ဆံပင်အလှပျက်ဆီးလို့ စိတ်ညစ်နေတဲ့သူတွေ မနည်းဘူး။ အထူးသဖြင့် ဆံပင်ရှည်ထားတဲ့ မိန်းကလေးတွေပါ။ ဆံပင်ပါးတာ၊ ဆံပင် ကျွတ်လွယ်၊ ဆံသားနှစ်ခွ ဖြစ်တာ အားလုံးဟာ ဆံသားပျက်ဆီးခြင်းကနေ ဖြစ်လာတယ်။ ဆံသားပျက်ဆီးခြင်းရဲ့ အကြောင်းရင်းက တခုထက် မကဖြစ်နိုင်တယ်။ အစိုဓာတ်နည်းခြင်း၊ အာဟာရဓာတ်မပြည့်ဝခြင်း၊ ဟော်မုန်းအပြောင်းအလဲနဲ့ အလှကုန် ဓာတုဆိုးဆေးတွေက အဓိကတရားခံအဖြစ် ပါဝင်နေပါတယ်။
ဆံပင်ပျက်ဆီးခြင်းအတွက် နည်းလမ်းအမျိုးမျိုးရှိတယ်။ ဆံပင်သန်စွမ်းစေဖို့၊ ဦးရေပြားအားဖြည့်ဖို့ အရေးကြီးဆုံးပစ္စည်းက ကြက်ဥအနှစ် ဖြစ်တယ်။ ဆံပင်ပျက်ဆီးတဲ့အခါ ကြက်ဥနှစ်က အလွန်အသုံးဝင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြက်ဥနှစ်ထဲမှာ ဆံပင်အတွက် လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေလို့ ဖြစ်တယ်။ ဆံပင်(hair follicle) ပျက်ဆီးသူ၊ဆံသား နှစ်ခွဖြစ်သူတွေ အနေနဲ့ အောက်ပါနည်း(၃)မျိုး အနက် တမျိုးမျိုးကိုပြုလုပ်ရုံနဲ့ ပျောက်ကင်းနိုင်တယ်။
ပြုလုပ်နည်း
ပထမနည်း- ထောပတ်သီးတလုံးကို ယူပြီး ကျိတ်ပါ။ ပြီးရင် ကြက်ဥတလုံးနဲ့ရောလိုက်ပါ။ ရလာတဲ့အနှစ်ကို သံလွင်ဆီနည်းနည်း ထည့်ပြီး ဦးရေပြား နှိပ်ပြီး ၁၅ မိနစ်ကြာ ထားပါ။ ပြီးရင် ခပ်နွေးနွေးရေနဲ့ ခေါင်းလျှော်လိုက်ပါ။
ဒုတိယနည်း - ဒီနည်းက ဆံပင်နှစ်ခွဖြစ်သူအတွက် သိပ်အသုံးဝင်တယ်။ သံလွင်ဆီ (၃)ဇွန်း၊ပျားရည် (၂)ဇွန်းကို အပူပေး ဦးရေပြားကနေ ဆံပင်အခြေထိ လိမ်းပါ။ နာရီဝက်ထားပြီး ခေါင်းပြန်လျှော်ပါ။ဆံသားနှစ်ခွဖြစ်သူတွေအနေနဲ့ ဆံပင်အောက်ပိုင်းကို ကိုက်ပေးဖို့ အကြံပြုပါရစေ။ ဒါမှ နောက်ပိုင်းပေါက်လာတဲ့အခါ ဆံပင်နှစ်ခွ မဖြစ်တော့မှာ။
တတိယနည်း- အလွယ်ဆုံးနည်းဖြစ်တယ်။ mayonnaise (မေယိုးနီးစ်)ကို ပြတ်တဲ့ဆံသားအခြေနဲ့ ဦးရေပြားမှာ လိမ်းပြီး ၁၅ မိနစ်ထားရုံပါပဲ၊ ပြီးရင် ရေပြန်ဆေးရုံနဲ့ ဆံပင်ပြတ်တောက်ခြင်းနဲ့ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးတယ်။
အကြံပြုချက်များ
(၁) အသွားကျဲတဲ့ ဘီးကိုသာ သုံးပါ..
ခေါင်းလျှော်ပြီးတဲ့အခါ အသွားကျဲတဲ့ ဘီးကို သုံးပြီး ဆံသားအရင်းကနေ အခြေထိ ဖြီးပေးရမယ်။ ဆံပင်ရှုပ်ထွေးတာက ဆံသားကို ပျက်ဆီးစေပါတယ်။ အတင်းပွတ်ဆွဲခြင်းဖြင့် ဆံသားနှစ်ခွဖြစ်တာ၊ ဆံပင်ကျွတ်တာမ်ျုး ဖြစ်စေတယ်။
(၂) dryer သုံးတဲ့အခါ သတိပြုပါ..
dryer သုံးနေစဉ် အပူချိန်ကို သင့်တင့်ရုံသာ ထားရမယ်။ ဒါအရေးကြီးတယ်။beauty saloon တွေမှာလည်း သတိထားသင့်တယ်။ အလွန်အကျွံအပူပေးခြင်းက ဆံသားကို ပျက်ဆီးစေတယ်။ ဒါ့ကြောင့် အပူချိန်ကို ခပ်ပြေပြေကိုသာသုံးပါ။
(၃) ဆံပင်ကို တန်ဖိုးကြီးပစ္စည်းတခုလို သဘောထားပါ..
ဆံပင်ဖြီးတဲ့အခါ တယုတယနဲ့ ဖြိးပေးရမယ်။ အထူးသဖြင့် ဆံပင်ကျောအောက် ရှည်တဲ့သူတွေ ဖြစ်ပါတယ်။
(၄) အားဖြည့်ဆေးသောက်ပါ..
folic acid နဲ့biotin ဆေးနှစ်မျိုးက ဆံသားအရင်းက ပရိုတင်းဖွဲ့စည်းမှုကို အားပေးတယ်။ ဆံပင်သန်စွမ်းဖို့၊ဆံသားရှည်လာဖို့နဲ့ ဆံပင်အုံထူလာဖု့် ဓာတ်နှစ်မျိုးလုံးက ကူညီပေးနိုင်တယ်။
(၅) ပရိုတင်းဓာတ်က အရေးကြီးတယ်..
ဆံပင်အတွက် ပရိုတင်း များများစားရမယ်။ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ထောပတ်၊ ကြက်ဥ၊အသား၊ ငါး၊ အခွံမာ အစေ့အဆန်၊ တို့ဖူး၊ ပဲနို့စတာတွေ စားသင့်တယ်။
(၆) ဓာတုပစ္စည်းတွေ ရှောင်ပါ..
ဆံပင် အလှကုန်ပစ္စည်းထဲမှာ paraben, silicon နဲ့ sulphate ပါရင် ရှောင်သင့်တယ်။
အဆိုပါဓာတ်တွေက ဦးရေပြားကို ခြောက်သွေ့စေရုံမက ဆံသားကိုပါ ပျက်ဆီးစေလို့ ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
၃.၂.၁၇
No comments:
Post a Comment