Thursday, November 14, 2019

ချိုင်းချွေးနံ့ ပျောက်နည်း

မနေ့က ကျန်းမာရေးမေးခွန်းတွေထဲမှာ ချိုင်းချွေးနံ့ပျောက်နည်း မေးထားတာတွေ့တယ်။သုံးယောက်လောက်ရှိမယ်ထင်တယ်။ ကျောက်ချဉ်(alum)သုံးနည်းကတော့ လူတိုင်းသိလို့ အကျယ်တဝံ့မရေးတော့ပါ။ အခုနည်းက လွယ်တယ်ထင်လို့ ရေးပါရစေ။ ချိုင်းချွေးနံ့ပျောက်အောင် အိမ်သုံးနည်းနဲ့ စမ်းလို့ရတယ်။ အားလူးနဲ့ ဆော်ဒါမှုန့်(baking soda)ပဲ လိုတယ်။ 


အရင်ဆုံး အာလူးကို ပါးပါးလှီးပြီး ချိုင်းချွေးထွက်တဲ့နေရာတွေမှာ သုံးမိနစ်ကြာအောင် အရင်ပွတ်ပေးရတယ်။ ပြီးရင် ခြောက်သွေ့အောင် ခဏထားပါ။ လိမ်းထားတဲ့နေရာကို ဆော်ဒါမှုန့်(baking soda)နဲ့ သိပ်ပေးပြီး ညလုံးပေါက်ထားရမယ်။ မနက်အိပ်ရာထတဲ့အခါ အဆိုပါနေရာကို ရေခပ်နွေးနွေးနဲ့ သန့်စင်ပေးပါ။ ဒီနည်းအတိုင်း ချိုင်း၊လည်ပင်း၊လက်မောင်းအတွင်းပိုင်း၊ပေါင်ခြံ၊ခြေဖဝါး၊ လက်ဖဝါး စတဲ့နေရာတွေမှာလည်း သုံးပေးနိုင်တယ်။တရက်ခြားတခါ ပြုလုပ်ပေးရုံနဲ့ နှစ်ပတ်အတွင်း ချိုင်းချွေးနံ့ထွက်တာ  သိသိသာသာ သက်သာလာလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
၁၆..၁၆

No comments:

Post a Comment