Tuesday, December 13, 2016

ခေတ်စားလာသည့် DD cream နဲ့ EE cream

BB cream နဲ့ CC cream အကြောင်း အလှအပကြိုက်တဲ့ မိန်းကလေးတွေ သိကြတယ်။ သို့သော် DD cream အကြောင်းတော့ လူသိနည်းတယ်။ သုံးဖူးသူလည်း ရှားတယ်။ DD cream ဆိုတာ Dynamic Do-all ရဲ့ အတိုကောက်ဖြစ်ပါတယ်။ အလှအပပစ္စည်းအားလုံးကို တမျုးတည်းဖြစ်အောင် ရောစပ်ထားတာ ဖြစ်တယ်။ တကယ်က BB နဲ့ CC cream ရဲ့ အာနိသင်ကို ပေါင်းစပ်ထားတာပါ။ မျက်နှာအသားအရေကို နေ့စဉ်ကာကွယ်ဖို့(daily defence)အတွက် အသုံးပြုကြတယ်။ 

Sunday, August 28, 2016

ဂရင်ဂျီနာ ကုနည်း

ဂရင်ဂျီနာကို ဘယ်နည်းနဲ့ကုသနိုင်ပါသလဲဆရာ
နောက်တပတ်ထဲဆရာ့ဆေးခန်းဆီလာပြပါဦးမယ် ခွဲစိတ်တဲ့အနာကကောင်းကောင်းမသက်သာသေးလို့ပါ 
ဆရာ့ကိုတိုင်ပင်ချင်စရာလည်းရှိပါတယ် ခလေးလည်းလိုချင်ပါတယ်ဆရာ အသက်၃၅ပါ

ဂရင်ဂျီနာကို fiatula-in-ano လို့ခေါ်ပါတယ်။ ဂရင်ဂျီနာဖြစိသူရဲ့ ၅၀ ရာခိုင်နှုန်းက စအိုဘေး ပြည်တည်နာ(perianal abscess)ကတဆင့် အပေါ်လှိုက်စားပြီး ဖြစ်ကြတယ်။ ဒါ့ကြောင့် စအိုဘေးမှာ ဘာအနာပဲရှိရှိ ဂရုစိုက်ရတယ်။ အခန့်မသင့်ရင် စအိုနဲ့ အစာဟောင်းအိမ်ထိ လမ်းပေါက်ပြိး မြောင်းပုံစံအနာဖြစ်တတ်တယ်။ အဲလိုအနာမျိုးကို ဂရင်ဂျီနာ လို့ခေါ်ပါတယ်။

Friday, July 8, 2016

ကလေးဉာဏ်ရည်ဖွံ့ဖြိုးအောင်

ကလေးတယောက်ဟာ ငယ်စဉ်ကတည်းက အာဟာရဓာတ်ပြည့်ဝဖို့ လိုပါတယ်။ ဒါမှ ဉာဏ်ရည်ဖွံ့ဖြိုးပြီး မှတ်ဥဏ်ကောင်းမှာဖြစ်တယ်။ ကလေး ဦးနှောက်ဟာ ကိုယ်ဝန်ဆောင်ပြီး ၃ပတ်ကတည်းက စတင်ဖွံဖြိုးနေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကလေးငယ် ဉာဏ်ရည်ဉာဏ်သွေး ကောင်းဖို့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက သတိထားစားသင့်တယ်။

မျက်နှာပေါ်က ဝက်ခြံများအကြောင်း

ဝက်ခြံဆိုတာ လူပျို၊အပျိုမရွေး အသက်အရွယ်မရွေးပေါက်ကြပါတယ်။ ယေဘုယျအားဖြင့် မျက်နှာ၊လည်ပင်း၊ကျောပြင်၊ ရင်ဘတ်၊ ပခုံးစတဲ့နေရာတွေမှာ အပေါက်များတယ်။ ဝက်ခြံပေါက်သူရဲ့ ၈၀ရာခိုင်နှုန်းဟာ အသက်(၁၁)နှစ်နဲ့ (၃၀)ကြားဖြစ်ကြပါတယ်။ အမျိုးသားတွေဟာ မျက်နှာတပြင်လုံးဖြစ်ကြပေမယ့် အမျိုးသမီးတွေကတော့ မျက်နှာအောက်ပိုင်း(ပါးပြင်၊မေးရိုး၊မေးစေ့)စတဲ့နေရာတွေမှာ အဖြစ်များတယ်။ journal of American Academy of Dermatology ရဲ့အဆိုအရ အသက်(၂၅)နှစ်အထက် အမျိုးသမီးတွေရဲ့ ၅၄ရာခိုင်နှုန်းဟာ မျက်နှာဝက်ခြံအနညိးနဲ့ အများဆိုသလိုရှိတတ်ကြတယ်။ ဆိုလိုချင်တာက အမျိုးသားတွေဟာ လူပျိုဝင်စအသက်ရွယ်မှာ ဝက်ခြံပိုပေါက်ကြပြီး အမျိုးသမီးတွေကတော့ အဲထက်နောက်ကျနိုင်တယ်။ အသက်(၃၀)ကျော်အရွယ်ထိ အမျိုးသမီး ၄ယောက်မှာ တယောက်ဟာ ဝက်ခြံပေါက်နေနိုင်တယ်။ ဒါက အမျိုးသားနဲ့ အမျိုးသမီးရဲ့ ကွာခြားချက်ဖြစ်ပါတယ်။

