Wednesday, February 11, 2015

ဟောက်သံမထွက်အောင် လေ့ကျင့်ရအောင်

ဟောက်သံထွက်တာ လည်ပင်း၊နှာခေါင်းနဲ့ ပါးစပ်က ကြွက်သားတွေ လှုပ်ရှားမှု၊တုန်ခါမှုကြောင့် ဖြစ်ရတယ်။ သိစိတ်မဲ့လှုံ့ဆော်မှုဖြစ်လို့ ထိန်းလို့မရဘူး။ ဒါပေမယ့် မဖြစ်အောင် ခေါင်းအနေအထား၊လေ့ကျင့်ခန်းလုပ်ပြီး ကာကွယ်နိုင်တယ်။ 
၁။သရသံဖြစ်တဲ့ a,e,I,o,uကို ခပ်ကျယ်ကျယ်ရွတ်ဆိုပါ။ တခါကျင့် (၃)မိနစ် တနေ့သုံးကြိမ်ရွတ်ပါ။
၂။လျှာလေ့ကျင့်ခန်းလုပ်ပါ။ လျှာကို အပေါ်သွားရဲ့ နောက်ဖက်ကို ထိထားပါ။ ပြီးရင် အာခေါင်နောက်ဖက်ကို ပွတ်ဆွဲပါ။ (၃)မိနစ်ကြာလုပ်ပါ။
၃။ပါးဖောင်း၊ပါးစပ်ပိတ် ဖောင်းလိုက်ပိန်လိုက်လေကျင့်ခန်း စက္ကန့်(၃၀)ကြာလုပ်ပါ။
၎။ပါးစပ်ဟ၍ မေးစေ့ကို ညာဖက်ရွဲ့ပြီး မိနစ်ဝက်ထားပါ။ တခြားဖက်ကို လည်း အလားတူလေ့ကျင့်ခန်းလုပ်ပါ။
၅။ပါးစပ်ပိတ်၍ လည်မြိုနောက်က ကြွက်သားတွေကို ရှုံ့ပါ။ အထက်ပါ လေ့ကျင့်ခန်း အတိုင်း နေ့စဉ် (၂)ပတ်လုပ်ပါ။ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။ ဒါမှမထူးခြားသေးရင် နောက်ဆုံးပိတ် somnoplastyနည်းနဲ့ ခွဲစိတ်ပြုပြင်ရပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၈.၁၂.၁၄

No comments:

Post a Comment