Friday, December 19, 2014

မြန်မာတွေ ပိန်ဖို့

မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူတွေ အများကြီးထဲမှာမှ တကယ်ဝိတ်ချနိုင်တဲ့ဦးရေက ဘာ့ကြောင့်နည်းရတာပါလဲ။ လူတော်တော်များများစဉ်းစားရကျပ်တဲ့ မေးခွန်းတခုကို ပြန်မေးမိ တယ်။ သချာလေ့လာကြည့်တဲ့အခါ နံပါတ်တစ်တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်းမသိလို့။ အသုံးမချတတ်လို့ပါ။ ဘယ်လိုဝိတ်ချရင်ကျမလဲ။ စနစ်တကျမလုပ်တတ်သေးလို့ဆိုတာ တွေ့တယ်။ နောက်တချက်က ဝိတ်ကျဆေးတွေ ဈေးကြီးပေးဝယ်သောက်ရင်ပျောက်မယ်ထင်နေကြသူတွေ တနေ့တခြားများလာလို့ဆိုလည်း မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခိုလွန်းတယ်။ တချို့ကျတော့

Tuesday, December 16, 2014

ဟိုနေရာမှာ ယားနေလို့

ကျွန်တော်ရောဂါက အစက ၀ဲ လို အနီစက်ကလေးတွေပေါက်တာပါ။နောက်တော့ ဝှေးစေ့မှာ အဖုလေးတွေ ပေါက်ပြီး ယားတယ်။သူငယ်ချင်းတစ်ယောက်ဆီက ကူးတာပါ။သူက အရင်ဖြစ်တာပါ။သူက ပျေက်သွားပြီး ကျွန်တော်ကို ကူးပါတယ်။ဝှေးစေ့က မတရားကို ယားတာပါ။လူကြားထဲ မနေနိုင်အောင်ကို ယားပါတယ်။ဆရာဝန်နဲ့ပြလဲ မရပါဘူး။ဆေးသောက်တုန်းက ခဏပါပဲ။ဆေးကုန်ခါနီးရင် ပြန်ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲ။

ပင်လယ်ရေနှင့် ကျန်းမာရေး


ဆရာပင်လယ်ရေနဲ့ နေ့တိုင်းရေကူးလျှင် ဘယ်လို ကောင်းကျိုးဆိုးကျိုးများကို ရနိုင်ပါသလဲဆရာ

ရေကူးခြင်းဟာ ခန္ဓာကိုယ်တခုလုံး လှုပ်ရတဲ့လေ့ကျင့်ခန်း ဖြစ်တယ်။ ဒီလိုလှုပ်နေရတာကြောင့် သက်လုံကောင်းစေတယ်။ကြွက်သားတွေ သန်မာလာတယ်။ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ ရေကူးကန်မှာဖြစ်ဖြစ်၊မြစ်၊ချောင်း၊ပင်လယ်မှာဖြစ်ဖြစ် ရေကူးခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေးအကျိုးရလာဒ်တွေက အတူတူဘဲ ဖြစ်တယ်။ 

အော်ဂင်းနစ်ဆေး

organic ဆေးရဲ့ကောင်းကိုး  ဆိုကိုးကိုသိချင်ပါတယ်ဆရာ။ကျေးဇူးပြု၍ ဖြေကြားပေးပါ။

organicပင်တွေက ထုတ်လုပ်တဲ့ဆေးကို organic ဆေးလို့ ခေါ်ပါတယ်။ ဆေးတွေမှာ အော်ဂင်းနစ်ဆေးပြောဖို့ ပါဝင်ပစ္စည်းတွေရဲ့ အနည်းဆုံး ၇၀ရာခိုင်နှုန်းဟာ အော်ဂင်းနစ်ပင်တွေက ထုတ်လုပ်ထားတာ ဖြစ်ရမယ်။ ဒါတောင် "made with organic ingredients"လို့သာ ရေးခွင့်ရှိတယ်။ 100% organic ဆိုတာကျတော့ ပါဝင်ပစ္စည်းတခုလုံးက လုံးဝ အော်ဂင်းနစ် ဖြစ်နေဖို့ လိုအပ်တယ်။ 

ဘာမီတွန်အလွန်အကျွံသောက်ခြင်း

ဘာမီတွန်ကိုအလွန်အကျွန်အလုံ3း0လောက်သောက်ရင်ဘာဖြစ်နိုင်ပါသလဲ

အများစုက ဘာမှမဖြစ်ကြဘူး။ ဘီပီအိုင်ဗူး တဗူးလုံး(အလုံး၁၀၀)ကုန်အောင် သောက်ဖူးသူတွေလည်း တွေ့ဖူးပါတယ်။ suicide ဖြစ်လို့ ဆေးရုံတက်ရပါတယ်။သောက်စဖြစ်လို့ gastric lavage လုပ်ရပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အတွက် နောင်ကျဉ်သွားတယ်။ အစာအိမ်ကို ဆေးကြောလိုက်တော့ ကောင်းသွားတယ်။ ဆေးရုံမှာ တရက်၊နှစ်ရက်တော့ နေရတာပေါ့။ ဒရစ်လိုင်းချိတ်မယ်။

Tocovid supraBio လေမဖြတ်အောင်

Tocovid supraBio ဆိုတာ ဗီတာမင် အီး အားဆေးတမျိုး ဖြစ်ပါတယ်။tocopherolsဓာတ်ပေါင်းနဲ့ တခြားဓာတ်တွေ ပေါင်းစပ်ထားတဲ့ antioxidant ဆေးတမျိုး ဆိုလည်း မမှားဘူး။ လေဖြတ်ခြင်းကို ကာကွယ်ပြီး အသည်းအဆီဖုံးခြင်းကို ကုသပေးနိုင်တယ်။ မလေးရှားနိုင်ငံ Hovid ဆေးကုမ္ပဏီက ထုတ်လုပ်ထားတယ်။ ဆေးထဲမှာ Tocomin 50mg ပါဝင်ပါတယ်။ 100mg,200mg စတဲ့ ပုံစံတွေလည်း ရှိသေးတယ်။ လေဖြတ်သူတွေမှာ 200mg ကို အသုံးများကြတယ်။ သို့သော် မြန်မာနိုင်ငံဝင်လာတာက 50mg တမျိုးတည်း ဖြစ်ပါတယ်။ ဆေးတစ်ဗူးမှာ နီညိုရောင် soft gel ဆေးလုံး အလုံး ၆၀ပါဝင်ပါတယ်။ ဆေးက တစ်လစာဖြစ်ပါတယ်။

ဝက်ခြံပျောက်အောင်

မင်္ဂလာပါဆရာ
     အရင်တုန်းကလဲဆရာကို ကျန်းမာရေးနဲ့ပါတ်သက်တာတွေမေးဖူးပါတယ်ဆရာ စိတ်ရှည်လက်ရှည်ပြန်ဖြေပေးတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ် ဆရာဒီထက်မက အများအကျိုးကို ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
     ဆရာရှင့်  tetracyclinကို ၂နှစ်လောက်ဆွဲသောက်ရင် ဘယ်လို side effect တွေရှိနိုင်လဲဟင် တစ်ရက်ကို250 mgိုနှစ်ကြိမ်သောက်ပါတယ် အဲဒီဆေးကို မသောက်ရင်လဲ မျက်နှာမှာ ဝက်ခြံတွေကပြန်ထွက်လာတယ် ဆေးကိုလဲဆွဲပြီး သောက်သင့် မသောက်သင့် ဖြေကြားပေးပါအုံး ဆရာစာကို အားကိုးတကြီးစောင့်မျော်နေပါတယ် 

Vonstrel(Levonorgestrel 1.5mg) ဆေးတလုံးပါ အရေးပေါ်တားဆေး

တီထွင်ကြံဆမှုဆိုတာ ရပ်တန့်မနေဘဲ အစဉ်အမြဲ တိုးတက်ပြောင်းလဲနေတာ ဟုတ်တယ်။ အရင်က အရေးပေါ်တားဆေးတွေမှာ ဆေးနှစ်လုံးပါခဲ့တယ်။ ဒါလည်း သုံးစွဲသူတွေကအလုပ်ရှုပ်တယ်။ အဆင်မပြေဘူး။ ၁၂နာရီခြား နောက်တလုံးထပ်သောက်နေရတာ မေ့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ရှိတယ်။ ဒါမျိုးမသောက်ချင်ဘူး ဆိုတာတွေ တွေ့ရတယ်။ ဒီတော့ သုံးစွဲသူအကြိုက်ဖြစ်အောင် ထုတ်လုပ်သူတွေက ထပ်ထုတ်ရပြန်ရော။ vonstrel ဆိုတဲ့ဆေးက အလုပ်ရှုပ်မခံချင်သူ ပုဂ္ဂိုလ်တွေနဲ့ ပိုသင့်တော်တယ်ဆိုရမယ်။တကြိမ်ထဲသောက်နိုင်ဖို့ လွယ်လွယ်ကူကူဖြစ်အောင် ဆေးတလုံးထဲကိုပဲ ထည့်သွင်းထားတယ်။ 

ကော်ဖီကင်ဆာ

ဆရာခင်ဗျား
ဆရာရေးထားတဲ့ ကော်ဖီနဲ့ကဖင်းဓာတ်ကို ဖတ်ပြီးတော့ သိချင်လာတာက ကော်ဖီက ကင်ဆာကို ဖြစ်စေပါသလားဆရာ၊တခြားဘာဆိုးကျိုးတွေများ ရှိလာနိုင်မလဲ။ ဖြေကြားပေးပါဦးဆရာ၊

