Friday, November 28, 2014

နှင်းခူနာဆိုတာ သေချာပြီလား


ဒေါက်တာရှငိ့
ကျွန်မကတော့ကျောင်းသူတစ်ဦးပါ ဓာတ်မတည့်တဲ့ရောဂါခံစားရတာသုံးနှစ်လောက်ရှိပါပြီရှင့် အရေပြားဆရာဝန်နဲ့လည်းပြခဲ့ပါတယ်ရှင့် သို့သော်လည်းပြောက်လိုက်ပြန်ဖြစ်လိုက်ဖြစ်နေပါတယ်
ဆရာဝန်ကနှင်းခူလို့ပြောပါတယ်
ကြောင်မွေးဖူးတော့အဲ့ကကူးတာပါတဲ့
ခုတော့ကြောင်လည်းမရှိပါဘူးဆရာ ရောဂါကတော့မပြောက်သေးပါဘူးရှင့်
အုန်းဆီလိမ်းပီးမခြောက်သွေ့အောင်ထားပါတယ်ရှင့်

လေးဖက်နာပိုး စစ်ခြင်း

ASOစစ်တာကို မြန်မာတွေအလွယ်ခေါ်တော့ လေးဖက်နာပိုးတဲ့။ တကယ်က ပိုးကိုစစ်တာမဟုတ်ပါဘူး။ အင်တီဘော်ဒီ ဓာတ်ကို စစ်တာ။ ဆေးစာလိုရေးတော့ ASOစစ်တာလို့ အလွယ်ခေါ်တယ် ရေးတယ်။ ASOဆိုတာ Anti-Streptolysin Oဆိုတာကို အတိုကောက်ခေါ်ဝေါ်တာပါ။ Streptolysin Oဆိုတဲ့ အင်တီဂျင်ကို တိုက်တဲ့ အင်တီဘော်ဒီကို ASOလို့ ခေါ်ပါတယ်။ ASOက လေးဖက်နာအဖျားရောဂါ(acute rheumatic fever)ရဲ့ ၈၅ရာခိုင်နှုန်းမှာ တက်နေတတ်တယ်။တနည်းအားဖြင့် လေးဖက်နာပိုးဝင်သူရဲ့ ၁၅-၂၀ရာခိုင်နှုန်းဟာ ASO titerတက်မှာ မဟုတ်ဘူး။ ဆိုလိုချင်တာက လေးဖက်နာအဖျားရှိသူ ၅ယောက်မှာ လေးယောက်ပဲ ASO တက်နေတာတွေ့ရပါမယ်။  

Wednesday, November 26, 2014

သားအိမ်ထုတ်ပြီးတဲ့အခါ

ဆရာ
ကျမက အသက် (၄၀)လောက်က သားအိမ်
ထုတ်ထားပါတယ်၊အပျို ကြီးပါ၊အခုက (၄၄)နှစ်ပါ၊အခုကျမ
ညာဘက်ခြေဖနောင့်ကနာနေပါတယ်ဆရာ သားအိမ်ထုတ်ထားတာနဲ့ဆိုင်လား
ဆရာ နောက်ပြီးအဲ့ဒီလိုလူတွေဟာ ဘယ်လိုအစားအသောက်တွေ ဘာဆေး
တွေသောက်ရမလဲ ကျမကသာမာန်
ရုံးဝန်ထမ်းပါ၊ကျေးဇူးတင်ပါတယ်။

