မျက်စိစွန်တာကို နွေရာသီမှာ တော်တော်အဖြစ်များတယ်။ အင်္ဂလိပ်လို stye ခေါ်ပါတယ်။ ဆေးပညာဝေါဟာရကhordeolum လို့သုံးတယ်။ မျက်ခွံမှာ အဆီထုတ်တဲ့ဂလင်း(meibomian gland ) လေးတွေ ရှိနေပါတယ်။ ဒီဂလင်းကမျက်ရည်ခမ်းခြောက်မှုကို ကာကွယ်ပေးတယ်။ မျက်စိစွန်တယ်ဆိုတာ အဆီထုတ်တဲ့ဂလင်းတွေမှာ ပိုးဝင်လာလို့ဖြစ်ပါတယ်။ အဖြစ်များဆုံးက stayphylococcus ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။ ကလေးတွေမှာ H. influenzae ပိုးကြောင့်လည်း ဖြစ်တတ်တယ်။
မျက်စိစွန်တာ နှစ်မျိုးရှိတယ်။ မျက်ခွံအတွင်းပိုင်းမှာဖြစ်ရင် အတွင်းစွန်(internal hordeolum)လို့ခေါ်ပြီး မျကိခွံအပြင်မှာဖြစ်ရင် အပြင်စွန်(external hordeolum) လို့ခေါ်ပါတယ်။ မျက်စိအတွင်းစွန်က အပြင်က လှမ်းကြည့်ရင် ဖောင်းနေမယ်။ ရောင်နေမယ်။ မသ်ရင် အကောင်တခုခု ကိုက်ထားသလိုပဲ။ မျက်ခွံကိုလှန်ကြည့်မှ အထဲက ပြည်နာလေးက်ု တွေ့ရတယ်။ အပြင်စွန်ကျတော့ ပြည်တည်နာဖုသေးသေးလေးကို မျက်တောင်ထွက်တဲ့ မျက်ခမ်းစပ်နေရာမှာ တွေ့နိုင်တယ်။ မျက်စိတဖက်မှာဖြစ်ရင် အခြားတဖက်ကိုလည်း ကူးနိုင်တယ်။ အထူးသဖြင့် နှာခေါင်းကို လက်နဲ့ကိုင်ပြီး မျကိစိ မတော်တဆပွတ်မိသူတွေ ဖြစိနိုင်တယ်။ မျက်စိစွန်တဲ့ မျက်ခွံက နီတာ၊ ရဲတာ၊ ရောငိတာ၊ နာတာအကုန်ရှိနိုင်တယ်။ မျက်စိထဲကို ဖုန်(သို့မဟုတ်) ပစ္စည်းတခုခုဝင်သလို ခံစားရမယ်။ မျက်စိကြည့်ရတာ မကြည်လင်ဘူး။
မျက်စိစွန်တဲ့အခါ ပြည်တည်နာကို ကိုယ့်သဘောနဲ့ကိုယ် ဖောက်မပစ်သင့်ဘူး။လုပ်သင့်တာက အပူကပ်ဖို့ ဖြစ်ပါတယ်။ ပိုးသတ်ထားတဲ့အဝတ်စ(gauze)ကို ရေနွေးထဲစိမ်ပြီး မျက်ခွံကို ၁၅ မိနစ်ကြာ ကပ်ပေးရမယ်။ တရက်က်ု ၃-၅ကြိမ်ထိ လုပ်ပေးရမယ်။ အများစုဟာ တပတ်အတွင်း သူ့ဘာသာပျောက်ကင်းကြပါတယ်။ ဒီထဲမှာ အပြင်စွန်ဖြစ်တာကျတော့ ကုရပိုခက်တတ်တယ်။အပြင်စွန်မှာ မျက်စဉ်းတွေက အသုံးမဝင်တာများတယ်။ သို့သော် လိမ်းဆေးတော့ လိမ်းနိုင်တယ်။ မကြာခဏဖြစ်တတ်ရင် ပိုးသတ်ဆေး ointment တွေကို လိမ်းပေးသင့်တယ်။ လိမ်းဆေးထဲမှာneosporin ointment သို့မဟုတ် ciprofloxacin ointment တွေ သုံးရတယ်။
