အခြားဆေးတွေကို အလွယ်တကူ ဝယ်ယူရရှိနေတာတွေ့ရမှာ
ဖြစ်ပါတယ်။အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ OTC(over the
counter)ခေါ်တဲ့ဆေးဆိုင်တွေပေါ်အလွယ်တကူ မေးမြန်းဝယ်ယူနိုင်တဲ့
ဆေးမျိုးတွေမှတပါး အခြားဆေးတွေကို ဆရာဝန်ရဲ့ခွင့်ပြုချက်လက်မှတ်နဲ့သာ
ဝယ်ယူရရှိနိုင်ပါတယ်။သို့သော် ဖွံ့ဖြိုးပြီးနိုင်ငံတွေလိုမဟုတ်တိုင်း
မကောင်းဘူးလို့ပြောလို့မရပြန်ဘူး။ဆေးဆိုင်တွေပေါများစွာ တွေ့ရှိရခြင်းဟာ
ကောင်းတယ်ဆိုနိုင်သလို မကောင်းဘူးလို့လဲ
ပြောနိုင်ပါတယ်။သာမန်နေမကောင်းတာ၊ခေါင်းကိုက်ခေါင်းခဲတာ
ဆိုရင်ဆေးဆိုင်တွေမှာ အလွယ်တကူ မေးမြန်းဝယ်ယူနိုင်တာ၊အချိန်ကုန်သက်သာတာ
အလုပ်ရှုပ်သက်သာတာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။မကောင်တဲ့အချက်ကတော့
မဆိုင်တဲ့ဆေးတွေ၊စပ်ဆေးတွေကြောင့် လူနာဒုက္ခရောင်နိုင်တာပါဘဲ။
ဆေးရောင်းသူတိုင်းဟာ
အများအားဖြင့်သေချာသင်ကြားထားခြင်းမရှိပါဘူး။မြန်မာနိုင်ငံဆရာဝန်အသင်းမှာ
လည်း ဒီကိစ္စကိုတင်ပြဆွေးနွေးကြတယ်။အဓိက ကတော့
စပ်ဆေးကိစ္စတွေပါ။အမှန်တော့ဒါဟာ ဆရာဝန်တွေက လူနာတွေအပေါ်
အမှန်တကယ်ကောင်းစေချင်တဲ့ စေတနာနဲ့ဆိုတာတော့ လုံးဝဥဿုံဆိုတာတော့
ယုံစေချင်ပါတယ်။တကယ်မှာလည်း အချို့စပ်ဆေးရောင်းသူတွေ
ပြင်းထန်တဲ့ဆိုးကျိုးside effectရှိတဲ့ ဆေးတွေ နှစ်မျိုးသုံးမျိုးမက
ပေါင်းစပ်တာ တွေ့နေရလို့ပါဘဲ။အကိုက်အခဲဆေးဆိုရင်လဲ
အမျိုးတူဆေးတွေတစ်မျိုးမက ပေါင်းပြီး စပ်ထားတာတွေ့ရတယ်။
ဈေးချိုတယ်ဆိုတာက သူ့ထက်ချိုတာတောင် သူ့လောက်မချိုဘူး
ဆိုတဲ့ဆေးမျိုးတွေ။ဆေးတစ်ထုပ်ဆိုရင်
ရှိသမျှအမျိုးတွေအကုန်စပ်ထားတာ။သုံးစွဲသူတွေ အကြိုက်ပေါ့။ဒါဟာ
တကယ့်ပြင်ပမှာ လက်တွေ့ဖြစ်နေတဲ့ တကယ့်အမှန်တရားဘဲ။နောက်ပိုင်းမှာ
ဆေးကုမ္ပဏီတွေ လိုအပ်တဲ့ဆေးတွေ ပေါင်းစပ်ပြီး အချိုးအစားတိတိကျကျ
ဆေးတွေရောစပ်လာတော့ လူနာတွေအတွက်သာမက ဆရာဝန်တွေပါ
အဆင်ပြေစေတယ်။ဆေး၃ဖုံလောက်ပေးရမှာ တစ်မျိုးထဲနဲ့ပြီးတော့
လူနာအတွက်လဲအဆင်ပြေတယ်။သို့သော် ခက်ပြန်တာက သုံးစွဲသူတွေ။ဘာဖြစ်ဖြစ်
