကျတာလားမသိဘူး။ အဖြူလိုလို၊၀ါကျန်ကျန် ထွက်နေတာ ၃ရက်လောက်ရှိပါပြီ အဲဒါဘယ်လိုလုပ်ရမ လဲ ကျနော်ကရန်ကုန်ကပါခင်ဗျား။ ဘယ်ဆေးခန်းဘယ်ဆရာနဲ့ပြရမလဲဆိုတာ ပြောပြပေးပါခင်ဗျား။
ဆရာဆီရော ပြလို့ရပါသလားခင်ဗျား.....
ဂနိုရောဂါ ဖြစ်နိုင်ပါတယ်။ တခြားကူးစက်ရောဂါတွေလည်း ဖြစ်နိုင်ပြန်တယ်။ သိပ်စိတ်မပူပါနဲ့။ အရင်ခေတ်ကလိုမဟုတ်ပဲ အခုခေတ်ဆေးတွေက အရမ်းကောင်းပါတယ်။ ပျောက်ကင်းသက်သာပါတယ်။ အရေးကြီးတာက စောစောကုသဖို့ပဲ
ကလေးနှလုံးခုန်တာ ဘယ်တော့လဲ
ဆရာ မရှင်းတာလေး တခုလောက် ထပ်မေးခွင့်ပြုပါ။ ကလေးရှိရင်ဘယ်အချိန်ဆို ကလေးနှလုံးခုန်ပါပြီလဲ။တချို့က သုံးလကျော်မှ ကလေးနှလုံးခုန်တယ် ပြောလို့ပါ။ ဘယ်လောက်နေရင် ဓာတ်မှန်ရိုက်လို့ ရပါသလဲ။ ပြန်လည်ဖြေကြားပေးပါဦးဆရာ။
ဘယ်အချိန်မှာ ကလေးနှလုံးစခုန်လဲ
သားအိမ်မှာ တွယ်ကပ်ပြီး ၂၃ရက် ကြာတာနဲ့ ကလေးနှလုံးက စခုန်ပါတယ်။တနည်းအားဖြင့် ရာသီထိန်တဲ့ရက်က စတွက်ရင် ၄၄ရက်လောက်နေရင် နှလုံးစခုန်ပြီ ဖြစ်တယ်။ ဒါ့ကြောင့် ရာသီထိန်ပြီး ၆ပတ်ကျော်တာနဲ့ ကလေးနှလုံးခုန်မှု ရှိ၊မရှိ စတင်သိရှိနိုင်ဖို့ sonogram(obstetrical ultrasound) ရိုက်ပေးနိုင်တယ်။ ၁၂ပတ်(၃လ)ကျော်ရင် fetal Doppler
Wednesday, July 2, 2014
ကိုယ်ဝန်ရှိ၊မရှိ ဆီးစစ်ကြည့်
ဆရာ
သမီးတိုင်ပင်စရာလေးရှိလို့ပါ။ သမီးတို့ လက်ထပ်ထားတာ ၃လလောက် ရှိပါပြီ။ ကလေးလိုချင်လို့ ဘာဆေးမှ မသုံးပါဘူး။ အခုချိန်ထိကလေးမရသေးပါဘူး။ နေ့စဉ် ရနိုးနဲ့ ဆီးစစ်ကြည့်တာ ခဏခဏပါပဲ။ ဒါပေမယ့် တလိုင်းပဲပြနေပါတယ်။ ဒါပေမယ့် အခုတလော ဗိုက်နဲနဲနာသလို ဖြစ်နေပါတယ်။ မနက်ဆိုရင် ပျို့ချင်သလိုနေတာမျိုးဖြစ်တာ ၃ရက်လောက် ရှိပါပြီ။ သမီးကိုယ်သမီး ကိုယ်ဝန်ရှိတယ်လို့ ခံစားရလို့ပါ။ ဒါပေမယ့် တလိုင်းပဲပြနေတုန်းပါ။ ဆီးစစ်တံတွေက တကယ်ကော မှန်ကန်ရဲ့လား ဆရာ။









