Sunday, July 19, 2015

silymarin အသည်းအားဆေးတွေမှာပါတဲ့ဓာတ်

silymarin နဲ့ပတ်သတ်လို့ နဲနဲလောက်ရှင်းပြပေးပါလား ခင်ဗျာ

silymarinဆိုတာ အစွမ်းထက် အင်တီအောက်စီးဒင့် တမျိုး ဖြစ်ပါတယ်။အသည်းအားဆေးတွေမှာ အဓိကပါလေ့ရှိတယ်။ flavonoid အမျိုးစားဝင်ဖြစ်ပြီး ဆူးပန်းလုံး(milk thistle)ခေါ်တဲ့အပင်ကနေ အဓိကရပါတယ်။ silymarinထဲမှာ silybin, silydianin, နဲ့ silychrisin စတဲ့ဓာတ်တွေပေါင်းစပ်ထားတယ်။ 

Silipide ဆိုတာလည်းရှိသေးတယ်။ silymarin နဲ့ lecithin ပေါင်းစပ်ထားပြီး သာမန်ရိုးကျsilymarinထက် (၁၀)ဆကျော် အာနိသင်ကောင်းတယ်။ lecithin ဆိုတာ ပဲပုပ်၊ပဲပိစပ်ကရတဲ့ဓာတ်တမျိုးဖြစ်ပါတယ်။ သည်းခြေစီးဆင်းမှုကိုအားပေးပြီး အသည်းသမားတွေအတွက် ကောင်းတယ်။  ၂၀ရာစုနောက်ပိုင်းကစပြီး အမေရိကန်လူမျိုးတွေက silymarine နဲ့ပက်သတ်ပြီး လေ့လာမှုအကြီးအကျယ်လုပ်တယ်။ တွေ့ရှိချက်တွေလည်း အများကြီးပေါ့။


-အသည်းဆဲလ်သစ်တွေ ဖွဲ့စည်းပေးတယ်
-အသည်းတွင်း ပရိုတငိးဖွဲ့စည်းမှုကိုအားပေးတယ်
-Glutathione ပမာဏကို ၃၅ရာခိုင်နှုန်းမြှင့်တက်စေတယ်
-ဓာတုပစ္စည်း၊ဓာတ်တိုးပစ္စည်းနဲ့ အဆီပိုတွေကို ဖယ်ရှားပေးတယ်
-အသည်းရောင်ရမ်းမှုကို ကာကွယ်ပေးတယ်
-သည်းခြေရည်စီးဆင့်မှုကိုအားပေးတယ်

ဘယ်နေရာတွေမှာသုံးလဲ
-ဆေးဝါး၊အရက်၊ဓာတုပစ္စည်းကြောင့် အသည်းပျက်ခြင်း၊
-အသည်းအဆီဖုံးခြင်း၊
-အသည်းရောင်ရောဂါအမျိုးမျိုး၊
-အသည်းကြီးခြင်း၊
-အသည်းကင်ဆာ၊
-သည်းခြေကျောက်တည်ခြင်း၊

တခြားဘယ်ရောဂါမှာသုံးသေးလဲ
-သွေးပြန်ကြောထုံးရောဂါ၊ 
-ရာသီကိုင်လက္ခဏာ၊ 
-ကျောက်ကပ်ရောဂါ 
-ဆီးချိုရောဂါ

အရင်ခေတ်က silymarine ကို ကလေးနို့ထွက်များအာင် သုံးခဲ့ကြဖူးတယ်။ အင်္ဂလိပ်လူမျိုး Culpepper (1616-1654) ကတော့ အသည်းနဲ့သရက်ရွက်ကို သန့်စင်စေပြီး သည်းခြေကျောက်တည်တာအတွက်ကောင်းတာသိခဲ့တယ်။ 

လေ့လာမှုတခုက အရက်သောက်သူတွေမှာ silymarin 200mg တနေ့သုံးကြိမ် လေးနှစ်ကြာဆေးပေးပြီး ပြန်ကြည့်တဲ့အခါ 58% က သိသိသာသာထူးခြားကောင်းမွန်လာတာ တွေ့တယ်။ ထပ်တွ့တာက အရက်ကြောင့် အသည်းလုပ်ဆောင်မှုပျက်ဆီးသူတွေမှာ အာနိသင်ပိုထိရောက်ပါသတဲ့။ အသည်းရောင် အသားဝါရောဂါတွေမှာ အသုံးပြုတယ်။ လက်ရှိအချိန်ထိ အသည်းအားဆေးတွေမှာ အသုံးများဆုံးနဲ့ အသည်းရောဂါတွေအတွက် အကျိုးပြုဆုံးဓာတ်ပစ္စည်းအဖြစ်လက်ခံထားပါတယ်။

ဒေါက်တာ အေးမင်းထူး
၈.၇.၁၅

No comments:

Post a Comment