Decolgen,Fluza ဆိုတာတွေချည်းဖြစ်ပြန်တော့ တချို့ရောဂါတွေမှာ မဆိုင်ရာ
ဆီလူးသလို ဖြစ်ပြန်ရော။ဘာလာလာ Alaxan,Lensen ဆိုတာမျိုးချည်း
လုပ်နေလို့မရ။အသုံးပြုနိုင်တဲ့ ဆေးတွေကို သေချာသိရှိနားလည်ဖို့လည်း
လိုပါတယ်။မှန်မှန်ကန်ကန်ရွေးချယ်ဖို့ လိုပါတယ်။ခေါင်းမူးတာကိုသွားပြီး
Lensenသောက်လို့မရပါ။ခေါင်းမူးတာနဲ့ခေါင်းကိုက်တာ မတူဘူးဆိုတာလောက်တော့
သိသင့်ပါတယ်။လမ်းဘေးဆေးဝယ်သောက်သူတွေ ဆေးခန်းမလာလို့ အပြစ်တင်၍
မရပါ။သူတူကိုယ်တူ ဆေးရုံ၊ဆေးခန်းဆိုရင် ကြောက်သူတွေကြီးပါ။သူတို့ရှိလို့
ဆေးရုံဆေးခန်းတွေ သက်သာသလို အလုပ်ပိုရှုပ်တာလည်း
ဖြစ်နိုင်ပါတယ်။စပ်ဆေးမရောင်းနဲ့ဆိုပြန်တော့လည်း
တချို့ဆေးဆိုင်တွေ၊ကွမ်းယာဆိုင်တွေက ကြိုက်ကြမယ်
မဟုတ်ပါ။ဒါမျိုးရောင်းမှလူစီတာ အမှန်တရားတခုကိုး။တခါက
ဆေးဆိုင်တစ်ဆိုင်မှာ လည်ချောင်းနာတဲ့လူနာတစ်ယောက်ကို cefexime
ပိုးသတ်ဆေးပေးတာ တွေ့မြင်ခဲ့ရဘူးပါတယ်။cefexime ဆိုတာ penicillin
နောက်မှာပေါ်တဲ့ cephalosporin တတိယမျိုးဆက်။ဈေးကြီးတယ်။တချို့ကထင်ကြတယ်။
ဒီဆေးက နောက်ပေါ်ဖြစ်တယ်။ဈေးလည်းကြီးတယ်။နောက်ပေါ်အသစ်အဆန်းတိုင်းကောင်းမယ်။ရောဂါအားလုံးပျောက်မယ်ဒီလိုထင်ကြတယ်။အမှန်က
ပိုးသတ်ဆေးမျိုးဆက်တွေမှာ သေချာလေ့လာကြည့်ရင် spectrum
ပုံစံမျိုးရှိတယ်။cephalosporin ရဲ့ spectrum က နောက်ပိုင်းရောက်လေ
G(-)ဘက်တီးရီးယားဘက်ကို ရောက်လေဘဲ။လည်ချောင်းနာ ဖြစ်ရခြင်းရဲ့
အဓိကအကြောင်းရင်းက ဗိုင်းရပ်စ်ပိုး။ဘက်တီးရီးယားဆိုရင် streptococcus
G(+) ဘက်တီးရီးယားက အဖြစ်အများဆုံးဘဲ။ယေဘုယျတွက်ကြည့်ရင် အဖြစ်အများဆုံး
G(+)ကိုကျော်ပြီး G(-) အတွက်ကောင်းတဲ့ cefexime
ကိုသုံးလိုက်တယ်။အမှန်သုံးချင်တယ်ဆိုရင် cefuroxime လို ဒုတိယမျိုးဆက်၊
cephalaxin လို ပထမမျိုးဆက်သုံးသင့်တာ။ဈေးကြီးပေးဝယ်လိုက်ရတဲ့
တန်ဖိုးနဲ့ ရောဂါအခြေအနေနဲ့ မကိုက်ဘူး။မလိုအပ်ဘဲ ပေးလိုက်တော့
နောက်ပိုင်းမှာ တကယ်လိုလာပြီဆိုရင်
