(၁)
စိတ်.....။
ဒီစိတ်လေးသည် မည်မျှအထိ အရေးကြီးပါသနည်း၊ ပျော်ရွှင်စရာ ကြည်နူးစရာ ဝမ်းနည်းစရာ ကြေကွဲစရာ စိတ်ခံစားချက် အရာအားလုံးသည် ထိုတဒင်္ဂစိတ်လေး၏ ဖြစ်လိုက် ပျက်လိုက်ပြောင်းလဲနေသည့် စိတ်အာရုံလေးသာသာ ဖြစ်နေသည်ကို နားလည်သူရော မည်မျှရှိပါသနည်း။
တခါတရံ ထိုစိတ်ကလေးက လူ့ ကံကြမ္မာအဆိုုးအကောင်းကိုသာမက ဘဝတခုလုံးကိုပါ ပြောင်းလဲပစ်နိုင်စွမ်းရှိခဲ့သည်။ တဒင်္ဂအတွင်း ဖြစ်ပေါ်လာသည့် အတွေးမှားလေးတခုက စင်မြင့်ထက်တွင် အမြဲနေနိုင်ခဲ့သူတယောက်ကို အဆုံးစွန်ထိ ချောက်ထဲရောက်အောင် တွန်းပို့ပစ်နိုင်ခဲ့ရုံမက နောင်အခါ ဘဝနှင့် ရင်းင်္ပြး ပြန်လည် ပေးဆပ်ရလောက်အောင် ကြီးမားလာလိမ့်မည်ဟု သူတကယ် မျှော်လင့်မထားမိခဲ့။ သို့သော် အဖြစ်ပျက်အားလုံး အမှန်တကယ်ဖြစ်ပေါ်လာချိန်မှာတော့ ဥိးမင်းနိုင်တယောက် ပြင်ဆင်ချိန်မရအောင် အရာအားလုံး နောက်ကျသွားခဲ့ရသည်။
အဆ်ုပါအဖြစ်ပျက်သည်ကား.......
(၂)
ကိုမင်းနိုင်၏မိဘများက ဝန်ထမ်းဖြစ်သည်၊ ဝန်းထမ်းသားသမီးမို့ သာမန်စားနိုင်သောက်နိုင်ရုံထဲကသာ။ သို့သော် ကိုမင်းနိုင်တွင် ရည်မှန်းချက်တခုရှိသည်။ အဆိုပါရည်မှန်းချက်မှာတနေ့နေ့ တချိန်ချိန်တွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ရမည်ဟူသော ရည်မှန်းချက်မျိူး။ ဆယ်တန်းအောင်တော့ စီးပွားရေးတက္ကသိုလ် ဆက်တက်ဖို့ ရန်ကုန်ရောက်လာခဲ့သည်။ ထိုအချိန်တွင်ပင် မသဥ္ဇာဆိုသည့် မိန်းကလေးတဦးနှင့် စတင်ဆုံဆည်းခဲ့သည်။ မသဥ္ဇာတို့မိဘများက ကုန်သည်မျိုးရိုး၊ မန္တလေးမှ ပြောင်းရွှေ့လာသည့် ဆီကုန်သည်များဖြစ်သည်။ ဖခင်ဖြစ်သူက လုပ်တတ်ကိုင်တတ်မို့ စီးပွားဖြစ်ခဲ့ပေမယ့် ဖခင်ဖြစ်သူရုတ်တရက်လေဖြတ်ပြီးနောက်ပိုင်းတွင်မူ စီးပွားရေးက ရုတ်တရက် ကျဆင်းသွားသည်။ မိဘလက်ငုတ်ရင်းလေးကို သမီးဖြစိသူ မသဥ္ဇာက ဆက်လက်ဦးစီးရသည်။ သို့သော် ကျောင်းကတဖက်၊ ငယ်ရွယ်ရွယ် အတွေ့အကြုံနုနယ်သေးသူမို့ သိပ်အလုပ်မဖြစ်ခဲ့ဘဲ ချောင်လည်တယ်ဆိုရုံသာ။ ထိုအချိန်တွင်ပင် ကိုမင်းနိုင်နှင့်တွေ့ပြီး လူငယ်တို့ဘာဝချစ်ကြိုက်ခဲ့ကြသည်။ နှစ်ဦးလုံးက စီးပွားရေးအပြေလည်ကြီးမဟုတ်ကြပေမယ့် ကြီးပွားတိုးတက်ချင်သော ရည်မှန်းချက်ကတော့ တူညီကြသည်။
ဒီလိုနှင့် ဘွဲ့ရပြီး တနှစ်အကြာတွင်ပင် သူတို့လက်ထပ်ဖြစ်ခဲ့ကြသည်။ ထိုအချိန်တွင်တော့ သဥ္ဇာ့ဖခင် ဦးထွန်းရွှေတယောက် လူလောကတွင် မရှိရှာတော့။နှလုံးရောဂါ အခံရှိသူမို့ လေဖြတ်ပြီး မကြာမှီပင် ဆုံးပါးခဲ့ရသည်။ နောက်တော့ နှစ်ယောက်သား သီးသန့်အိမ်လေးတလုံးငှား နေထိုင်ပြီး ဆီအရောင်းအဝယ်လုပ်ခဲ့ကြသည်။ ဒါလည်း သိပ်အဆင်ကမပြေပြန်၊ နောက်ဆုံး ကိုမင်းနိုင်တယောက် ဖားကန့်သို့ စွန့်စွန့်စားစား ထွက်ခွာပြီး ကျောက်လုပ်သည်။ ကံကောင်းချင်တော့ ဦးလေးဝမ်းကွဲတော်သူတယောက်နှင့် ရှယ်ယာနှစ်ဦးစပ်တူလုပ်ကိုင်သော အကွက်မှာ ကျောက်အောင်လာသည်။ နောက်တော့ ရန်ကုန်ပြန်လာ၊ ကျောက်မျက်ကုမ္ပဏီတခုထောင်ပြီး လုပ်ကိုင်ခဲ့ရာ အတော်အသင့်အောင်မြင် ကြီးပွားလာသည်။ ဒီလိုနှင့် တဖြည်းဖြည်းချဲ့ရင်းချဲံရင်း နောက်ဆုံး ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းအများစုကိုပါ ပိုင်ဆိုင်လာသည်။ စီးပွားရေးက အဆင်ပြေလာပြန်တော့ လိုအပ်ချက်တခုက ရှိနေပြန်သည်။ အဆိုပါလိုအပ်ချက်မှာ သူတို့တွင် သားသမီးရတနာ မထွန်းကားသေးခြင်းပင်။
(၃)
"ဖေဖေ သားကို အရုပ်လေးဝယ်ပေးရမယ်နော်"
"အေး...ဝယ်ပေးမှာပေါ့သားရဲ့"
စကားလေးမပီကလာ ပီကလာနှင့် အနားကပ်ခါပြောနေသော သုံးနှစ်အရွယ်ကလေးငယ်ကိုကြည့်ရင်း ကိုမင်းနိုင်ရင်ထဲ ကြည်နူးချမ်းမြေ့စွာ ခံစားလိုက်ရသည်။
"မင်းသားက အတော်သွက်တာပဲကွ"
မင်းနိုင်စကားကြားတော့ သူငယ်ချင်းဇော်မြင့်က ရယ်သည်။
"ဖအေတူသားပဲလေ၊ ဒီလောက်တော့ ရှိမှာပေါ့။ ဒါနဲ့ မင်းတို့ရော ကလေးမယူဘူးလား"
ကိုမင်းနိုင်က သက်ပြင်းကို ချလိုက်သည်။
"ယူတာပါပဲကွာ၊ အခုထိ မရသေးတာ"
အမှန်တော့ သူတို့စီးပွားရေးအဆင်ပြေလာကတည်းက ကလေးယူဖို့ အသည်းအသန်ကြိုးစားခဲ့ပေမယ့် ဒီနေ့ ဒီချိန်ထိ ကလေးမရ။ အိုဂျီအထူးကုနှင့်ပြပြီး တိိုင်ပင်တော့လည်း နှစ်ယောက်လုံးတွင် ပြစ်ချက်တစုံတရာ မတွေ့။ ပြောစရာရှိတာက အိမ်ထောင်ကျပြီးခါစ သုံးလခံတားဆေး ကြာရှည်ထိုးခဲ့ဖူးတာပင်။ ဖြတ်ပြီးနောက်ပိုင်း ကလေး မရတော့။ နောက်ဆုံး ကံကိုသာ ယိုးမယ်ဖွဲ့ပြီး စိတ်ကိုသာ လျှော့ချလိုက်သည်။
"ရသလောက်တော့ ကြိုးစားကြည့်ပေါ့ကွာ၊ ငါတို့လည်း ချက်ချင်းမရဘူး။ သုံးနှစ်လောက်နေမှ ကလေးရတာ"
"ဒီအရွယ်ကြီးရောက်မှတော့ ရလောက်မယ်မထင်ပါဘူးကွာ"
"စိတ်မလျှော့စမ်းပါနဲ့ကွာ၊ မင်းအသက်က အခုမှ သုံးဆယ်ကျော်ပဲရှိသေးတာ၊ ကံကောင်းရင် ရနိုင်ပါတယ်"
သူငယ်ချင်းဇော်မြင့်က ပခုံးပုပ်ရင်း အားပေးသည်။ ကိုမင်းနိုင်က ဘာမှမပြောဘဲ မချိပြုံးပြုံးရင်း ကလေးငယ်ကို ပြန်ကြည့်နေလိုက်သည်။
(၄)
"ကိုယ်တို့လည်း သားလေးတယောက်လောက်ရရင်ကောင်းမှာနော်"
သူငယ်ချင်း မိသားစုပြန်သွားတော့ ကိုမင်းနိုင်ကပြောသည်။ ဇော်မြင့်၏ သားလေးကိုမြင်တော့ အနှစ်နှစ်အလလမြိုသိပ်ခဲ့ရသော ခံစားတို့ မထိန်းနိုင်ဘဲ ပွင့်အန်ထွက်လာခြင်းပင်။
"အစ်ကိုရယ် သားသမီးဆိုတာ ဘုရားပေးတဲ့ရတနာပါ၊ အချိန်တန်တော့လည်း ရမှာပေါ့"
"ဇော်မြင့်သားလေးကိုကြည့်ပြီးတော့ ကိုယ်စိတ်ထဲမှာ အဲလို သားယောကျာ်းလေးတယောက်လောက် ရရင် အရမ်းပျော်စရာကောင်းမှာလို့ တွေးနေမိတယ် သဥ္ဇာရယ်"
မသဥ္ဇာ မျက်ဝန်းမှ မျက်ရည်တပေါက်ကျသွားသည်။ ခံစားချက် အပြည့် ပြောလိုက်သော ကိုမင်းနိုင်စကားတို့ကြောင့် ရင်ထဲ ကျင်ခနဲနေအောငိ ခံစားလိုက်ရသည်။
ဒါပေမယ့် ဘယ်လိုလုပ်တတ်နိုင်မှာတဲ့လဲ အစ်ကိုရယ်..
(၅)
"ကိုကျော်စွာအလုပ်ထွက်သွားပြီဆရာ"
"ဘာပြောတယ်"
ဦးမင်းနိုင်အသံက အခန်းထဲဟိန်းထွက်လာသည်။
"ဒါ..ဒါဆို...."
"ဟုတ်ပါတယ်ဆရာ၊ သိန်း နှစ်ထောင်ကျော်လည်း ပါသွားတယ်"
"ဟာ..."
