ဝက်ခြံနဲ့ပတ်သက်ရင် အတွေ့အကြုံ စုံလင်သလို ပြောစရာတွေလည်းများလှပါတယ်။ မြန်မာလူမျိုးတွေ ဘာလို့ဝက်ခြံပေါက်လဲ။ ဒါတော်တော်လေးကောင်းတဲ့ မေးခွန်းပါ။ အဓိကတချက်ကို ပြောပါဆိုရင် ကိုယ်နဲ့ကိုက်မှန်းလည်းမသိ၊ မကိုက်မှန်းလည်း မသိတဲ့ skin care တွေကို သုံးနေလို့ဖြစ်တယ်။ ဥပမာ - moisturizer အစိုဓာတ်ထိန်းဆေးဆိုတာ အသားအရေခြောက်သူတွေသုံးတာ။ ဂျပန်၊ကိုရီးယားစတဲ့နိုင်ငံတွေက လေထုစိုထိုင်းစနည်းလို့ ၊ရာသီဥတုအေးလို့၊ အသားခြောက်သွေ့လို့ သုံးတယ် ထားပါတော့။ မြန်မာလူမျိုးတွေက ဘာဖြစိလို့ သုံး ကြတာလဲ။ ပတ်ဝန်းကျင်မှာ မြန်မာလူမျိုး ဘယ်နှစ်ယောက် အသားအရေခြောက်တာမြင်ဖူးပါသလဲ။
နေရတာက အပူပိုင်းဒေသ၊ အတိအကျပြောရင် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီနဲ့ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ကြားလောက်မှာ တည်ရှိတယ်။ ဖုန်ထူလိုက်တာလည်း လွန်ပါလေရော၊ ဒီကြားထဲ အသားအရေရဲ့ ၇၀ ရာခိုင်နှုန်းက အဆီပြန်နေသေးတယ်။ သည်လိုလူမျိုးတွေက အစိုဓာတ်ထိန်ဆေး တကယိကော လိုပါဦးမလား။ မျကိနှာအဆီပြန်ကတည်းက အဆီလွှာနဲ့ ထိန်းပြီးသားမို့ အသားအရေခြောက်ဖို့ သိပ်မဖြစ်နိုင်ပါ။ ဖြစ်ချင်းဖြစ်ရင် ဝက်ခြံသာဖြစ်ပါလိမ့်မယ်။
အစိုဓာတ်ထိန်းဆေးဆိုတာ အဆီထည့်ထားတဲ့ လိမ်းဆေးတမျိုးဖြစ်တယ်။ သုံးတဲ့အဆီအများစုက တိရိစ္ဆာန်ကရတဲ့ myristic acid, stearic acid, သိုးအဆီဂလင်းကရတဲ့ lanolin, ပျားဖယောင်းဖြစ်တဲ့ beewax, shea butter ထောပတ်နဲ့ အပင်ဆီ(almond oil) စတာတွေပါတယ်။ ဒီအဆီတွေက ဝက်ခြံကို ပိုဖြစ်စေတယ်။ skin care တစ်ခုသူံးရင် အထဲမှာပါတဲ့ ပစ္စည်းတွေ အရင်ကြည့်ရတယ်။ နားမလည်ဘဲ သုံးနေရင် ဝက်ခြံပေါက်တတ်တယ်။
နောက်တချက်က အစားအသောက်ပါ။ စားသောက်နေထိုင်ပုံမမှန်ရင်လည်း ဝက်ခြံထွက်တတ်ပါတယ်။ မြန်မာလူမျိုးအများစု့ အငန်ကြိုက်တယ်။ ငါးပိ၊ငါးခြောက်၊ငံပြာရည်တွေ အစားများတယ်။ အငန်ဓာတ် ခန္ဓာကိုယ် ရောင်ရမ်းခြင်းကို အားပေးတယ်။ ဝက်ခြံထွက်လာတယ်။ ပြုပြင်ထားတဲ့အစားအစာ နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဟာinsulin ပမာဏကို ရုတ်တရက် မြှင့်တက်စေတာကြောငိ့ ဝက်ခြံထွက်တတ်တယ်။