ဒုက္ခရောက်တော့မယ်။ဆေးမတိုးတော့ဘူး။တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲ
နောက်ဆုံးပေါ်ဆေးတွေ မတိုးတော့တာတွေ့နေရပြီ။UK မှာ လူနာရဲ့ သုံးပုံ
တစ်ပုံဟာ တချို့နောက်ဆုံးပေါ် cefexime လိုဆေးမတိုးတဲ့ပြဿနာတွေ
ရှိနေပြီဆိုတာ ဆောင်းပါးတစ်ပုဒ်မှာ
ဖော်ပြခဲ့ဘူးပါတယ်။ဆေးတွေကြည့်လိုက်ရင် သူတို့ဆီမှာ သုံးပြီးလို့
resistance ရှိလောက်မှ
ကိုယ့်ဆီရောက်လာကြတာများတယ်။ဒီနိုင်ငံမှာတော့အဲဒီလောက်
မဆိုးသေးဘူးလို့ထင်ရတယ်။နောက်ကျတာ
ဒီတစ်ခုတော့ကောင်းတယ်။ဒီမှာတော့ကိုယ့်နိုင်ငံက သာနေပြီ။ဒါအပြင်
ယဉ်ကျေးမှုတွေ၊လူမှုဆက်ဆံရေး၊မိသားစုဆက်ဆံရေး၊စတာတွေမှာတော့ ဒီကသာတာ
လုံးဝသေချာတယ်။ခက်တာက သူတို့ရဲ့ကောင်းတဲ့အကျင့်ကို မယူဘဲ
ကလပ်တက်တာ၊စကပ်တိုဝတ်တာ၊ဆေးစွဲတာတွေကိုအထင်ကြီးနေကြတာတော့
သိပ်မနိပ်လှဘူး။တခြားနိုင်ငံမှာနေမှ အထင်ကြီးတတ်တာလဲ
တလွဲဆံပင်ကောက်နေတာပဲ။အစားအသောက်ဆိုလဲ
ထူးထူးဆန်းဆန်းတွေလုပ်ပြီးစားကြတော့ ရောဂါတွေကလဲ
ပိုမိုပေါလာပြန်တယ်။ဒါ့ကြောင့်လဲ ကျေးလက်တောရွာမှာနေသူတွေက
ပိုမိုအသက်ရှည်ကြဟန်တူတယ်။လှုပ်လှုပ်ရှားရှားတွေအမြဲလုပ်နေရတော့
ကျန်းမာသန်စွမ်းတဲ့အပြင်
တော်ရုံရောဂါလည်းမကပ်နိုင်ပြန်ဘူး။ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ
ဒီလိုမဟုတ်ဘဲ သိပ်အတတ်ဆန်းကြတော့ ရောဂါတွေပေါများလာပြီး
ဒုက္ခရောက်ကြတယ်။penicillin ပေါ်ပြီးနောက်ပိုင်းမှာ ပိုးမွှားတွေအပေါ်
အနိုင်ရပြီလို့ထင်တဲ့ အယူအဆတွေမှားမှန်းသိလာကြတယ်။ရောဂါအသစ်
ပိုးအသစ်တွေသာမက ယခင်နိုင်ပြီးသားပိုးတွေကပါ
ထကြွသောင်းကျန်းလာပြန်တယ်။HIVဗိုင်းရပ်စ်ပေါ်ပြီးနောက်ပိုင်းမှာ
ပေးလိုက်ရတဲ့အချိန်တွေ၊ငွေတွေ မနည်းဘူး။ကြိုတင်ကာကွယ်ဖို့သာတတ်နိုင်လို့
ကာကွယ်ရေးကို အလေးထားရတယ်။လတ်တလောသတင်းတစ်ပုဒ်မှာ HIVကာကွယ်ဆေးသစ်ကို
အမေရိကန် FDAက ခွင့်ပြုလိုက်ပြီဆိုလို့
အချို့ကကန့်ကွက်ကြတယ်။ဒီတခါတော့ဆေးပညာရှင်တွေက
လည်သွားပြီ။ဒါသာခွင့်ပြုလိုက်ရင် ဆေးသောက်ပြီး အကဲပိုမဲ့သူတွေက