မန်နေဂျာ ယုဇော်စကားကြောင့် ဦးမင်းနိုင်တယောက် ခြေပစ်လက်ပစ်ဖြစ်သွားသည်။ လွန်ခဲ့သည့်လကမှ နိုင်ငံခြား စက်ပစ္စည်းများသွားယူဖို့ ထုတ်ပေးလိုက်သော ငွေ သိန်းနှစ်ထောင်ကျော်ကို နှစ်ပေါင်းများစွာ လက်တွဲခဲ့သည့် လုပ်ဖော်ကိုင်ဖက် ကိုကျော်စွာတယောက်လိမ်လည်ယူသွားပြီဆိုတဲ့ သတင်းက တကယ့်ကို မယုံကြည်နိုင်စရာ။
ဒီရက်ပိုင်း အဆိုးတွေချည်း ဆက်တ်ိုက်တွေ့ကြုံနေသည်။ စီးပွားရေးက အဆင်မပြေသလို အိမ်ထောင်ရေးမှာလည်း အဖုထစ်လေးတွေနှင့်။ အဆင်မပြေတာလည်း ဘယ်သူမပြုမိမိမှုဆိုသလို။ ကလေးမွေးပေးဖို့ အချိန်ရတိုင်းပြောတတ်သောသူ့ကို မသဥ္ဇာတယောက် ဒီရက်ပိုင်း သိသိသာသာရှောင်နေခဲ့သည်။ စကားလည်း သိပ်မပြော။ အခုတော့ သူနှင့် အရင်းနှီးရဆုံးဟု သတ်မှတ်ထားသော ကိုကျော်စွာက ငွေတွေ လိမ်ညာသွားခဲ့ပြန်ပြီတဲ့။
စားပွဲပေါ်လက်ထောက်ရင်း ခေါင်းငိုက်စိုက်ကျသွားသော ဆရာ့ကို ကြည့်ရင်း ကိုယုဇော် စိတ်မကောင်းဖြစ်သွားသည်။
"ဆရာ"
မဝံ့မရဲခေါ်သံကြောင့်ကိုမင်းနိုင်က မော့ကြည့်လိုက်သည်။
"ဆရာ ဒီရက်ပိုင်း မျက်နှာလည်း မကောင်းဘူး၊ မမသဥ္ဇာနဲ့လည်း အဆင်မပြေဘူးဆို"
ဦးမင်းနိုင် ဘာမှပြန်မပြော။
"ဆရာ... စိတ်မဆိုးရင် တခုလောက်အကြံပေးချင်လို့ပါ။ ဆရာက သူဌေးဆိုပေမယ့် တခြားသူဌေးတွေလို အသောက်အစားအပျော်အပါး မရှိဘူး။ လောင်းကစားမလုပ်ဘူး။မိန်းမ အရှုပ်အရှင်းလည်း ကင်းတယ် "
"မင်း ဘာပြောချင်တာလဲ ယုဇော် "
"ဒီလိုပါ ဆရာ၊ ဆရာက အလုပ်ထဲမှာပဲ စိတ်နှစ်ထားတော့ ပင်ပန်းမှာပေါ့။ တခါတလေတော့လည်း ဆရာ့စိတ်ကို ထွက်ပေါက်ပေးလိုက်ပါလား"
ဦးမင်းနိုင် တချက်တော့ တွေသွားသည်။ ယုဇော်ပြောသလို တကယ်ပဲ ငါ့စိတ်တွေ ထွက်ပေါက်ပေးဖို့ လိုအပ်နေပြီလား.....
(၆)
ရီဝေသောမျက်လုံးများနှင့် မီးရောင်စုံ လှုပ်ရှားနေသော ပတ်ဝန်းကျင်ကိုကြည့်ရင်း ဦးမင်းနိုင်တယောက် မူးနောက်နောက်ဖြစ်လာသည်။
"ယုဇော် မင်းပြောတော့ ပျော်ရွင်ရပါစေမယ်ဆ်ုကွ၊အခုတော့ မျက်စိရှုပ်စရာတွေချည်းပါလား..."
မိတ်ကပ်အဖွေးသားပြင်ပြီး စကပ်တိုတိုဝတ်ကာ ခန္ဓာကိုယ်အလှပြရင်း လမ်းလျှောက်နေသော စင်ပေါ်က မိန်းကလေးတွေကိုကြည့်ရင်း ဦးမင်းနိုင်က မျက်မှောင်ကြုတ်ရင်း ပြောသည်။ ယုဇော်က ရယ်သည်။
"လာမှာပေါ့ ဆရာရယ်၊ ခဏလေးပဲစောင့်"
ဦးမင်းနိုင် စိတ်မရှည်စွာစောင့်ဆိုင်းရင်း ရှေ့က ပုလင်းကို လှမ်းကိုင်သည်။ အထဲမှာ ဘာမှမရှိ။
"ဟေ့ စာပွဲထိုး နောက်တလုံးချကွာ"
"ဆရာများနေပြီထင်တယ်"
ယုဇော်က ဝင်တားတော့ တဇွတ်ထိုးသမား ဦးမင်းနိုင်ကခေါင်းခါသည်။
"ဟေ့...အခုမှ မတားနဲ့၊ မင်းခေါ်လို့လိုက်လာတာ၊ ငါ ဒီနေ့ မူးအောင်သောက်ပစ်မယ်။ လောကကြီးကိုခဏမေ့ချင်သေးတယ်၊ သွား.. နောက်တလုံးယူခဲ့"
ခဏနေတော့ စားပွဲထိုးက ပုလင်းတလုံး လာချသည်။ ဦးမင်းနိုင်တယောက် အရက်ခွက်ကို လှမ်းယူရင်း ....
"ငါဒီနေ့အရမ်းမူးနေရင် အိမ်ပြန်လို့်ရမှာမဟုတ်ဘူး။မင်းပဲအိမ်က်ု ကြည့်ပြောလိုက်ကွာ။ မိန်းမကဖုန်းဆက်ရင် အလုပ်ကိစ္စတခုနဲ့ အရေးပေါ်ခရီးထွက်ရမှာမို့ ဒီညပြန်မအိပ်တော့ဘူးလို့ ပြောလိုက်"
ဆရာ၏ စကားကြောင့် ယုဇော်ဘာမှမပြောနိုင်ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။
(၇)
ဘုရား...ဘုရား....
