မျက်ခုံးကာလာ(၄)မျိုးရှိတယ်။ taupe, warm brown, cool brown, rich brown စတာတွေဖြစ်တယ်။ taupe က အညိုရောင်ဖျော့ဖျော့ဖြစ်ပြီး rich brown မှာ တဖြည်းဖြည်းနက်လာတယ်။ မျက်ခုံးမွှေးပါးတဲ့သူဟာ နဂိုထက် ကာလာ (၂) ဆင့်နက်တဲ့ အရောင်မျိုး ရွေးချယ်သင့်တယ်။
မျက်ခုံးမွှေးထူတဲ့သူကတော့ နဂိုထက် အရောင် (၁) ဆင့်အရာင်ဖျော့တဲ့ ကာလာမျိုး ရွေးချယ်သင့်တယ်။ အာရှသူတွေအနေနဲ့ soft black သို့မဟုတ် soft charcoal powders မျိုး ရွေးချယ်သင့်တယ်။
ရွှေရောင်ဖျော့ဖျော့ ဆံပင်ရှိရင် - taupe, warm brown သုံး
မျက်နှာပန်းရောင်အသားအရေရှိရင် - taupe ပဲသုံး
အာဖရိကန် သို့မဟုတ် အသားမည်းသူ - cool brown, rich brown သုံး
အရှေ့တောင်အာရှ အသားအရေ - cool brown, rich brown သုံး
အရှေ့တိုင်း အလယ်အလတ် အသားဖြူသူ - warm brown *, cool brown သုံး
တင်းတိပ်ထွက်တဲ့ သူ - warm brown , cool brown သုံး
မျက်ခုံးဆွဲနည်း
မျက်ခုံးအစပ်ကနေ မျက်လုံးအတိုင်း ဒေါင့်ဖြတ်( ဒေါင်လိုက်) မျဉ်းဖြောင့်တကြောင်း ဆွဲပါ။ ပြီးရင် စုံမှတ်ကနေ မျက်လုံးအစွန်းထိ မျဉ်းတကြောင်း ထပ်ဆွဲပါ။ အဲဒီမျဉ်းအဆုံးဟာ မျက်ခုံးမွှေးဆုံးသင့်တဲ့ နေရာဖြစ်ပါတယ်။
မျက်ခုံးပုံဖော်နည်း
မျက်ခုံးရဲ့ အဆုံးအစကို အရာတစ်ခုပေးပါ။ ပြီးရင် မျက်ခုံးပုံဖော်တဲ့ eyebrow stencil kit ကို သုံးပြီး ကပ်ပါ။eyebrow stencil kit ထဲမှာ ကိုယ်လိုချင်တဲ့ပုံစံကို ယူကပ်ပါ။ (ဈေးကွက်မှာ e.l.f eyebrow stencil kit တွေ ရှိပါတယ်)ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပေါ်လာပါလိမ့်မယ်။ ပြီးရင် brush နဲ့ မျက်ခုံးကို ပုံဖော်ပါ။ stencil ကို ဖယ်လိုက်ရင်ကိုယ်လိုချငိတဲ့ မျက်ခုံးပုံစံတစ်ခုတော့ ရလာပါပြီ။ ကျန်တဲ့ မျကိခုံးမွှေးနေရာတွေကိုဇာဂနာသုံးပြီး နှုတ်လိုက်ရင်မိမိလိုချင်တဲ့ မျက်ခုံးပုံစံကို ရရှိမှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၂၇.၆.၁၈
No comments:
Post a Comment