ဒုနဲ့ဒေးဆိုတာ သူတို့သဘောပေါက်တယ်။ဗိုင်းရပ်စ်က တခြားပိုးတွေထက်
ဗီဇပြောင်းတာမြန်တော့ ဆေးယဉ်ပါးရင် ဒုက္ခဘဲ။နောက်က လိုက်လုပ်ရမဲ့ လူတွေက
ခြေနှစ်လှမ်းသာအောင် ကြိုးစားရတော့မယ်။ဆေးတစ်မျိုးဖြစ်အောင်
ထုတ်လုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။penicillin တုန်းကတောင်
အလက်ဇန္ဒားဖလမ်းမင်း တစ်ယောက်ထဲနဲ့
ပြီးခဲ့တာမဟုတ်ဘူး။တခြားသိပ္ပံပညာရှင်နှစ်ဦးအကူအညီနဲ့မှ
အောင်မြင်အောင်ထုတ်လုပ်နိုင်ခဲ့တာ။ပင်နယ်စလင်နောက်ပိုင်းမှာ
ပိုးသတ်ဆေးတွေ အမျိုးမျိုးပေါ်ခဲ့တယ်။ပဋိဇီဝဆေးတစ်မျိုးထဲနဲ့
လေ့လာလို့မကုန်နိုင်ဘူး။တခြားဆေးတွေပါတွက်လိုက်ရင်ပြောမနေနဲ့တော့။တကယ်လေ့လာရင်ကုန်နိုင်ဖွယ်မရှိ။ဒါ့ကြောင့်များဆရာဝန်၊ဆရာမတွေမျက်မှန်တွေနဲ့ဖြစ်ကုန်တာလားမသိ။အရင်ခေတ်က
ဆရာဝန်ဆိုရင် မပြောဘဲနဲ့သိတယ်
ဆိုတယ်။ပုံပန်းသဏ္ဍာန်ရယ်၊ကိုင်လာတဲ့စာအုပ်ရယ် ကြည့်ပြီး
ဆရာဝန်မှန်းသိကြတယ်။ဆရာဝန်ဆိုရင် လေးစားအထင်ကြီးတယ်ဆိုတဲ့ခေတ်နဲ့
အခုခေတ်နဲ့ နှိုင်းယှဉ်ကြည့်ရင်
မှန်နိုင်ပါမလားမသိ။တချို့ဆရာဝန်လောင်းတွေကြတော့
တော်တော်သိသာတယ်။လမ်းပေါ်မှာ ဂျူတီကုတ်အဖြူ(lab coat)တလွင့်လွင့်နဲ့
ဆိုင်ကယ်စီးတာတွေ့ရင် ပထမနှစ်မဟုတ်ရင်
ဒုတိယနှစ်ပဲ။တတိယနှစ်ဆိုရင်တော့နည်းနည်းသိနေပြီ။နောက်ဆုံးနှစ်အပိုင်း(က)
ကျပြန်တော့လည်း အဖြူမဟုတ်တော့ပြန်ဘူး။PSMယူနီဖောင်းကုတ်နဲ့
ဟိုနားတစ်စု၊ဒီနားတစ်စု
တွေ့ရပြန်တယ်။ဒါလည်းဆရာဝန်တွေပါပဲ။နောက်ဆုံးနှစ်အပိုင်း(ခ)ကျပြန်တော့
ဒီလိုမနေတော့ပြန်ဘူး။ဆံပင်စုတ်ဖွား၊မျက်လုံးက အရောင်ကင်းမဲ့ပြီး
စိတ်ပျက်တဲ့ပုံပေါက်နေပြီဆိုရင်
သေချာတယ်။နောက်ဆုံးနှစ်အပိုင်း(ခ)ရောက်နေပြီ။စိတ်ဖိစီးမှုတွေ များနေပြီး
အိပ်ရေးလည်းမမှန်တော့ လူလည်းပိန်ချူံးနေပြီ။တစ်ဘာသာကျရင် ၆လ
ဆိုတော့ကုန်းရုန်းပြီးကျက်ကြရပြန်တယ်။အောင်သွားလို့
အလုပ်သင်ဆင်းရပြီဆိုရင်တော့ ငါလိုလူဇဗ္ဗူမှာရှိသေးရဲ့လား ဆိုပြီး
ဆရာတွေနဲ့ခြေရာတိုင်းချင်လာတယ်။တစ်လ၊နှစ်လလောက်မှာတော့ ကိုယ့်အခြေအနေကို
