ဆံပင်အကွက်လိုက် ဖြစ်ခြင်း က ရိုးရိုးဆံပင်ကျွတ်တာ နဲ့မတူပါဘူး။ ဆံပင်ကျွတ်တာ(hair shedding) က ဟော်မုန်းတားဆေး(progesterone, estrogen)ရပ်ပြီးနောက်ဖြစ်တတ်တယ်။ ဆံပင်အကွက်လိုက်ဖြစ်ခြင်း (alopecia areata) ကျတော့ ခုခံအားချင်းပြန်တိုက်လို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ခုခံအား သွေးဖြူဥဆဲလ်တွေရှိပါတယ်။ သွေးဖြူဥဆဲလ် T cell က ဦးရေပြားမှာရှိတဲ့ ဆံသားအမြစ်ကို သွားတိုက်ခိုက်လို့ ဖြစ်ပါတယ်။ ဆံသားအမြစ်က ရှုံ့သွားပြီး ဆံပင်ထုတ်လုပ်မှု လျှော့နည်းသွားတယ်။
ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Pages
▼
Monday, October 28, 2019
ကြာဆူးအတွက် ကုထုံး
ကြာဆူးကို ဆေးပညာလို keratosis pilaris ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ ဗီတာမင် အေဓာတ်ချု့်တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာkeratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။
cosmetic အသံထွက်တွေ ကျက်ရအောင်
Catrice - ခက်ထရစ်(စ်)
L'Oreal - လိုရီးယဲယ်
Revlon - ရက်(ဗ်)လွန်
Dior - ဒီအော
Mac - မဲ့ခ်/ မက်ခ်
ဝက်ခြံအတွက် သေချာမှတ်
(၁) whitening emulsion(နို့ရည်) ကို ဝက်ခြံထွက်နေစဉ် မသုံးသင့်ပါ။
(၂) ဝက်ခြံထွက်နေစဉ် ရွှံ့စေးမျက်နှာဖုံးတွေ မသုံးပါနဲ့။
(၃) အဆီပြန်တဲ့ မျက်နှာမှာ vaseline အဆီတွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။
(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။
အိမ်သုံးဆံပင်ပေါက်နည်း
ကြက်သွန်နီရည် -လက်ဖက်ရည် (၃)ဇွန်းစာ
ဂျင်းရည် - လက်ဖက်ရည် (၃)ဇွန်းစာ
castor oil - လက်ဖက်ရည် (၂)ဇွန်းစာ
ရှားစောင်းဂျယ် - လက်ဖက်ရည် (၂)ဇွန်း
ပျားရည် - လက်ဖက်ရည် (၁)ဇွန်းစာ
vitamin E oil - လက်ဖက်ရည် (၁)ဇွန်းစာ
ဆယ်မိနစ်အတွင်း ဆားဝက်ခြံဖျောက်ရအောင်
ဆားဝက်ခြံကြောင့် စိတ်ညစ်နေသူတွေအတွက် ဆယ်မိနစ်အတွင်း ဆားဝက်ခြံဖျောက်နည်းကို ဖော်ပြပေးပါမယ်။ဒီနည်းကလွယ်တယ်။ သုံးရတဲ့ပစ္စည်းက သိပ်မခက်ဘူး။ နွားနို့နဲ့ ကျောက်ကျောမှုန့် နှစ်မျိုးတည်းသာလိုတယ်။
တစ်ပတ်အတွင်း ဝိတ်ချနည်း စာအုပ်
