Saturday, July 5, 2014

ကြီးဆေးထိုးတာ အဆင်မပြေပါ


ဆရာ ကျွန်တော် ကျားအဂ်ါကြီးဆေးထိုးခဲ့တာ ရနှစ်လောက်ရှိပီ တစ်နှစ် ကို သုံးကြိမ်လောက် ကပ်ပယ်အိတ်ရောင်တယ်
မခံနိုင်အောင့်တယ် အူကြတာလား ဆေးထိုးထားတဲ့အရှိန်ကြောင့်လား ဘယ်လိုလုပ်ရင်အဆင်ပြေနိုင်ပါလဲ ခင်ဗျ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားစေလိုပါတယ်

ကပ်ပယ်အိတ်ရောင်တာ နဲ့အူကျတာ မတူညီပါဘူး။ အူကျသူအများစုဟာ ရေတိုသာဖြစ်တယ်။ ဒါပေမယ့် မကြာခဏပြန်ပေါ်တတ်တယ်။ ဝမ်းတွင်းဖိအားများတဲ့ အခြေအနေမျိုး(ဥပမာ ချောင်းဆိုး၊ဝမ်းညှစ်)မှာ ရုတ်တရက် ဖြစ်လာတတ်တယ်။ ကပ်ပယ်အိတ်ရောင်တာ ဖြစ်နိုင်ချေအမျိုးမျိုးရှိတယ်။ ပြင်ပအကြောင်းအရာတွေက အဓိကဖြစ်စေတယ်။ ဆေးထိုးတာမဖြစ်နိုင်ဘူးတော့ မဟုတ်ပါ။ ဆေးထိုးပြီး နောက်ပိုင်းကတည်းက
မကြာခဏဖြစ်ရင် ဆေးကြောင့် ဖြစ်နိင်တယ်။ ဒါပေမယ့် တနှစ်သုံးကြိမ်ဖြစ်တဲ့အတွက် ဒီအကြောင်းချည်း ဟုတ်ချင်မှ ဟုတ်မယ်။ အတူနေဖက်ကနေ ပိုးဝင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ကျားအကြောရောင်တာလည်း ထည့်သွင်းစဉ်းစားသင့်တယ်။ ဒီတော့ သေချာအောင် ဆရာဝန်နဲ့ ပြသသင့်တယ်။ အရမ်းရောင်နေရင် အလွယ်ဆုံးနည်းက ရေအေးဝတ်ကပ်ပါ။ တနေ့သံးကြိမ် ၁၅-၃၀မိနစ်ကြာကပ်ပါ။ ဖြစ်တာကို ဆရာဝန်နဲ့ ပြသပြီး တိုင်ပင်သင့်ပါတယ်။ ဆရာဝန်က လိုအပ်တာကို ဆက်လက်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၃.၇.၁၄

No comments:

Post a Comment