Monday, September 23, 2013

သိုင်းရွိုက်ဟော်မုန်းများတဲ့အခါ ဘယ်လိုဓာတ်စာ စားမလဲ

thyroid ကြောင့် ဟော်မုန်းများတဲ့ရောဂါကိုဘယ်လိုကုသရမလဲဆရာ။ နောက်ပြီး ဘယ်လိုဓာတ်စာတွေစားရမလဲသိချင်လို့ပါ။အခုလောလောဆယ် YGN ဆေးရုံကြီးကပေးထားတဲ့ဆေးတွေသောက်နေပါတယ်။


သိုင်းရွိုက်ဆိုတာ အသက်၂၀-၅၀အတွင်း သက်လတ်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတယ်။သိုင်းရွိုက် ဟော်မုန်းများတာကို thyrotoxicosis လို့ခေါ်တယ်။ ရောဂါဆိုတာထက် လက္ခဏာလို့ပြောရင် ပိုမှန်တယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေက autoimmune ရောဂါအခံရှိလို့၊အစားအသောက်၊ဆေးဝါး၊ ဗိုင်းရပ်စ်ပိုး တခုခုကြောင့် ဖြစ်နိုင်တယ်။ ၇၀ရာနှုန်းက grave's diseaseခေါ်တဲ့ ခုခံအားချင်း ပြန်တိုက်လို့ thyrotoxicosis လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ဆေးသောက်တာ၊အိုင်အိုဒင်းဓာတ်ရောင်ခြည်ပေးတာ၊ခွဲစိတ်တာ စသည်ဖြင့် အမျိုးမျိုးလုပ်နိုင်တယ်။ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးမှ ပြသပြီး ဖြစ်တာကြောင့် သိပ်မစိုးရိမ်ပါနဲ့။ ရောဂါကုသဖို့ လိုအပ်တာကို သူတို့က ဆက်လုပ်ပေးပါလိမ့်မယ်။ အစားအစာဆောင်ရန်၊ရှောင်ရန်တွေကိုတော့ အောက်မှာ ဖော်ပြပေးပါမယ်။

စားသင့်သည့်အစားအသောက်
-ပန်းဂေါ်ဖီ
-ဂေါ်ဖီထုပ်
-ပန်းဂေါ်ဖီစိမ်း
-မုန့်ညှင်းစိမ်း
-ဟင်းနုနွယ်
-ကိုက်လံ
-မုန်လာထုပ်
-မြေပဲ၊ပဲနို့
(ယေဘုယျ စိမ်းတဲ့အရွက်တွေ စားနိုင်တယ်လို့ မှတ်ထားပါ။)

ရှောင်သင့်သည့် အစားအစာများ
-ကော်ဖီ
-ကြက်ဥ
-ကျောက်ပွင့်
-ပင်လည်ရေညှိ
-အိုင်အိုဒင်းဆား
-နီတဲ့အသား
-ဂျုံစာ၊ပေါင်မုန့်
-အာလူး
-ခေါက်ဆွဲခြောက်ထုပ်
-သကြားများတဲ့အစားအစာ
-ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာ
(ယေဘုယျအားဖြင့် ဖြူတဲ့၊နီတဲ့အစားအစာတွေ ရှောင်ပေးသင့်တယ်)

သိုင်းရွိုက်ဟော်မုန်းများတဲ့အကြောင်း ရေးထားပြီး ဖြစ်ပါတယ်။ သိချင်ရင် ဒီမှာ http://drayeminhtoo.blogspot.com/2013/01/blog-post.html?m=0 ဝင်ဖတ်ပါ။

ဒေါက်တာ အေးမင်းထူး
၁၈.၉.၁၃

No comments:

Post a Comment