အသက်ကြီးရင့်သူတွေ ဝိတ်ချတဲ့အခါ အရွက်ပြုတ်နဲ့ ဝိတ်ချတဲ့ cabbage soup diet ကလည်း နာမည်ကြီးပါတယ်။ GM soup လို့လည်း ခေါ်ကြတယ်။ အဆီပိုတွေ ဖယ်ရှားရာမှာ အလွန်အသုံးဝင်တယ်။ လုပ်ရတာလည်း မခက်လှပါ။
cabbage soup diet ပြုလုပ်နည်း
(၁) ရေ (၃၀၀) စီစီ
(၂) ငရုတ်သီးစိမ်း(၂)တောင့်
(၃) ကြက်သွန်နီ (၆) လုံး
(၄) ခရမ်းချဉ်သီးတလုံး
(၅) ဂေါ်ဖီထုပ်
(၆) တရုတ်နံနံတစည်း
(၇) ကြက်ဆွပ်ပြုတ်
(၈) ဆားနဲ့ ငရုတ်ကောင်း
အရင်ဆုံး တရုတ်နံနံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ ဂေါ်ဖီထုပ်ကို ပါးပါးလှီးပါ၊ ပြီးရင် အိုးတခုထဲထည့်ပြီး ကြက်ဆွပ်ပြုတ်ရည်နဲ့ရောပါ။ ငရုတ်သီးစိမ်း နှစ်တောင့်ထပ်ထည့်ပါ။ မီးအေးအေးနဲ့ ပြုတ် ထားပါ။ ချကာနီး ဆားနည်းနည်းနဲ့ ငရုတ်ကောင်းထည့်ပါ။ (၄၅)မိနစ်နေရင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ စွပ်ပြုတ်ရပါပြီ။အဆိုပါစွပ်ပြုတ်ကို နေ့စဉ်သောက်ပါ။ ဒီနည်းက ဒူးနာသူ၊ အသက်အရွယ်ကြီးရင့်သူတွေအတွက် အထူးကောင်းမွန်တယ်။ တပတ်အတွင်းသိသာထင်ရှားတဲ့ ပြောင်းလဲမှုကို မြင်ရတယ်။
ဒေါက်တာ အေးမင်းထူး
၁၆.၉.၁၇
No comments:
Post a Comment