Saturday, October 25, 2014

ဆီးနဲ့ ခန္ဓာ ပူနေပါလျှင်


ဆရာ ကျွန်မက မန်းလေးကပါ။အသက်(31)နှစ်ရှိပါပြီ။ ပိန်လဲပိန်ပါတယ်။ကျွန်မက ဆီးပူတာအတော်ကြာပါပြီ ရေများများသောက်လဲ သက်သာပြီး ပြန်ပူတာပဲ
my body ကလဲပူနေတာပဲ အဲဒါ ဘာလုပ်ရမလဲဆရာ အဲလိုဖြစ်နေတာ2 နှစ်လောက်တော့ရှိပြီ


ဖြစ်နိုင်ချေ နှစ်ခုရှိတယ်။ သိုင်းရွိုက်ဟော်မုန်း များတာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာ။ ဒီအရွယ်မှာ ပိန်တာသိုင်းရွိုက်ဟော်မုန်းများနေလို့ ဖြစ်နိုင်တယ်။ ဒီအသက်အရွယ်၊ဒီလက္ခဏာမျိုးက သိုင်းရွိုက်နဲ့ဆိုင်တတ်တယ်။ သိုင်းရွိုက်ဟော်မုန်းများတာအတွက် thyroid function test  သွေးအရင်စစ်ရတယ်။ သိုင်းရွိုက်စစ်ဖို့ ဆရာဝန်နဲ့ သေချာပြသင့်တယ်။ 

အကယ်၍ ဆီးလမ်းပိုးဝင်တာဆိုရင်တော့ ပိုးသတ်ဆေး ကို ရက်ရှည်သောက်ရတယ်။   အစားအသောက် ဆိုရင် အပူ၊အစပ်၊ချဉ်တာ ရှောင်ရတယ်။ အိမ်ထောင်ရှိရင် အိမ်ထောင်ဖက်ကနေ ကူးစက်နိုင်တယ်။ အလွယ်ဆုံးနည်းက setomycin တနေ့ ၄ကြိမ် ၃ရက်သောက်ပါ။ antacid (သို့) cital အရည်သောက်ပါ။ အကောင်းဆုံးကို အကြံပေးရရင် ဖြစ်နေတာကြာပြီဖြစ်လို့ ဆရာဝန်နဲ့ သေချာပြပြီး ကုသသင့်ပါတယ်။ 

သိုင်းရွိုက်အတွက် http://drayeminhtoo.blogspot.com/2013/01/blog-post.html
ဆီးပူတာအတွက် http://drayeminhtoo.blogspot.com/2013/07/blog-post.html ကို ဖတ်ပါ။

ဒေါက်တာ အေးမင်းထူး
၃.၁၀.၁၄

1 comment:

  1. ဆရှင့်​ ကျန်းမာ​ရေး ပိုစ့်​​တွေအများကြီးဖတ်​ခွင့်​ရတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ဗဟုသုတလဲရပါတယ်​... ကျမကမ​လေးရှားမှာအလုပ်​လုပ်​​နေတာပါ တစ်​ခု​လောက်​​သိချင်​လို့ ​ဖြေကြား​ပေးပါလို့ ​မတ္တာ ၇ပ်​ခံပါတယ်​ ကျမကအိမ်​​ထောင်​သည်​ပါ နားနဲ့မနာဖဝါးနဲ့နာပါဆရာ ကျမအမျိုးသားနဲ့ လိင်​ဆက်​ဆံပြီး၇င်​ အနံ့ဆိုးထွက်​ပါတယ်​ အ၇င်​ကမဖြစ်​ပါဘူး အလုဖြစ်​တာ သုံးလ​လောက်​ရှိပါပြီ ​အဲတာဘယ်​လို​ကြောင့်​ဖြသ်​တာလဲ ဘယ်​လိုကုသမှုခံယူမလဲ ဘယ်​လိုကာကွယ်​၇မလဲသိချင်​လို့ အဓိကသိချင်​တာက အဲလိုအနံ့ဆိုးထွက်​တာေ၇ာဂါ လက်​လဏာလားသိချင်​တာပါဆရာ သားအိမ်​ကင်​ဆာနဲ့ဆိုင်​လားစိုးရိမ်​​နေလို့ပါ...ပြီး​တော့ ကျမတစ်​​ယောက်​တည်း ဒါမျိုးဖြစ်​တာလားသိချင်​ပါတယ်​ဆရာ ​ဖြေကြား​ပေးပါလို့ ​ကျေးဇူးပါပဲ

    ReplyDelete