Thursday, November 20, 2014

အတက်ရောဂါ အယူအဆမှားများ

ဆရာရှင့်​ ​လေထုညစ်​ညမ်းတာနဲ့ ပတ်​သက်​ပြီး ​ဖြေကြား​ပေးတာ ​ကျေးဇူးတင်​ပါတယ်​။ ဆရာရဲ့ ကျန်းမာ​ရေးနဲ့ ပတ်​သက်​တဲ့ ​ဆောင်းပါး​တွေအတွက်​ အထူးျေးဇူးတင်​ပါတယ်​။ ​နောက်​တစ်​ခု​မေးပါရ​စေ အတက်​​ရောဂါ နဲ့ မြန်​မာလို​ခေါ်တဲ့ ၀က်​ရူးပြန်​​ရောဂါက အတူတူပါပဲလား။ အတက်​​ရောဂါကို အဂ်​လိပ်​လို ဘယ်​လို ​ခေါ်လဲ သိချင်​ပါတယ်​ ဆရာ  အခု အတက်​​ရောဂါနဲ့ ပတ်​သက်​တဲ့ program တစ်​ခု လုပ်​ချင်​လို့ပါ။ mrtv မှာ အလုပ်​ လုပ်​ ပါတယ်​။ ​မေးသမျှကို အ​လေးအနက်​ထားပြန်​လည်​ ​ဖြေကြား​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ရှိပါ​ကြောင်း ထပ်​မံ​ပြောကြားပါရ​စေ။ ဆရာလဲ ကျန်းမာပါ​စေ။ လိုင်းမ​ကောင်းလို့ email က ချက်​ချင်းဖွင့်​လို့မရဘူး။ so many thanks.

Tuesday, November 18, 2014

အီး-စီးကရက် သတိပေးချက်

လျှပ်စစ် စီးကရက်(electronic cigarette)တွေ ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ ပထမဆုံး စတင်တီထွင်သူက Hon Lik(ဟွန်လစ်ခ်)ဆိုတဲ့ တရုတ်လူမျိုးတယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက အဆုတ်ကင်ဆာနဲ့ ဆုံးပြီးနောက်ပိုင်းမှာ လူကိုအန္တရာယ်မဖြစ်စေတဲ့ စီးကရက်မျိုး လုပ်ဖို့စိတ်ကူးရခဲ့ပါတယ်။ စိတ်ကူးရပုံက နည်းနည်း ထူးဆန်းတယ်။တနေ့မှာ ပင်လယ်တခုထဲမှာ ရေနစ်တယ်လို့ သူ အိပ်မက်မက်ပါတယ်။ သိပ်မကြာခင် အဆိုပါရေတွေကနေ ကြီးမားတဲ့ အခိုးအငွေ့တွေ အဖြစ်ပြောင်းလဲသွားပါသတဲ့။ အိပ်ရာကနိုးတဲ့အခါ စိတ်ကူးရသွားပြီး အရည်ကနေ အခိုးအငွေ့အဖြစ်ပြောင်းနိုင်တဲ့ စီးကရက်တမျိုး တီထွင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲဒီနောက်ပိုင်းက စပြီး တီထွင်မှုကို

Tuesday, November 11, 2014

ခွေးနှိမ်နင်းရေး အရေးကြီးပြီ

ခွေးရူးအကြောင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် က ဆောင်းပါးတပုဒ်ရေးဖူးတယ်။ အခုလည်း အကြောင်းသင့်လို့ ထပ်ရေးပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ခွေးကိုက်ခံရတဲ့ လူနာတွေ နေ့စဉ်ရက်ဆက်နည်းပါးလောက် လာပြကြလို့ပါ။ ပျမ်းမျှအချိုးချကြည့်ရင် နှစ်ရက် တယောက်နှုန်းလောက် ရှိမယ် ထင်ပါတယ်။ အများသိထားသလို ခွေးကိုက်ပြီ ဆိုတာနဲ့ ခွေးရူးကာကွယ်ဆေး ထိုးရပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ခွေးရူး၊ခွေးကောင်း မခွဲခြားနိုင်လို့ပါ။ ခွေးရူးကာကွယ်ဆေး တလုံးရဲ့ ဈေးက ဒီနေ့ခေတ်ပေါက်ဈေးနဲ့ သောင်းဂဏာန်းလောက် ရှိပါတယ်။ ဆေးထိုးတဲ့အခါ တလုံး ထဲထိုးလို့မရဘူး။ အနည်းဆုံး လေးလုံး၊ငါးလုံး ထိုးရပါတယ်။ ထိုးတဲ့အခါ လက်မောင်း(သို့)ပေါင် ကို အသားဆေးထိုးရတယ်။ 