ဝိတ်ချနည်းလေးတော့ ထွက်လာခဲ့ပြီ။ တကယ် ဝမ်းသာရပါတယ်။ ဒီစာအုပ် မထွက်ခင်တည်းက စောင့်စားနေကြတဲ့စာဖတ်ပရိသတ်တွေရဲ့ အလိုဆန္ဒကို တဖက်တလမ်းက ဖြည့်ပေးနိုင်ခဲ့လို့လည်း ကျေနပ်မိပါတယ်။ တကယ်တမ်း ဒီစာအုပ်ထွက်ဖို့ပြောခဲ့တာ မှတ်မှတ်ရရ တနှစ်လောက်ရှိခဲ့ပါပြီ။ တကယ်တမ်းထွက်မယ်ဆိုပြန်တော့ လိုတာလေးတွေဖြည့်၊ ပိုတာလေးတွေလျှော့ရတယ်။ ကျွန်တော့်ရဲ့မူအတိုင်း စာအုပ်တစ်အုပ်ကို အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်စေချင်တဲ့ ဆန္ဒကလေးလည်း ရှိနေတာမို့ အချိန်ကြာသွားခဲ့ရတာပါ။ ဒါလေးကို အရင် တောင်းပန်ပါရစေ။စာအုပ်လုပ်တုန်းက ပင်ပန်းခဲ့ပေမယ့် အခုထွက်လာပြန်တော့ ဝမ်းသာပီတိဖြစ်ရပါတယ်။
ရာသီပေါ်စဉ် ဗိုက်နာရင်
အမျိုးသမီးတိုင်း လစဉ်ရာသီသွေးပေါ်လေ့ရှိပါတယ်။ ရာသီသွေးပေါ်ခြင်းဟာ သားအိမ်နံရံအတွင်းမှာရှိတဲ့အလွှာပါး ကွာကျလာခြင်းကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဟော်မုန်းတန်ခိုးပါပဲ။ရာသီသွေးဆင်းဖို့ သားအိမ်က ညှစ်ပေးရတယ်။ အဲလိုဖြစ်ဖို့ မဟော်မုန်းတွေက လုပ်ဆောင်ပေးရတယ်။အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေရဲ့ ရာသီနဲ့ပက်သတ်တဲ့ရောဂါတွေ ခံစားရလေ့ရှိတယ်။ ရာသီမလာခင် ခံစားရတဲ့လက္ခဏာတွေကို premenstrual syndromes(PMS) လို့ခေါ်ပါတယ်။ အမျိုးသမီး ၄၀% မှာ ဒီလက္ခဏာတွေ တွေ့ရတယ်။တခါဖြစ်ရင် ၄-၅ရက် ခန့်ကြာတယ်။ လက္ခဏာတွေက-
ကိုယ်ဝန်ပျက်ပြီး သွေးတိတ်အောင်
Dr ရှင့်abortion ဖြစ်ပီး သွေးသိပ်မထွက်အောင် နဲ့uterus အတွက် ပေးတဲ့ဆေးနာမည်နဲ့အဲ့ဒီဆေးရဲံကောင်းကျိုးဆိုးကျိုး နဲ့ အလွယ်တကူပေးသင့်မပေးသင့်သိပါရစေရှင့်
ကလေးမွေးပြီးသွေးယိုတာမျိုးအတွကိ သားအိမ်ကျုံ့ဆေး oxytocin ဆိုတာပေးတယ်။ ဆေးအချိန်အဆတခုနဲ့တခုမတူပါ။ အများအားဖြင့် 10u ပေးလေ့ရှိတယိ။ ဖြည်းဖြညိးချင်းရောက်အောင် ဒရစ်လိုင်းထဲထညိ့တယ်။ ဆေးသုံးတဲ့အခါကျွမ်းကျင်ဆရာဝန်ကသာ ပေးတယ်။ ကိုယ်ဝန်ဆောင်ကလေးအချင်းထွက်ပြီးမှ ပေးရတယ်။ ဆေးပညာကျွမ်းကျင်မှုမရှိဘဲ မသုံးသင့်တဲ့ဆေးဖြစိတယ်။
သုတ်လွှတ်မြန်သူအတွက် သုတ်ထိန်းဆေး