ကော်ဖီစေ့ကို မီးပြင်းပြင်းနဲ့ ခပ်ကြာကြာလှော်မိရင် Acrylamideဆိုတဲ့ ဓာတ်တမျိုး ထွက်လာတယ်။ ဒီဓာတ်က ကင်ဆာရောဂါကို ဖြစ်စေတယ်။ အရောင်မဲသွားလေ Acrylamide ဓာတ် ပိုများလာလေဖြစ်တယ်။ ကော်ဖီများများသောက်ရင် cortisol, epinephrine နဲ့

ESR များတာ

ဆရာခင်ဗျာ
ကျွန်တော့် အသက်က ၆၀ ပါ...အခုတလော တစ်တောင်ဆစ်အရမ်းကိုက်လို့ ဆေးခန်းပြတော့ လိုတာအားလုံးစစ်ပါတယ် ..ကျန်တာတွေက ပုံမှန်ဖြစ်ပြီး ESR က 30 mm/hr ဖြစ်နေပါတယ်
ESR များတာ ဘာတွေဖြစ်နိုင်တယ်...ဘာတွေရှောင်ရမယ်ဆိုတာ လေးသိချင်ပါတယ်...ဆီးချို၊ သွေးတိုးရှိပေမဲ့ထိန်းထားနိုင်ပါတယ်...ဆရာဝန်ပြပေမဲ့ လက်ကိုက်တာ မသက်သာလို့ ပါ...အခု ဇက်ကြောလည်းကိုက်နေပါတယ်..လက်ကောက်ဝတ်နဲ့ တစ်ထောင်ဆစ်က အဆိုးဆုံးပါပဲ...ကူညီပေးပါဆရာ...ကျေးဇူးတင်ပါတယ်..

နံရိုးကျိုးခြင်းအတွက် လေ့ကျင့်ခန်းများ

အရိုးကျိုးသည့်အခါ ဖြစ်သည့်နေရာပေါ်မူတည်ပြီး ကုသနည်းများ မတူညီကြပါ။ ခြေ၊လက် အရိုးကျိုးသည့်အခါ ကျောက်ပတ်တီးစည်းပြီး မလှုပ်ရှားအောင် ပြုလုပ်နိုင်သော်လည်း ရင်ညွှန့်ရိုး၊နံရိုးကျိုးသည့်အခါ အထက်ပါအတိုင်း မလှုပ်ရှားအောင် ပြုလုပ်၍မရပါ။ ရင်ဘတ်ကို ကာရံထားသည့် နံရိုးသဘောက အသက်ရှုသည်နှင့်အမျှ လှုပ်ရှားနေသည်။ ရှေးယခင်က wide bandageများဖြင့် ကျပ်စီးခဲ့ကြသော်လည်း နောက်ပိုင်းတွေ့ရှိချက်အရ အဆုတ်ရောင်ခြင်း၊အဆုတ်ပိုးဝင်ခြင်းနှင့် အဆုတ်ထိခိုက်ခြင်းတို့က်ု ဖြစ်ပေါ်စေတာ တွေ့ခဲ့ရသည်။ ထို့ကြောင့် ကျပ်စည်းခြင်းကို အားမပေးတော့ပဲ အနားပေးဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့သာ ဦးစားပေးလာသည်။ 

Premarin ဟော်မုန်းအစားထိုးခြင်း

ဆရာ သမီးအဒေါ်ကို နိုင်ငံခြားမှာ ဆရာဝန်နဲ့သွားပြတော့ premarin ဟော်မုန်းဆေး သောက်ခိုင်းပါတယ်။ အဲဒီကဆရာဝန်ကတော့ သုံးနှစ်လောက်သောက်ခိုင်းပါတယ်။ သမီးစိတ်ပူတာက ဟော်မုန်းဆေးဆိုတော့ ဆိုးကျိုးများရှိမလားလို့။ အခုလည်း အဒေါ်က ရင်သားနာပြီး ရာသီသွေးတစက်စက်ဆင်းနေပါတယ်။ ဒီလိုဆင်းတာလည်း နှစ်လလောက် ရှိပါပြီ။ အခု အဒေါ်က ဆေးဆက်သောက်ရမှာ ကြောက်နေလို့ ဘာဆက်လုပ်ရမလဲဆရာ။ ဒီဆေးကို ဆက်သောက်သင့်လားဆရာ။ ရပ်ထားရမှာလား။ တခုခု အကြောင်းပြန်ပေးပါဦးဆရာ။

ချွေးထွက်ရာကဖြစ်တဲ့ အရည်ကြည်ဖုလေးများ

တလောက အမျိုးသမီးတယောက် လက်ကိုဓါးရှပြီး ဆေးခန်းလာပြဖူးတယ်။ ဓားရှပြီး သွေးထွက်များလို့ ဆေးခန်းပြတာမျိုး မဟုတ်ဘူး။ ဖြစ်တဲ့နေရာကို ပလာစတာကပ်ပြီး သိပ်မကြာခင်မှာပဲ အရမ်းယားတဲ့ အရည်ကြည်ဖုတွေထွက်လာလို့ လာပြတာပါ။ သေချာမေးကြည့်တော့ အရင်ဆုံး ဓားရှတဲ့ လက်ဖဝါးကို ပလာစတာကပ်ပါတယ်။ပလာစတာကပ်ပြီး မကြာပါဘူး။ အရေပြားက ယားယံလာတယ်။ ဒါလည်းမဖြုတ်သေးပဲ ၁၂နာရီလောက် ကပ်ထားမိပါတယ်။ ပိုဆိုးတာက ရေလည်း ကိုင်လိုက်မိပြန်တယ်။ ယားတာပိုဆိုးလာလို့ ပလာစတာကို ခွာကြည့်လိုက်တဲ့အခါ ကပ်တဲ့နေရာမှာ အရည်ကြည်ဖုတွေ အစုလိုက်၊အပြုံလိုက်ကြီး ထွက်လာတာ တွေ့ရတယ်။ အမှန်တော့ ဒီလိုလက်ဖဝါး အရေပြားရောဂါမျိုးက အဖြစ်မနည်းပါဘူး။  ဆေးစာနဲ့ရေးတော့ Pompholyxလို့ ခေါ်ပါတယ်။ 

ပလာစတာကပ် ဗိုက်ချပ်သတဲ့

မင်္ဂလာပါဆရာ ။ အဆီများရင်ကပ်တဲ့အဆီကျပလာစတာကောင်းကျိုးဆိုးကျိုးကိုဖြေကြားပေးပါဆရာ။လူတိုင်းတဲ့ပါသလားဆရာ ။

အဆီကျဆေးထုတ်လုပ်သူအများစုက အဆီကျလိမ်းဆေး၊သောက်ဆေး၊ဗိုက်ချပ် ကပ်ခွာစသည်ဖြင့် သုံးစွဲသူစိတ်ကြိုက် မရိုးရအောင် ထုတ်လုပ်ပါတယ်။မြန်မာနိုင်ငံမှာလည်း အဆီကျပလာစတာ ခေါင်းစဉ်နဲ့ ကပ်ခွာတွေ အမျိုးမျိုး ဝင်လာပါတယ်။ အသုံးပြုတဲ့ဆေးဝါးပေါ်မူတည်ပြီး brand အမျိုးမျိုးကွဲပြားသွားတယ်။ဒီထဲမှာ ဟာဗယ်သဘာဝအဆီအနှစ်က ထုတ်ထားတာမျိုး ရှိတယ်။

Saturday, December 13, 2014

တပတ်အတွင်း ဝိတ်ကျချင်လား

ဝိတ်ချနည်းအမျိုးမျိုးအနက် တပတ်အတွင်း အစားအသောက်နဲ့ ဝိတ်ချနည်းကို ဆက်လက်ဖော်ပြပါမယ်။ ဒီနည်းက အစားအသောက်တွေကို အဓိကထားပြုပြင်ရတာ ဖြစ်ပါတယ်။ တပတ်အတွင်း စားသောက်ပုံတွေကို လုံးဝပြောင်းလဲလိုက်ရမှာလည်း ဖြစ်တယ်။ အလားတူ တရက်ချင်းစီမှာ စားရမယ့် အစားအသောက်တွေ မတူညီကြပါဘူး။ ဒါ့ကြောင့် ဒီနည်းမသုံးခင် အစားအသောက်တွေကို တရက်ကြိုပြီး ဝယ်ယူစုဆောင်းထားဖို့ တိုက်တွန်းပါရစေ။ ရှေ့ပိုင်းရက်တွေက အသားမစားပဲ သတိသတ်လွတ်စားရတာ ဖြစ်လို့ အစားကြိုက်သူတွေအတွက် တော်တော်လေးခက်ခဲနိုင်တယ်။ ဒါပေမယ့် သိစေချင်တာတခုက စားချင်စိတ်ကို ထိန်းချုပ်နိုင်ပြီ၊ကျင့်သားရသွားပြီဆိုတဲ့နောက် ဝိတ်ချတဲ့အခါ

Sunday, December 7, 2014

Levotin(levosulpride 25mg) အအန်ပျောက်ဆေး(သို့) စိတ်ဆေး

levosulpride ဆိုတာ selective Dopamine D2 antagonist ဖြစ်ပါတယ်။ဆေးရဲ့အာနိသင်က အူလှုပ်ရှားမှုကို အားပေးတယ်။ အစာအိမ်ထဲက အစားအစာတွေ အူသိမ်ထဲကို မြန်မြန်ရောက်စေတယ်။ ပျို့အန်ခြင်း၊ဗိုက်တင်း၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေမယ်။ selective D2 receptor ကို သွားရောက်တားမြစ်လို့ antipsychotic နဲ့ antidepressant အာနိသင်လည်း ရှိတယ်။ စိတ်အာရုံ၊ခံစားမှုပေါ်မှာလည်း သက်ရောက်မှု ရှိသေးတယ်။ စိတ်ခံစားမှုကို မြှင့်တင်ပေးတယ်။စိတ်ဝေဒနာ၊ထိခိုက်မှုအခံရှိသူတွေမှာ သုံးစွဲနိုင်တယ်။ ဥပမာ စိတ်ကစဥ့်ကလျားရောဂါ၊စိတ်အာရုံထွေပြားခြင်း၊ချာချာလည်မူးခြင်း၊စိတ်ကြောင့် ဖြစ်တဲ့ အူလှုပ်ရှားမှုမမှန်တာမျိုးမှာ အသုံးဝင်တယ်။ သုတ်လွှတ်မြန်တဲ့ အမျိုးသားရောဂါတွေမှာလည်း ပေးနိုင်တယ်။ 