Tuesday, May 17, 2016

ဆိုရှယ်မီဒီယာနဲ့ စိတ်ကျရောဂါဆက်စပ်နေ

၂၀၃၀အရောက်မှာ စိတ်ကျရောဂါဖြစ်ပွားမှုရဲ့ အဓိကတရားခံဟာ ဆိုရှယ်မီဒီယာတွေ သုံးစွဲခြင်းကြောင့် အဓိကဖြစ်လာလိမ့်မယ်လို့ University of Pittsburgh School of Medicine က လေ့လာမှုတရပ်က အခိုင်အမာဆိုလိုက်ပါပြီ။ အရင်ကလည်းလေ့လာမှုတွေ လုပ်ခဲ့ပေမယ့် ရလာဒ်အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ အခု လေ့လာမှုဟာ အသက် ၁၈-၃၂နှစ်ကြား လူငယ်တွေကို စာရင်းကောက်ပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး စိတ်ကျရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်တာကို ဖော်ပြထားပါတယ်။

Saturday, April 23, 2016

အလွယ်ဆုံး ဗိုက်ခေါက်ကျနည်း

ခန္ဓာကိုယ်တွင်း မလိုအပ်တဲ့ အဆီပိုဖယ်ရှားတဲ့နည်းကို detox လုပ်တယ်လို့လည်းခေါ်တယ်။ detox လုပ်ဖို့ ရေနွေးနဲ့ ရှောက်သီးတလုံးပဲလိုပါတယ်။တကယ်တော့ ဝမ်းတွင်း၊အူထဲမှာ အဆိပ်အတောက်၊အဆီခဲလေးတွေ ပုံမှန်အားဖြင့် ရှိနေတတ်တယ်။ အဲဒါလေးတွေက ဘာမှမဟုတ်ပေမယ့် လူကိုဒုက္ခပေးတတ်တယ်။ အထူးသဖြင့် ရေခဲရေအမြဲသောက်သူတွေမှာ ပိုတွေ့ရတယ်။ အဆီလေးတွေခဲပြီး အူလမ်းကိုပိတ်ရင် အာဟာရ စုပ်ယူမှုကို တားဆီပါသတဲ့။အဲလိုမဖြစ်အောင် အူလမ်းကြောင်းမှာရှိတဲ့  အဆိပ်အတောက်၊အဆီခဲတွေကို ဖယ်ရှားပေးရတယ်။ 

ဆန်မှုန့်တိုနာ

ဆန်မှုန့်တိုနာက ဝက်ခြံ၊အမာရွတ် နေလောင်ကွက်တွေပျောက်ကင်းစေမယ်။ sensitive ဖြစ်တဲ့အသားရေနဲ့ သိပ်သင့်တော်တယ်။ အဆီပြန်တဲ့အသားရေအတွက် ကောင်းပြီး လူတိုင်းနဲ့ သင့်တော်တယ်။ 

ဆန်မှုန့်တိုနာလုပ်ဖို့-
• ဆန်မှုန့်(၄) ဇွန်း
• ရှောက်ရည် (၃)ဇွန်းသာ လိုတယ်။ 

ပျိုမေတို့အကြိုက် BB cream နဲ့ CC cream

BB cream နဲ့ CC creamက မိန်းကလေးတွေကြား အရမ်းပေါ်ပြူလာဖြစ်ပါတယ်။ ခရင်မ်နှစ်မျိုးလုံးက all on one ခေါ်တဲ့အာနိသင်မျိုးစုံပေါင်းထားတယ်။ တမျိုးထဲလိမ်းရုံနဲ့ တော်ရုံတန်ရုံ အရေပြားကို ထိန်းညှိပေးသလို  အပြင်ထသွားထလာ အခြေနေမျိုးမှာကောင်းတယ်။ သာမန်အရေပြားထိန်းသိမ်းရုံဆို BB creamလောက်နဲ့ လုံလောက်တယ်။ အဖုအပိန့်တွေရှိရင် CC creamက မမြင်ရအောင် ပိုကာကွယ်နိုင်၊ ဖုံးကွယ်ပေးနိုင်တယ်။ 

