Sunday, February 15, 2015

ဆံပင်ရှည်ထားသူများ သတိထား

Rocker wrote: "အကိုကျနော်မေးစရာလေးရှိလိုပါကျနော်က ဆံပင်အရှည်ထားပါတယ်အလုပ်လုပ်နေ၇င် ကျနော်ဆံပင်ကအပေါက်ဖောက်တဲ့စက်ထည်းကို ၀င်သွားတယ်ဗျကျနော်ဆွဲပြီး၇ုန်းလိုက်တော့ ဆံပင်တွေကလက်တ၀ါးစားလောက်ဆွဲနှတ်သလိုဖြစ်သွားတယ် အခုဆံပင်ပြန်တေ့ပေါက်ပါတယ် အ၇င်မသန်ဖူးဖြစ်နေတယ်မပေါက်တဲ့နေ၇ာက မပေါက်သေးဖူးဖြစ်နေတယ် ကျနော်မှာ ကတုံးကေးနဲပဲနေနေ့၇တယ်အကို အဲဒါဘယ်ဆေးကောင်းလဲ ဆိုတာကျေးဇူပြုပြီးပြောပြပေးပါဗျား............ ကျနော်ဖြစ်ဖြစ်နေထဲကနေ ဒီနေထိဆို၇င်19၇က်ရှိပါပြိး ဘယ်ဆေးသုံး၇မလဲပြောပြပေးပ်အကို"