Perfectil အသားအရေအတွက်ဆေး 

ဆရာ perfectil  သောက်ရင် ဘာအာနိသင်တွေ ရရှိနိုင်ပါလဲဆရာ။ perfectileကို အသက်အရွယ်မရွေး သောက်လို့ရပါသလား။ သမီးတို့အသက်အရွယ်ဆိုရင်ရော သောက်လို့ရပါသလား။ ဝတ်မှုန်ရွှေရည်နဲ့ ကြေငြာထားတာလည်း တွေ့လို့ပါ။ သမီးအသက်က ၂၅နှစ်ပါ။ အိမ်ထောင်မရှိပါဘူး။ သမီးတို့အရွယ်ကော သောက်လို့ ရလား ပြန်လည်ဖြေကြားပေးပါဦးဆရာ
ကျေးဇူးများစာဖြင့်
....
မင်္ဂလာပါဆရာ ။perfectil original ဆေးအကြောင်းရှင်းပြပေးပါဆရာ ။သိချင်တာကအသက်အရွယ်အပိုင်းအခြားနဲ့လားဆရာ

Filfresh(Melatonin 3mg) သဘာဝအိပ်ဆေး

ဆရာ ကျနော်ညဆိုအိပ်လို့မရတာ ကြာပါပြီ။ ကျနော်ကအခု ရန်ကုန်မှာ ဆေးကျောင်းတက်နေပါတယ်။ ည ညဆိုရင် ၂နာရီလောက်မှ အိပ်ဖြစ်ပါတယ်။ နေ့ခင်းလည်း မအိပ်ဖြစ်ပါဘူး။ သူငယ်ချင်းတွေက အိပ်ဆေးသောက်အိပ်ဖို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်အိပ်ဆေးသောက်ရမလဲ မသိလို့ပါ။အိပ်ဆေးကောင်းကောင်းလေး ရှိရင်သိချင်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ဆေးမျိုးပေါ့ဆရာ။

Saturday, December 6, 2014

Shu Di patch ဆူဒီနားကပ် ကားမူးသက်သာ

ဆူဒီ(Shu Di)ဆိုတာ တရုတ်တိုင်းရင်းဆေးကို ခေတ်မှီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကားမူးပျောက် ပလာစတာကပ်ခွာ တမျိုးဖြစ်ပါတယ်။ ကား၊ရထားမူးတတ်သူတွေ နားရွက်နောက်ဖက် ကပ်ပေးထားရတယ်။ ပလာစတာရဲ့ အာနိသင်ကြောင့် ကားမူး၊ရထားမူးတာတွေကို ကာကွယ်ပေးတယ်။ တစ်ခါသုံးကပ်ခွာဖြစ်တယ်။ အသုံးပြုရလွယ်ကူတယ်။ ဈေးချိုတယ်။ကပ်ခွာတချပ်မှ အစိတ်လောက်ပဲ ပေးရတယ်။ အာနိသင်က ဆေးကပ်ပြီး ၁၀မိနစ်လောက်မှာ စပြတယ်။ တခါသုံးပြီးရင် ၂၄နာရီခံတယ်။ motion sickness (ကားမူး)ပျောက်အောင် ဆေးစိမ်ထားပြီး တရုတ်နိုင်ငံက နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ပလာစတာကပ်ခွာမျိုး ဖြစ်ပါတယ်။ 

Scabo(Ivermectin 6mg) ဝဲသံသရာ ကင်းဝေးပါစေ

ဝဲဆိုတာမျိုးက ပါရာဆိုက်(parasite) ကပ်ပါးကောင်ကြောင့် ဖြစ်စေပါတယ်။ ဒါ့ပြင် သန်း၊လှေးမွှား၊ဆင်ခြေထောက် စတာတွေဟာလည်း အင်းဆက် ကပ်ပါးပိုးကြောင့် ဖြစ်စေတယ်။ ကပ်ပါးပိုးသဘောက ယားယံတတ်တယ်။ အနီစက်ထွက်တာ ရှိတယ်။ တနေရာတည်းမဟုတ်ပဲ တခြားနေရာတွေမှာလည်း ယားယံတတ်တယ်။ ကပ်ပါးပိုးတွေကို နှိမ်နင်းဖို့ သောက်ဆေး၊လိမ်းဆေး လိုအပ်ပါတယ်။ Scaboဆိုတာ ဝဲကိုနှိမ်နင်းတဲ့ သောက်ဆေးတမျိုး ဖြစ်ပါတယ်။ ဝဲဆေးဆိုတာထက် ကပ်ပါးကောင်ကို နှိမ်းနင်းတဲ့ဆေးဆိုရင် ပိုမှန်တယ်။ scabo ဝဲဆေးထဲမှာ ပါဝင်တာက Ivermectin 6mg ဖြစ်ပါတယ်။ Ivermectin 3mg ဆိုတာ လည်း ရှိသေးတယ်။ 6mgကို လိမ္မော်ရောင်၊3mgကို ခရမ်းရောင်ကဒ်ပုံစံနဲ့ ထုတ်လုပ်ထားတယ်။ တဗူးတကဒ်ဖြစ်ပြီး ဆေးတကဒ်မှာ ဆေးလုံး(၁၀)လုံး ပါဝင်တယ်။

Acnotin(Isotretinoin 10 mg) ဝက်ခြံပျောက်ဆေး

ဆရာacnotin10mဆေးအကြောင်းရှင်းပြပါဆရာ

Acnotinဆိုတာ Isotretinoin 10 mg ပါဝင်တဲ့ ဝက်ခြံပျောက်ဆေး တမျိုး ဖြစ်ပါတယ်။ retinoic acid အမျိုးအစားမှာ ပါဝင်တယ်။ အရမ်းဆိုးတဲ့ ဝက်ခြံမျိုး၊ဝက်ခြံအိတ်နဲ့ တကိုယ်လုံးအနှံ့ပေါက်တဲ့ ဝက်ခြံမျိုးမှာ အသုံးဝင်တယ်။ မျက်နှာတင်မက ရင်ဘတ်၊ကျောပြင် စတဲ့နေရာ ဝက်ခြံအဖုတွေ ပေါက်တဲ့အခါမျိုးမှာလည်း သုံးတယ်။ တခြားဝက်ခြံပျောက်ဆေးတွေနဲ့ မရမှ isotretinoin ကို အသုံးပြုပါတယ်။ တချို့က စတီးရွိုက်ဆေး နဲ့ ရောထည့်ပေးတယ်။ 

BRAND's chicken ဘရင်းကြက်ပေါင်း ဘာတွေကောင်း

ဘရင်း ကြက်ပေါင်းရည် ကိုနေ့တိုင်းသောက်ရင် ကောင်းကျိုး ဆိုးကျိုး လေးကိုသိပါရစေခင်ဗျာ

မှန်တာကို ဝန်ခံရရင် Brand ဘရင်းကြက်ပေါင်းရည်ကို ဒီနေ့ချိန်ထိမသောက်ဘူးသေးဘူး။ ဒါ့ကြောင့် ဘယ်အရသာမျိုး ရှိလည်းမေးရင် ဖြေနိုင်မှာ မဟုတ်ဘူး။ ညှီနံ့ရတာကိုပဲ သတိထားမိတယ်။ ငယ်ငယ်ကတည်းက အသားစားပေမယ့် ညှီနံ့ကို မကြိုက်တတ်ခဲ့ဘူး။ ဆရာဝန် မရွံတတ်ဘူးဆိုပေမယ့် ကြက်ဥ အစိမ်းစားတဲ့လူတွေမြင်ရင် အော်ကလီဆန်တတ်တယ်။ ဓာတ်ခံမကောင်းဘူး ဆိုရမလားပဲ။ တချို့ကတော့ အစားရွေးစားတယ်လို့ သမုတ်ချင်မလားပဲ။ ကျွန်တော့် အကျင့်တခုက ရွံပြီဆိုရင်

Ecee 2 အရေးပေါ်အရာရောက်တဲ့ဆေး

Ecee 2ဆိုတာ မြန်မာနိုင်ငံမှာ ပေါ်ပြူလာဖြစ်တဲ့ အရေးပေါ်တားဆေး တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေကြား ပိုနာမည်ကြီးတယ်။ သုံးစွဲသူအများစုကလည်း ဒီအရွယ်တွေပဲ ဖြစ်ကြတယ်။ ဆေးဝါးအကြောင်း နားမလည်ရင်သာနေမယ်။ ဆေးသောက်ပုံကိုတော့ တော်တော်များများ ရင်းနှီးနေကြတာ တွေ့ရပါတယ်။ တစ်ခါတစ်ရံ ဆရာဝန်ထက် ပိုနားလည်ကြပါလားလို့တောင်ထင်မိတယ်။ ဆေးဆိုင်တွေ စုံစမ်းကြည့်တဲ့အခါ ရောင်းအားအကောင်းဆုံးဆိုတဲ့ဆေးတွေထဲမှာ အရေးပေါ်တားဆေးတွေလည်း ပါဝင်ပါသတဲ့။