တောင်းပန်ပါတယ်ဆရာ တမျိုးမထင်ပါနဲ့ဗျာ ကျနော့မိန်းမနဲ့ဆက်ဆံတဲ့အခါယောက်ျားရဲ့သုတ်ရည်ကိုမထွက်အောင်ထိန်းထာားတဲ့ဆေးရှိတယ်မလားဗျ အဲဆေးနာမည်နဲ့ဆိုးကျိုးကောင်းကျိုးများကိုပြောပြပေးပါလားဗျာ
လူ့အရေပြားရဲ့ pH အက်ဆစ်မျှခြေကို လေ့လာခြင်း
လူ့အရေပြားနဲ့မသင့်တော်တဲ့ရေရဲ့pHကို သိချင်လို့ပါဆရာ
pHဆိုတာ ငယ်ငယ်က ဓာတုဗေဒသင်ဖူးသူတိုင်း သိကြတယ်။ pHပမာဏ 0-14 ထိ အဆင့်တွေ ရှိတယ်။ အဆင့်တခုနဲ့တခု ဆယ်ဆစီလောက် ပြင်းအားကွာတယ်။ အဲဒီအဆင့်တွေကို ကြားချလိုက် pH 7 က neutralပဲ။ သန့်စင်တဲ့ရေဆိုတာ pH 7ကိုပြောတာ။ pH 7အောက်နည်းတာတွေက အက်ဆစ်ဓာတ်ကဲပြီး pH7 ထက်များရင် အယ်ကာလီလို့သတ်မှတ်တယ်။ ပုံမှန်လူ့အရေပြားက pH 5 လောက်ရှိလို့ အက်ဆစ်ဓာတ်ကဲတယ်လို့ယေဘုယျမှတ်ပါ။ အတိအကျပြောရင် pH 4.7 ရှိတယ်။ မယုံရင် နည်းနည်းစမ်းကြည့်ပါလား၊ ချဉ်နေတာ တွေ့ရလိမ့်မယ်။ တကယ်တော့ လေထဲမှာပျံ့နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကြောင့် လူ့အရေပြားက အက်ဆစ်ဖက် ကဲနေတာဖြစ်တယ်။
အရပ်ရှည်နည်း
အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ။ အွန်လိုင်းမှာ အမေးများတယ်။ လက်တွေ့ ဆေးခန်းလာပြသူတွေလည်း မနည်းပါ။ သေချာတွက်ကြည့်ရင် အရပ်ရှည်အောင် လုပ်နိုင်တဲ့နည်းတွေ များများစားစားမရှိဘူး။ အရပ်ရှည်ဖို့ အစားအသောက်၊အနေအထိုင်နဲ့လေ့ကျင့်ခန်းကို အဓိကထားပြီး ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
Cabbage soup diet အဆီပိုချတဲ့ စွပ်ပြုတ်
အသက်ကြီးရင့်သူတွေ ဝိတ်ချတဲ့အခါ အရွက်ပြုတ်နဲ့ ဝိတ်ချတဲ့ cabbage soup diet ကလည်း နာမည်ကြီးပါတယ်။ GM soup လို့လည်း ခေါ်ကြတယ်။ အဆီပိုတွေ ဖယ်ရှားရာမှာ အလွန်အသုံးဝင်တယ်။ လုပ်ရတာလည်း မခက်လှပါ။
အင်ပြင်ထခြင်း
လူငါးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝတစ်လျှောက် တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို အင်ပြင်ထတတ်ကြတယ်။ အင်ပြင်ထတယ်ဆိုတာ အရေပြားမှာ အဖုအပိန့်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အင်ပြင်ထစေတဲ့အကြောင်းရင်း အမျိုးမျိုးရှိနိုင်တယ်။ ဓာတ်မတဲ့တာ၊အရက်သောက်တာ၊ စိတ်ဖိစီးမှု၊ ဆေးဝါး၊ အစားအသောက်နဲ့ဆိုင်တတ်တယ်။အခွံမာသီး၊ ငါး၊ မြေပဲ၊ ကြက်ဥ၊ ပင်လယ်စာ စတာတွေ မတဲ့တာရှိနိုင်တယ်။
