Thursday, November 14, 2019

ခေါင်းလျှော်ပြီး ဆံပင်ပါးခြင်း

ဆရာငါးရက်မြောက်မှာ ခေါင်းလျှော်ပေးပြီးဆံပင်ပေါင်းလိုက်တာ အရင်လိုဆံပင်ပါးပဲပြန်ဖြစ်သွားတယ်ဖြေပေးပါအုံးဆရာ..

ဆံပင်အခြေမှာ hair follicle လေးတွေ ရှိပါတယ်။ အဲဒီအခြေလေးတွေရှိရင် ဆံပင်ပြန်ပေါက်လာမယ်။ ပေးထားတဲ့ဆေးတွေက ဆံပင်ပေါက်ဆေးတွေနဲ့ အားဖြည့်ဆေးတွေပါ။ ဆံပင်အားဖြည့်နေစဉ် ခေါင်းလျှော်တာကို အထူးတားမြစ်ထားပါတယ်။ နောက်ပြီး ဆံပင်ဖြန်းဆေးသုံးပြီး လေးနာရီအတွင်း ဆံပင်ဆီလိမ်း၊ ခေါင်းလျှော်၊ ပေါင်းတင် လုံးဝမလုပ်ဖို့ လိုပါတယ်။ 
ပထမတစ်လက ဆံပင်အားဖြည့်တဲ့ ကာလမို့လို့ hair follicle လေးတွေ သန်စွမ်းအောင် အထူးဂရစိုက်ရပါတယ်။ အချိန်ပေးရတယ်။ ကျတော်ဆေးသုံးနေစဉ် ခေါင်းလုံးဝမလျှော်လဲခဲ့ပါ။ ဆီလုံးဝမလိမ်းခဲ့ပါ။ အာနိသင်ကျသွားမှာစိုးလို့ ဖြစ်ပါတယ်။ စာသင်သလို အခြေခိုင်အောင် အရင်လုပ်တဲ့သဘောပါ။သို့သော် မိန်းကလေးတွေမှာတော့ ဆံပင်ရှည်တဲ့အတွက် တလတကြိမ် သို့မဟုတ် တလနှစ်ကြိမ်ခန့်သာ လျှော်ဖို့ ခွင်ပြုပါတယ်။ ဆံပင်သဘောက တစ်လကို လက်မဝက်(1cm)သာ ရှည်ထွက်ပါတယ်။ ဒါ့ကြောင့် နှစ်ပတ်နေတဲ့အခါ0.5cm ရှည်ထွက်လာရင် အာနိသင်ရှိတယ်လို့  သတ်မှတ်တယ်။ ဒီကြားထဲ ဆေးဆိုး၊ဖြောင့်၊ကောက်၊ ခေါင်းလျှော် မလုပ်သင့်သေးပါ။

ဒုတိယပြောစရာက shampoo တွေဖြစ်ပါတယ်။ ရှန်ပူတွေက မိန်းကလေးတွေ ဆံပင်ကျွတ်စေတဲ့ အဓိကအကြောင်းရင်းထဲမှာပါတယ်။ ရှန်ပူထဲမှာ ဓာတုပစ္စည်းတွေပါတယ်။ ဥပမာ sodium lauryl sulphate  သူ့အာနိသင်က အမြှုပ်ထွက်စေတာဖြစ်တယ်။ ရှန်ပူတိုင်းနီးပါးမှာပါတဲ့ ဒီဓာတ်ပါလေ့ရှိတယ်။ သူက ဓာတုပစ္စည်းအပြင်းစားမို့ဆံသားကို တော်တော်ထိခိုက်စေတယ်။ ။ဒါ့ကြောင့်ခေါင်းလျှော်တဲ့ မိန်းကလေးအများစုက ယောကျာ်းလေးတွေထက် ဆံပင်ပါးလွယိ၊ ကျွတ်လွယ်တာဖြစ်ပါတယ်။ ဒါဆို မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ 