Foothy cream ခြေဖနောင့်ကွဲအက် အသားမာတက်

ခြေဖဝါးကွဲအက်တာဟာ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်ပါတယ်။ အစိုဓာတ်နည်းတဲ့အခါ အရေပြားကွဲအက်တာ၊အသားမာတက်တာမျိုး ဖြစ်လာတယ်။ မျိုးရိုးနဲ့သက်ဆိုင်သလို အလုပ်အကိုင်နဲ့ ပိုဆိုင်တယ်။ ရေနဲ့အထိအတွေ့များသူတွေ ပိုတွေ့ရတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်လို့ ဆေးခန်းလာသူတွေအရ သိရတယ်။ အသက်ငယ်သူထက် အသက်ကြီးသူတွေမှာ ပိုတွေ့ရတယ်။ ချမ်းသာသူထက် ဆင်းရဲသူတွေမှာ ပိုဖြစ်တယ်။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေထိုင်ရသူတွေ ကံကောင်းကြတယ်။ အိမ်ထောင်ကျသွားရင် မိသားစုတာဝန်တွေပိုလာသလားမသိ။ ဘယ်လိုပဲဆိုဆို အိမ်ထောင်မှုကိစ္စ၊အလုပ်ကြမ်းတွေ ပိုလုပ်ရသူတွေမှာ အတွေ့များတာအမှန်ပါ။ တဖက်ကကြည့်ရင် အလုပ်နိုင်နင်းသူလို့ တမျိုး ဂုဏ်ယူနိုင်သေးတယ်။ အပျိုကြီးတွေမှာ အဖြစ်ပိုနည်းလား ဆိုတဲ့ သုသေသနတော့လည်း မတွေ့မိသေးဘူး။ 

Nasal inhaler ရှူဆေး(သို့)လေဆေးပေးခြင်း

ရှူဆေးဆိုတာကို မြန်မာလူမျိုးတိုင်း သိကြပါတယ်၊ကိုယ်တိုင်လည်း သုံးစွဲဖူးကြတယ်။အအေးမိတဲ့အခါဖြစ်ဖြစ်၊ ခေါင်းမူး ၊ခေါင်းကိုက်တဲ့အခါပဲဖြစ်ဖြစ် ရှူဆေးရှူလိုက်ရင် သက်သာသွားကြတယ် မဟုတ်လား။ ငယ်ရွယ်စဉ်လူမှန်းသိတတ်ကတည်းက ရှူဆေးဗူးနဲ့ စတင်သိကျွမ်းခဲ့တာ ဖခင်ဖြစ်သူကြောင့်ပါ။ ခရီးတွေဘာတွေသွားရင် ဖခင်ဖြစ်သူက ရှုဆေးဗူးကို ဆောင်ထားတတ်တယ်။ အဲဒီအချိန်ထိ ခေါင်းမကြည်ရင် ရှူဆေးရှူပေးရတယ်လို့ပဲ သိခဲ့တယ်။ ဘာ့ကြောင့်မှန်း မသိခဲ့ပါဘူး။ဆရာဝန်ဖြစ်လာတဲ့အခါ အရင်ကထက် စပ်စုလာတတ်တယ်။ ဘာ့ကြောင့် ရှူရတာလဲ။ဘာအာနိသင်ရှိလို့လဲ။ရှူဆေးကြောင့် ဘာတွေ ကောင်းလာနိုင်သလဲ။

Chromdiet အမျှင်အားဖြည့် ပိန်ဆေးဓာတ်စာ

Chromdietဆိုတာ ခရိုမီယမ်နဲ့အမျှင်ဓာတ်တွေ ပေါင်းစပ်ထားတဲ့ ပိန်ဆေးတမျိုးဖြစ်ပါတယ်။အထူးသဖြင့် အူလမ်းကြောင်းပေါ်မှာ ဆေးရဲ့ အာနိသင်သက်ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အမျှင်ဓာတ်ကို ဖြည့်စွက်ပေးတယ်။ အစာစားချင်စိတ်ကို လျှော့နည်းစေတယ်။ ဝမ်းမှန်စေတယ်။ ဝိတ်တက်မလာအောင် ထိန်းပေးနေမယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး အဆီဓာတ်နဲ့ အဝလွန်ရောဂါမဖြစ်အောင် ကာကွယ်ပေးမယ်။သွယ်လျတဲ့ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်စေရမယ်တဲ့။ ဆေးဗူးတဗူးမှာ ဆေးလုံး(၁၂၀)ပါဝင်နေတယ်။ ဆေးတဗူးကို မြန်မာငွေ တစ်သောင်းကျော်လောက် ကျသင့်တယ်။ ဆေးတလုံးကို မြန်မာငွေ(၁၅၀)လောက် ရှိနိုင်တယ်။

OrsL drink ဓာတ်ဆားဖျော်ရည် သောက်ကြမလား

OrsL drink ဆိုတာ လတ်တလောဝင်လာတဲ့ ဓာတ်ဆားအစားထိုးဖျော်ရည် ဖြစ်ပါတယ်။ ဓာတ်ဆားထုပ်ကို ဖျော်ဖို့မလိုအပ်အောင် ဖျော်ရည်ပုံစံအရသာနဲ့ လုပ်ထားတယ်။ ဓာတ်ဆားအရသာကို သစ်သီးအရသာနဲ့ အစားထိုးပြုလုပ်ထားတာပါ။ဖျော်ရည်တဗူးကို ၅၀၀လောက် ရှိမယ်။  ဖျော်ရည်တစ်ဗူးမှာ 200mlစီ ပါဝင်ကြတယ်။ ဗူးရဲ့ အပေါ်မှာ ထုတ်လုပ်တဲ့ ရက်စွဲတပ်ပေးထားတယ်။ဓာတ်ဆားဖျော်ရည်ရဲ့ အာနိသင်က တစ်နှစ်သာ ခံပါမယ်။ အိန္ဒိယနိုင်ငံ Jagdale ကုမ္ပဏီကထုတ်လုပ်ပြီး မြန်မာနိုင်ငံဈေးကွက်ထဲကို network marketingက ဖြန့်ဖြူးရောင်းချပေးတယ်။ 

Nat B ဆိုသော အာရုံကြောဆေး

nat-b အားဆေးက ဘာကောင်းကြိုးပေးသလဲ...ပြီးတော.ဂျင်ဆိုမင်
အားဆေးက ဘယ်လိုအကျိုးကျေးဇူးပေးသလဲ ကျေးဇူးပြုပြီးဖြေပေးပါဆရာ
ကျွန်တော်အရမ်းသိချင်လို.ပါဆရာ...ကျေးဇူးပြုပြီး ကျွန်တော.ကိုလမ်းညွန်ပေးပါ ဆရာ....

RABLET- D အစာအိမ် အအန်ပျောက်ဆေး 

ဆရာခင်​ဗျာ
RABLET- D အ​ကြောင်း​လေးနဲ့ ဘယ်​မှာဝယ်​လို့ ( Co.,Ltd and phone No, ) ရနိုင်​တယ်​ဆိုတာ ​ပြောလို့ရရင်​ ​ပြော​ပေး​စေချင်​ပါတယ်​ ခင်​ဗျာ
ရို​သေစွာဖြင့်

Tocovid supraBio လေဖြတ်ခြင်းကို ကာကွယ်

Tocovid supraBio ဆိုတာ ဗီတာမင် အီး အားဆေးတမျိုး ဖြစ်ပါတယ်။tocopherolsဓာတ်ပေါင်းနဲ့ တခြားဓာတ်တွေ ပေါင်းစပ်ထားတဲ့ antioxidant ဆေးတမျိုး ဆိုလည်း မမှားဘူး။ လေဖြတ်ခြင်းကို ကာကွယ်ပြီး အသည်းအဆီဖုံးခြင်းကို ကုသပေးနိုင်တယ်။ မလေးရှားနိုင်ငံ Hovid ဆေးကုမ္ပဏီက ထုတ်လုပ်ထားတယ်။ ဆေးထဲမှာ Tocomin 50mg ပါဝင်ပါတယ်။ 100mg,200mg စတဲ့ ပုံစံတွေလည်း ရှိသေးတယ်။ လေဖြတ်သူတွေမှာ 200mg ကို အသုံးများကြတယ်။ သို့သော် မြန်မာနိုင်ငံဝင်လာတာက 50mg တမျိုးတည်း ဖြစ်ပါတယ်။ ဆေးတစ်ဗူးမှာ နီညိုရောင် soft gel ဆေးလုံး အလုံး ၆၀ပါဝင်ပါတယ်။ ဆေးက တစ်လစာဖြစ်ပါတယ်။

Exluton လေးဆယ်အရွယ် ကလေးတားမယ်ဆိုရင်

Exlutonဆိုတာ Mini pills(progestogen-only pills) ပရိုဂျက်စတိုဂျင် ဟော်မုန်းတမျိုးထဲပါတဲ့ တားဆေးကဒ်မျိုး ဖြစ်ပါတယ်။ progestogenဆိုတာ အမျိုးသမီးဟော်မုန်း progesteroneကို တုပထုတ်လုပ်ထားတဲ့ ဟော်မုန်းတမျိုးလည်း ဖြစ်တယ်။ exlutonထဲမှာ lynestrenol 0.5mg ပါဝင်တယ်။ lynestrenolဆိုတာက ခန္ဓာကိုယ်အတွက်active မဖြစ်သေးတဲ့ pro-drugဖြစ်တယ်။ 
ဆေးသောက်ပြီးတဲ့အခါ ခန္ဓာကိုယ်က lynestrenol(LYN)ကို norethisterone(NET)အဖြစ် ပြောင်းလဲပေးတယ်။ကလေးမရအောင် တားဆီးတဲ့နေရာမှာ  norethisteroneရဲ့ အာနိသင်ကအဓိကကျတယ်။ norethisterone(NET)က သားအိမ်နံရံမှာရှိတဲ့ progesterone receptorကို သွားပေါင်းတယ်။ ပြီးရင် ကိုယ်ဝန်မရအောင် တားဆီးပေးတယ်။ 

