Tuesday, November 12, 2019

သင် ဂေးတယောက်အဖြစ် မွေးဖွားလာသလား

ဆရာ ယောကျာ်းတွေက ဘာဖြစ်လို့မိန်းမစိတ်ပေါက်သွားကြတာလဲ သူတို့ကမွေးကတည်းက အဲလိုစိတ်မျိုးရှိတာလား ဒါမှမဟုတ် တခြားအသက်ကြီးမှတဖြည်းဖြည်းပြောင်းလဲကြတာလား သမီးသူငယ်ချင်းတယောက်ကလည်းအဲလိုအခြောက်စိတ်ဝင်နေပါတယ်။အခြောက်တွေရဲ့စိတ်ခံစားချက်၊ သဘောသဘာဝကို ဖြစ်နိုင်ရင် ရှင်းပြပေးပါလားဆရာ...


အခြောက်တွေကို ဂေးလို့ခေါ်ရင် နည်းနည်းပိုယဉ်ကျေးမလားပဲ။ ယောကျာ်းဆယ်ရောက်မှာ ကိုးယောက်ကအခြောက်လို့ပြောရင် မကြိုက်ကြပါ။ အဲလိုဖြစ်တာ ပုံမှန်စိတ်ရှိတဲ့ ယောကျာ်းတိုင်းရဲ့ သဘာဝ ထုံးစံဖြစ်တယ်။ဘယ်ယောကျာ်းမဆို  ယောကျာ်းဝါဒီ တနည်းအားဖြင့် မဟာပုရိဿဝါဒ မြင့်မြတ်တယ်ဆိုတာ သိစိတ်ကဖြစ်ဖြစ်၊မသိစိတ်ကဖြစ်ဖြစ် လက်ခံထားတတ်ကြတယ်။ ထုတ်ပြောတာ မပြောတာပဲကွာတယ်။ ဘယ်လိုပဲတန်းညှိထားပါစေ။ သဘာဝတရားကြီးက ပေးထားတဲ့ ခွန်အား၊ သန်စွမ်းမှု၊ လျင်မြန်ဖျတ်လတ်မှု၊ စိတ်ခံစားမှုတွေအရ ယောကျာ်းလေးတွေကို အသာပေးထားတာ ငြင်းလို့တော့မရပါ။ ဒါဟာ လူ့သမိုင်းအစကနေ ဒီနေ့ဒီချိန်ထိ မှန်ကန်ဆဲဖြစ်တယ်။ 

ဗုဒ္ဓဘာသာအရဆိုရင် ဂေးတွေရဲ့ဖြစ်တည်မှုဟယာ ကံကံ၏ အကျိုးကြောင့်ပါ။ ရှေးကုသိုလ်မကောင်းခဲ့လို့ ပြောနိုင်တယ်။ ကံကိုချည်းပုံမချပဲ ဆေးပညာအရပြောရရင် လူ့သဘောသဘာဝကို ဟော်မုန်းတွေက အဓိကထိန်းချုပ်သတဲ့။ androgen နဲ့ oestrogen လို့ပြောရင် ပိုနားလည်မယ်။ androgen ဆိုတာ အမျိုးသားဟော်မုန်း၊ တကယ်ဟော်မုန်းနာမည်က testrosterone ခေါ်တယ်။ ဒီဟော်မုန်းများရင် ယောကျာ်းဆန်မယ်။ အသံအောမယ်။ အမွှေးအမျှင် ထူထပ်မယ်။ အသားအရေနည်းနည်းကြမ်းမယ်။ oestrogen ဆိုတာ အမျိုးသမီးဟော်မုန်း။ ဒီဟော်မုန်းများရင် အသားအရေလှမယ်။ မိန်းမဆန်မယ်။ ယောကျာ်းတွေမှာ ဒီဟော်မုန်းများရင် သိပ်မဟန်တော့ဘူးလို့ မှတ်ပါ။ကိုယ့်ပတ်ဝန်းကျင်မှာ အသားအရေလှတဲ့ ယောကျာ်းလေးတွေမြင်ရင် နည်းနည်းတော့ သတိထားပါ။ 

ဂေးဆိုတာ လိင်တူချင်းစိတ်ဝင်စားသူ၊ လိင်တူချင်းဆက်ဆံသူ(homosexual)တွေကို သုံးတဲ့ အသုံးဖြစ်တယ်။ ဒီစကားရပ်ထဲမှာ  ယောကျာ်း၊ မိန်းမ အကုန်အကျုံးဝင်ပေမယ့် လိင်တူချင်း စိတ်ဝင်စားတဲ့ ယောကျာ်းတွေအတွက်အဓိက သုံးနှုန်းလေ့ရှိတယ်။ လိင်တူချင်းစိတ်ဝင်စားတဲ့ အမျိုးသမီးတွေကိုတော့ lesbian လို့ခေါ်တယ်။ LGBT (lesbian, gay, bisexual, transgender) ကတော့ မူမမှန်တဲ့ လိင်တူချင်းစိတ်ဝင်စားသူတွေအားလုံးကို ခြုံငုံခေါ်တဲ့  အသုံံးအနှုန်းဖြစ်ပါတယ်။