သူ့ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေသော ကြွေရုပ်ကလေးလို နုဖတ်နေသည့် မိန်းကလေးကိုကြည့်ရင်း ဦးမင်းနိုင်တယောက် ဘုရားတနေရပါပြီ။ သုံးသိန်းတန် ပန်းကုံး၏ အစွမ်းပကား သည်မျှကြီးမှနိး အခုမှ သိရသည်။
ဒီနတ်မိမယ်လေး နှင့် စကားပြောနိုင်ဖို့ ယုဇော်တယောက် ပန်းကုံးသွားစွပ်ပေးစဉ်က လူတွေများ ရူးသွပ်ကြပါလားဟု သူ့နှုတ်က ထွက်ခဲ့သော ဦးမင်းနိုင်ကိုယ်တိုင် ယခုတော့ ရူးသွပ်မှုဒဏ်ကို လှလှကြီး ခံစားနေရပါပြီ။ ထို့ထက်ရှင်းအောင် ပြောရလျှင် အရာအားလုံးကို မေ့လျှော့ပြီး ဒီမိန်းကလေး၏အလှအောက်တွက် လုံးဝရစ်မူးသွားခဲ့ခြင်းသာ။
"သမီး ဒီမှာ ထိုင်မယ်နော် အစ်က်ုကြီး"
ကောင်မလေးကပြောပြောဆိုဆို သူ့ဘေးထိုင်ခုံတွင် လာထိုင်သည်။ မွေးကြိုင်သင်းပျံ့သော ရနံ့တို့ နှာခေါင်းထဲ တိုးဝင်လာသည်။ ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး နှလုံးခုန်သံရုတ်ချည်းမြန်ဆန်လာသည်။
"သမီးနာမည် ကြယ်စင်လို့ခေါ်ပါတယ်"
အလို...ကြယ်စင်ဆိုပါလား။ အသားအရေက နုဖတ်နေလိုက်တာ။ ကိုယ်လုံးကိုယ်ပေါက်ကလည်းအပြစ် ပြောစရာမရှိ။ မျက်နှာလေးက ကြွေရုပ်လေးလို ချောမောနေပြန်သေးသည်။ ကောင်းကင်က နတ်သမီးများကြွေကျလေရော့သလား။
"အစ်ကိုကြီးက အခုမှ ဒီရောက်တာလားဟင်"
ကြွေရုပ်လေးထံမှ ခရာညုတုလေသံကိုကြားမှ ဦးမင်းနိုင်တယောက် သတိဝင်လာသည်။
"ဪ...အင်း..."
"အရင်က တခါမှမမြင်ဖူးဘူးနော်"
"ဟုတ်တယ်..."
"ဟာ...အစ်ကိုကြီးကလည်းကွာ၊ ဪ အင်းနဲ့ပဲ ပြီးနေတာ၊ ဘာလဲကြယ်စင်နဲ့ စကားမပြောချင်လို့လား"
"ဟာ..အဲလိုမဟုတ်ပါဘူး"
ဦးမင်းနိုင်၏ ပြာပြာသလဲနိုင်သော အမူအရာကိုကြည့်ရင်း ကြယ်စင်က သဘောကျစွာ ရယ်သည်။ ရိုးအသော ပုံစံကြည့်ကတည်းက သူ့မာယာစက်ကွင်းထဲ ဝင်တော့မည့် သားကောင်တယောက်ဟု သိလိုက်သည်။
"အစ်ကိုကြီးက အရမ်းရိုးတာပဲနော်။ ဒါနဲ့ အိမ်ထောင်ရော ရှိလားဟင်"
"မရှိပါဘူး"
အရက်အရှိန်နှင့် သုရာမေရကံသာမက မုသာဝါဒကံပါ ကျူးလွန်မိပြန်သည်။
"ဟုတ်လား။အစ်ကိုကြီး သီချင်းကော ဆိုတတ်လားဟင်"
"နည်းနည်းပါးပါးတော့ဆိုတတ်ပါတယ်"
"ဒါဆို ကြယ်စင်နဲ့ အတူဆိုရအောင်လေနော်"
နှုတ်ခမ်းလေးထော်၊ မျက်စောင်းလေးထိုးကာ ခရာညုတု ချွှဲ့တဲ့တဲ့ ပြောနေသော ထိုမိန်းကလေး၏စကားတို့ကို ဦးမင်းနိုင် ဘယ်လိုခွန်အားမျိုးနဲ့ ငြင်းနိုင်မှာတဲ့လဲ။ ဘေးမှာ နားထောင်နေသော ယုဇော်ကတော့ ကိုယ့်ဘာသာ ကျိတ်အပြစ်တင်နေမိသည်။
ငါ..ဆရာ့ကို ဒီမိန်းကလေးနဲ့ တွေ့ပေးတာ မှားများသွားပြီလား။
(၈)
ငယ်ထိပ်မြွေပေါက်လေပြီ။
မျက်နှာကျက်ကို ကြည့်ရင်း မနေ့ကအဖြစ်က်ု ပြန်တွေးတော့ ဦးမင်းနိုင်တယောက် ခြောက်ခြားစိတ်နှင့်အတူ ဇောချွေးတွေ အလိုလို ပြန်လာမိသည်။ မနေ့က ကောင်မလေးနှင့် သီးသန့်ခန်းထဲတွင် သီချင်းတွေအတူဆိုပြီး စကားတွေ ပြောဖြစ်ကြသည်။ ဘာတွေပြောလဲကောင်းကောင်းမမှတ်မိ။ မှတိမိတာက အရက်တွေ တခွက်ပြီး တခွက် ဆင့်သောက်ကာ မူးမူးနှင့် ယုဇော်ကို အခန်းထဲက နှင်ထုတ်ခဲ့တာရယ်၊ နောက်ကောင်မလေးနှင့် သူ နှစ်ယောက်တည်း အခန်းတခုတည်းမှာ ကျန်ခဲ့တာရယ်၊ ဒါပဲ မှတ်မိသည်။ နောက်ပိုင်းအဖြစ်အပျက်တွေ ကောင်းကောင်းမမှတ်မိ။
အခု အိပ်နိုးတော့ ဘေးတွင် ကြယ်စင်ဆိုသော ကောင်မလေးက မိမွေးတိုင်း ဖမွေးတိုငိး အိပ်ပျော်နေသည်။
ဟာ...သွားပြီ၊ငါ မှားပြီ။ ငါ လုံးဝမှားသွားပြီ။