Contraceptive patch တားဆေးကပ်ခွာ ပေါ်ပြူလာမဖြစ်သေး

ဒီဖက်ခေတ်နောက်ပိုင်းမှာ တားဆေး၊တားနည်းအမျိုးမျိုး မရိုးရအောင် ပေါ်ပေါက်လာပါတယ်။ အရင်ခေတ်က သောက်ဆေး၊ထိုးဆေးနေရာမှာ လွယ်ကူတဲ့ ကပ်ခွာ၊လိမ်းဆေးဆိုတာတွေ ပေါ်ပေါက်လာတယ်။ တားဆေးနည်းအမျိုးမျိုး မရိုးရအောင် ပေါ်ပေါက်လာပေမယ့် လက်တွေ့သဘောတရားက ဟော်မုန်းကို အသုံးချတာပါဘဲ။  ဟော်မုန်းတမျိုး(သို့)နှစ်မျိုးကို အလျင်းသင့်သလို အသုံးပြုကြတယ်။ လေ့လာကြည့်ရင် တားဆေးကပ်ခွာ(contraceptive patch)မှာ ပါဝင်တာလည်း ဟော်မုန်းပဲဖြစ်ပါတယ်။birth control patch(သို့)transdermal patchလို့လည်း ခေါ်တယ်။ကပ်ခွာ(patch)မှာ progestogenနဲ့ estrogen ဟော်မုန်းတွေကို အသုံးပြုထားတယ်။ ဟော်မုန်း(၂)မျိုးပါတဲ့ တားဆေးကဒ်(COC)ကဒ်နဲ့ သဘောတရားချင်း အတူတူဘဲ။ ကွာသွားတာက သောက်စရာမလိုဘဲ အရေပြားပေါ်ကပ်ရ၊ခွာရတာလေးပဲ

Implanon အရေပြားအောက်ထား၍ ကိုယ်ဝန်တားခြင်း

အမျိုးသမီးတွေ သုံးစွဲကြတဲ့ တားနည်းအမျိုးမျိုးအနက် သုံးစွဲသူတွေစိတ်ချရပြီး အလုပ်ရှုပ်သက်သာတဲ့ တားနည်းတမျိုးက implanonခေါ်တဲ့ အရေပြားအောက်မှာထည့်ရတဲ့ တားဆေးချောင်းလေးဖြစ်ပါတယ်။ စိတ်အချရဆုံး တားနည်းတွေထဲက တခုလည်းဖြစ်ပါတယ်။ ဒီတားနည်းက ၉၉ရာခိုင်နှုန်းမက စိတ်ချရတယ်။ ကလေးရနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်ထက်နည်းတယ်။ သုံးနှစ်အတွင်းကလေးရနိုင်ချေလေ့လာကြည့်တဲ့အခါ လူ၃၀၀၀မှာ တစ်ယောက်သာ ရှိတယ်။ implanonဆိုတာအမှန်တော့ progestogenဟော်မုန်း တမျိုးထဲပါဝင်တဲ့ တားဆေးမျိုးဖြစ်ပါတယ်။ implanon အချောင်းကို ethylene vinylacetate copolymerနဲ့ပြုလုပ်ထားတယ်။ implanon ထဲမှာ etonogestrel 68mgကို ထည့်သွင်းထားတယ်။တားနည်းတွေထဲမှာ အလုပ်ရှုပ်သက်သာတဲ့နည်း တခုဖြစ်လို့ လူကြိုက်များတယ်။ ၃လခံထိုးဆေးထက်သာတာက long-acting reversible

Marvelon 28 ၂၈ရက် ကိုယ်ဝန်တားဆေးကဒ်

Marvelon ဆိုတာ တားဆေးကဒ်ထဲမှာ အသုံးအများဆုံး တားဆေးတမျိုးဖြစ်တယ်။ ဟော်မုန်းနှစ်မျိုးပါလို့ combined contraceptive pills(COC)လို့ ခေါ်တယ်။ အီစတိုဂျင်နဲ့ ပရိုဂျက်စတိုဂျင် ဟော်မုန်းနှစ်မျိုးကို အချိုးကျပေါင်းစပ်ထားတယ်။ ဒီနာမည်အောက်မှာကို Marvelon 28 နဲ့ 21ဆိုပြီး (၂)မျိုး ထပ်ရှိပြန်တယ်။ နှစ်မျိုးလုံးမှာ ပါဝင်တဲ့ ဟော်မုန်းကတူညီပေမယ့် သောက်ရတဲ့ဆေးလုံး အရေအတွက်က ကွာခြားသွားတယ်။ Marvelon 28က ဆေးလုံး ၂၈လုံးပါတာကြောင့် ၂၈ရက်သောက်ရတယ်။ အထဲမှာ ဟော်မုန်းပါ ဆေးလုံးအဖြူ ၂၁လုံးနဲ့ ဘာဆေးမှမပါတဲ့ ဆေးလုံးအဖြူသေးသေး ၇လုံးပါတယ်။ အမှန်တော့ ဟော်မုန်းဆေးလုံး ၂၁လုံးသောက်ပြီးတဲ့အခါ မမေ့အောင် ဆေးလုံး(၇)လုံးကို အပိုထည့်ပေးထားတာဖြစ်ပါတယ်။ Marvelon 21မှာတော့ မမေ့အောင်သောက်ရတဲ့ အပိုဆေးလုံး ၇လုံး(reminder pills)မပါတော့ဘဲ စုစုပေါင်း ဆေး၂၁လုံးသာ ပါတယ်။

တားဆေးသုံးရင်း နို့ထွက်နည်းနေရင်

ဆရာ
မေးစရာရှိလို့ပါ။ ကျမကအသက်၂၄ပါ။ ကလေးကအခု ၁၀ လကျော်ပါပီ။ အခု marvelon 28 သောက်နေပါတယ်။ နို့ကအထွက်နည်းနေလို့ပါ။ ကလေးကနို့မှုန့်မသောက်ပါဘူး။ မိခင်နို့ပဲတိုက်တာပါ။ ဆေးနဲ့ဆိုင်မဆိုင်နဲ့ ဆေးအကြောင်း သိချင်ပါတယ်။ ကျမက ပေါင်၁၇၀ပါ။ ဆေးကခုမှတကတ်ပဲ သောက်ရသေးတာပါ။ ပိုဝလာမှာလဲစိုးရိမ်ပါတယ်။အကြံပေးပါဦး

ဂေါက်ဆေးအမျိုးမျိုး

ဆရာရေ
ကျွန်တော့ခြေထောက်က ဂေါက်ထလာလို့ ဘယ်ဆေးသောက်ရမှာလဲ ညွှန်ကြားပေးပါခင်ဗျာ။

ဂေါက်ထလာသူတွေဟာ ဆရာဝန်နဲ့ပြသပြီး ကုသမှ ပျောက်ကင်းနိုင်တယ်။သောက်ဆေး၊ထိုးဆေးအမျိုးမျိုး ရှိတယ်။
• Indomethacin (Indocin) 25-50 mg ကို တနေ့ လေးကြိမ် ၃-၅ရက်ပေးပါ။
• Ibuprofen (Motrin, Advil) 600-800 mg တနေ့ သုံးကြိမ်မှ လေးကြိမ်ပေးပါ။
• Naproxen (Naprosyn) 500 mg တနေ့၂ကြိမ် ပေးပါ။
• Meclofenamate (Meclomen) 200 mg ချက်ချင်းပေးပါ။ နောက်ရက်တွေမှာ 100 mg သုံးကြိမ်-လေးကြိမ်ပေးပါ။ 

တားဆေးနဲ့ ခွဲပေးရမယ့်ဆေး

တားဆေးတွေနဲ့ အတူတွဲမသောက်သင့်တဲ့ဆေးတွေလာည်း ဖော်ပြပေးပါဆရာ

တားဆေးက တခြားဆေးနဲ့ မတူဘူး။ ဟော်မုန်းဆေးဖြစ်လို့ သူ့ကို သီးသန့်သောက်ပေးရတယ်။ အတူတွဲမသောက်သင့်တဲ့ ဆေးတွေလည်း များတယ်။ အထူးသဖြင့် ပိုးသတ်ဆေး၊အတက်ပျောက်ဆေး၊အစာအိမ်လေနိုင်ဆေး၊အကြောလျှော့ဆေး၊သွေးကျဲဆေး၊သွေးကျဆေး၊ဆီးချိုဆေး၊စတီးရွိုက်ဆေး၊အရက်၊ဘီယာ စတာတွေနဲ့ တွဲမသောက်သင့်ဘူး။ အဆိုပါဆေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Pill 72 အရေးပေါ်တားဆေး

Pill 72တားဆေးအကြောင်းဖော်ပြပေးပါဦးဆရာ။ Ecee 2နဲ့အတူတူပဲလားဆရာ။ဆေးသောက်ပြီး ပျိုံချင်သလိုရှိလို့ပါ။

Ecee 2,pill 72,levo 72 အကုန်လုံးအတူတူပါပဲ။ အရေးပေါ်တားဆေးတွေချည်းပဲ။နာမည်နောက်မှာပါတဲ့ 72ဆိုတာ ထွေထွေထူးထူးမဟုတ်ပါ။ ၇၂နာရီ(၃ရက်အတွင်း) သောက်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ်လွင်စေဖို့၊သတိရစေဖို့ ဖြစ်ပါတယ်။ ဆေးတစ်လုံးချင်းစီမှာ ပရိုဂျက်စတီရုန်းဟော်မုန်းဖြစ်တဲ့  levonorgestrel 0.75mg ပဲပါတယ်။ ဆေးတကဒ်မှာ ဆေးနှစ်လုံးပါတယ်။ ဆေးကိုနှစ်လုံးတပြိုင်နက် သောက်ရင် ပျို့ချင်၊အန်ချင် ခေါင်းမူးတာပိုဆိုးတယ်။ brand ကွားခြားလို့၊ဆေးကွာခြားလို့ ဆိုတာမျိုး မဟုတ်ပါဘူး။

Optium(Calcium dobesilate 500mg) လိပ်ခေါင်းအတွက်

Optiumထဲမှာ Calcium dobesilate 500mg ပါဝင်ပါတယ်။ Vasoprotective ခေါ်တဲ့ သွေးကြောယိုယွင်းပျက်ဆီးမှုကို ကာကွယ်တားဆီးတဲ့ ဆေးမျိုး ဖြစ်တယ်။ ခြေထောက်သွေးပြန်ကြောရောဂါတွေမှာ အသုံးဝင်တယ်။ သွေးကြောမျှင်တွေရဲ့ ယိုစိမ့်မှုကို ပုံမှန်အတိုင်း ဖြစ်စေတယ်။ ဆီးချိုရောဂါသည်တွေ မြင်လွှာသွေးကြောပျက်ဆီးယိုယွင်းတဲ့ diabetic retinopathy ဖြစ်ခြင်းမှ ကာကွယ်တားဆီးပေးတယ်။ Diabetic Microangiopathy လို ရောဂါတွေမှာ အသုံးပြုကြတယ်။ လိပ်ခေါင်းမှာလည်း အကျိုးများတယ်။ 

Alcoliv(Metadoxine 500mg) အရက်ကြောင့် ခက်နေတဲ့အသည်း

Alcolivဆိုတာ အရက်သောက်ပြီးတဲ့အခါ အသည်းပျက်ဆီးမှုနည်းအောင် ကာကွယ်ပေးတဲ့ဆေးတမျိုး ဖြစ်ပါတယ်။  ဆေးရဲ့ အာနိသင်က အရက်မူးဝေခြင်းကိုလည်း လျင်မြန်စွာ သက်သာစေတာ တွေ့ရတယ်။အသည်းရောဂါအမျိုးမျိုးကို ကာကွယ်ကုသဖို့လည်း အသုံးပြုကြတယ်။ အသည်းအဆီဖုံးခြင်း၊အသည်းရောင်ခြင်းကို သက်သာစေတယ်။ ဒါ့ကြောင့် အသည်းအားဆေးတချို့မှာ Metadoxineကို ထည့်သွင်းလာကြပါတယ်။ ဒါတင်မက တခြားရောဂါတွေမှာ သုံးစွဲနိုင်ဖို့ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။ Alcolivကို အိန္ဒိယဆေးကုမ္ပဏီတခုဖြစ်တဲ့ SUN က ထုတ်လုပ်ပါတယ်။ Alcoliv ဆေးတလုံးမှာ Metadoxine 500mgပါဝင်ပါတယ်။ ဆေးတကဒ်မှာ ဆေးလုံး(၁၀)လုံး စီပါဝင်ပါပြီး ဆေးတဗူးမှာ ဆေးကဒ် ၅ကဒ် ရှိပါတယ်။

Adoxyဆေး မေးထားတာတွေ

ဆရာ Adoxy ဆေးဆိုတာ ကျနော်တို့ဆီမှာ အရမ်းခေတ်စားနေပါတယ်။ ရောဂါတော်တော်များများအတွက် ကောင်းပါတယ်။ ကျွန်တော်သိချင်တာက ဒီဆေးသောက်ရင် ဘာအာနိသင်တွေ ရှိနိုင်လဲ။ တကယ်ရော ကောင်းရဲ့လား။ အကျိုးထူးမှာလား၊ သောက်သုံးသင့်သလား ပြန်လည်ဖြေကြားပေးပါခင်ဗျား။

Adoxy Cellfood ရေဆေးမှ လေဆေးသို့

Adoxy ကို နာမည်ပေးကောင်းတဲ့ မြန်မာတွေက အလွယ်တကူ တစက်ဆေးလို့ ခေါ်ကြတယ်။ ဆေးစက်ကို ရေထဲထည့်၊ဖျော်သောက်ရတာကိုး။ တချို့ကနာမည်ပေးပိုလို့ကောင်းတယ်။ နတ်ဆေးတဲ့။ ငယ်ငယ်က ကျောင်းသင်ခန်းစာမှာ မဟော်သဓာသုခမိန်က နတ်ဆေးတုံးကိုင်ပြီး မွေးဖွားလာတာကို ပြန်သတိရမိတယ်။ ဒီဟာက ဆေးမြစ်တော့မဟုတ်ပါဘူး။ ဆေးရည်ပါ။ Adoxyဆေးကို ထိုင်းနိုင်ငံက တင်သွင်းတယ်လို့ သိရပါတယ်။ ဆေးတဗူးကို ၃၅၀၀၀ လောက် ကျသင့်ပြီး ဆေးရည် 15ml ပါဝင်ပါတယ်။ ဆေးရည် တအောင်စ(30ml)မှာ ဆေးစက် (၇၂၀)ထိ ပါဝင်တယ်။ တခါသုံး ဆေး(၈)စက် ဖြစ်ရင် အကြိမ် ၉၀ထိ သုံးစွဲနိုင်တယ်။ 

Aqua tears eye drop မျက်လုံးထဲကအရည် ခမ်းခြောက်နေ

ဆရာ သမီးက ကွန်ပျူတာသမားပါ။ တနေကုန်ကွန်ပြူတာကြည့်ပြီး စာစီစာရိုက်တဲ့အလုပ် လုပ်ရပါတယ်။အခုသမီးမျက်လုံးက စပ်ဖျဉ်းဖျဉ်းနဲ့ ပူလောင်သလိုဖြစ်နေလို့ပါ။မျက်ရည်ခမ်းခြောက်ပြီး မျက်လုံးအားနည်းသလို ခံစားရတယ်။အခုတလော စာသာရိုက်နေရတာခိုးလိုးခုလုနဲ့ကြည့်မကောင်းဘူး။ခေါင်းလည်း နည်းနည်းမူးတယ်။ မျက်စိအားဆေးဖြစ်ဖြစ်၊မျက်စဉ်းဖြစ်ဖြစ် တခုလောက်ညွှန်ကြားပေးနိုင်မလားဆရာ၊သမီးက ရန်ကုန်ကပါ။

Lobese(Phaseolus Vulgaris Extract)စားချင်တာစား ဝိတ်မတက်စေရ

ဆေးကို သြစတေးလျနိုင်ငံ Zifam ကုမ္ပဏီက ထုတ်လုပ်တင်သွင်းတယ်။ white kidney beanခေါ်တဲ့ အဖြူရောင်ပဲတောင့် တမျိုးက ထုတ်ယူထားတယ်။ carbohydrate blocker လို့လဲ ခေါ်တယ်။ စားလိုက်တဲ့အစာထဲမှာ ပါတဲ့ ကဆီဓာတ်ကို မစုပ်ယူနိုင်အောင် တားဆီးပေးနိုင်တယ်။ အစားမလျှော့ဘဲ ပိန်ချင်သူတွေသောက်သုံးနိုင်တယ်။ တလအတွင်း အစာရှောင်ဖို့မလိုဘဲ ၇ပေါင်ထိ ဝိတ်ကျစေမယ် ဆိုတယ်။ ထမင်း၊ဂျုံ၊ပြောင်း၊အာလူး အစားများသူတွေ သုံးစွဲဖို့ သင့်တော်တယ်။ကစီဓာတ်ကိုသာလျှော့ချပေးတာကြောင့် အဆီ၊အသားအစားများသူတွေမှာ အကျိုးမရှိဘူး။ခံတွင်းမပျက်စေသလို ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ ဆိုတယ်။ 

Zifam probiotic ပရိုဘိုင်အောတစ် ဆေးတစ်မျိုး

Zifam ဆေးကုမ္ပဏီရဲ့ productအသစ် ဖြစ်ပါတယ်။ probiotic တစ်မျိုးဖြစ်ပြီး bioflorနဲ့ သွားတူတယ်။ ကုမ္ပဏီရဲ့အဆိုအရ မြန်မာနိုင်ငံဈေးကွက်ထဲဝင်လာတာ ရက်ပိုင်းသာရှိသေးတယ်။ ကလေးငယ်တွေ ဝမ်းလျှောတဲ့အခါ သောက်သုံးရလွယ်ကူအောင် sachetအထုပ်ငယ်ပုံစံနဲ့လာတယ်။ capsule ပုံစံလာတာမျိုးတော့ မတွေ့မိသေးဘူး။ကလေးတွေတင်မက လူကြီးတွေလည်း သောက်သုံးနိုင်တယ်။ ဈေးအနေနဲ့ ၁ထုပ်ကို ၅၀၀ ဝန်းကျင်ရှိနိုင်တယ်။ bioflorထက် ဈေးချိုတယ်။ဆေးတစ်ဗူးမှာ sachet ၁၀ထုပ် ပါဝင်တယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို Pyrex ဆေးကုမ္ပဏီက တင်သွင်းဖြန့်ချိတယ်။