ကျွန်တော့်ဆီမေးရင် အများစုဟာ မေးလ်ကနေ မေးကြတယ်။ တခါတရံ ၂ရက်၊၃ရက်နေမှ၊ဒါမှမဟုတ် ကိုယ့်ဘလော့ခ်လေး ကြေငြာဝင်ချင်မှ Facebook ဝင်သုံးဖြစ်တယ်။ တချို့လွတ်သွားတာတွေ ရှိနိုင်တာမို့ မေးလ်ပို့မေးတာ အကောင်းဆုံးပါ။ မေးတာမဖြေခင် Rockerတွေ ဘာ့ကြောင့်ဆံပင်ရှည်ထားရလဲ ဆံပင်ဋီကာအရင် ဖွင့်ကြည့်ရအောင်။ rockerတချို့က သူများထက်ထူးခြားချင်လို့၊ ပေါ်လွင်ချင်လို့တဲ့။ ဒီထက်ပိုအရေးကြီးတာက ခပ်ကြွကြွmusic အောက်မှာ beatနဲ့ အတူလှုပ်ရမ်းချင်လို့။ အဲဒီဖီလင်မျိုးက အင်မတန်အရသာရှိတယ်လို့ ဆိုတယ်။ rockerတွေ ဆံပင်ရှည်ထားတဲ့ သမိုင်းကို လှန်ကြည့်ရင် ၁၉၆၀ဝန်းကျင် အင်္ဂလိပ်တေးဂီတအဖွဲ့ Beatlesခေတ်ကတည်းက စတင်ခဲ့တယ်။ Led Zeppelinတို့ ခေတ်မှာ ဆံပင်တွေ သိသိသာသာရှည်လာခဲ့တယ်။ အဲဒီနောက်ပိုင်းကစပြီး rockerတွေမှာ ဆံပင်ရှည်ထားခဲ့တယ်လို့ မှတ်သားဖူးတယ်။ဒါပေမယ့် ကျွန်တော်တို့ဆေးပညာရှင်တွေက သူများလောက်ကံမကောင်းဘူး၊မလွတ်လပ်ဘူး ပြောရမယ်။ တခြားနေရာ၊အလုပ်ရုံတွေမှာ ဆံပင်ရှည်ထားလို့ရပေမယ့် ဆေးရုံ၊ဆေးခန်းတွေမှာ ဆံပင်ရှည်ထားလို့ မရဘူး။ ထားချင်ပါတယ်ဆိုတောင် မထားရဘူး။ ဘာ့ကြောင့်လဲဆိုတော့ အလုပ်ရှုပ်သလို ရောဂါပိုးမွှားတွေ ကပ်ပါလာမှာစိုးလို့ပဲ။စက်ရုံ၊အလုပ်ရုံတွေမှာ အလုပ်သမားအများစုဟာ crush injury၊lacerationတွေ မကြာခဏကြုံရတယ်။ အထူးသဖြင့် ဆံပင်ရှည်တဲ့အမျိုးသမီးတွေမှာ ဆံပင်တင်မက ဦးရေပြားပါ စက်ထဲပါသွားတာမျိုး မကြာခဏရှိတတ်ကြတယ်။ အခုမေးတဲ့သူမှာ ဦးရေပြားတခုလုံးပါမသွားတာ ဝမ်းသာစရာပါ။ သို့သော် ဆံပင်အပြုံလိုက်ပါသွားတဲ့အခါ အပေါ်ယံဦးရေပြားက  အနည်းနဲ့အများ ထိခိုက်နိုင်တယ်။ ပြဿနာတခုက အဲဒီထဲမှာ ဆံပင်ပေါက်စေတဲ့hair follicleတွေ ပါသွားတတ်တယ်။ ကျွန်တော်တို့ ဆံပင်ပေါက်နေတယ်ဆိုတာလည်း hair follicleတွေ ရှိလို့သာပေါက်နေတာ။ ဆံပင်ကို ရုတ်တရက်စွဲနုတ်လိုက်တဲ့အခါ တချို့တဝက်ဟာ ဒဏ်ရာရသွားပြီး follicleတချို့ပျက်ဆီးသွားတယ်။ မှန်ရာကို ဝန်ခံရရင် hair follicle ပါသွားရင် အဲဒီနေရာက ပြန်မပေါက်နိုင်တော့ဘူး။ ပုံမှန်အားဖြင့် တစ်လမှာ ဆံပင် လက်မဝက်လောက် ရှည်ထွက်လာတယ်။ ဒါ့ကြောင့် တစ်လပြည့်တဲ့အထိ လုံးဝမပေါက်သေးဘူးဆိုရင် ဆံပင်ပြန်ပေါက်ဖို့အခွင့်အလန်းနည်းသွားတယ်။ ဒါပေမယ့် ကံကောင်းတာတခုက တခြားနေရာတွေမှာ ဆံပင်ပြန်ပေါက်နေတာကြောင့် ရှည်လာတာနဲ့အမျှ အဲဒီနေရာတွေကို ဖုံးသွားပါလိမ့်မယ်။ ဆံပင်သိပ်မသန်တဲ့နေရာကို ရိတ်ပေးရင် တဖြည်းဖြည်းချင်း သန်လာပါလိမ့်မယ်။ နောက်တချက်က ပါးတဲ့၊မသန်စွမ်းတဲ့ဆံနွယ်တွေက သူ့ဘာသာကျွတ်ပြီး ပိုကောင်းတဲ့ဆံပင်တွေ ပေါက်လာတယ်။ ကျွန်တော့်အမြင်အရ ဆံပင်ပေါက်ဆေးသုံးလည်း ထူးခြားမှာ မဟုတ်ပါဘူး။သဘောတရားချင်း မတူညီလို့ပါ။ လုပ်နိုင်တာက ဆံပင်သန်ချင်ရင် ဦးရေပြားကို သံလွင်ဆီလိုလိမ်းပြီး သွေးလျှောက်ကောင်းအောင် များများအောင် နှိပ်ပေးပါ။ သောက်ဆေးထဲကဆိုရင် Vit A,C,E,zinc,seleniumပါတာ သောက်ပေးနိုင်တယ်။ ဆေးနံမည်နဲ့ carofit,evagren,antoxyl forte,protec plus,perfectil စတာထဲက တမျိုးမျိုး သောက်နိုင်တယ်။ အသီးအရွက်၊အသားဓာတ်များများစားပါ။ ကော်ဖီ၊လက်ဖက်ရည်၊အရက်၊ဆေးလိပ်၊ဘီယာ လောလောဆယ်ရှောင်ထားပါ။ ကောင်းတာကို အကြံပေးရရင် သုံးလလောက်နေမှ ဆံပင်စထားပါ။ တချို့လူတွေဟာ ကတုံးကေနဲ့လည်း လိုက်ဖက်ပါတယ်။ တခါတရံတော့လည်း အပြောင်းအလဲလေးရှိတာ ပိုကောင်းတယ်မလား။

(ဆံပင်ပေါက်ဆေးအကြောင်း ဗဟုသုတဖတ်ချင်သေးရင် http://medicineworldmyanmar.blogspot.com/2015/02/regro-5-sprayminoxidil-5.html မှာ ဝင်ဖတ်ပါ။)


Rocker Phyolay commented on your status.
Rocker wrote: "အကိုပြောပြမှသေပဲသေရှာရှင်း၇ှင်းသိ၇တယ်ကျေးဇူတင်ပါတယ်အကိုဘာပဲဖြစ်ဖြစ်ပေါ့ဗျားဖြစ်သွားပြီမှတော့ပြန်တန်းတလို့မှမ၇တော့တော့ဘာပဲဖြစ်ဖြစ်အကိုစိတ်ဓါတ်ကိုလေးစားပါတယ်အားပေးစကားလေးတွကိုပို့ပြီးတော့ကြိုက်တယ်အကို၇ဲ့အလုပ်နဲ့အကိုရဲ့စိတ်ဓါတ်ကတော့ကျနော်အထင်ပြော၇င်ဘု၇ားပေးတဲ့ဆုပဲ...အကိုဒီထက်အောင်မြင်ပါစေဗျားးးးးးးးးးးးး"

No comments:

Post a Comment