ဒီရက်ပိုင်းတွေမှာ ခရီးလွန်နေတာကြောင့်ကော မအားတာကြောင့်ပါ ဆောင်းပါးတွေမရေးဖြစ်ခဲ့ဘူး။ ခရီးကပြန်ရောက်ရောက်ချင်း ဆေးခန်းပြန်ထိုင်ဖြစ်တဲ့အချိန်မှာ တချို့လူနာတွေကြည့်ရင်း ပိုမိုရေးချင်ခဲ့တယ်။နောက်ပိုင်းမှာဆေးကုသရုံမကပဲ လူနာတွေရဲ့အသိပညာပိုင်းကိုပါ သတိထားကြည့်မိတတ်လာတယ်။သူတို့တွေဘယ်အပိုင်းမှာအားနည်းလဲ ဆိုတာမျိုးတွေပါ ထည့်သွင်းစဉ်းစားလာတယ်။ဆေးပညာဆောင်းပါးတွေရေးတဲ့အခါမျိုးမှာ ဒါမျိုးတွေက အရေးပါလာတယ်။ဆောင်းပါးကိုဖတ်တဲ့အခါ လူတိုင်းနားလည်လွယ်အောင် ရေးနိုင်မှ အကျိုးရှိတဲ့ဆောငိးပါးကောင်းဖြစ်လိမ့်မယ်။ ငယ်စဉ်က အင်္ဂလိပ်လို ညှပ်ပြောတတ်သူတွေ၊ ဆေးပညာဆောင်းပါး ဘလော့ခ်ဆိုဒ်မှ ကြိုဆိုပါတယ်။ ရောက်လာသူအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို အောက်မှာ ထည့်သွင်းထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်သမျှ မေးမြန်း၊ဆွေးနွေးနိုင်ပါတယ်။ (ဆေးပညာဆောင်းပါးများကို မျှဝေ၊ကူးယူနိုင်ပါတယ်။ credit ပေးဖို့နဲ့ ဘလော့ခ်လိပ်စာ ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဆေးပညာစာဖတ်ပရိသတ်များအား အစဉ်ခင်မင်လေးစားလျက်........)
Saturday, October 27, 2012
အဝေးကမေး ကျန်းမာရေး
ဒီရက်ပိုင်းတွေမှာ ခရီးလွန်နေတာကြောင့်ကော မအားတာကြောင့်ပါ ဆောင်းပါးတွေမရေးဖြစ်ခဲ့ဘူး။ ခရီးကပြန်ရောက်ရောက်ချင်း ဆေးခန်းပြန်ထိုင်ဖြစ်တဲ့အချိန်မှာ တချို့လူနာတွေကြည့်ရင်း ပိုမိုရေးချင်ခဲ့တယ်။နောက်ပိုင်းမှာဆေးကုသရုံမကပဲ လူနာတွေရဲ့အသိပညာပိုင်းကိုပါ သတိထားကြည့်မိတတ်လာတယ်။သူတို့တွေဘယ်အပိုင်းမှာအားနည်းလဲ ဆိုတာမျိုးတွေပါ ထည့်သွင်းစဉ်းစားလာတယ်။ဆေးပညာဆောင်းပါးတွေရေးတဲ့အခါမျိုးမှာ ဒါမျိုးတွေက အရေးပါလာတယ်။ဆောင်းပါးကိုဖတ်တဲ့အခါ လူတိုင်းနားလည်လွယ်အောင် ရေးနိုင်မှ အကျိုးရှိတဲ့ဆောငိးပါးကောင်းဖြစ်လိမ့်မယ်။ ငယ်စဉ်က အင်္ဂလိပ်လို ညှပ်ပြောတတ်သူတွေ၊ Thursday, October 18, 2012
Eposoft ရာသီနဲ့ပတ်သက်တဲ့နာကျင်မှုအတွက် ဆေးတလက်
Eposoftဆိုတာ အမျိုးသမီးများ ရာသီနဲ့ပက်သက်တဲ့ ဝေဒနာတွေအတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင် အပင်နဲ့ ပြုလုပ်ထားပြီး Zifam ကုမ္ပဏီက ထုပ်လုပ်ထားတဲ့ဆေးတမျိုးပါ။
Evening primrose oil(gamma linolenic acid) 1000mg(100mg)
Natural vitamin E(d-alpha tocopherol) 5mg(7.5 IU)
နှစ်မျိုး ပေါင်းစပ် ပါဝင်ပါတယ်။evening primrose ကို မြန်မာလို ညနေခင်းနှင်းဆီခေါ်ပါတယ်။ညနေပိုင်း နေညိုချိန် မှာပွင့်လန်းပြီး နေထွက်လာရင်ခြောက်သွေ့တာကြောင့် ဒီလိုနာမည်မျိုးပေးထားပါတယ်။ မြောက်အမေရိက၊ ကနေဒါ၊အနောက်ဥရောပနိုင်ငံတွေမှာ အဓိကတွေ့ရပြီး လှပတဲ့ ပေါင်းပင်တမျိုး ဖြစ်ပါတယ်။ အစေ့က ၅ စင်တီမီတာ ရှိပြီး အစေ့ကိုကြိတ်လို့ရတဲ့အဆီက အသုံးဝင်ပါတယ်။ အလှပစ္စည်းအဖြစ် အသုံးကျသလို ဆေးဖက်လဲဝင်တယ်။ အသားအရည်ကို နူးညံ့ပျော့ပျောင်းစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့
နှင်းခူနာအတွက်ဆိုရင်
အရေပြားရောဂါတွေထဲမှာ လူကိုစိတ်အနှောက်အယှက် ပေးတဲ့ရောဂါတစ်မျိုးက နှင်းခူနာလို့ခေါ်ကြတဲ့အရေပြားရောဂါ တမျိုးပါ။အဖြစ်များတဲ့နာတာရှည်ရောဂါတွေထဲမှာ တခုအပါအဝင်ပါ။ လူကြီးလူငယ်၊ ကျားမ မရွေးဖြစ်ကြသလို ပေါ်လိုက်ပျောက်လိုက် လုံးချာလည်နေတယ်။ ဘာ့ကြောင့်ဖြစ်မှန်း အတိအကျမသိတဲ့အတွက် မျိုးရိုးနဲ့ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးကြတယ်။ နောက်ပိုင်းမှာ yeastတစေးမှိုနဲ့ ပတ်သက်တယ်လို့ ဆိုသူကဆိုတယ်။ ၂၀၀၉ ခုနှစ်မှာ အီဒင်ဘာ့ခ် တက္ကသိုလ်က ပညာရှင်တစ်စုဟာ filaggrin gene ရဲ့ပြောင်းလဲမှုကြောင့် နှင်းခူနာဖြစ်တယ်လို့ကောက်ချက်ချခဲ့ ပါတယ်။အနောက်နိုင်ငံတွေမှာ အရေပြားရောဂါကြောင့် ဆေးခန်းလာတဲ့လူနာတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ နှင်းခူကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အရေပြားရောဂါမှာ acuteရေတိုဖြစ်ရင် dermatitis အဖြစ်
Subscribe to:
Comments (Atom)
