ကလေးတယောက်ဟာ ငယ်စဉ်ကတည်းက အာဟာရဓာတ်ပြည့်ဝဖို့ လိုပါတယ်။ ဒါမှ ဉာဏ်ရည်ဖွံ့ဖြိုးပြီး မှတ်ဥဏ်ကောင်းမှာဖြစ်တယ်။ ကလေး ဦးနှောက်ဟာ ကိုယ်ဝန်ဆောင်ပြီး ၃ပတ်ကတည်းက စတင်ဖွံဖြိုးနေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကလေးငယ် ဉာဏ်ရည်ဉာဏ်သွေး ကောင်းဖို့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက သတိထားစားသင့်တယ်။ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Pages
▼
Friday, July 8, 2016
ကလေးဉာဏ်ရည်ဖွံ့ဖြိုးအောင်
ကလေးတယောက်ဟာ ငယ်စဉ်ကတည်းက အာဟာရဓာတ်ပြည့်ဝဖို့ လိုပါတယ်။ ဒါမှ ဉာဏ်ရည်ဖွံ့ဖြိုးပြီး မှတ်ဥဏ်ကောင်းမှာဖြစ်တယ်။ ကလေး ဦးနှောက်ဟာ ကိုယ်ဝန်ဆောင်ပြီး ၃ပတ်ကတည်းက စတင်ဖွံဖြိုးနေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကလေးငယ် ဉာဏ်ရည်ဉာဏ်သွေး ကောင်းဖို့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက သတိထားစားသင့်တယ်။မျက်နှာပေါ်က ဝက်ခြံများအကြောင်း
ဝက်ခြံဆိုတာ လူပျို၊အပျိုမရွေး အသက်အရွယ်မရွေးပေါက်ကြပါတယ်။ ယေဘုယျအားဖြင့် မျက်နှာ၊လည်ပင်း၊ကျောပြင်၊ ရင်ဘတ်၊ ပခုံးစတဲ့နေရာတွေမှာ အပေါက်များတယ်။ ဝက်ခြံပေါက်သူရဲ့ ၈၀ရာခိုင်နှုန်းဟာ အသက်(၁၁)နှစ်နဲ့ (၃၀)ကြားဖြစ်ကြပါတယ်။ အမျိုးသားတွေဟာ မျက်နှာတပြင်လုံးဖြစ်ကြပေမယ့် အမျိုးသမီးတွေကတော့ မျက်နှာအောက်ပိုင်း(ပါးပြင်၊မေးရိုး၊မေးစေ့)စတဲ့နေရာတွေမှာ အဖြစ်များတယ်။ journal of American Academy of Dermatology ရဲ့အဆိုအရ အသက်(၂၅)နှစ်အထက် အမျိုးသမီးတွေရဲ့ ၅၄ရာခိုင်နှုန်းဟာ မျက်နှာဝက်ခြံအနညိးနဲ့ အများဆိုသလိုရှိတတ်ကြတယ်။ ဆိုလိုချင်တာက အမျိုးသားတွေဟာ လူပျိုဝင်စအသက်ရွယ်မှာ ဝက်ခြံပိုပေါက်ကြပြီး အမျိုးသမီးတွေကတော့ အဲထက်နောက်ကျနိုင်တယ်။ အသက်(၃၀)ကျော်အရွယ်ထိ အမျိုးသမီး ၄ယောက်မှာ တယောက်ဟာ ဝက်ခြံပေါက်နေနိုင်တယ်။ ဒါက အမျိုးသားနဲ့ အမျိုးသမီးရဲ့ ကွာခြားချက်ဖြစ်ပါတယ်။