Protinet အမိုင်နိုအက်ဆစ် အားဆေး

ဆရာprotinet အားဆေးအကြောင်လေးသိချင်လို့ပါ။
protinet ဆိုတာ ပရိုတင်း အသားဓာတ် အားဆေးတမျိုးဖြစ်တယ်။ ပိုတိကျအောင်ပြောရင် အမိုင်နိုအက်ဆစ် ဖြစ်တယ်။ အမိုင်နိုအက်ဆစ်ဆိုတာ ပရိုတင်းဓာတ်ရဲ့ အခြေခံအုပ်မြစ် ဖြစ်တယ်။ ဆဲလ်နဲ့နှိုင်းယှဉ်ကြည့်ရင် အက်တမ်နဲ့တူတယ်။ အက်တမ်တွေပေါင်းစပ်ပြီးမှ ဆဲလ်တခုဖြစ်ရတယ်။ အဲလိုပဲ အမိုင်နိုအက်ဆစ်တွေ စုပေါင်းပြီး ပရိုတင်းဆ်ုတာ ဖြစ်လာတယ်။ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ဖို့ ပရိုတင်းက အရေးကြီးတယ်။ တရားသဘော ရုပ်၊နာမ်နဲ့ နှိုင်းယှဉ်ရရင် ရုပ်ခန္ဓာကြီးက ပရိုတင်းတွေ ဖွဲ့စည်းပြီး ဖြစ်လာရတာပါ။ရုပ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းက အရေးပါတယ်။ ဒီအတွက် ပရိုတင်းအားဆေးဆိုတာတွေ ပေါ်ပေါက်လာတယ်။ 

Friday, December 5, 2014

စကားထစ်လို့ ဆေးခန်းပြရင်

ဒေါက်တာ အေးမင်းထူး ခင်ဗျာ။ဆရာရေးထားတဲ့ စကားထစ်သူများအတွက် သောက်ဆေး post ထဲက ဆေးတွေက ဆေးဆိုင်မှာ
ဆရာဝန်ထောက်ခံချက်မပါပဲဝယ်လို့ရနိုင်ပါသလား။ ဒါမှမဟုတ် စိတ်ကျန်းမာရေး
ဆရာဝန် တစ်ယောက်ယောက်နဲ့တိုင်ပင်ပီး ပြကြည့်ချင်ပါတယ်။ ရန်ကုန်မှာ
ဘယ်ဆရာဝန်နဲ့ပြရင် ကောင်းပါသလဲ။ကျေးဇူးပြုပီး လမ်းညွှန်ပေးပါခင်ဗျာ။

Prokind(Propantheline 15 mg) အစာအိမ်ရောဂါအတွက်

Prokind တလုံးမှာ Propantheline 15mg ပါဝင်တယ်။မြန်မာနိုင်ငံမှာ prokind နာမည်နဲ့ ရနိုင်တယ်။ဘင်္ဂလားဒေရှ့်က လာတယ်။ တကဒ်(alu-alu)မှာ ၁၀လုံး ပါတယ်။ 

ဆေးရဲ့ အာနိသင်
1.anticholinergic(relax smooth muscle via nerve)အူလမ်းကြောင်းမှာရှိတဲ့ အာရုံခံနာ့ဖ်ကို ပိတ်ပင်ပြီး ကြွက်သားပြေလျှော့၊ကိုယ်တွင်းစစ်ထုတ်ရည် လျှော့ကျစေတယ်။
2.direct smooth muscle relaxation အူလမ်းကြောင်းကြွက်သားကို တိုက်ရိုက် ပြေလျှော့စေတယ်။

Monday, December 1, 2014

ကိုယ်တွေ့ဝိတ်ချနည်း

ဝိတ်ချရတာ မလွယ်ပါဘူး။ ဒါကို ဝိတ်ချဖူးသူတိုင်း သိကြတယ်။ စာရေးသူကိုယ်တိုင်လည်း ဝိတ်ချဖူးသူဖြစ်တော့ ဘယ်လောက်ခက်ခဲလည်း ပိုသိတယ်။ လွန်ခဲ့တဲ့ (၁)နှစ်လောက်က ဝိတ်ချဖူးတယ်။ အစားအသောက်၊အနေအထိုင်၊ လေ့ကျင့်ခန်းကစပြီး စနစ်တကျ သေချာတစိုက်မတ်မတ်လုပ်တော့ (၃)လအတွင်း သိသိသာသာ ပိန်ကျသွားတယ်။ ဒါကိုမသိတဲ့ လူနာတွေကတော့ သူတို့ဆရာလုပ်သူကို ကြည့်ပြီး သနားနေရှာတယ်။ဆရာလည်း နည်းနည်းပိန်သွားတယ် နော်။ အလုပ်များနေလို့နဲ့ တူတယ်ပေါ့။ အမှန်က ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသလို ကိုယ်တိုင်ဝိတ်ချ၊အစားအသောက်ရှောင်တော့ မျက်နှာက ကျသွားသလို လူကလည်း သေးသွားတယ်။ ပိန်တာမှ တုတ်ချောင်းလေး ထောင်ထားသလိုကို

Friday, November 28, 2014

နှင်းခူနာဆိုတာ သေချာပြီလား


ဒေါက်တာရှငိ့
ကျွန်မကတော့ကျောင်းသူတစ်ဦးပါ ဓာတ်မတည့်တဲ့ရောဂါခံစားရတာသုံးနှစ်လောက်ရှိပါပြီရှင့် အရေပြားဆရာဝန်နဲ့လည်းပြခဲ့ပါတယ်ရှင့် သို့သော်လည်းပြောက်လိုက်ပြန်ဖြစ်လိုက်ဖြစ်နေပါတယ်
ဆရာဝန်ကနှင်းခူလို့ပြောပါတယ်
ကြောင်မွေးဖူးတော့အဲ့ကကူးတာပါတဲ့
ခုတော့ကြောင်လည်းမရှိပါဘူးဆရာ ရောဂါကတော့မပြောက်သေးပါဘူးရှင့်
အုန်းဆီလိမ်းပီးမခြောက်သွေ့အောင်ထားပါတယ်ရှင့်

လေးဖက်နာပိုး စစ်ခြင်း

ASOစစ်တာကို မြန်မာတွေအလွယ်ခေါ်တော့ လေးဖက်နာပိုးတဲ့။ တကယ်က ပိုးကိုစစ်တာမဟုတ်ပါဘူး။ အင်တီဘော်ဒီ ဓာတ်ကို စစ်တာ။ ဆေးစာလိုရေးတော့ ASOစစ်တာလို့ အလွယ်ခေါ်တယ် ရေးတယ်။ ASOဆိုတာ Anti-Streptolysin Oဆိုတာကို အတိုကောက်ခေါ်ဝေါ်တာပါ။ Streptolysin Oဆိုတဲ့ အင်တီဂျင်ကို တိုက်တဲ့ အင်တီဘော်ဒီကို ASOလို့ ခေါ်ပါတယ်။ ASOက လေးဖက်နာအဖျားရောဂါ(acute rheumatic fever)ရဲ့ ၈၅ရာခိုင်နှုန်းမှာ တက်နေတတ်တယ်။တနည်းအားဖြင့် လေးဖက်နာပိုးဝင်သူရဲ့ ၁၅-၂၀ရာခိုင်နှုန်းဟာ ASO titerတက်မှာ မဟုတ်ဘူး။ ဆိုလိုချင်တာက လေးဖက်နာအဖျားရှိသူ ၅ယောက်မှာ လေးယောက်ပဲ ASO တက်နေတာတွေ့ရပါမယ်။  

Wednesday, November 26, 2014

သားအိမ်ထုတ်ပြီးတဲ့အခါ

ဆရာ
ကျမက အသက် (၄၀)လောက်က သားအိမ်
ထုတ်ထားပါတယ်၊အပျို ကြီးပါ၊အခုက (၄၄)နှစ်ပါ၊အခုကျမ
ညာဘက်ခြေဖနောင့်ကနာနေပါတယ်ဆရာ သားအိမ်ထုတ်ထားတာနဲ့ဆိုင်လား
ဆရာ နောက်ပြီးအဲ့ဒီလိုလူတွေဟာ ဘယ်လိုအစားအသောက်တွေ ဘာဆေး
တွေသောက်ရမလဲ ကျမကသာမာန်
ရုံးဝန်ထမ်းပါ၊ကျေးဇူးတင်ပါတယ်။

Thursday, November 20, 2014

အတက်ရောဂါ အယူအဆမှားများ

ဆရာရှင့်​ ​လေထုညစ်​ညမ်းတာနဲ့ ပတ်​သက်​ပြီး ​ဖြေကြား​ပေးတာ ​ကျေးဇူးတင်​ပါတယ်​။ ဆရာရဲ့ ကျန်းမာ​ရေးနဲ့ ပတ်​သက်​တဲ့ ​ဆောင်းပါး​တွေအတွက်​ အထူးျေးဇူးတင်​ပါတယ်​။ ​နောက်​တစ်​ခု​မေးပါရ​စေ အတက်​​ရောဂါ နဲ့ မြန်​မာလို​ခေါ်တဲ့ ၀က်​ရူးပြန်​​ရောဂါက အတူတူပါပဲလား။ အတက်​​ရောဂါကို အဂ်​လိပ်​လို ဘယ်​လို ​ခေါ်လဲ သိချင်​ပါတယ်​ ဆရာ  အခု အတက်​​ရောဂါနဲ့ ပတ်​သက်​တဲ့ program တစ်​ခု လုပ်​ချင်​လို့ပါ။ mrtv မှာ အလုပ်​ လုပ်​ ပါတယ်​။ ​မေးသမျှကို အ​လေးအနက်​ထားပြန်​လည်​ ​ဖြေကြား​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ရှိပါ​ကြောင်း ထပ်​မံ​ပြောကြားပါရ​စေ။ ဆရာလဲ ကျန်းမာပါ​စေ။ လိုင်းမ​ကောင်းလို့ email က ချက်​ချင်းဖွင့်​လို့မရဘူး။ so many thanks.