တော်တော်သဘောပေါက်လာတယ်။လက်တွေ့နယ်မှာအသုံးချရတာနဲ့ စာနဲ့မတူပါလားဆိုပြီး
နားလည်လာကြတယ်။ရုပ်ရှင်ဇာတ်လမ်းထဲကလို မဟုတ်ပါလား
ဆိုတာတဖြည်းဖြည်းသိလာကြတယ်။နေက်ဆုံးမှာ ကိုယ့်အခြေအနေမှန်ကို
ပိုမိုသဘောပေါက်လာကြရင်တော့ ရင့်ကျက်ပြီလို့ဆိုနိုင်တယ်။ငယ်ငယ်က
လုပ်ဆောင်ခဲ့တာ၊အထင်ကြီးခဲ့တာတွေက ပြန်တွေးကြည့်ရင် ရီစရာဖြစ်နေတာ
တွေ့ရလိမ့်မယ်။ဥပဒေအရ အသက်(၁၈)နှစ်မပြည့်သေးသူကို
မရင့်ကျက်သူ၊အရွယ်မရောက်သူလို့ သတ်မှတ်တာ မမှားဘူးလို့
ဆိုရလိမ့်မယ်။တကယ်လည်းအသက်ပြည့်ပြီးရင်တောင် ရင့်ကျက်ဖို့ဆိုတာ
လိုပါသေးတယ်။ဆေးပညာမှာတော့ သွားတွေ၊အရိုးတွေကိုကြည့်ပြီး
သတ်မှတ်ကြတယ်။အံဆုံးသွားကိုကြည့်ပြီး အရွယ်ရောက်၊မရောက်
ဆုံးဖြတ်ကြတယ်။အရွယ်မရောက်သေးဘူးဆိုတာ psychologyစိတ်ပညာအရ
အရွယ်မရောက်သေးဘူး၊ရင့်ကျက်မှုမရှိသေးဘူး၊ကိုယ်ပိုင်မဆုံးဖြတ်နိုင်သေးဘူးလို့
ဆိုလိုတာပဲ ဖြစ်ပါတယ်။အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အပျိုဝင်တာ
စောပါတယ်။ဒါကြည့်ပြီး အမျိုးသမီးတွေက physicalအရ ဖွံ့ဖြိုးလာပေမယ့်
mental အရ ရင့်ကျက်ပြီလို့မပြောနိုင်ပါ။ကမ္ဘာမှာ အသက်(၁၈)နှစ်မပြည့်ခင်
လက်ထက်သူပေါင်း သန်း၅၀၀ကျော် ရှိတယ်လို့ဆိုပါတယ်။ကမ္ဘာ့လူဦးရေရဲ့
ခုနစ်ရာခိုင်နှုန်းကျော်လောက်ရှိပါတယ်။ကျေးလက်တောရွာတွေမှာ
ပိုမိုတွေ့ရပါတယ်။ပိုဆိုးတာက ဘာမှပြင်ဆင်ချိန်မရခင်
အတည်တကျမဖြစ်ခင်အိမ်ထောင်ကျသွားတော့ ကမောက်ကမဖြစ်သွားတယ်။ဒီထက်ပိုဆိုးတာက
သားဆက်ခြားနည်းကိုမှန်မှန်ကန်ကန် အသုံးမပြုနိုင်တော့
တယောက်ပြီးတစ်ယောက်မွေးလာပြီးဆင်းရဲတွင်းထဲ ပိုမိုနစ်တော့တာပဲ။တစ်ခါက
စာရေးသူဆေးခန်းကို သွေးမဆင်းလို့လာပြတဲ့အမျိုးသမီး အကြောင်းပြောရင်
ယုံနိုင်ဖွယ်မရှိ။သွေးမဆင်းလို့ဆီးစစ်ကြည့်တော့
ကိုယ်ဝန်ကရှိနေပြီ။ကိုယ်ဝန်တော့မလိုချင်ဘူး။ဘယ်လိုဖြစ်ရတာလဲ မေးကြည့်တော့
အတူနေရင် ကိုယ်ဝန်ရှိနိုင်မှန်းသိပေမယ့် သားဆက်ခြားနည်းကို
မသိဘူး။ပိုဆိုးတာက ကြားကိုမကြားဖူးတာပဲ။မန္တလေးမှာ