body scrub နဲ့ အသားရေထိန်းသိမ်းမယ်

scrub ဆိုတာ အပေါ်ယံအရေပြားကို ကွာစေတဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။ scrub ထဲမှ ခပ်ကြမ်းကြမ်း သဲလို ပစ္စည်းတမျိုး ပါရတယ်။ ဒါမှာ ပျက်ဆီးနေတဲ့ အပေါ်ယံအရေပြားကို ကွာကျစေမှာ ဖြစ်ပါတယ်။ လူ့အရေပြားမှာ အပေါ်ယံ epidermis နဲ့ အောက်လွှာ dermis ဆိုပြီး နှစ်လွှာရှိတယ်။ အရေပြားသဘောက နေ့စဉ်နဲ့အမျှ ပျက်ဆီးနေတယ်။ ဒါပေမယ့် ပျက်ဆီးသမျှ အပေါ်လွှာ(epidermis) က်ု အောက်လွှာ(dermis)က ဆဲလ်သစ်တွေနဲ့ အမြဲဖြည့်ဆည်းပေးနေရတယ်။ ပုံမှန်အားဖြင့် အပေါ်လွှာက တလမှာ တခါအရေပြားသစ်ပြောင်းလဲလေ့ရှိတယ်။ ဆဲလ်သေတွေရှိတဲ့ အသားအရေက ကြမ်းတမ်းနေတတ်တယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်ကို ခံရတဲ့အခါ အပေါ်လွှာ ပျက်ဆီးလာတာနဲ့ အောက်လွှာက အသစ်အသစ်သော ဆဲလ်တွေက အမြဲထုတ်ပေးနေတယ်။ 

အလှအပရေးရာ ပစ္စည်းများ(၂)

အရေပြားလိမ်းဆေးတွေအနက် တိုနာသုံးပြီး ဆက်လိမ်းရမယ့် လိမ်းဆေးတွေ တခုချင်းဖော်ပြပါမယ်။လိမ်းဆေးအကြောင်း မရေးခင် တိုနာနဲ့ ဆင်တူရိုးမား အရည်တမျိုးဖြစ်တဲ့  Mist အကြောင်းအရင်ဖော်ပြပါရစေ။ တကယ်တော့ Mist နဲ့ Toner မတူညီပါ။ Mist ဆိုတာ အရည်တမျိုးပဲ။ အထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။ ဆက်လက်ဖော်ပြမှာက serum, essence, ampoule တို့ရဲ့ ခြားနားချက်နဲ့ အာနိသင်ဖြစ်ပါတယ်။

Saturday, March 26, 2016

အလှအပရေးရာ ပစ္စည်းများ(၁)

အသားအရေ လိမ်းဆေး တခုချင်းအကြောင်းနဲ့ အရေပြားအလိုက် သုံးစွဲပုံကို ဖော်ပြပါမယ်။ အရင်ဆုံး skin care နာမည်အခေါ်အဝေါ်နဲ့ အသုံးပြုပုံကို ဖော်ပြပါမယ်။

 Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။ 

Friday, March 18, 2016

Facial cleansers ရွေးနည်း

cleanser ဆိုတာ မျက်နှာအညစ် အကြေးသန့်စင်ပေးတဲ့ ဆေးတမျို့း့ဖြစ်တယ်။ ဖုန်၊ အဆီ၊ မိတ်ကပ်နဲ့ ဆဲလ်သေတွေကို ဖယိရှားပေးနိုင်ပါတယ်။ မျက်နှာအဆီပေါက်တွေ မပိတ်ဆို့အောင် ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးတယ်။ cleanserဟာ အရင်ခေတ်က သုံးစွဲခဲ့ကြတဲ့ Bar soap ထက် ပိုကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ Bar soap ရဲ့ pHကမြင့်လို့ပါပဲ။ ပုံမှန်အားဖြင့် pH 9 နဲ့ 10 ကြားရှိလို့ အယ်လ်ကာလီဖက်ရောက်တယ်။ လူ့အရေပြားက အက်ဆစ်ကဲတယ်။ pH 4.7 လောက်ရှိလို့ pH ကွာခြားချက်များတယ်။ အဲလို pHအပြောင်းလဲ များခြင်းက ဗက်တီးရီးယားပေါက်ဖွားမှုကို အားပေးတယ်။ Bar soapက မျက်နှာမှာရှိတဲ့ သဘာဝအဆီကို ဖယ်ရှားလိုက်တယ်။ တခါတရံ cleanser တွေသုံးပြီးမှ ဝက်ခြံထွက်လာတာမျိုးရှိတယ်။ 