အမေရိကားမှာ လိင်တူချင်း လက်ထပ်တဲ့ဥပဒေပြဌာန်းတော့ ဒီကလညိး အားကျမခံ ဖေ့စ်ဘွတ် ပရိုဖိုင်တွေ ချိန်းကြတာ မှတ်မိလိမ့်မယ်။ rainbow ရောင်စုံကာလာတွေကို ပရိုဖိုင်ချိန်းကြတယ်မလား။ တချို့က မသိလို့ချိန်းတာ၊တချို့က ထောကိခံတဲ့အနေနဲ့ ချိန်းတာ။ဆရာဝန်တယောက်အနေနဲ့ပြောရရင် လိင်တူချင်းလက်ထပ်တာကို သိပ်အားမပေးပါ။  ဆေးပညာရှုထောင့်က ကြည့်ရင် ရောဂါပိုးတွေ အများကြီးရလာနိုင်မယ်။ ဒါတွေကို ခဏထား.. လူ့အခွင့်အရေးဆိုတဲ့ ပေတံရှည်နဲ့တိုငိးတာပြီး လူသားအားလုံးအခွင့်ရေးချင်းတူညီရမယ်၊ လုပ်ချင်တာလုပ်ကြ...အဲဒါလူ့အခွင့်ရေးပဲဆိုတာ နည်းနည်းတော့ တဖက်စွန်းရောက်ပါတယ်။ ယောကျာ်း၊မိန်းမ သဘာဝအရကို မတူညီပါ။ဒါက လူ့သမိုင်းအစကတည်းက  ဖန်တိးပြီးသားဖြစိတယ်။ ပြုပြင်လို့ မရ၊တုပလို့မရ၊ ပြောင်းလဲလို့မရ  ပြောင်းလဲမပြောင်းလဲသင့်ပါ။ ဒီအကြောင်း ချိန်း(change)တိုင်း မကောင်းပါဆိုတဲ့ ဆောင်းပါးတပုဒ်ရေးခဲ့ဖူးတယ်။ကုန်ပစ္စည်းသဘောပြောရရင် လောကမှာ အတုတွေဘယ်လောက်ခေတ်စား အစစ်ကိုတော့ မမှီနိုင်ပါ။  ဒီဖက်ခေတ်မှာ လူအခွင့်အရေးဆိုတဲ့ ပေတံနဲ့ ကိုယ်ကျိုးစီးပွားဆိုတဲ့ ရေချိန်ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ မှောက်လိုမှောက် လှန်လိုလှန် လိုတမျိုး မလိုတမျိုး လုပ်တတ်ကြတယ်မလား။

ဂေးဆိုတာ ဗီဇလား ရွေးချယ်မှုလား အခုချိန်ထိ အငြင်းပွားလို့မပြီးနိုင်သေးပါ။ အရင်ခေတ်တွေတုန်းက ရှေးရိုးစွဲခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကတော့ ဒါဟာ မိမိလူနေမှုပုံစံ ရွေးချယ်မှု(lifestyle choice) ဖြစ်ပြီးဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်လိုက်တာကြောင့် အဆုံးမရှိတဲ့ ငရဲကို သွားရလိမ့်မယ်လို့ ပြစ်တင်ရှုံ့ချခဲ့ဖူးပါတယ်။ သို့သော် ဆေးပညာရှင်တွေကတော့ ပြစ်တင်ရှုတ်ချဖို့ထက် ကူညီဖေးမချင်တဲ့ဖက်ကပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဂေးတွေဟာ မျိုးဗီဇကြောင့် ဖြစ်ပြီး  မွေးကတည်းက ဒီဗီဇက ပါလာပြီးသားလို့ ဆိုပါတယ်။ ဆိုလိုချင်တာက အသက်ကြီးမှ ပြောင်းလဲလိုက်တာမဟုတ်ဘဲ နဂိုကတည်းက သတ်မှတ်ပြီးသားပါတဲ့။ အမေဆီက ရတဲ့ X chromosome မျိုးဗီဇ ပြောင်းလဲမှုက ဒီအချက်ကိုဖြစ်စေသတဲ့။