Thursday, November 6, 2014

စက္ခုစေတနာ မျက်ကြည်လွှာ

ဒေါက်တာ
အခု ဓာတ်ပုံထဲက ကလေးက မျက်မမြင်ပါ။ သူ မျက်ကြည်လွှာ အစားထိုးပြီး ပြန်မြင်နိုင်မမြင်နိုင် သိချင်ပါတယ်။ 
အသက် ၂၂ပါ၊ ရောဂါ - ၅ နှစ်သားမှာ အပြင်းဖျားပြီး မျက်စိကွယ်။ သူ့ကိုယ်စား ပြောပြတဲ့သူက ကျောက်ပေါက်ပြီး ကွယ်တယ် ပြောတယ်။ သူ ငါးနှစ်သားမှာ ကမ္ဘာပေါ်မှာ ကျောက်ရောဂါ မရှိတော့ဘူးဆိုတော့ တခြားရောဂါတစ်ခုခု ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာလဲတော့ ကျွန်မမသိပါဘူး။ 
မျက်စိပြန်မြင်နိုင်တဲ့ မျှော်လင့်ချက် ရှိမရှိ သိချင်ပါတယ်။

Tuesday, November 4, 2014

အရက် သင်ခန်းစာ

အရက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတပုဒ် ကြားဖူးတယ်။ တခါက ဆရာတယောက်က ကျောင်းသားတွေကို  ကျန်းမာရေးပညာပေးပါသတဲ့။ အရက်နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို သိရှိအောင် လက်တွေ့သက်သေပြတဲ့အနေနဲ့ တပည့်တွေရှေ့မှာပဲ ရောဂါပိုးမွှားတွေရှိနေတဲ့ ခွက်တခုထဲကို အရက်တွေ လောင်းထည့်လိုက်ပါတယ်။ သိပ်မကြာခင်ပဲ ခွက်ထဲမှာရှိတဲ့ ရောဂါပိုးမွှားတွေ သေကုန်တာလည်းမြင်ရောတော့ ဆရာလုပ်သူက ကျောင်းသားတွေကို ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်ပြီး အရက်နဲ့ပတ်သက်တဲ့ ဘာ သင်ခန်းစာတွေ ရလိုက်သလဲပေါ့။ အဲဒီမှာ ကျောင်းသားတယောက်က ထဖြေပါသတဲ့။ အရက်ကို သောက်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါပိုးမွှားတွေ ကင်းစင်သွားပါတယ်ဆရာ။ ကဲ..စာဖတ်သူကော ဘယ်လိုထင်ပါသလဲ။ ဘယ်အမြင်ကို ထောက်ခံချင်ပါသလဲ။ 

Sunday, November 2, 2014

လေထုညစ်ညမ်းရောဂါ


ဆရာရှင့်​ ​မေးခွန်း​ဖြေ​ပေးတာ ​ကျေးဇူးတင်​စကား ​ပြောကြားပါရ​စေ။ ​နောက်​​မေးခွန်းတစ်​ခုလည်း​မေးပါရ​စေ။ ​လေထုညစ်​ညမ်းတာ​ကြောင့်​ ဘယ်​လို​ရောဂါမျိုးခံစားရနိုင်​ပါသလဲရှင့်​။ ဥပမာ ရန်​ကုန်​မှာဆိုရင်​ ​လေလုံးဝ မသန့်​သ​လောက်​ဖြစ်​​နေတယ်​။ ​နောက်​ပြီး ​ဈေးကြီး​တွေဆိုရင်​လည်း သူ့ပတ်​၀န်းကျင်​မှာ​လေမသန့်​ဘူး။ အဲဒါကို ​နေ့စဉ်​ဒီလိုအနံ့​တွေရှု​နေရရင်​ ​ရေရှည်​မှာ ကျန်းမာ​ရေး​ကောင်းနိုင်​ပါ့မလား။ အကျယ်​တ၀င့်​ research လုပ်​ထားတာမျိုး ရှိနိုင်​ရင်​လည်း ဘယ်​လိုရယူဖတ်​ရှုရမလဲဆိုတာ လမ်းညွှန်​​ပေးပါဦးရှင့်​။ ဆရာ့ရဲ့ page ထဲမှာလည်း အကျယ်​တ၀င့်​​ရေးသားပြီး တင်​​ပေးထားဖို့​တောင်းဆိုချင်​ပါတယ်​။ ​ကျေးဇူးတင်​​လေးစားစွာဖြင့်
......