လူပျိုလူလွတ် တယောက်မို့ မှားလျှင်လည်း ထားတော့။ အခု သူကအိမ်ထောင်သည်။ နောက်ပြီး အသက်ကလည်း မငယ်တော့။ မူးနေတယ်လို့ ပြောဖို့ကလည်း သိစိတ်နှင့် ခန္ဓာကိုယ်တိူု့က အဲသည်လောက် လွတ်ကင်းမနေမှန်း ကိုယ့်ဘာသာ သိသည်။
တကယ်တော့ မျက်ကွယ်အရပ်မှာ ဖြစ်ပေါ်တတ်သည့် မှောက်မှားချင်စိတ်၊ ဖောက်ပြန်ချင်စိတ်တို့က အထိအတွေ့အာရုံ၏ ခေါ်ဆောင်ရာနောက်ကို မလွန်ဆန်နိုင်ဘဲ လိုက်သွားခဲ့မိခြင်းသာ။ အဲသည် အာရုံခံစားမှုတွေကကော ဘယ်လောက်ထိခံလိုက်လို့လဲ။
တသက်လား....ဟင့်အင်း။
တနှစ်လား.... နိုး။
တလလား.... မဟုတ်ပါ။
မိနစ်ပိုင်းမှ တကယ့် မိနစ်ပိုင်းလေးရယ်။ ဒီမိနစ်ပိုင်း ခံစားမှုလေးတခုအတွက် တသက်လုံး စောင့်ထိန်းလာခဲ့သော ကိုယ်ကျင့်တရား ဂုဏ်သိက္ခာ အကျင့်သီလ အရာအားလုံး ပျက်သုန်းသွားခဲ့ပါလျှင် အဆိုပါ ဆုံးရှုံးမှုသည် တန်ပါရဲ့လား။
အဆိုးဆုံးက မိမိအိမ်သူသက်ထားအပေါ် စောင့်ထိန်းအပ်ခြင်းတည်းဟူသော သစ္စာတရား တံတိုင်းက ကျိုးပေါက်သွားခဲ့ခြင်းပင်။ အဆိုပါ ကျိုးပေါက်မှုသည် ရေကာတာအပေါက်ကို အင်္ဂတေနှင့် ဖာသလို လွယ်လွယ်နဲ့ ဖာလို့ရတာမျိုးမဟုတ်။ ထိုထဲတွင် မိမိကိုယ်ကိုယ်မိမိရိုသေခြင်း၊ လေးစားခြင်း မြတ်နိုးခြင်း၊တန်ဖိုးထားခြင်းတည်းဟူသော တန်ဖိုးတွေပါ တပါတည်းပါသွားခဲ့သည်။ အခုတော့ ဦးမင်းနိုင်တယောက် အကြီးအကျယ်နောင်တရခဲ့ပါပြီ။
"အစ်ကိုကြီး"
လက်တဖက်က သူ့ပခုံးကို လာဖက်သည်။ ဦးမင်းနိုင်တယောက် ထိတ်လန့်တုန်လှုပ်သွားသည်။
"ဟင့်အင်း မထိနဲ့။ မင်း ငါ့အသားလာမထိနဲ့"
မနေ့ကနှင့်မတူ အမူအရာပြောင်းသွားသော သူ့ကိုကြည့်ရင်း ကြယ်စင်က အံ့သြသလိုကြည့်သည်။
" ဘယ်လိုဖြစ်သွားတာလဲအစ်ကိုကြီးရဲ့၊ မနေ့ကတော့ အသည်းလေးပါဆို၊အရမ်းချစ်ပါတယ်ဆို၊ ဘယ်တော့မှခွဲမသွားပါဘူးဆို"
ဦးမင်းနိုင်မျက်နှာ ချက်ချင်းနီမြန်းလာသည်။ ရှက်ရွံ့လွန်းသဖြင့် ဖြစ်နိုင်လျှင် မြေကြီးထဲကို တိုးဝင်ပျောက်ကွယ်သွားချင်မိသည်။
"ကဲပါ ဦး မလိုတော့ဘူးဆိုရင်လည်း သမီးပြန်တော့မယ်၊ သမီးကို မုန့်ဖိုးလေးတော့ပေးဦးလေ"
အခေါ်အဝေါ်ကစ သိသိသာသာ ပြောင်းလဲသွားသည်။ ရှက်ရှက်နှင့် ပိုက်ဆံအိပ်ထဲလက်နှိုက်ပြီး ပြန်ထုတ်လိုက်သည်။
"ရော့.."
ကြယ်စင်က သူ့ပိုက်ဆံကို လှမ်းမယူပါ။
"သူဌေးဖြစ်ပြီး ကပ်စေးနည်းလိုက်တာ ဦးရယ်၊ ဦးမှာ ဒီထက်မက ပါလာတာ ကြယ်စင်သိပါတယ်"
မြွေဟောက်ထက်ကြောက်စရာကောင်းလွန်းသော ကောင်မလေးက်ုကြည့်ပြီး ဦးမင်းနိုင် တယောက် အံကိုသာ ကြိတ်လိုက်မိသည်။
"ဘာလဲ ဦးကမပေးချင်ဘူးလား"
ကောင်မလေးက ပြောရင်း ဘေးမှာချထားသော ဖုန်းကို ယူပြီး ရိုက်ထားသော ပုံတွေပြလိုက်သည်။
အလို...ပုံတွေ....ပုံတွေ၊ ချစ်ရည်လူးနေသည့် ပုံတွေ။
တုန်လှုပ်ခြောက်ခြားမှုက ငယ်ထိပ်တက်လာသည်။ မိန်းကလေးတန်မဲ့ အရှက်ကင်းမဲ့စွာ ရိုက်ထားသော ပုံတွေကိုကြည့်ရင်း ဦးမင်းနိုင်တယောက် ဒေါသထွက်လွန်းသဖြင့် အသားတွေပင် တဆတ်ဆတ်တုန်လာသည်။
"မင်း အရှက်ကင်းမဲ့လှချေလား၊ယုတ်မာလှချေလား။ ရော့.... ဒီမှာ အကုန်ယူသွား။ နောက် ဘယ်တော့မှ လာမပက်သတ်နဲ့"
ကြယ်စင်က သူပေးသော အနီအုပ်တထပ်ကို လက်ဖြင့်ယူရင်း အခန်းထဲမှ လှည့်ထွက်သွားသည်။ပြန်ကာနီးစကားတခွန်းဆိုသွားသေးသည်။
"ဪ...ဦးကို သတိပေးရဦးမယ်။ နောက်ဆို အဖော်လေးဘာလေးဆောင်ထားဖို့ မမေ့နဲ့၊ စေတနာနဲ့ သတိပေးတာနော်၊ ကဲ...သွားပြီ"
ဦးမင်းနိုင်တယောက် ခေါင်းငိုက်စိုက်ကျသွားသည်။ ရှိရှိသမျှ ဂုဏ်သိက္ခာအားလုံးကတော့ ကောင်မလေးနှင့်အတူ ပါသွားခဲ့ချေပြီ။
(၁၀)
"အကိုပြန်လာပြီလားဟင်"