မျက်နှာပေါ်က အမဲစက်တွေ အမြန်ဆုံး ဖယ်ရှားရအောင်
အမဲစက်တင်းတိပ်အတွက် အကောင်းဆုံးနည်းက နွားနို့၊ ပျားရည်နဲ့ အုတ်ဂျုံ ကို ရောစပ်ပြီး လိမ်းပေးရတာ ဖြစ်ပါတယ်။ အုတ်ဂျုံမှာ အပေါ်ယံအရေပြားကို ကွာကျစေပြီး ဆဲလ်သေတွေ ဖယ်ရှားပေးတဲ့ အာနိသင်ရှိတယ်။ sensitive ဖြစ်တဲ့ အသားအရေနဲ့လည်း သင့်တော်ပါတယ်။
Rose water နှင်းဆီရည်သုံးခြင်း
နှင်းဆီရည် သမိုင်းကြောင်းက အီဂျစ်အလှဘုရင်မ ကယ်လီယိုပက်ထရာက စတယ်လို့ ဆိုနိုင်တယ်။ အလှအပမှာနာမည်ကြီးတဲ့ ကယ်လီယိုပက်ထရာဟာ နှင်းဆီရည်နဲ့ ရေချိုးလေ့ရှိတယ်လို့ သမိုင်းသုတေသီတွေက ဆိုပါတယ်။နှင်းဆီရည်ကို အရှေ့အလယ်ပိုင်းဒေသမှာ စတင်သုံးစွဲခဲ့ကြတယ်။ (၁၁) ရာစုမှာ ခရူးဆိတ်စစ်ပွဲဖြစ်တော့ အလယ်ပိုင်းကနေ ဥရောပထိ ရောက်လာပါတယ်။ ဥရောပရောကိတော့ အလယ်ပိုင်းတခေတ်လုံး အစားမစားခင် နှင်းဆီရည်နဲ့ လက်ဆေးတဲ့ အလေ့အကျင့်ဟာ ပေါ်ပေါက်လာခဲ့တယ်။ ပူအိုက်တဲ့အိန္ဒိယလိုနိုင်ငံမှာတော့ မျက်နှာဖြန်းဆေးအနေနဲ့ သုံးတယ်။ မင်္ဂလာဆောင်တွေမှာလည်း ကျက်သရေမင်္ဂလာတိုးဝေအောင် နှင်းဆီရည်ပက်ဖြန်းတဲ့ အလေ့အထမျိုး လုပ်ကြတယ်။ မူစလင်၊ ဟိန္ဒူ၊ ဇိုရိုအက်စတာ ဘာသာရေးအခမ်းအနားတွေမှာ နှင်းဆီရည်ကို နံ့သာရည်အဖြစ်လည်း သုံးစွဲကြတယ်။
ခါးနာခြင်းအတွက် အိမ်သုံးနည်း
နွားနို့ - တစ်ဖန်ခွက်(200ml)
ကြက်သွန်ဖြူ - (၄)တက်
နွားနို့တစ်ဖန်ခွက်ကိုအိုးတစ်ခုထဲ ထည့်ပြီး အပူပေးပါ ။ကြက်သွန်ဖြူကို ကျိတ်ပြီး နွားနို့ထဲ ထည့်ပြီး မွှေပါ။ အရည်ဆူပွက်လာတာနဲ့ အသင့်သောက်သုံးနိုင်ပါပြီ။ ကြက်သွန်ဖြူက sciatica
ခါးကြောညပ်ခြင်း
လူ့ခန္ဓာကိုယ် ကျောရိုးဆစ်မဟာ ခေါင်းကနေ တင်ပါးဆုံထိ အရိုးပေါင်း (၃၃) ခု ရှိပါတယ်။ ကျောရိုးဆစ်ကို အပိုင်းလ်ုက်ခွဲကြည့်ရင် cervical, thoracic, lumbar, sacrum, coccyx ဆိုပြီး ငါးမျိုးရှိပါတယ်။ ဒီထဲမှာ အရိုးပေါင်း (၂၄)ခုသာ လှုပ်ရှားနိုင်ပါတယ်။ တင်ပါးဆုံရိုး sacrum နဲ့ coccyx ပေါင်းစပ်နေတယ်။ အရိုးတွေဟာ တခုနဲ့တခု ထပ်နေကြပြီး အောက်ဆုံးက တြိဂံပုံအရိုး sacrum ပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးဖွဲ့စည်းပုံအရ ဖိအားဒဏ်ကို အခံရဆုံးက အောက်ဆုံးက lumbar နဲ့ sacrum ရိုးတွေသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောညပ်တဲ့ရောဂါအများစုဟာခါးမှာသာဖြစ်ကြတယ်။