အကြုံပြုချက်များ
- hair follicle သန်စွမ်းအောင် အနည်းဆုံး -၂လ အချိန်ပေးပါ။
-ဒီကြားထဲ ဆံပင်ဆေးဆိုး၊ခေါင်းလျှော်၊ ဖြောင့်၊ကောက် ဘာတခုမှ မလုပ်သင့်ပါ။ မဖြစ်လို့ လျှော်ရရင် နှစ်ပတ်တကြိမ်သာလျှော်သင့်တယ်။ ရှန်ပူတွေက စိတ်မချရလို့ တရော်ကင်ပွန်းနဲ့ လျှော်နိုင်ပါတယ်။
-ခေါင်းလျှော်စဉ် အလွန်အကျွံဖိတာ၊ကိုင်တာတွယ်တာ မလုပ်သင့်ပါ။ လျှော်ပြီး hair dryer မသုံးပါနဲ့။
-လိမ်းဆေးဖြန်းပြီး လေးနာရီအတွင်း ဘာလိမ်းဆေးမှ သုံးလို့ မရပါဘူး။ဆေးကို ဥိးရေပြားပေါ်ပဲ ဖြန်းရမယ်။ ဖြန်းပြီးတာနဲ့ ဥိးရေပြားသွေးလျှောက်အောင် နှိပ်ပေးသင့်ပါတယ်။ ပြီးရင် လက်သေချာပြန်ဆေးပါ။
ဆံပင်အတွက် hair follicle က အရေးကြီးဆုံးဖြစ်တာမို့ ဆေးသုံးတဲ့ ပထမနှစ်လ(ပြန်လည်ထူထောင်ရေးကာလ)အတွင်း တော်တော်လေး ဂရုစိုက်နိုင်မှတန်ကာကျမယ်။   ဆံပင်အခြေ hair follicle တွေ ကောင်းလာရင်တော့ အရင်တိုင်း ပြန်နေလို့ရပါပြိ။
လောလောဆယ် ခေါင်းလျှော်၊ ဆေးဆိုး၊ ပေါင်းတင်၊ dryer သုံးတာရှောင်စေချင်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၅..၁၇

(English Version)

Hair Thinning after shampoo

After the fifth day of shampooing and combing, the hair is back to normal.

There are small hair follicles at the base of the hair. If these spots develop, the hair will grow back. The drugs given are hair products and supplements. Hair removal is highly prohibited during hair extensions. Then apply the hair shampoo within four hours. Shampoo You do not need to merge them.
For the first month, the hair follicles have to be intensified so that the hair follicles are nourished. It takes time. I didn't change my head during my medication. Never applied oil. It is because of fear that it will fail. This is a pre-conditioner, but girls have long hairs only once a month or twice a month because of the long hair. Hair is only 1cm (1cm) a month long. Therefore, it is considered effective if it is 0.5cm long when it is two weeks. In the meantime, there is paint, straighten, crunch, Do not wash your hair.

The second is shampoo. Shampoo is one of the main causes of hair loss in girls. Shanxi contains chemicals. For example, sodium lauryl sulphate. Its effect is the foam. It is usually found in almost every pancreas. It has strong chemical effects on hair. This is why most girls who have baldness are more likely to have thinning hair and baldness than men. It is easy to remove. How then?

Recommendations
Take at least 1-2 months to strengthen hair follicle.
In the meantime, hair loss, shampoo, conditioner Right, nothing should be done. If not, wash only once every two weeks. The hot pan is a bit unsettled so it can be washed with a tofu.
- No excessive stress or clinging during the wash. Do not use a hair dryer.
- There is no anti-balm treatment for four hours after spraying, and the spray must be sprayed on the surface only. After spraying, apply a gentle massage. Then wash your hands well.
Because the hair follicle is most important for hair loss, it is worth paying attention to during the first two months of treatment. Once the hair follicle has improved, it can be restored.
- Currently shampooing. Paint Add: I would like to avoid using the dryer.

Dr. Aye Min Htoo

25.6.17

No comments:

Post a Comment