အိမ်လာစောင့်ပေးရတာလို့ဆိုတယ်။အနီးအနားပတ်ဝန်းကျင်က မပြောဘူးလားဆိုတော့
ပတ်ဝန်းကျင်နဲ့အဆက်အသွယ် မလုပ်ဘူးဆိုတော့
ကိစ္စကပြတ်ကရော။ဒီလိုလူမျိုးတွေဘယ်လောက်ရှိဦးမလဲမသိ။ပတ်ဝန်းကျင်နှင့်
မဆက်ဆံသည့်အကျိုးဆက်လား။အသိပညာ ဗဟုသုတမရှိသည့်အကျိုးလား။ဝေခွဲ၍
မရ။လက်သည်လက်ချက်ဖြင့် ဆေးရုံတွင် လူနာတိုးမလာပါစေနဲ့ဟုသာ
ဆုတောင်းရသည်။ဆေးရုံများတွင်
ကိုယ်ဝန်ပျက်ပြီးရောက်လာကြသည့်လူနာအများစုမှာ အသက်ငယ်ရွယ်သူ
ပိုမိုများပြားသည်။မသိနားမလည်မှုအပြင်
ဆေးဝါးအပေါ်အလွန်အကျွံယုံကြည်ခြင်း၊သုံးစွဲပုံမှားယွင်းခြင်းတို့ကလည်း
တစ်ခုအပါအဝင်ဖြစ်ပေလိမ့်မည်။ အများစုမှာမီးယပ်သွေး၊ရာသီသွေးနှင့်ပတ်သက်၍
သေချာစွာနားလည်သိရှိခြင်းမရှိပေ။တခါက လူနာအမျိုးသမီးတစ်ယောက်က ၃လ
ခံဆေးထိုးရက်နဲ့ ဘာလို့ရာသီတစက်စက်ဆင်းနေတာလည်းဆိုပြီး
ဆေးခန်းအကူဝန်ထမ်းကို မေးခဲ့ဘူးတယ်။၃လ
ခံဆေးထိုးတိုင်းရာသီမလာဘူးလို့ဘယ်သူကများ ညွှန်းလိုက်သည်မသိ။အမှန်က
ကနဦးဆေးထိုးစလများတွင်
ရာသီထိန်တာ(သို့)ရာသီသွေးတစက်စက်ဆင်းတာမျိုးဖြစ်တတ်ပါတယ်။နှစ်ချီပြီးထိုးလေလေ
ရာသီထိန်ဖို့ အခွင့်အလန်းများလေသာဖြစ်ပါတယ်။ရာသီသွေးဟာ
ဟိုမုန်းအပြောင်းအလဲနဲ့လဲ
သက်ဆိုင်နေပါတယ်။ညဖက်အိပ်ရေးပျက်တာ၊အစားအသောက်ပျက်တာ၊အလွန်အမင်းဝိတ်လျော့တာမျိုးတွေ
ကြောင့်လည်း ရာသီသွေးကို
ကမောက်ကမဖြစ်စေနိုင်ပါတယ်။မွေးလမ်းကြောင်းပိုးဝင်တာ၊သားအိမ်ပုံမှန်မဟုတ်တာ
တွေစတဲ့ အခြားအကြောင်းအရာတွေ
အများကြီးကျန်ပါသေးတယ်။သူများဖြစ်တိုင်းကိုယ်လိုက်ဖြစ်မယ်လို့
မထင်စေချင်ဘူး။လူနာတစ်ယောက်ထဲမှာတောင် ဒီဆေးတဲ့ပေမယ့် နောက်တစ်ခါထိုးရင်
တဲ့ချင်မှတဲ့တာ။ဒီလိုသဘောတွေနားလည်သဘောပေါက်စေချင်တယ်။ဆရာဝန်တွေလဲ
သူ့အတိုင်းအတာနဲ့သူသာ တတ်နိုင်လိမ့်မယ်။မရှင်းလင်းတာရှိရင်
တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်တာ
အကောင်းဆုံးပါပဲ။စာဖတ်သူများအားလုံး ကျန်းမာရေးအသိများရှိပြီး
ဆရာဝန်တွေကို စစ်စစ်ပေါက်ပေါက်မေးနိုင်၊ဆွေးနွေးနိုင်သူများဖြစ်ကြပါစေ။
ဒေါက်တာ အေးမင်းထူး