ကော်ဖီသောက်ခြင်းက ရင်သားကို ပိုမိုသေးငယ်စေနိုင်
ကော် ဖီအလွန် အကျွံ သောက် ခြင်းက အမျိုးသမီး တွေအတွက် ရင် သား သေး စေတယ် လို့ စာထဲမှာ ဖတ်ဖူးတယ် အဲ့တာ ဖြစ် နို င် ခြေ ရှိလား ဆရာ :-)
၂၀၀၈ ခုနှစ်က အွန်လိုင်းမီဒီယာနဲ့ သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ကော်ဖီကြောင့် ရင်သားသေးငယ်စေမယ်ဆ်ုတဲ့ သတင်းက အကြီးအကျယ် လှုပ်ခတ်သွားခဲ့ဖူးပါတယ်။ အခုထိလည်း အရှိန်ပြေသေးဟန် မတူပါ။ လေ့လာမှုကဆွီဒင်နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်းသုံးရာကို စစ်တမ်းကောက်ပြီး ကောက်ချက်ချခဲ့တာဖြစ်တယ်။ ဒီလေ့လာမှုအရ
မျက်ခုံးကာလာရွေးနည်း
မျက်ခုံးကာလာ(၄)မျိုးရှိတယ်။ taupe, warm brown, cool brown, rich brown စတာတွေဖြစ်တယ်။ taupe က အညိုရောင်ဖျော့ဖျော့ဖြစ်ပြီး rich brown မှာ တဖြည်းဖြည်းနက်လာတယ်။ မျက်ခုံးမွှေးပါးတဲ့သူဟာ နဂိုထက် ကာလာ (၂) ဆင့်နက်တဲ့ အရောင်မျိုး ရွေးချယ်သင့်တယ်။
မျက်ခုံးမွှေးထူတဲ့သူကတော့ နဂိုထက် အရောင် (၁) ဆင့်အရာင်ဖျော့တဲ့ ကာလာမျိုး ရွေးချယ်သင့်တယ်။ အာရှသူတွေအနေနဲ့ soft black သို့မဟုတ် soft charcoal powders မျိုး ရွေးချယ်သင့်တယ်။
ပန်းနုသွေးရောင် မျက်နှာလေးဖြစ်အောင်
ပန်းနုရောင်မျက်နှာအသားအရေဖြစ်ဖို့ အောက်ပါပစ္စည်းတွေ လိုပါတယ်။ အဆိုပါ ပစ္စည်းတွေကို ရောစပ်ပြီး မျက်နှာပေါ်မှာ သုတ်လိမ်းထားရမှာ ဖြစ်ပါတယ်။
လိုအပ်ပစ္စည်းများ
(၁) အသင့်ကျိတ်ပြီးသား သခွားသီး
(၂)ရှောက်ရည်- ခွက် လေးပုံတပုံ
ဒူးခေါင်းမဲလို့ စိတ်မညစ်နဲ့
ဒူး၊ တံတောင်စတဲ့နေရာတွေဟာ ပုံမှန်အားဖြင့်ကို မဲတတ်တယ်။ အရိုးအဆစ် ဆက်တဲ့နေရာတွေက ပုံမှန်ထက် အလုပ်ပိုလုပ်ရတာကြောင့် ပွတ်တိုက်မှုများတယ်။ ပွတ်တိုက်ပါများတော့ အရေပြားက ခြောက်သွေ့လာတယ်။ တဖြည်းဖြည်း ထူလာတယ်။ ကြာလာတော့ ဆဲလ်တွေစတင်ပျက်ဆီးလာတယ်။ ဒီလိုနဲ့ နှစ်ကြာလာတော့ အရေပြားက မဲလာပါတယ်။ ဒူး၊တံတောင်ဆစ်စတဲ့ အကွေးအဆန့်နေရာတွေဟာ ပွတ်တိုက်မှုကြောင့် ဆဲလ်သေတွေ များတယ်။အရေပြားက ထူပြီး မဲနေတတ်တယ်။ ဒူးခေါင်းမဲခြင်းဟာ အတို၊အပြတ်ဝတ်ချင်တဲ့ မိန်းကလေးတွေအတွက် တကယ့်ဒုက္ခပါ။