ရီဝေရှုပ်ထွေးသောစိတ်ဖြင့် အိမ်ပြန်အလာ တံခါးဝမှ ဆီးကြိုနေရှာသော မသဥ္ဇာ၏ ကြည်လင်သောအသံကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူတို့နှစိယောက် ဟက်စက်ပက်ပက်စကားမပြောခဲ့တာ ဘယ်လောက်ကြာ်ခဲ့ပြီလဲ။ ဒီနေ့မှ ထူးထုးခြားခြား ခြံတံခါးရှေ့ထွက်ကြိုသည့်အပြင် မျကိနှာကလည်း မှိုရထားသူတယောကိလို ပြုံးရွှင်နေပြန်သေးသည်။
"အစ်ကို့ကို သတင်းကောင်းပြောမလို့ မနေ့ကတည်းက စောင့်နေတာ၊ အစ်ကိုက အိမ်မှပြန်မလာတာ"
"ဘာပြောမလို့လဲ"
မသဥ္ဇာ ရှက်ပြုံးလေးပြုံးပြီး ခေါင်းကို ငုံ့လိုက်သည်။ ပြီးမှခပ်တိုးတိုးပြောသည်။
"သဥ္ဇာဆီမှာ အစိကိုနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ"
"ဘာပြောတယ်"
"ဟုတ်တယ် မနေ့က ဆရာဝန်ပြကြည့်တော့ ကိ်ုယ်ဝန်ရှိနေတာသေချာတယ်တဲ့။ ကိုယ်ဝန်က နှစ်လတောင် ရှိနေပြီ အစ်ကိုရဲ့"
"တကယ်..တကယ်ပေါ့နော်"
ဦးမင်းနိုင်တယောက် မယုံကြည်နိုင်ဟန်ဖြင့် မသဥ္ဇာပခုံးကို ဆုပ်ကိုင်လိုက်သည်။ မသဥ္ဇာကခေါင်းညိတ်ပြသည်။
ဝမ်းသာမှုက ဆိုဖွယ်မရှိ။ မနေ့ကဖြစိပျက်ခဲ့သော အဖြစ်ပျက်တို့ကိုပင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီး မသဥ္ဇာကို လှမ်းဖက်လိုက်သည်။
"ဝမ်းသာလိုက်တာသဥ္ဇာရယ်၊တကယ် ကျေးဇူးတင်ပါတယ်ကွာ"
မသဥ္ဇာကတော့ ဘာမှပြန်မပြောဘဲ ခေါင်းလေးငုံ့ထားသည်။ ဦးမင်းနိုင်တယောက် ချစ်ဖွယ်ကောင်းသော ဇနီးသည်၏ မျက်နှာကိုကြည့်ရင်းနှလုံးသားတခုလုံး နွေးထွေးလာသည်။
(၁၁)
"ကဲ..အားလုံးထည့်စားကြနော်၊ အဝသာစား"
ဦးမင်းနိုင်တယောက် တပည့်တွေစားတာကြည့်ရင်း ကြည်နူးနေမိသည်။ ဒီနေ့ သားလေးမင်းသန့်၏ သုံးနှစ်ပြည့်မွေးနေ့ဖြစ်တာနဲ့အညီ ကုမ္ပဏီဝန်ထမ်း တပည့်တပန်းကို ကျွေးမွေးနေခြင်းပင်။
"ဆရာက အရမ်းကံကောင်းတာပဲနော်၊ စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပြီဆိုတော့ အရမ်းပျော်နေမှာပဲ"
တပည့်တွေ၏ ချီးကျူးသံးကြောင့် ဦးမင်းနိုင်တယောက် အကျေနပ်ကြီးကျေနပ်နေမိသည်။
"အားလုံး စားကြကွာ... ဒါနဲ့ ယုဇော်တယောက်ကော မတွေ့ပါလား၊ ဒီကောင် ဘယ်သွားနေလဲ"
"သူ့သူငယ်ချင်းတယောက်ကို ဆေးရုံသွားမေးရမှာမို့ ဒီနေ့နညိးနည်းနောက်ကျမယ်တဲ့ဆရာ"
"အေးကွာ ရောက်ရင် ငါ့ဆီ လွှတ်လိုက်ဦး"
ဦးမင်းနိုငိတယောက် ကျေနပ်စွာ သူ့ရုံးခန်းထဲပြန်ဝင်လာသည်။ စားပွဲပေါ်တွင်တော့ သားဖြစ်သူ မောင်မင်းသန့်လေးက ဓာတ်ပုံထဲမှ သူ့ကိုပြုံးကြည့်နေသည်။ ချစ်စရာကောင်းလိုက်ပါဘိ။ သားကိုကြည့်၍ ပီတိဖြစ်လို့ မဝနိုင်သေးခင်ပင် ခြေသံတလျှပ်လျှပ်ထွက်ပေါ်လာသည်။
"ဆရာ"
အသံလာရာ မော့ကြည့်လိုက်တော့ တပည့် ယုဇော်ကိုမြင်လိုက်ရသည်။
" မင်းအခုမှရောက်လာတာလား"
"ဟုတ်ပါတယ်ဆရာ"
"မင်း စားပြီးပြီလား၊ သွားစားချေဦးလေကွာ"
"မစားရသေးပါဘူးဆရာ၊ ဆရာ့ကို အရေးတကြီးပြောစရာရှိလို့ ဝင်လာတာပါ"
"မင်းဟာက ထူးထူးဆန်းဆန်းပါလားကွ"
ယုဇော်ခေါင်းငုံ့သွားသည်။
"ဒီလိုပါဆရာ၊ စောစောက ကျွန်တော် လူနာသွားမေးတာပါ"
"အေးလေ အဲ့ဒါ ငါသိပြီးပြီပဲ၊ ဘာဖြစ်လို့လဲ"
"လူနာက ကျတော့်ငယ်သူငယ်ချင်းတယောက်ပါ။ သူ့ရောဂါက နောက်ဆုံးအဆင့်ဆိုလို့ သွားကြည့်တာပါ၊သူမှာ့ ဟိုရောဂါရှိနေပြီ ဆရာ"
အေအိုင်ဒီအက်စ်မှန်း ဦးမင်းနိုင်ရိပ်မိလိုက်သည်။
"ဘယ်တတ်နိုင်မလဲကွာ၊သတ္တဝါတခု ကံတခုပေါ့။ ဒါနဲ့ မင်းစောစောကပြောတဲ့ အရေးကြီးကိစ္စဆိုတာ ဘာလဲ"
ယုဇော်က ဦးမင်းနိုင်ကို မဝံ့မရဲ လှမ်းကြည့်သည်။
"ကျတော် လူနာသွားမေးရင်း ကုတင်ဘေးမှာ လူနာတယောက် ထပ် တွေ့ခဲ့သေးတယ်ဆရာ"
