Tuesday, April 14, 2015

မျက်စိပါဝါကျအောင်

ကျွန်တော်မျက်လုံးမှုံလို့ပျောက်အောင်ဘာလုပ်ရမလည်း။ မျက်မှန်တက်တာ၃နှစ်ရှိပြီဘားမှလည်း မထူးခြားဘူး။ကျေးဇူ့ပြု၍ပြောပြပါနော်

ကွန်မန့်မှာ ဖြေဖို့အဆင်မပြေလို့ ပြန်တင်ပြီး တဆက်တည်းဖြေလိုက်ပါတယ်။
မျက်မှန်တပ်တာ မျက်လုံးပါဝါကျဖို့ မဟုတ်ပါဘူး။ ထပ်မတက်စေဖို့နဲ့ အကြည့်ရသက်သာအောင် တပ်ခိုင်းတာပါ။ မျက်စိပါဝါကျနည်းတွေ အွန်လိုင်းမှာ အများကြီးတွေ့မယ်။ သိသာတဲ့နည်းကတော့ နည်းတယ်။ မရပ်နည်းတွေသုံးပြီး ပိုဆိုးသွားတာလည်း ရှိတယ်။ ဆရာဝန်တွေ လက်ခံထားတာက
နီတဲ့အသီး မုန်လာဥနီလိုဟာမျိုးက မျက်စိပါဝါကျစေတယ် အားကောင်းစေတယ် တဆက်တည်းပြောရရင် ကျနော်ကိုယ်တိုင် ပါဝါတက်နေလို့ နေ့စဉ်စားပေးတယ် ထူးခြားပေမယ့် ကွန်ပြူတာသုံးသူဖြစ်လို့ ထင်သလောက် မကျသေးဘူး။ နောက်တနည်းက ရှေးယခင်ကတည်းက သုံးတဲ့ မျက်လုံးကိုရေစိမ်ပြီး အဖွင့်အပိတ်လုပ်ပေးတာလည်း ကောင်းတယ်။ အားဆေးထဲမှာ ဗျိတာမင်အေကိုများများသောက်ပါ ဆေးလိပ်ဆေးရွက်ကြီး အရက်ရှောင်ပါ စိတ်ဖိစီးမှုမခံပါနဲ့။သိပ္ပံနည်းကျပြီး တကယ်သိသာတဲ့နည်းကတော့ lasik surgery နည်းနဲ့လေဆာသုံးပြီး ပါဝါလျှော့တာပဲရှိတယ်။ ဆရာဝန်တွေထဲမှာလည်း ဒီနည်းနဲ့ကောငိးသွားတယ်။ မကောင်းတာက ကုန်ကျစရိတ်ကြီးသလို အတိမ်းစောင်းမခံဘူး။ ဒါပေမယ့် အခုနောက်ပိုင်း failure rate အလွန်နည်းသွားပါပြီ။ ပါဝါ (၅၀၀)ကျော်ရင် ဒိနနည်းနဲ့ချလို့ပဲရတော့မယ်။

ဒေါက်တာ အေးမင်းထူး
၁၂.၄.၁

No comments:

Post a Comment