Toner အကြောင်း သိကောင်းစရာ

Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

Wednesday, February 24, 2016

အသားအရေ စနစ်တကျထိန်းသိမ်းခြင်း

ဒီနေ့ခေတ်မှာ အလှအပထိန်းသိမ်းတဲ့ပစ္စည်းမျိုးစုံ ထွက်လာပါတယ်။ Skin Care ကုမ္ပဏီတွေ အပြိုင်အဆိုင် ပေါ်လာသလို ပစ္စည်း အခေါ်အဝေါ်တွေကလည်း မနည်းလှပါ။ serum , essence , ampoule , facial foam , body scrub , lotion , toner , moisturizer , sun screen , make up, foundation စသည်ဖြင့် နာမည် မျိုးစုံနဲ့ ထွက်လာတယ်။ဒီလို ခေတ်နဲ့အပြိုင် ထွက်လာတဲ့ အလှအပပစ္စည်းတွေ အသုံးပြုတဲ့အခါ ကိုယ့်ဖက်က သေချာနားလည်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့ခေတ်ထွက်လာတဲ့ skin care ပစ္စည်းတန်ဖိုးတွေက မသေးလို့ဖြစ်ပါတယ်။ 

မျက်နှာသွယ်ဖို့ အလွယ်ဆုံးနည်း

-အင်္ဂလိပ်အက္ခရာ X နဲ့ O ကို အားတဲ့ အချိန်တိုင်း အော်နေပါ။
-ရင်ဘတ်ကိုရှေ့ထုတ်ပြီး မေးစေ့ကို မော့၊ မျက်ခုံးကို ပင့်ထားပါ။ ပါးစပ်ကို ဟနိုင်သမျှ ခပ်ဝိုင်းဝိုင်းဟပြီး စက္ကန့်အနည်းငယ်ထားပါ။ တခါလုပ်ရင် အကြိမ်သုံးဆယ်၊ တရက်ကို မနက်၊ နေ့၊ ည စုစုပေါင်း သုံးကြိမ်လုပ်ပါ။ 

Monday, February 15, 2016

လူကြိုက်အများဆုံး ပိန်ဆေးများ

ကမ္ဘာမှာ ရောင်းအကောင်းဆုံးဆေးတွေက ပိန်ဆေးနဲ့ အသားလှဆေးတွေ ဖြစ်တယ်လို့ စစ်တမ်းတခုက ဖော်ပြထားပါတယ်။ ပိန်းဆေးဈေးကွက်တခုတည်းကတင် ဒေါ်လာဘီလီယံနဲ့ချီပြီး အမြတ်ငွေရရှိနေပါတယ်။ ပိန်းဆေးဆိုတာ လူတော်တော်များများရဲ့သည်းခြေကြိုက်ဆေးဖြစ်ပါတယ်။ ပိန်ဆေးတွေကို အုပ်စုခွဲလိုက်ရင် (၁) အစာစားချင်စိတ်နည်းတဲ့ဆေး ၊ (၂)အစာစုပ်ယူမှုတားမြစ်တဲ့ဆေး၊ (၃)အဆီလောင်ကျွမ်းစေတဲ့ဆေး ဆိုပြီး အဓိက သုံးမျိုးသာ တွေ့တယ်။ ပိန်ဆေးဆိုပေမယ့် အာနိသင်တွေ အမျိုးမျိုးရှိတယ်။ အဲဒီထဲကမှ လက်ရှိကမ္ဘာပေါ်မှာ အသုံးများဆုံးပိန်ဆေးတွေကို  ဖော်ပြလိုက်ပါတယ်။ 