Tuesday, November 18, 2014

အီး-စီးကရက် သတိပေးချက်

လျှပ်စစ် စီးကရက်(electronic cigarette)တွေ ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ ပထမဆုံး စတင်တီထွင်သူက Hon Lik(ဟွန်လစ်ခ်)ဆိုတဲ့ တရုတ်လူမျိုးတယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက အဆုတ်ကင်ဆာနဲ့ ဆုံးပြီးနောက်ပိုင်းမှာ လူကိုအန္တရာယ်မဖြစ်စေတဲ့ စီးကရက်မျိုး လုပ်ဖို့စိတ်ကူးရခဲ့ပါတယ်။ စိတ်ကူးရပုံက နည်းနည်း ထူးဆန်းတယ်။တနေ့မှာ ပင်လယ်တခုထဲမှာ ရေနစ်တယ်လို့ သူ အိပ်မက်မက်ပါတယ်။ သိပ်မကြာခင် အဆိုပါရေတွေကနေ ကြီးမားတဲ့ အခိုးအငွေ့တွေ အဖြစ်ပြောင်းလဲသွားပါသတဲ့။ အိပ်ရာကနိုးတဲ့အခါ စိတ်ကူးရသွားပြီး အရည်ကနေ အခိုးအငွေ့အဖြစ်ပြောင်းနိုင်တဲ့ စီးကရက်တမျိုး တီထွင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲဒီနောက်ပိုင်းက စပြီး တီထွင်မှုကို

Tuesday, November 11, 2014

ခွေးနှိမ်နင်းရေး အရေးကြီးပြီ

ခွေးရူးအကြောင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် က ဆောင်းပါးတပုဒ်ရေးဖူးတယ်။ အခုလည်း အကြောင်းသင့်လို့ ထပ်ရေးပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ခွေးကိုက်ခံရတဲ့ လူနာတွေ နေ့စဉ်ရက်ဆက်နည်းပါးလောက် လာပြကြလို့ပါ။ ပျမ်းမျှအချိုးချကြည့်ရင် နှစ်ရက် တယောက်နှုန်းလောက် ရှိမယ် ထင်ပါတယ်။ အများသိထားသလို ခွေးကိုက်ပြီ ဆိုတာနဲ့ ခွေးရူးကာကွယ်ဆေး ထိုးရပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ခွေးရူး၊ခွေးကောင်း မခွဲခြားနိုင်လို့ပါ။ ခွေးရူးကာကွယ်ဆေး တလုံးရဲ့ ဈေးက ဒီနေ့ခေတ်ပေါက်ဈေးနဲ့ သောင်းဂဏာန်းလောက် ရှိပါတယ်။ ဆေးထိုးတဲ့အခါ တလုံး ထဲထိုးလို့မရဘူး။ အနည်းဆုံး လေးလုံး၊ငါးလုံး ထိုးရပါတယ်။ ထိုးတဲ့အခါ လက်မောင်း(သို့)ပေါင် ကို အသားဆေးထိုးရတယ်။ 

Thursday, November 6, 2014

စက္ခုစေတနာ မျက်ကြည်လွှာ

ဒေါက်တာ
အခု ဓာတ်ပုံထဲက ကလေးက မျက်မမြင်ပါ။ သူ မျက်ကြည်လွှာ အစားထိုးပြီး ပြန်မြင်နိုင်မမြင်နိုင် သိချင်ပါတယ်။ 
အသက် ၂၂ပါ၊ ရောဂါ - ၅ နှစ်သားမှာ အပြင်းဖျားပြီး မျက်စိကွယ်။ သူ့ကိုယ်စား ပြောပြတဲ့သူက ကျောက်ပေါက်ပြီး ကွယ်တယ် ပြောတယ်။ သူ ငါးနှစ်သားမှာ ကမ္ဘာပေါ်မှာ ကျောက်ရောဂါ မရှိတော့ဘူးဆိုတော့ တခြားရောဂါတစ်ခုခု ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာလဲတော့ ကျွန်မမသိပါဘူး။ 
မျက်စိပြန်မြင်နိုင်တဲ့ မျှော်လင့်ချက် ရှိမရှိ သိချင်ပါတယ်။

Tuesday, November 4, 2014

အရက် သင်ခန်းစာ

အရက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတပုဒ် ကြားဖူးတယ်။ တခါက ဆရာတယောက်က ကျောင်းသားတွေကို  ကျန်းမာရေးပညာပေးပါသတဲ့။ အရက်နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို သိရှိအောင် လက်တွေ့သက်သေပြတဲ့အနေနဲ့ တပည့်တွေရှေ့မှာပဲ ရောဂါပိုးမွှားတွေရှိနေတဲ့ ခွက်တခုထဲကို အရက်တွေ လောင်းထည့်လိုက်ပါတယ်။ သိပ်မကြာခင်ပဲ ခွက်ထဲမှာရှိတဲ့ ရောဂါပိုးမွှားတွေ သေကုန်တာလည်းမြင်ရောတော့ ဆရာလုပ်သူက ကျောင်းသားတွေကို ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်ပြီး အရက်နဲ့ပတ်သက်တဲ့ ဘာ သင်ခန်းစာတွေ ရလိုက်သလဲပေါ့။ အဲဒီမှာ ကျောင်းသားတယောက်က ထဖြေပါသတဲ့။ အရက်ကို သောက်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါပိုးမွှားတွေ ကင်းစင်သွားပါတယ်ဆရာ။ ကဲ..စာဖတ်သူကော ဘယ်လိုထင်ပါသလဲ။ ဘယ်အမြင်ကို ထောက်ခံချင်ပါသလဲ။ 

Sunday, November 2, 2014

လေထုညစ်ညမ်းရောဂါ


ဆရာရှင့်​ ​မေးခွန်း​ဖြေ​ပေးတာ ​ကျေးဇူးတင်​စကား ​ပြောကြားပါရ​စေ။ ​နောက်​​မေးခွန်းတစ်​ခုလည်း​မေးပါရ​စေ။ ​လေထုညစ်​ညမ်းတာ​ကြောင့်​ ဘယ်​လို​ရောဂါမျိုးခံစားရနိုင်​ပါသလဲရှင့်​။ ဥပမာ ရန်​ကုန်​မှာဆိုရင်​ ​လေလုံးဝ မသန့်​သ​လောက်​ဖြစ်​​နေတယ်​။ ​နောက်​ပြီး ​ဈေးကြီး​တွေဆိုရင်​လည်း သူ့ပတ်​၀န်းကျင်​မှာ​လေမသန့်​ဘူး။ အဲဒါကို ​နေ့စဉ်​ဒီလိုအနံ့​တွေရှု​နေရရင်​ ​ရေရှည်​မှာ ကျန်းမာ​ရေး​ကောင်းနိုင်​ပါ့မလား။ အကျယ်​တ၀င့်​ research လုပ်​ထားတာမျိုး ရှိနိုင်​ရင်​လည်း ဘယ်​လိုရယူဖတ်​ရှုရမလဲဆိုတာ လမ်းညွှန်​​ပေးပါဦးရှင့်​။ ဆရာ့ရဲ့ page ထဲမှာလည်း အကျယ်​တ၀င့်​​ရေးသားပြီး တင်​​ပေးထားဖို့​တောင်းဆိုချင်​ပါတယ်​။ ​ကျေးဇူးတင်​​လေးစားစွာဖြင့်
......

Wednesday, October 29, 2014

Zoonotic disease တိရိစ္ဆာန် ကူးစက်ရောဂါ

ဆရာရှင့် အိမ်မွေးတိရစာန် မွေးထားရင် ထိတွေ့တာများရင် လူ၊ ကလေးမှာ ဘယ်လို ကျန်းမာရေးထိခိုက်မှု တွေဖြစ်နိုင် ပါသလဲရှင့်

တိရိစ္ဆာန်ကနေ ကူးစက်တဲ့ရောဂါကို zoonotic diseaseလို့ ခေါ်ပါတယ်။ ရောဂါတွေကတော့ အများကြီးပေါ့။ Lyme's disease, Brucellosis, toxoplasmosis, leptospirosis, plague, tularaemia, listeriosis စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။နောက်ပြီး ဒီကြားထဲ လတ်တလောခေတ်စားနေတဲ့ အီဘိုလာနဲ့ မားစ်ကိုလည်း ထည့်ဦးမှ ပြည့်စုံပါလိမ့်မယ်။ အခုကမ္ဘာမှာဖြစ်နေတဲ့ အီဘိုလာလိုမျိုး၊မားစ်လိုရောဂါတွေဟာ တိရိစ္ဆာန်တွေကနေ ဗိုင်းရပ်စ်ကူးစက်လို့ဖြစ်ရတယ်။ တချို့က အိမ်မွေးတိရိစ္ဆာန်တွေ မွေးတဲ့

Tuesday, October 28, 2014

ယောဂနဲ့ ရောဂါ

ရောဂါတွေကို ယောဂနဲ့ကုရင် ပျောက်ကင်းနိုင်ပါ သလားဆိုတဲ့မေးခွန်းကို သိပ်မကြာခင် လူနာတယောက်က မေးခဲ့ပါတယ်။ မေးခွန်းက တခွန်းထဲဖြစ်ပေမယ့် အဖြေကတော့ တခုတည်းနဲ့ မရနိုင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ မေးထားတဲ့မေးခွန်းကိုက မပြည့်စုံလို့ ဖြစ်ပါတယ်။ ရောဂါဆိုတဲ့နေရာမှာ ဘယ်လိုရောဂါတွေကို ကုသဖို့လဲ၊ ပျောက်ကင်းချင်တာလဲ ဆိုတာပိုအရေးကြီးတဲ့ အပိုင်းဖြစ်တယ်။ မပြည့်စုံတဲ့ မေးခွန်းတခုအတွက် ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေ အများကြီးရှိပါတယ်။ အကြောင်းအရာပေါင်းစုံ၊ရှုထောင့်ပေါင်းစုံကို  လေ့လာသုံးသပ်ပြီးမှ အမှန်တရားနဲ့ ပိုနီးစပ်တဲ့ အဖြေကို ရမှာ ဖြစ်ပါတယ်။ မေးခွန်းကို မဖြေခင် ယောဂဆိုတာ ဘာလဲအရင်ဆုံး လေ့လာကြည့်ပါ။