ဒီရက်ပိုင်းတွေမှာ ခရီးလွန်နေတာကြောင့်ကော မအားတာကြောင့်ပါ ဆောင်းပါးတွေမရေးဖြစ်ခဲ့ဘူး။ ခရီးကပြန်ရောက်ရောက်ချင်း ဆေးခန်းပြန်ထိုင်ဖြစ်တဲ့အချိန်မှာ တချို့လူနာတွေကြည့်ရင်း ပိုမိုရေးချင်ခဲ့တယ်။နောက်ပိုင်းမှာဆေးကုသရုံမကပဲ လူနာတွေရဲ့အသိပညာပိုင်းကိုပါ သတိထားကြည့်မိတတ်လာတယ်။သူတို့တွေဘယ်အပိုင်းမှာအားနည်းလဲ ဆိုတာမျိုးတွေပါ ထည့်သွင်းစဉ်းစားလာတယ်။ဆေးပညာဆောင်းပါးတွေရေးတဲ့အခါမျိုးမှာ ဒါမျိုးတွေက အရေးပါလာတယ်။ဆောင်းပါးကိုဖတ်တဲ့အခါ လူတိုင်းနားလည်လွယ်အောင် ရေးနိုင်မှ အကျိုးရှိတဲ့ဆောငိးပါးကောင်းဖြစ်လိမ့်မယ်။ ငယ်စဉ်က အင်္ဂလိပ်လို ညှပ်ပြောတတ်သူတွေ၊
စကားခပ်မြင့်မြင့်ပြောတတ်သူတွေကြည့်ပြီး အထင်ကြီးခဲ့ဘူးတယ်။ နောက်ပိုင်းမှာပိုပြီးသိလာတာက ပါမောက္ခတွေ၊ ကထိကတွေဖြစ်ပင်ဖြစ်ညားသော်လည်း ကိုသင်ကြားနေတဲ့ level
စကားခပ်မြင့်မြင့်ပြောတတ်သူတွေကြည့်ပြီး အထင်ကြီးခဲ့ဘူးတယ်။ နောက်ပိုင်းမှာပိုပြီးသိလာတာက ပါမောက္ခတွေ၊ ကထိကတွေဖြစ်ပင်ဖြစ်ညားသော်လည်း ကိုသင်ကြားနေတဲ့ level
နဲ့ကိုက်အောင်မသင်နိုင်ရင် အကျိုးမရှိနိုင်ဘူးဆိုတာကိုဘဲ။ဆောင်းပါးတွေရေးတဲ့အခါလည်း ထိုနည်းတူဘဲ။ လူတိုင်းဖတ်တဲ့ဂျာနယ်တွေမှာ လူတိုင်းနားလည်လွယ်မဲ့စကားလုံးတွေကို ရွေးပြီး သုံးစွဲရတယ်။ တခါက ဆေးပညာစကားလုံးတလုံးကို မြန်မာလိုသိဖို့ တပတ်လောက်အချိန်ယူခဲ့ရဘူးတယ်။ တိုင်းရင်းဆေးမြစ်တွေရဲ့ နာမည်တွေဟာ အနောက်တိုင်းဆေးပညာနဲ့ အနည်းငယ် အလှမ်းဝေးပါတယ်။ နောက်ပိုင်းမှာ herbalဆေးဘက်ဝင်တိုင်းရင်းဆေးတွေကလည်း ခေတ်စားလာလို့ အနည်းငယ်တီးမိခေါက်မိအောင် လေ့လာထားသင့်ပါတယ်။ သူတို့ဆေးတွေကို ဖတ်တတ်အောင် ၊မြန်မာလိုသိအောင် လေ့လာရတာကလည်း တလုပ်ပါ။ ဒါတင်မက တချို့က အားကိုးလွန်ပြီး တရုတ်တိုင်းရင်းဆေးကိုပါ ဘာသာပြန်ခိုင်းတာမျိုး ကြုံဘူးပါတယ်။ ဆေးပညာဟာလေ့လာလေ၊ ပိုမိုကျယ်ပြန့်ပြီး ကိုယ့်ကိုကိုယ် အားမရဖြစ်လာလေ ဆိုတာမျိုးပါ။ ကုန်နိုင်ဖွယ်မရှိပေမယ့် တတ်စွမ်းသမျှတော့လေ့လာရတယ်။ ဆေးခန်းလေးတနိုင်ဖွင့်ပြီး မိမိကိုယ်ကို အထင်မကြီးဖို့ သတိထားရတယ်။ ဒီကြားထဲမယ် အအေးမိနှာစေး ချောင်းဆိုးတာ တော်တော်ကို အဖြစ်များတယ်။ မျက်စိရောဂါတွေဖြစ်ကြတာလဲ မနဲလှဘူး။ လူနာတယောက်ဆိုရင် နားပြည်ယိုပြီး ရောက်လာလို့ လိုအပ်တဲ့ပိုးသတ်ဆေးမျက်စဉ်း ထဲ့ဖို့ပေးလိုက်တာ။ နောက်ရက်ကျ မျက်စဉ်းဆေးနဲ့ နားထဲ့တဲ့ဆေး မှားသလားဆိုပြီး တကူးတက ပြန်လာမေးဘူးတယ်။ သို့သော် အဆိုပါလူနာကိုပဲ ကျေးဇူးတင်ရတယ်။ ပထမအချက်က ဆေးဘူးကိုဖတ်လို့။ ဒုတိယအချက်က လူနာတွေရဲ့ လိုအပ်ချက် အချို့ကို သတိရစေလို့။ပထမအချက်ဖြစ်တဲ့ဆေးဘူးကိုဖတ်တဲ့အခါ သူတွေ့တာက eye dropမျက်စဉ်းဆိုတာကို။ သူသိတာက eye drop ဆိုတော့ မျက်စိမှာတင် ခပ်ရမယ်ထင်တာ။ မျက်စဉ်းတွေကိုလိုက်ကြည့်ရင် တချို့က eye/ear drop ဆိုတာပါတယ်။ တချို့က eye drop ဆိုတာမျိုးသာ ရေးထားတယ်။ သို့သော် သိရမှာက ဘယ်လိုရေးရေး eye drop တွေကို နားမှာလဲ ခပ်လို့ရတယ်ဆိုတာကိုပါ။ အများအားဖြင့် မျက်စဉ်းတွေကိုနားမှာ ခပ်ကြတာများတယ်။ ဘာလို့လဲဆိုတော့ ear drop ဆိုပြီးသီးခြားလာတာ ရှားလို့ပါ။ မျက်စိဟာထိလွယ် ခိုက်လွယ်တဲ့အတွက် သူ့အတွက်သီးသန့် ပြင်းအားတွေကို လျှော့ပြီးထုတ်ကြတယ်။ ပြင်းအားလျှော့တဲ့အတွက် နားကို ဘေးဥပါဒ် မဖြစ်စေဘူး။ အမှန်တော့ မျက်စိ၊ နားနှာခေါင်း၊ လည်ချောင်းဟာ ဆက်စပ်နေတယ်။ ဒါကြောင့် အအေးမိပြီး နှာရည်ယို၊ ချောင်းဆိုးတဲ့အခါ မျက်စိနာတာ၊ နီတာနဲ့ပါ ရောနေတတ်တယ်။ မျက်စိကျိန်းတာ နာတာဆိုပြီး မျက်စိတခုထဲကို အာရုံစိုက်လို့ မရဘူး။ နားကိုစစ်ဆေးရသလို နှာခေါင်းနဲ့ လည်ချောင်းကိုလည်း မမေ့သင့်ဘူး။ နှာစေးလို့၊ မျက်စိနာလို့ ကုပေးပါ၊ ဘာဆေးသောက်ရမှာတုန်းဆိုတာမျိုး မကြာခဏ တွေ့ရကြုံရတယ်။ ဖုန်းဆက်ပြီး မေးကြတာတွေ့တော့ ဖုန်းဗေဒင်တွေ၊ ယတြာတွေ ခေတ်စားတာမဆန်းဘူး အောက်မေ့မိတယ်။ ဖုန်းဆေးပေးခန်းတွေ ခေတ်မစားဘူးလို့ မပြောနိုင်ဘူး။ တခြားဟာတွေမသိပေမယ့် ဆေးပညာမှာလုပ်ရင် လူနာက အရင်ဒုက္ခရောက်မှာ သေချာတယ်။ အသက်အရွယ်၊ ခန္ဓာကိုယ်အကြီးအသေး ၊ ကျားမ စတာတွေပါ သိဖို့အပြင် စမ်းသပ်စစ်ဆေးတာကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတခုအဖြစ် ပါဝင်လို့ပါ။ အသက်နဲ့ နီးကပ်နေတော့ ကလေးကစားသလို မလုပ်ချင်တာပါ။ ဒီလထဲ ရန်ကုန်ကို ခရီးသွားဖြစ်တော့ လမ်းမှာ ဖုန်းတဂွမ်ဂွမ် ဆက်ပြီး ရောဂါပြော ဆေးပေးခိုင်းတာ စိတ်ညစ်စေပါတယ်။ မိတ်ဆွေသူငယ်ချင်းတယောက်ဆိုရင် သူ့အဖေရုတ်တရက်အမောဖောက်တာ ဘာဆေးသောက်ရမှာလည်း ဖုနးနဲ့ကိုလှမ်းမေးတယ်။ ရင်ဘတ် ဓာတ်မှန်၊ အီးစီဂျီ စတာတွေကို မမြင်ရတဲ့အပြင် လူနာရဲ့အခြေအနေကို မကြည့်ရတဲ့အတွက် ဆေးပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။ လိုအပ်ရင်ဆေးရုံပါတင်ရမဲ့အခြေအနေမျိုးမှာ ဘာမသိ၊ ညာမသိ လူတတ်ကြီးမလုပ်ချင်ပါ။ ကိုယ်တခါတတ်ပြလိုက်တာ သူများတသက်ဖြစ်သွားနိုင်တာ သတိပြုစရာပါ။ ရုတ်တရက်အမောဖောက်တဲ့ အခြေအနေမျိုးမှာ နီးစပ်ရာဆေးရုံ၊ဆေးခန်းမှာ အမြန်ဆုံးပြပြီး အကြံဥာဏ်တောင်းသင့်ပါတယ်။ တကယ်မြင်ပြီးလုပ်ရသူတွေက အမှန်တရားနဲ့ ပိုမိုနီးစပ်ပါလိမ့်မယ်။ အဝေးကနေပြီး လေနဲ့ကုနေလို့ လူနာအတွက် အဆင်ပြေမှာမဟုတ်ပါ။ လိုအပ်တဲ့အခါ ဆေးရုံတက်ရတာမျိုး ရှိတတ်ပါတယ်။ သိပ်လိုအပ်လို့ ဆေးခန်းတွေက ဆေးရုံလွှဲတဲ့အခါ သွားဖို့အရမ်းအရေးကြီးပါတယ်။ ဆရာဝန်တွေကို အားကိုးလွန်တာအပြင် မိမိဘာသာ ယုံကြည်မှုလွန်ကဲတာတွေလဲ သတိထားသင့်ပါတယ်။ ရာသီဥတုအရကို ရောဂါပိုးတွေ ဝင်တတ်လို့ အထူးဂရုစိုက်စေချင်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး စသည်ဖြင့် မျိုးစုံဝင်တာတွေ့ရပါတယ်။ ပိုးတွေဆိုတာလည်း ရာသီမပြောင်းလိုက်နဲ့၊ ဝင်ဖို့ပြောင်းတင်ပြီးသားဆိုတာမျိုးကို။ ခရီးကပြန်ရောက်တော့ စာရေးသူမိခင်ကိုတောင် ကုပေးခဲ့ရတယ်။ ဒူးမှာ အနီစက်တွေနဲ့ အင်မတန်ယားတယ်။ ဆေးကို ငါးရက်၊ တပတ် လိမ်းခိုင်း သောက်ခိုင်းမှ ပျောက်ကင်းသက်သာသွားတာ။ တချို့ရောဂါတွေမှာ ချက်ချင်းယူပြစ်သလို သက်သာပျောက်ကင်းချင်လို့ မရပါ။ အချိန်ပေးကုသမှ ပျောက်ကင်းတတ်တယ်။ နောက်တချက်က အနီစက်တွေ၊ ယားနာတွေပေါက်တဲ့အခါ တတ်နိုင်ရင် ရေနဲ့ မထိမိအောင် ဂရုစိုက်စေချင်တယ်။ ရောဂါကိုပိုဆိုးစေတဲ့အပြင် ပျောက်ကင်းမှုကိုလဲ နှေးကွေးစေတယ်။ မိမိဘာသာ သုံးစွဲနေတာထက်စာရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ကုသမှုခံယူစေချင်တယ်။ တချို့ဆေးတွေက မတဲ့ရင် ပိုဆိုးစေတတ်လို့ပါ။ တခါတရံလိုအပ်တဲ့အခါ သွေးဖောက်ပြီး စစ်ရတာမျိုး လုပ်ရပါတယ်။ တချို့က သွေးစစ်ရင်ကိုဘဲ ဘာရောဂါကြောင့်များလည်း ပူပန်တတ်တယ်။ လူနာတယောက်ဆိုရင် အသက်ငါးဆယ်ကျော်အထိ သွေးမစစ်ဘူးတော့ သွေးစစ်မယ်လည်းဆိုရော ကြောက်ပြီးသွေးတတ်လာတယ်။ နောက်ရက်သွေးအဖြေတွေ ပြန်ကြည့်တော့ ကောင်းပါတယ်ဆိုမှသာ သူ့ခမျာ သက်ပြင်းချနိုင်တယ်။ သွေးစစ်တယ်ဆိုတိုင်း သိပ်အစိုးရိမ်မလွန်စေချင်ဘူး။ အချို့ရောဂါတွေဟာ သွေးစစ်မှ ပိုမိုသိသာထင်ရှားစေလို့ပါ။ ဆရာဝန်များဟာ သာမန်လူများ ဖြစ်တဲ့အတွက် အထဲထိသိရှိနိုင်အောင် သွေးစစ်တာ၊ ဓာတ်မှန်ရိုက်ရတာမျိုး လုပ်ရပါတယ်။ ဓာတ်မှန်ရိုက်တဲ့အခါ တခါတရံ ကိုယ်ထင်ထားတာမျိုးနဲ့ လွဲတတ်ပါတယ်။ သို့သော်ဓာတ်မှန်ကိုချည်း သိပ်အားမကိုးစေလိုပါဘူး။ သူလည်းပဲ မှားတတ်လို့ သတိထားစေလိုပါတယ်။ မသေချာရင် နောက်တချပ်ကို နောက်ဓာတ်ခွဲခန်းတခုမှာ ရိုက်စေလိုပါတယ်။ တဦးတယောက်ထဲကိုမှီခိုတာထက် အားလုံးပေါင်းစပ်လုပ်ဆောင်ဖို့ ပိုမိုလိုအပ်ပါတယ်။ ဒါမျိုးကို team approach ပေါင်းစပ်လုပ်ကိုင်ခြင်းလို့ ခေါ်ပါတယ်။ လက်ရှိအချိန်မှာ ဒါမျိုးတွေ အားနဲနေတာ တွေ့ရပါတယ်။
ချောင်းဆိုးတာအပြင် လည်ချောင်းနာတာပါဖြစ်တတ်တော့ ဆားလုတ်ရည်ပလုပ်ကျင်းတာမျိုး လုပ်စေလိုပါတယ်။ လူနာတွေကို လုပ်ခိုင်းကြည့်တဲ့အခါ သိသိသာသာ သက်သာတာ တွေ့ရပါတယ်။ လွယ်လွယ်ရနေလို့ တန်ဖိုးမထားကြပေမယ့် အမှန်တကယ်ပျောက်ကင်းမှုက သိသာပါတယ်။ ဈေးကွက်မှာရတဲ့ အခြားလည်ချောင်းနာပျောက်ဆေးတွေနဲ့ ပူးတွဲအသုံးပြုနိုင်ပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေ အလွန်အကျွံသောက်တာမျိုးကို တတ်နိုင်သမျှရှောင်ကြဉ်စေလိုပါတယ်။ တချို့က ရောဂါပျောက်ချင်ဇောနဲ့ နှစ်လုံး သုံးလုံးကို တပြိုင်နက်သောက်တာမျိုးက မှားပါတယ်။ တချို့ကြတော့ ဒီလိုမဟုတ်ဘူး။ တနေ့သုံးကြိမ် လေးကြိမ် သောက်ရတာမယ် နှစ်လုံးလောက်သောက်ပြီးပျောက်ချင်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ပျောက်ချင်ရင် အနည်းဆုံးသုံးရက်လောက်တော့ သောက်ပေးဖို့လိုပါတယ်။ တကယ်သောက်မှ အမှန်ပျောက်မှာပါ။ ဆေးဆိုင်တွေမှာချောင်းဆိုးလို့ မေးပြီးသောက်တဲ့ဆေးတွေဟာ အမှန်ဖြစ်တာနဲ့ ဝေးကွာနိုင်ပါတယ်။ စာရေးသူဆီကို ချောင်းဆိုးလို့ပါဆိုရင်လည်းဆေး မပေးတတ်တာ အမှန်ပါ။ ချောင်းဆိုးတိုင်း အအေးမိတုပ်ကွေးကိုဘဲ ခေါင်းထဲပြေးမြင်လို့ မသင့်ပါဘူး။ နှလုံး၊ အဆုတ်၊ အူလမ်းကြောင်းဆိုင်ရာတွေအပြင် အခြားရောဂါတွေကြောင့်လဲ ဖြစ်တတ်ပါသေးတယ်။ အာရုံခံနာဗ်ကြောတွေဟာ တခြားအင်္ဂါအစိတ်အပိုင်းများစွာကိုလည်း ထောက်ပံ့ပေးတဲ့အတွက် ပြောရတာခက်လှပါတယ်။ချောင်းဆိုးတဲ့အခါ ပျားရည်နဲ့ ရှောက်ရည်ရောသောက်ခြင်းက သက်သာစေတာ တိုင်းရင်းဆေးသာမက အနောက်တိုင်းဆေးကပါ လက်ခံပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေမှာလည်းပေးဖို့ သင့်တော်လှပါတယ်။ ကလေးတွေကို ဆေးပေးရတဲ့အခါ ပိုမိုသတိထားရပါတယ်။ နုနယ်တဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေက ဆေးတွေကို ခံနိုင်ရည်ရှိ၊ မရှိ အရေးကြီးပါတယ်။ ဒါမျိုးမှာဆေးပြင်းတွေတိုက်ပြီး ပျောက်စေသမားတော်မလုပ်မိအောင် ဂရုစိုက်ရပါတယ်။ အအေးမိနှာစေးပျောက်ဆေးတွေကို ၂နှစ်အောက်(အထူးသဖြင့် ၁နှစ်အောက်)တွေမှာ မတိုက်ကျွေးမိဖို့ သတိပြုစေချင်ပါတယ်။ ဖြစ်ရင် ဦးစွာခံရမှာက မိမိကလေးဖြစ်လို့ ဂရုစိုက်ပေးပါ။ ကလေးတွေကိုတိုက်တဲ့အခါ ဆေးဆိုင်တွေမေးပြီးတိုက်တာထက် ဆရာဝန်တွေနဲ့တိုင်ပင်ပြီး တိုက်တာမျိုးက ကလေးအတွက်ပိုမိုသင့်တော်ပါလိမ့်မယ်။
ဒေါက်တာ အေးမင်းထူး
Health Care Journal(26.10.12)
No comments:
Post a Comment