Saturday, February 6, 2016

မွေးကျွတ်နာ ပေါက်ခြင်း

မွေးကျွတ်နာကို တချို့က အနာစိမ်းလို့ ဘာသာပြန်ကြတယ်။အင်္ဂလိပ်လို boil  ဆေးအခေါ်အရ furuncleလို့လည်း ခေါ်ပါတယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူ၊ ခုခံအားကျဆင်းသူတွေမှာ အဓိကဖြစ်ကြတယ်  မွေးကျွတ်နာဟာ Staphylococcus aureus ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေပါတယ်။ လူတယောက်ရဲ့ အရေပြားမှာ ပုံမှန်အားဖြင့်ကို ဒီလိုပိုးမွှားတွေရှိတတ်တယ်။ အထူးသဖြင့် နှာခေါင်းမှာ ရှိတဲ့မြောင်းတွေမှာ ခိုအောင်းနေတတ်တယ်။သာမန် အခြစ်ရာ၊အစင်းရာလေးတစ်ခုကတဆင့် ပိုးမွှားတွေဝင်လာနိုင်တယ်။ ဝင်လာတဲ့ပိုးမွှားတွေဟာ မွေးညင်းပေါက်၊အဆီအိတ်စတဲ့နေရာတွေမှာ ပိတ်မိနေတတ်တယ်။ ဝင်လာတဲ့ပိုးကို ခန္ဓာကိုယ်ရဲ့ခုခံအားက တိုက်ခိုက်တဲ့အခါ ရောင်ရမ်းပြီးရဲလာတယ်။ ခုခံအားစနစ်မှာ ဘက်တီးရီးယားကို အဓိကတိုက်ဖျက်တာက သွေးဖြူဥပါ။ ပိုးဝင်တဲ့နေရာမှာ

Sunday, January 24, 2016

မျက်နှာအသားအရေပျက်ဆီးနေလား

ဒီရက်ပိုင်း လိုင်းမတက်ဖြစ်တာအတော်ကြာပြီ။ ရေးလက်စ ဝတ္တုကို အဆုံးသတ်နေတာမို့ အွန်လိုင်းလုံးဝမသုံးဖို့ ကိုယိ့ဘာသာ ဆုံးဖြတ်ခဲ့တယ်။ ကျန်းမာရေးဆောင်းပါး လုံးဝမရေး၊ ဂျာနယ်နဲ့ သတင်းစာတိုက်ကို ကြိုတောင်းပန်ထားရတယ်။ မနေ့က ဝတ္တုအချောသတ်ရေးပြီးသွားလို့ အွန်လိုင်းပြန်တတ်လာတော့ မက်ဆေ့ခ်ျမှာ မေးထားတာတွေ စုပြုံနေတယ်။ စိုးရိမ်တကြီး ပို့တဲ့စာတွေလည်းပါသလို ကျနိးမာရေးမေးခွန်းတွေလည်း ပါတယ်။ 

ကျန်းမာရေးမေးခွန်းထဲမှာ လူအမေးများဆုံးက ထိုင်းနိုင်ငံက အလှကုန်ပစ္စည်းတခုကို ဝယ်သုံးပြီး ဖြစ်တဲ့ကိစ္စနဲ့ပက်သတ်တဲ့မေးခွန်းပါ။ အမှန်ပြောရရင် ဖေ့စ်ဘွတ်နဲ့ကင်းကွာတာ သုံးပတ်နီးပါးရှိတာမို့ အဲဒီအကြောင်းတွေ ဘာဆိုဘာမှမသိပါ။ မေးသူများလို့ ပြန်ရှာဖတ်ရတယ်။အဲဒီထဲမှာ တယောက်မေးထားတာလည်း ဝမ်းနည်းစရာ။ ဓာတ်ပုံလေး နှစ်ပုံပို့ပြီး မျက်နှာတခုလုံး ဝက်ခြံတွေနဲ့ အရင်ကလို မျက်နှာမျိုး ပြန်ဖြစ်အာင် ဘာဆက်လုပ်ရမှာလဲတဲ့။ အခု

Sunday, January 3, 2016

အောင်မြင်ခြင်း လမ်းမများဆီသို့

နှစ်သစ်မှာအောင်မြင်ခြင်းနဲ့ အစပြုနိုင်ဖို့ အောင်မြင်ရေးဆောင်းပါးတပုဒ်ရေးပါရစေ။ အောင်မြင်ခြင်း ဆိုတာ လူတိုင်းလိုချင်တပ်မက်ကြတယ်။ လူတိုင်းရဲ့ မသိစိတ်မှာ အောင်မြင်ကျော်ကြားချင်စိတ် ရှိကြတယ်လို့ စိတ်ပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ အောင်စိတ်ဆိုတာ ပုံမှန်စိတ်ဖြစ်ပါတယ်။ ရှက်စရာ၊ဖုံးကွယ်စရာ မလိုပါ။ အောင်မြင်တာတော့ ဟုတ်ပါပြီ။ အောင်မြင်တယ်ဆိုတာ ဘာလဲ။ ဘယ်ဟာကို အောင်မြင်ခြင်းလို့ ခေါ်သလဲ။အောင်မြင်ခြင်းနဲ့ ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ တယောက်နဲ့တယောက် မတူညီကြပါ။