၂၀၀၅လေ့လာချက်တရပ်မှာ  ဂေးတွေကို genetic scan လုပ်ကြည့်ဖူးတယ်။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ မျိုးရိုးဗီဇDNA နဲ့ သကိဆိုင်တာတွေ့ရတယ်။ chrosome နံပါတ် 7,8 နဲ့ 10 မှာ မျိုးဗီဇပုံစံတွေက တူညီနေကြတယ်။ နောက်တချက်က ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တယ်။ ပတ်ဝန်းကျင်မှာ အမျိူးသမီး တွေချည်းဖြစ်ရင် မိန်းမဆန်လာတယ်။အပျိုကြီးနဲ့ပက်သတ်သူတွေ ဂေးတွေ ဖစ်သွားကြတယ်။ ဂေးတွေရဲ့မိခင်အများစုဟာ ကလေးလိုချင်စိတ် များသူတွေဖြစ်ကြသတဲ့။ အဲလိုအမေမျိုးဟာ ပျမ်းမျှ ကလေး .ရယောက်မွေးဖွားကြတယ်။  ယောကျာ်းလေး မွေးတဲ့မိခင်တွေမှာ သားအိမ်ပြောင်းလဲမှုကနေ သန္ဓေသားရဲ့ ဦးနှောက်ဇီဝကမ္မကို သက်ရောက်စေတာကလည်းအကြောင်းတရပ်လု့် ဆိုတယ်။ 

နောက်သတိထားရမှာက ငယိငယ်က စိတ်ဒဏ်ရာရခဲ့ဖူးသူတွေဟာ ဂေးဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်။ ဒါ့ကြောင့်စိတ်ဒဏ်ရာမရဖို့လည်း အရေးကြီးတယ်။ ပတ်ဝန်းကျင်ဖိအား၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုကလည်း ဒီလိုဘဝ မရောက်ရောက်အောင် တွန်းအားပေးတတ်ပါတယ်။ ခြုံပြောရရင် မိခင်ရဲ့ မျိုးဗီဇ X chromosome ပြောင်းလဲမှု၊ဇီဝကမ္မဖောက်ပြန်မှုနဲ့ ပတ်ဝန်းကျင်အနေအထား အရာအားလုံးက ဂေးတယောက်အသွင်ကိုပြောင်းလဲသွားစေတယ်လို့ သုံးသပ်နိုင်တယ်။ 

သင်ဂေးမှန်း ဘယ်လိုသိနိုင်သလဲ။
တကယ့် ဂေးတွေဟာ သူ့တို့ဘာသာ သူတို့ ကလေးအရွယ်ထဲက သိကြသတဲ့။ ယေဘုယျအားဖြင့် အသက် (၁၀)နှစ်အရွယ်မှာ စတင်ပြောင်းလဲလာတယ်။ ပြောင်းလဲမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာခံစားချက်ကု်ပြောတာပါ။ဥပမာ ဆန့်ကျင်ဖက်လိင်ကို စိတ်မဝင်စားပဲ လိင်တူချင်းစိတ်ဝင်စားတာမျိုး၊စိတ်ကစားတာမျိူးဖြစ်တယ်။ လိင်တူချင်း ပွတ်မိ၊ထိမိကိုင်မိနေတာမျိုးကို သာယာတတ်တဲ့၊ဘဝင်ကျတဲ့စိတ်ဖြစ်ရင် ဂေးဖြစ်ဖို့ ထက်ဝက်သေချာတယ်။ 

ဂေးမှန်းသိဖို့ ကိုယ့်ဘာသာလုပ်ရမှာရှိတယ်။ ဒါကတော့ သင်က ဘယ်လိုအခြေအနေမျိုးမှာ စိတ်ကစားတတ်လဲ ဆိုတဲ့အချက်ပါ။ ဥပမာ သင်ဟာ လူပျိုဖော်ဝင်စ ယောကျာ်းလေးတယောက်ဆိုပါစို့။ မိန်းကလေးတယောက်ဖြတ်လျှောက်သွားတယ်။ ရင်မခုန်တတ်ဘူး။စိတ်မလှုပ်ရှားတတ်ဘူး။ ဘယ်လိုမှမနေဘူး။ တခြားတဖက်မှာတော့ ကိုယ်နဲ့ အမျိုးတူ ယောကျာ်းလေးတယောက် ဖြတ်လျှောက်လာရင်တောင် သူ့ခန္ဓာကိုယ်အချိုးအစားကိုကြည့်ရင်း စိတ်လှုပ်ရှားတတ်၊ရင်ခုန်တတ်တယ်ဆိုရင် သင်ဟာ ဂေးဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ။