သောက်ဆေးထဲမှာ cephalexin 500mg တနေ့ နှစိကြိမ် သောက်ပေးနိုင်တယ်။ စုစုပေါင်း တပတ်သောက်ရတယ်။ ပင်နယ်စလင်မတဲ့ရင် Erythromycin သောက်ဆေး ပေးနိုင်တယ်။ မသက်သာသေးရင် azithromycin 500mg တနေ့တကြိမ် သို့မဟုတ် levofloxacin 500mg နေ့စဉ်ပေးနိုင်တယ်။ မျကိတောင်ထွက်တဲ့နေရာမှာဖြစ်ရင် မျကိတောင်မွှေးနှုတ်ပေးပါ။မျက်ခွံကို သန့်စင်ပါ။ သောက်ဆေးထဲမှာ သွပ်ဓာတ်(zinc) ပါရင် ပျောက်ကင်းလွယ်တယ်။
chalazionဆိုတာလည်း ရှိသေးတယ်။ အသံထွက်တဲ့အခါ ခက်လေဇီယွန် သို့မဟုတ် ရှက်လေဇီယွန် လို့ ဖတ်ရတယ်။ ဒါကတော့ အဆီဂလင်းပိတ်ဆို့ရာကတဆင့် ဆဲလ်သေတွေစုပုံပြီး မျက်ခွံအတွင်း ဖြစ်တဲ့ အဖုကလေးပါ။ ပိုးဝင်တာ၊ပြည်လုံးဝမရှိဘဲ စမ်းကြည့်ရင် အဖုကလေးသာ ရှိမယ်။ နာကျင်တာ၊အောင့်တာ မရှိဘူး။ အဖုကြောင့် မျက်စိကြည့်ရခက်နိုင်ပါတယ်။ မျက်ခမ်းထက် မျက်ခွံအတွင်းပိုင်းမှာ ဖြစ်တာများတယ်။ မျက်စိစွန်တာနဲ့ သဘောချင်းတူပေမယ့် ပြည်တည်နာမရှိပါ။ ပျောက်ကင်းချိန်ပိုကြာနိုင်တယ်။ တလကျော်တဲ့ထိ မသက်သာရင် ခွဲစိတ်ဖို့ လိုတတ်ပါတယ်။
ဘာတွေလုပ်မလဲ
- မျက်စိအတွင်းစွန်အတွက် သန့်စင်တဲ့ ရေနွေးဝတ် ကပ်ပါ။ တခါကပ် ၁၅ မိနစ် တနေ့ကို သုံးကြိမ်-ငါးကြိမ် ကပ်ပေးပါ။
- မျက်စိအပြင်စွန်အတွက် baby shampoo (ခပ်ပျော့ပျော့) နည်းနည်းယူပြီး ရေနွေးတခွက်ထဲထည့်ပါ။ ပြီးရင် နားကျပ်တံသုံးပြီး မျက်ခွံကို သန့်စင်ပါ။ တရက်ကို သုံးကြိမ်လုပ်ပါ။baby shampoo အများစုမှာ sodium trideceth sulfate ပါလေ့ရှိတယ်။ သူက အပျော့စား သန့်စင်ဆေးတမျိုးဖြစ်လို့ မျက်ခွံကို မထိခိုက်စေနိုင်ပါဘူး။
-မျက်စိ နာကျင်၊ကိုက်ခဲတာရှိရင် ibuprofenလို အကိုက်ခဲပျောက်ဆေးတမျိုးမျိုးသောက်နိုင်တယ်။
- မျက်စိစွန်စဉ် မျက်လုံးကို လက်နဲ့ ကိုင်တွယ် ပွတ်သပ်တာ လုံးဝမလုပ်ပါနဲ့။ လက်ကို ပိုးသတ်ဆေးဆပ်ပြာတခုခုနဲ့သေချာဆေးပါ။ လက်ကိုင်ပဝါတခုခု သတ်သတ်ထားပါ။
- ဖြစ်နေစဉ် မျက်ကပ်မှန်တပ်တာ တပတ်တိတိရှောင်သင့်တယ်။ မိန်းကလေးတွေအနေနဲ မိတ်ကပ်၊ eye liner မသုံးစွဲသင့်ပါ
သုံးရက်ကြာတဲ့ထိမျက်စိစွန်တာ မသက်သာရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၂၀.၅.၁၇
No comments:
Post a Comment