"ဘယ်သူလဲ"
" ကြယ်စင်ပါ ဆရာ"
"ဘာ...ကြယ်စင် ဟုတ်လား"
အခန်းတခုလုံးဟိန်းထွက်သွားသည်။ လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်က ပက်သတ်ခဲ့သည့် ကြယ်စင့်မျက်နှာကို ပြန်မြင်ယောင်တော့ မျကိနှာတခုလူံး ဖြူဖတ်ဖြူရော် ဖြစ်လာသည်။
"ဒါဆို ဒါဆို"
"ဟုတ်ပါတယ်ဆရာ။ သူ့မှာလည်း ရောဂါရှိနေတယ်၊ ဖြစ်တာ ငါးနှစ်လောက် ရှိပြီတဲ့၊ သူလည်း အခု နောက်ဆုံးအဆင့်ရောက်နေပြီ"
"ဟာ"
ဦးမင်းနိုင်ခြေပစ်လက်ပစ်ဖြစ်သွားသည်။ တဆကိတည်းမှာပင် တစုံတခုကို တွေးမိလိုက်ပြီး တုန်လှုပ်ခြောက်ခြားသွားသည်။
ဒါ...ဒါဆို...ငါ့မှာလဲ။
ယုဇော်က ဆရာ့မျက်နှာကို မကြည့်ဝံ့တော့။ ထိုစဉ် စားပွဲပေါ်တင်ထားသော လက်ကိုင်ဖုန်းကလေးက အသံမြည်လာသည်။ တုန်ယင်သော လက်အစုံဖြင့် လှမ်းကိုင်လိုက်တော့ မသဥ္ဇာဆီကဖုန်း။
"အစ်ကိုလား၊ အစ်က်ု သားလေးအဖျားကြီးနေလို့ အရေးပေါ် ဆေးရုံတင်ထားရတယ်"
"ဘာ"
ခေါင်းထဲမိုက်ခနဲဖြစ်သွားသည်။ ငါ့အချစ်ဆုံးသားလေး ဆေးရုံတက်နေရပြီဆိုပါလား။
(၁၂)
ဆရာဝန်ကြီးရှေ့တွင် သူတို့နှစ်ယောက် ခေါင်းငုံ့ရင်းထိုင်နေကြသည်။
"စိတ်မကောင်းပါဘူးဗျာ"
"သေချာရဲ့လားဆရာရယ်"
မသဥ္ဇာ မျကိရည်တွေကြားမှ မေးလိုက်သည်။
"သေချာပါတယ်ဗျာ၊ နှစ်ခါတောင် စစ်ပြီးပြီပဲ၊ ကလေးမှာ ဒီရောဂါရှိတာ လုံးဝ သေချာပါတယ်.."
ဆရာကြီးက စကား ခဏဖြတ်ပြီး သူတို့လင်မယားနှစ်ယောက်ကိုကြည့်သည်။
"တကယ်တော့ ဒီလိုရောဂါမျိုးဆိုတာ မိဘဆီကကူးစက်တာများတယ်၊ အဲဒီတော့ ဖြစ်နိုင်ရင်ခင်ဗျားတို့ကိုလည်း သွေးစစ်စေချင်တယ်"
မသဥ္ဇာမျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။
"ဟင့်အင်း...ဟင့်အင်း...မဖြစိနိုင်ဘူး၊ ကျွန်မတို့လင်မယားက ဒီလိုကိစ္စတွေ အရှုပ်အရှင်း မရှိပါဘူး။ကလေးက ရိုးရိုးဖျားတာနေမှာပါ၊သေချာအောင် ပြန်စစ်ပေးပါဦးဆရာ"
ဆရာကြီးသက်ပြင်းကိုုသာ လေးလေးကြီးချသည်။
"ကျတော်သေချာအောင် စစ်ပြီးပါပြီ။ ကလေးမှာ ဒီရောဂါရှိနေတာ လူံးဝ သေချာပါတယ်။ ဒီရောဂါမျိုးက ဖြစ်လာမှလူသိတာဆိုတော့ ပြောရတာ အခက်သား။ အဖြစ်နိုင်ဆုံးက ကလေးနို့တိုက်တုန်းက ကူးစက်ခံရတယ်လို့ယူဆရမှာပဲ"
မသဥ္ဇာကိုယ်လုံး ဆတ်ခနဲတုန်သွားသည်။
"ဆရာဆိုလိုချင်တာက ကျွန်မဆီက အဲဒီရောဂါရှိနေပြီ လို့ပြောချင်တာလား"
"နိုး...နိုး...မသဥ္ဇာ ကျတော့်ဆိုလိုရင်းကို နားလည်မှုလွဲနေပြီ။ ကျတော့်ကဖြစိနိုင်ချေကိုပဲ ပြောတာပါ။ အကယ်၍ အမေဆီက မဟုတ်ရင်တော့...."
မသဥ္ဇာ၏ မျက်လုံးများ ကိုမင်းနိုင်ဆီ အလိုလို ရောက်သွားသည်။ ကိုမင်းနိုင်တယောက် ခေါင်းငိုက်စိုက်သွားသည်။ မသဥ္ဇာတယောက်အခြေနေမှန်ကို နားလည်လိုက်ပါပြီ။
(၁၃)
"ရက်စက်လိုက်တာကိုမင်းနိင်ရယ်"
အဖြေစာရွက်ကို ကိုင်၍ အခန်းပေါက်ဝတွင် မျက်ရည်တွေရစ်ဝိုင်းနေသော မသဥ္ဇာကိုကြည့်ရင်း ကိုမင်းနိုင်တယောက် ယူကြုံးမရစွာ ခံစားလိုက်ရသည်။
"ကျမတို့သားအမိမှာ ဘာအပြစ်ရှိလို့လဲဟင်"
မသဥ္ဇာက တိုးတိုးလေးမေးသည်။
"ငါ့ကို ခွင့်လွှတ်ပါကွာ"
"ဟင့်အင်း... ခွင့်မလွှတ်နိုင်ဘူး။ လုံးဝခွင့်မလွှတ်နိုင်ဘူး။ ရှင့်ကြောင့်သားလေး ဒီလို ဖြစ်ရတာ "
ပြောရင်း မျက်နှာအုပ်၍ ငိုသည်။ မှန်သည်။လောလောဆယ် သားလေး မင်းသန့် ဒီရောဂါနဲ့ အထူူးကြပ်မက်ဆောင်မှာ ထားရသည်။ အခြေနေက သိပ် မကောင်း။
"ရှင်ကျမ အပေါ် ရက်စက်ချင် ရက်စက်ပါ ကိုမင်းနိုင်ရယ်။ ဘာဖြစ်လို့ အပြစ်မရှိတဲ့သားလေးအပေါ် ရက်စက်ရတာလဲဟင်၊အခုတော့...."
