Monday, May 13, 2013

ဘီပိုးအဖြေတွေကို တချက်ကြည့်ပေးပါ

Result အဖြေတွေကို လေ့လာကြည့်ရင် အောက်ပါအတိုင်း တွေ့ရတယ်။


2012 စက်တင်ဘာ ရဲ့ result
-plt count သွေးဥမွှားက 150 ဖြစ်လို့ lower limitဖြစ်တယ်။ သွေးဥမွှားဆိုတာ သွေးခဲဖို့ လိုအပ်တဲ့ ဓာတ်တမျိုးပါ။
-အက်ထရာဆောင်းမှာ အသည်းကြီးတာမရှိ၊အဆီနည်းနည်းဖုံးတယ်လို့ ရေးထားတယ်။
-အသည်းခြောက်၊မခြောက်စစ်တာ အသည်းမခြောက်ဘူးလို့ တွေ့ရတယ်။
-HAV IgG (+)veဖြစ်လို့ တခါက အသည်းရောင်အေ ဝင်ခဲ့ဖူးတယ်လို့ သိရှိရတယ်။(အခုဝင်တာ မဟုတ်ပါ)

2013 ဇန်နဝါရီ result
-AFPဆိုတဲ့ အသည်း ကင်ဆာဖြစ်နိုင်ချေစစ်တော့ အဖြေကောင်းတယ်။
-အသည်းလုပ်ငန်းစစ်တော့ resultတွေ အကုန်ကောင်းတယ်။
-သွေးနီဥ၊သွေးဖြူဥအဖြေလည်းကောင်းတယ်။
-HBV viral load စစ်ကြည့်တော့ ၁.၄သန်းလောက်ရှိတယ်။ ပုံမှန် ၁သိန်းကျော်ရင်ပဲ များတယ်လို့ သတ်မှတ်တယ်။ ဒါပေမယ့် HBe Agစစ်ကြည့်လို့ (+)veဆိုရင် ဒီလောက်တော့ ရှိနေကျပဲ ဖြစ်တယ်။
(HBe Ag စစ်ထားတဲ့ resultကို မတွေ့ရဘူး။ပုံမှန်ဆို စစ်ထားရမယ့်ထဲ ပါသင့်တယ်။)
-နောက်တချက်က သွေးဥမွှားခေါ်တဲ့ pltက 120ဖြစ်လို့ အရင်ကထက် နည်းသွားတယ်။ ဘီပိုး ဗိုင်းရပ်စ် များလာ၊ပွားလာတဲ့အခါ ဒီလိုပဲ နည်းသွားတတ်လို့ ပုံမှန်လို့ပဲ ပြောရမယ်။


2013ဧပြီ ၂၄ရက် result
-HBV viral load စစ်လို့မရသလောက် နည်းသွားပြီ။ ပိုးကို နိုင်နေပြီလို့ သိရှိရတယ်။
-ပြဿနာက သွေးဖြူဥ ပုံမှန်ထက်နည်းနေတယ်။ WBC -3.9
-သို့သော် neutrophil နည်းပြီး lymphocyteများနေတယ်။
-pltသွေးဥမွှားက 105ဖြစ်လို့ ပိုကျလာတယ်။ တခြားဗိုင်းရပ်ကြောင့် ဖြစ်မယ်။
-စိတ်ဝင်စားစရာကောင်းတာက Dengue NS1 Agဆိုတဲ့ သွေးလွန်တုပ်ကွေး ကို စစ်ထားတယ်။ (-)veပဲ ပြနေတယ်။ ပိုးဝင်ပြီး ၁ပတ်ကျော်ကြာရင် ဒီလိုပဲ (-)veပြတယ်။