အချိုဓာတ်ကဲတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ သွေးတွင်း ဂလူးကို့စ်ပမာဏ ရုတ်တရက်တက်ရင် အင်ဆူလင်ရုတ်တရက်များပြီး အဆီဂလင်းက ပိုအလုပ်လုပ်ရတယ်။ ရလာဒ်ကတော့ ဝက်ခြံထွက်လာမယ်။ချောကလက်တွေကလည်း ဝက်ခြံကို ထွက်စေတယ်။ လေ့လာမှုတခုမှာ ချောကလက်စားပြီး ၄ ရက်မြောက်နေ့မှာ ဝက်ခြံဖြစ်ပွားမှုနှုန်း ၁၄၀% ထိ တိုးပွားလာပြီး ၇ ရက်မြောက်နေ့မှာ ၁၆၀ % ထိ မြင့်တက်လာတာတွေ့ရတယ်။ ဒါတင်မက ကြက်ဥ၊ ခန္ဓာကိုယ်ကြီးထွားစေတဲ့ ပရိုတင်းမှုန့်တွေကလည်း ဖြစ်တတ်ပါတယ်။ ဆီကြော်စာတွေနဲ့ အာလူးချောင်းေ့ကြာ်တွေက အဆီထုတ်လုပ်မှုများစေလို့ ဝက်ခြံထွက်တတ်တယ်။
အနောက်နိုင်ငံတွေရဲ့ စားသောက်နေထိုင်မှုပုံစံအရ omega 6: omega 3 အချိုးအဆက 10 :1 ဖြစ်နေပါတယ်။ အရှေ့တိုင်းမှာတော့ 3:1 အချိုးအဆရှိတယ်။ omega 6 များတဲ့အစားအသောက်တွေဟာ pro-inflammatory mediator ကိုမြင့်တက်လာပြီး ရောင်ရမ်းဝက်ခြံကို ဖြစ်ပေါ်စေတယ်။ဒါ့ပြင် နွားနို့သောက်သုံးမှုနဲ့ ဝက်ခြံကလည်း ဆက်စပ်နေပါတယ်။ နွားနို့သောကိခြင်းဟာ IGF-1 ပမာဏကို 10-20% နှုန်း မြှင့်တက်စေတယ်။ နို့ထွက်ပစ္စည်းမှာပါတဲ့betacellulin ဓာတ်က ဆဲလ်ကွဲပွားခြင်းနဲ့ မျက်နှာအဆီပြန်ခြင်းကို ဖြစ်စေပြီး ဝက်ခြံထွက်စေတယ်။
ခေတ်သစ်ဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ hippocrates ကတော့ "အစာလည်းဆေး၊ ဆေးလည်း အစာ"လို့ြေ့ဟခဲ့ဖူးပါတယ်။ အစားအသောက်သာ မှန်ကန်မျှတအောင်စားရင် ဆေးသောက်သလို ထိရောက်ကောင်းမွန်တယ်လို့ ဆိုလိုချင်တာပါ။ တကယ်လည်း ဝက်ခြံထွက်သူတွေမှာလည်း အစားအသောက်ကို မှန်ကန်မျှတအောင် စားသုံးပေးခြင်းဖြင့် ဝက်ခြံမပေါက်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။
လေ့လာတွေ့ရှိချက်တွေအရ ဝက်ခြံကာကွယ်ကုသဖို့အတွက် vitamin A 10000IU နေ့စဉ် သောက်သုံးဖို့လိုအပ်ပါတယ်။ ဒါ့ပြင် vitamin C , vitamin E, zinc, selenium နဲ့ carotenoids စတဲ့ အားဖြည့်ဆေးတွေကလည်း ဝက်ခြံထွက်ခြင်းကို လျှော့နည်းစေနိုင်တယ်။ နေ့စဉ် သွပ်ဓာတ် 30mg သောက်ခြင်းဟာ ဝက်ခြံဖြစ်ပွားမှုကို (၅၀)ရာခိုင်နှုန်းနိးပါးထိ ကာကွယ်နိုင်တယ်လို့ ဆိုတယ်။
ဝက်ခြံတွင် ရှောင်ရမယ့် အစားအစာများ
• နွားနို့
• ကြက်ဥ
• ပင်လယ်စာ
• ကော်ဖီ၊ လက်ဖက်ရည်
• အရက်၊ ဘီယာ
• အချိုရည်၊ အအေး ၊ ချောကလက်
• ပေါင်မုန့်၊ ဒိုးနတ်၊ ရေခဲမုန့်
• ခေါက်ဆွဲခြောက်ထုပ်
• ဝက်သား၊ အမဲသား၊ ဆိတ်သား
• ဆီကြော်စာများ၊ပြန်ကြော်ဆီများ
• အာလူးချောင်းကြော်
• ချောက်ကလက်၊ ကွတ်ကီး၊ ကိတ်မုန့်
• ငါးပိ၊ငါးခြောက်၊ ငံပြာရည်၊ ငါးဆားနယ်
• အပူအစပ် ၊ ငရုတ်သီးထောင်း
• မာလာဟင်း၊ မြေအိုးမာလာ၊ ဟော့ပေါ့
ဒေါက်တာ အေးမင်းထူး
၂၃.၆.၁၈
No comments:
Post a Comment