ကိုမင်းနိုင်တယောက် ဘာမှဆက်မပြောနိုင်၊ ပြောဖို့လည်း စကားလုံး မရှိ။ သူလုပ်ခဲ့သည့်အမှားက သေးသေးလေးဟု ထင်မှတ်ခဲ့ပေမယ့် အခုတော့ မိသားစုတခုလုံးကိုပါ ဒုက္ခပေးခဲ့ချေပြီ။
ထိုစဉ်မှာပင် ဆရာဝန်ကြီးက အထူးကြပ်မက်ဆောင်မှ ခေါင်းငိုက်စိုက်ထွက်လာသည်။
"စိတ်ကို ခိုင်ခိုင်ထားပါဗျာ၊ ခင်ဗျားတ်ု့သား အခုလေးတင်ဆုံးသွားတယ်"
"ဗျာ"
"ရှင်"
နှစ်ဦးလုံး အာမေဌိတ်သံ ကိုယ်စီထွက်လာသည်။ မသဥ္ဇာက အရင်ဆုံး သတိဝင်လာပြီး အခန်းထဲပြေးဝင်သွားသည်။
"သားလေး မေမေ့သားလေး"
ကုတင်ပေါ်တွင် သုံးနှစ်အရွယ် သားလေး မင်းသန့်က မျက်လုံးလေးပိတ်လျှက်။
"အဖြစ်ဆိုးလှချေလားသားရယ်၊ ဘာဖြစ်လို့ အမေတို့ဝမ်းထဲမှ ဝင်စားရတာလဲဟင်..."
မသဥ္ဇာ သားအလောင်းကိုဖက်ရင်းငိုသည်။ ကိုမင်းနိုင်လည်း မျကိရည်မဆည်နိုင်တော့။ မျက်ရည်စများကို လက်ဖြင့်သုတ်ရင်း ကုတင်ဘေး ဒူးထောက်ထိုငိချလိုက်သည်။ မသဥ္ဇာက သူ့ကို နာကျဉ်းစွာကြည့်သည်။
"အားလုံးရှင့်ကြောင့် ဖြစ်ရတာ၊ ရှင့်က်ု ဒီတသက် ဘယ်တော့မှမကျေဘူး။ သားလေး သေရတာ ရှင့်ကြောင့်....အားလုံး ရှင့်ကြောင့်"
"မဟုတ်ဘူး၊ မဟုတ်ဘူး"
က်ိုမင်းနိုင် ခေါင်းကိုတွင်တွင်ခါရင်း နောကိကိုတဖြည်းဖြည်းဆုတ်သွားသည်။
"သားလေး သေရတာ ရှင့်ကြောင့်"
မသဥ္ဇာ၏ အသံက နားထဲ ပဲ့တင်ထပ်လာသည်။ နားကို လက်ဖြင့်ပိတ်လိုက်သည်။
"မဟုတ်ဘူး... ငါ့ကြောင့် လုံးဝမဟုတ်ဘူး"
တယောကိတည်း အော်ဟစ်ရင်း အပြင်သို့ ပြေးထွက်သွားသည်။ မသဥ္ဇာကတော့ သားဖြစ်သူ၏ အလောင်းဘေးတွင် ငိုကျွေးရင်း ကျန်ရစ်ခဲ့သည်။
(၁၀)
စိမ်းလဲ့နေသော ရေကန်ကြီးတခု၊
ရေကန်အစပ်တွင် လူကြီးတယောက် မတ်တပ် ရပ်နေပြီး ရှေ့ကို ကြည့်နေသည်။ သူ့မျက်လုံးများက ရီဝေမှုန်မှိုင်းနေပြီး အရောင်အဆင်း ကင်းမဲ့နေသည် ။ ရှေ့ကိုကြည့်နေပေမယ့် ကန်ရေပြင်ကို မြင်ဟန်မတူ။မျက်လုံးထဲတွင် သားလေး မျက်နှာနှင့် မသဥ္ဇာမျက်နှာကို မြင်ယောင်လာတော့ မျက်ရည်ပေါက်များ အလိုလို စီးကျလာသည်။
"ငါ့ကို ခွင့်လွှတ်ပါကွာ"
ဘဝတွင် တကြိမ်ထဲ မှားခဲ့ဖူးတာပါ။ ဒါပေမယ့် အဲဒီအမှားက ပြင်လို့မရတဲ့အမှားမျိုး။
ထိုစဉ် ရုတ်တရက် သူ့မျက်လုံးရှေ့တွင် ကလေးတယောက်၏ ပုံရိပ်က ပေါ်လာသည်။ကြည့်လိုက်တော့ သူ့သားလေး။
သားက သူ့ကို မြင်တော့ လက်ရပ်ပြီး လှမ်းခေါ်သည်။
"ဖေဖေ"
"သားလေး"
တုန်ယင်သော လက်အစုံကို ဆန့်တန်းလိုက်သည်။
"သား...သားလေး ဘယ်မှမသွားနဲ့တော့နော်၊ ဖေဖေ လာခဲ့မယ်၊ သားဆီရောက်အောင် လိုက်လာခဲ့မယ်၊ ဖေဖေနဲ့သားနဲ့ အတူတူနေကြရအောင်နော်"
ပါးစပ်က တတွတ်တွတ်ရေရွတ်ရင်း ရှေ့ကိုဖြည်းဖြည်း လျှောက်သွားသည်။
တလှမ်း...
နှစ်လှမ်း...
သုံးလှမ်း....
လေးလှမ်း...
ငါးလှမ်း...
နောက်ဆုံးတော့။
(၁၄)
"ပလုံ"
ရေပွက်ကလေးများ ပလုံစီသွားသည်။ လှိုင်းကြပ်ခွပ်များကတော့ အရပ်ရှစ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားသည်။ နောက်ဆုံးတော့ အရာအားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွားသည်။
——————
ပြီးပါပြီ
No comments:
Post a Comment