မျက်နှာလှလှ ပိုင်ဆိုင်ချင်လား
အရမ်းလွယ်ပြီး မျက်နှာတကယ်ထိရောက်တဲ့နည်းဖြစ်ပါတယ်။ လုပ်ရမှာက လေ့ကျင့်ခန်း သုံးခုတည်းရယ်၊ လေ့ကျင့်ခန်းတခုကို တခါလုပ်ရင် ဆယ်စက္ကန့်လောက် စီပဲလုပ်ရုံနဲ့ရတယ်။ တရက်ကို နှစ်ကြိမ်လုပ်ပေးရုံနဲ့ သိသိသာသာ မျက်နှာသွယ်လာတဲ့နည်းဖြစ်ပါတယ်။
သင့်မျက်နှာလေး နုဖတ်လာအောင်
လူတိုင်းရဲ့ မျက်နှာမှာ ဆဲလ်သေတွေ အမြဲရှိနေပါတယ်။ အရေပြားကို နူးညံ့စိုပြေစေဖို့ဆိုရင် အဆိုပါဆဲလ်သေတွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ဆဲလ်သေတွေဖယ်ရှားတဲ့အခါ တပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ လုပ်ဖို့လိုတယ်။ ဒီလိုလုပ်တာကို exfoliate လုပ်တယ်ခေါ်တယ်။ အခုနည်းကတော့ ပုံမှန်exfoliate နည်းတွေထက် ပိုမိုအစွမ်းထက်လို့ super exfoliate mask လို့်ခေါ်ပါတယ်။ မျက်နှာတပြင်လုံး လုပ်ရတာဖြစ်ပြီး တခါလုပ်ပြီးတာနဲ့ မျက်နှာလေးက ဝင်းပကြည်လင်လာပါတယ်။ ဘယ်လိုလုပ်မလဲ။
တစ်လအတွင်း မျက်တောင်ရှည်အောင်
အိမ်သုံး မျက်တောင်ရှည်တဲ့နည်းကို ဖော်ပြပါမယ်။ မျက်တောင်အတွက် အမျိုးသမီးအများစုက mascara ကို သုံးလေ့ရှိပါတယ်။ တချို့က ရေစိုခံတွေပါသုံးကြတယ်။ သုံးပြီး ပြန်ဖျက်ရတာကြောင့် နေ့စဉ်သုံးဖို့ အဆင်မပြေလှပါဘူး။ အခုပြောမယ့်နည်းက သဘာဝအတိုင်း မျက်တောင်လေးတွေ ကော့ပြီးရှည်လျားစေမယ့်နည်း ဖြစ်ပါတယ်။
ဒေါက်တာအေးမင်းထူး၏ ဝိတ်ချနည်းမှတ်စု
ခန္ဓာကိုယ်အချိုးအစား တွက်ချက်နည်း
BMI = weight(kg)/ height (m2)
အခြေခံဇီဝဖြစ်ပျက်မှု တွက်နည်း
BMR(men) = 10 x weight(kg)+ 6.25 x height(cm)- 5 xage(year) +5
BMR(women) = 10 x weight (kg) + 6.25 x height (cm) - 5 x age (y) - 161
နေ့စဉ်လိုအပ်သည့် ကယ်လိုရီတွက်နည်း
Daily calorie requirement = 1.2 x BMR
(ဝိတ်ချချင်သူတိုင်း မိမိတို့ရဲ့ နေ့စဉ်ကယ်လိုရီပမာဏကို သိပြီးမှ ဝိတ်လျှော့ပါ)