ပထမမျိုးဆက်ထဲမှာပါတယ်။ တခါသုံးဖြစ်ပြီး ဈေးချိုတယ်။
တြိဂံပုံစံ သုံးထောင့်ဖြစ်တာကြောင့် လိမ်းတဲ့အခါ မိတ်ကပ်မညီတာဖြစ်နိုင်တယ်။ ဒါ့ကြောင့် sponge တခုလုံး ရေစိုအောင် ဆွတ်ပြီးမှ သုံးသင့်တယ်။
(၂) Earth therapeutics precisso cosmetic blending sponge
ဝါးကရတဲ့ မီးသွေး(bamboo charcoal) ကထုတ်ထားတာဖြစ်လို့ အနက်ရောင်ဖြစ်တယ်။
အပေါ်မှာ အဝိုက်တထပ်ပါလို့ မိတ်ကပ်လိမ်းတဲ့အခါ နေရာတိကျစွာ လိမ်းနိုင်လိမ့်မယ်။
ခပ်ပါးပါး လိမ်းချင်ရင် အောက်ခြေကနေ ကိုင်ပြီး အပေါ်ပိုင်းနဲ့ လိမ်းရမယ်။ ခပ်ထူထူလိမ်းချင်ရင် အပေါ်အဝိုက်ပါတဲ့နေရာက ကိုင်ပြီး အောက်ခြေကို လိမ်းသင့်တယ်။
(၃) Jane iredale flocked makeup sponge
ပေါင်ဒါမိတ်ကပ်သုံးတဲ့အခါ ဒီအမျိုးအစားကိုသုံး
kabuki စုတ်တံအမွေးပွက powdery finish ကိုဖြစ်စေပေမယ့် သူက mineral makeup မှုန့်ကို အသားနဲ့တသားတည်းဖြစ်စေ
(၄) beautyblender micro mini
မက်မွန်သီးစေ့သာသာပဲရှိ
သေးသေးလေးဖြစ်လို့ မျက်စိ၊နှာခေါင်း၊မျက်ခုံး စတဲ့နေရာလိမ်းဖို့ အကောငိးဆုံး
ပါးဂိုး၊ နှာခေါင်းရိုးဖော်ဖို့ cream highlighter တွေလိမ်းတဲ့အခါ micro mini ဆိုက်က အကောင်းဆုံး
မိတ်ကပ်ကို စိုအောင်လုပ်ပြိးမှလိမ်း
(၅) beautyblender
မြန်မာတွေ ဥလိုခေါ်နေတဲ့ beautyblender က ပန်းရောင်ရှိတယ်။latex-free ဖြစ်လို့ ဓာတ်မတဲ့တာရှားတယ်။ ဒီဥကို အရည်၊ ဂျယ်၊ ခရင်မ် မိတ်ကပ်တွေလိမ်းတဲ့အခါ အကောင်းဆုံးဖြစ်တယ်။
မိတ်ကပ်ကို beautyblender ပေါ်တင်လိုက်တာနဲ့ ဧရိယာပိုကျယ်သွားတယ်။
မိတ်ကပ်သား ခပ်ထူထူလိမ်းချင်ရင် မျကိနှာပေါ်အစက်ချပြီး beautyblender နဲ့ အသာထိတို့ပေးပါ။ မိတ်ကပ်ခပ်ပါးပါးဖြစ်ချင်ရင် beautyblender ပေါ် အရင်စိုစွတ်အောင် လုပ်ပြီးမှ မျကိနှာပေါ်လိမ်းပါ။ နောက်ပိုင်းမှာ ပန်းရောင်သာမက အနက်၊အဖြူ၊အနီ၊ခရမ်းရောင် စတာတွေပါ ထုတ်လာကြတယ်။
(၆) Real techniques miracle complexion sponge
ဥကိုမှ ထိပ်ပိုင်းတခြမ်း ဖျက်ထားခြင်းအားဖြင့် မိတ်ကပ်လိမ်းတဲ့အခါ ဘက်စုံသုံးလို့ရသွားစေတယ်။ ယေဘုယျအားဖြင့် foundation, browzer သုံးတဲ့အခါ ဥရဲ့ အောက်ခြေ လုံးဝန်းတဲ့ မျက်နှာပြင်နဲ့ သုံးရတယ်။ မျက်လုံး၊နှာခေါင်း၊ပါးသပ်တဝိုက် အသေးစိတ် လိမ်းချင်ရင် ထိပ်ပိုင်း အချွန်နဲ့ တို့ထိပေးရတယ်။ ပါးရိုး၊မေးရိုးချတဲ့အခါမှာတော့မျက်နှာပြင်ညီညာတဲ့အပိုင်းနဲ့ လိမ်းပေးသင့်တယ်။
ဒေါက်တာအေးမင်းထူး
၁၇.၁.၁၉
No comments:
Post a Comment