ယောကျာ်းတယောက်အတွက် ဂေးဆိုတဲ့ အသုံးအနှုန်းက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ မမှီခိုဘူး။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုသာဖြစ်တယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်က ဂေးဆိုသူတွေဟာ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း တွေဖြစ်နေတာပါ။ ဂေးထဲမှာတောင် မတူညီ ကွဲပြားမှုတွေ ရှိတယ်။ တချို့က ယောကျာ်းဆန်နိုင်ပေမယ့် တချို့က မိန်းမလို မိန်းမရနိုင်မယ်။ တချို့လူတွေက အပြောအဆိုနဲ့ သိသာတယ်။ ဒါမှမဟုတ် သူတင်လိုက်တဲ့ status တခုကနေတောင် သိနိုင်တယ်။ စကားလုံးထဲမှာ ပျော့ညံ့မှု၊ အားငယ်မှု၊သိမ်ငယ်မှုနဲ့ မနာလိုစိတ်တွေ ကြီးစိုးနေတတ်တယ်။၁၉၈၉ ခုနှစ်က လေ့လာမှုတခုအရ ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှု၊စိုးရိမ်ထိန်လန့်စိတ်လွန်ကဲမှုတွေက ဂေးဖက်ကိုဦးတည်သွားတတ်ပါတယ်။ 

နောက်တချက်က လိင်ပိုင်းဆိုင်ရာ ခံယူမှုဖြစ်တယ်။ တချို့က ရေမရောတဲ့ ၁၀၀%အစစ်အမှန် တလမ်းသွား(homosexual) တွေဖြစ်တယ်။ အရက်သမားစကားနဲ့ပြောရင် neat ရေမရောတဲ့ စစ်စစ်တွေရှိသလို cocktail သဘော ဟိုရော ဒီရော နှစ်ဖက်ချွန်သမားတွေလည်းရှိဦးမယ်။ စစ်တမ်းတွေ အားမနာတမ်းထုတ်တတ်တဲ့ ယူကေလိုနိုင်ငံမျိုးမှာ ဂေးဆိုတာ သိပ်ကို ပေါပါသတဲ့။  လေ့လာမှုတွေအရ  ဂေးဖြစ်နေတဲ့ ယောကျာ်းလေးနဲ့ မိန်းကလေးဦးရေ ၄၈၀၀၀၀ နီးပါး ရှိတယ်လို့ ဖော်ပြထားပြီး အဲထက်လည်း များနိုင်ပါသေးသတဲ့။ ဒီထဲက ထက်ဝက်ဟာ  နှစ်ဖက်ချွန်(bisexual) တွေ ဖြစ်ကြတယ်။ 

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ LGBT တွေက နေရာယူလာတယ်။ ဇာတ်ကောင်နေရာက ဇာတ်ဆောင်ဖြစ်လာတာပါ။ မြန်မာဗီဒီယိုကားတွေမှာလည်း မမြင်ချင်မှ အဆုံးရိုက်လာကြတယ်။ စျေးကွက်မြှင့်တင်ရေးတော့ ဟုတ်ဟန်မတူလောက်ပါ။ trend နောက်လိုက်ရင်း ခေတ်ကာလအလျှောက် ပေါပြူလာဖြစ်လာတဲ့သဘောဖြစ်ပါလိမ့်မယ်။ရိုက်ကူးတာတွေ လိုတာထက်များနေတယ်လို့ သုံးသပ်တဲ့အမြင်တွေလည်း မမှားပါ။ အမှန်တော့ သူတို့ပိုရိုက်လေလေ လူသိပိုများလေလေပါ။ ပတ်ဝန်းကျင် အယူအဆကတော့ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့သဘောတဖြည်းဖြည်းပြောင်းလဲလက်ခံလာတာ တွေ့ရတယ်။

လိင်တူချင်းလက်ထပ်မှုဟာ မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တရားဝင်ဖြစ်လာဖို့ ရှိပါတယ်။ ကမ္ဘာ့အနောက်အင်အားကြီးနိုင်ငံတွေက ထုတ်လွှတ်လိုက်တဲ့  ကာဗွန်မိုနောက်ဆိုက် အဆိပ်အတောက်တွေလည်း ကမ္ဘာ့လေထုထဲ ပျံ့လွင့်လာပါပြီ။ ကမ္ဘာ့မြောက်ခြမ်းက ရေခဲလွှာတွေလည်း တဖြည်းဖြည်း အရည်ပျော်လာပါပြီ။ရာသီဥတုကလည်း ပြောင်းလဲလာပါပြီ။ မုတ်သုံမိုးနေရာမှာ မုန်တိုင်းတွေ အစားထိုးဝင်ရောက်လာပါပြီ။ ကမ္ဘာကြီးပူနွေးလာမှုဟာ လောဘ၊မောဟနဲ့ ဆန္ဒတွေကို မထိန်းချုပ်နိုင်ကြတော့တဲ့ အကျိုးဆက်သာ ဖြစ်တယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာကြီးနိဂုံးချုပ်ဖို့လည်း တဖြည်းဖြည်း နီးကပ်လာပါပြီ။ 

ဒေါက်တာအေးမင်းထူး

No comments:

Post a Comment