2013ဧပြီ ၂၅ မှာ သွေးထပ်စစ်တယ်။
-DHF IgMဆိုတဲ့ သွေးလွန်တုပ်ကွေး တိုက်တဲ့ဓာတ်တမျိုး စစ်ထားတာတော့ experienceလို့ ပြောရမယ်။ အဖြေက (+)ve ရှိတယ်လို့ ပြနေတယ်။ သိပ်မကြာသေးခင်က သွေးလွန်တုပ်ကွေး ပိုးဝင်ခဲ့ပြီး အနည်းဆုံး တပတ်ကျော်ပြီလို့ သိရတယ်။ ဒီဓာတ်က ၁-၃လအထိ သွေးထဲမှာ တွေ့ရှိနိုင်တယ်။ သိပ်စိုးရိမ်စရာ မဟုတ်ပါ။
-WBCသွေးဖြူဥ ပြန်တက်လာတယ်။ ကောင်းတဲ့အချက်ဖြစ်တယ်။
-lymphocyteနဲနဲပြန်ကျလာတယ်။ ကောင်းတဲ့အချက် ဖြစ်တယ်။
-basophils ,eosinophil,monocytes နဲနဲချင်းဆီ ပြန်တက်လာတယ်။ ကောင်းတဲ့အချက်ပဲ။
-RBC သွေးနီဥလဲ ပြန်တက်လာတယ်။ ကောင်းတယ်။
-Pltသွေးဥမွှား 107ထိ ပြန်တက်လာတယ်။ ပိုကောင်းတဲ့အချက်ပဲ။

2013 မေလ ၁၁ရက် စစ်ထားတာ မြန်မာနိုင်ငံမှာ ဖြစ်လိမ့်မယ်။ ဒီresult တခုပဲ ကြည့်ရတာအဆင်ပြေတယ်။ တခြားresult တွေမှာ မနည်းပြူးပြဲပြီး ကြည့်နေရတယ်။
-သေချာလေ့လာကြည့်ရင် သွေးအဖြေတွေ ပိုကောင်းလာတယ်။ များသင့်တာ များပြီး နည်းသင့်တာ နည်းသွားတယ်။ relative monocytosisဆိုတာ တခြားသွေးဖြူဥထက်စာရင် နည်းနည်းများတယ် ဆိုတဲ့သဘောပါ။ %resultမှာ များနေသလိုဖြစ်ပေမယ့် ပမာဏ resultမှာ ပုံမှန်ထဲမှာသာ ရှိတာ တွေ့ရလိမ့်မယ်။
Neutrophil ပိုနည်းသွားပြီး monocytes ပိုများလာလို့ ကောင်းတဲ့သဘောပါ။
-ခန့်မှန်းရခက်တာက pltသွေးဥမွှားက ကျသွားပြီး 101ဖြစ်နေတယ်။ ဒါပေမယ့် စစ်ထားတာက မြန်မာနိုင်ငံမှာ ဖြစ်တာ သတိပြုမိတယ်။ စစ်ဆေးတဲ့စက်ပစ္စည်းကွာရင် resultတွေက အနည်းနဲ့ အများပြောင်းတတ်တယ်။ တခြားလက္ခဏာတွေမရှိရင် စိတ်သိပ်မပူပါနဲ့ ။ ခံစားရတဲ့ရောဂါလက္ခဏာ(သွေးယို၊အနီစက်)ရှိရင်သာ ဆရာဝန်နဲ့ ပြပါ။ ပုံမှန်အားဖြင့် စိုးရိမ်စရာတော့ မဟုတ်ပါ။

အကြံပြုချက်
-serial resultတွေ ကောင်းပါတယ်။ တိုးတက်လာတယ်။မကောင်းတာက result အဖြေတွေမှုန်နေလို့ မနဲကြည့်နေရတယ်။
-အားရှိစေမယ့်အစားအစာ၊အားဆေး သောက်သင့်တယ်။
-ရေများများသောက်တာ အကျိုးရှိမယ်။ တနေ့၃-၄ဗူး။
-ကောင်းကောင်းအိပ်၊စားတာ ခုခံအားတက်စေမယ်။ 
-အဆီအစိမ့်၊အရက်၊ဆေးလိပ် လုံးဝရှောင်သင့်တယ်။
-အားဆေးသောက်ရင် vit B12,folic acid,vit A,Cပါတာမျိုး အဓိက သောက်သင့်တယ်။ resultထဲမှာ vit B12,folic acid ချို့တဲ့တဲ့သဘော တွေ့ရတယ်။စိမ်းတဲ့အရွက်ထဲမှာ ဒီဓာတ်တွေ အဓိကပါမယ်။
-ဘီပိုးစစ်ကြည့်တာ undetectableဖြစ်လို့ ဝမ်းသာစရာလို့ မှတ်ယူပါ။ ဆရာဝန်နဲ့ မကြာခဏပြတာ မမှားပါ။
-တွေ့ရသလောက်တော့ အဖြေတွေကောင်းနေပါတယ်။ congratulationပါ။

ဒေါက်တာ အေးမင်းထူး
၁၃.၅.၁၃

No comments:

Post a Comment