LAC FX 7 ဆိုတာ မြန်မာနိုင်ငံမှာ ရရှိနိုင်တဲ့ ပိန်ဆေးတမျိုးဖြစ်တယ်။ LAC ဆိုတာ Leader in Antioxidative Control ရဲ့ အတိုကောက်ဖြစ်တယ်။ တပတ်အတွင်း ဝိတ်ကို သိသိသာသာ လျှော့ကျနိုင်လို့ FX 7 လို့ နာမည်ပေးထားတာဖြစ်တယ်။ ဝိတ်ချရာမှာ ဒီဆေးကလည်း တော်တော်အသုံးဝင်ပါတယ်။ အာနိသင်က အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပြီး အဆီပိုလောင်ကျွမ်းနိုင်တယ်။
ပါဝင်ပစ္စည်းများ
Garcinia Extract 1500mg
L-carnitine 200mg
Melilotus extract powder 130mg
Apple cider vinegar 50mg
Ginger extract powder 30mg
Coenzyme Q10 5mg
Dextrin 400mg
Garcinia Cambogia Extract
Garciniaက မင်းကွတ်သီးနွယ်ဝင် အသီးတမျိုးဖြစ်တယ်။ Brindleberry ဒါမှမဟုတ် Malabar Tamarind အမျိုးမျိုး ခေါ်တယ်။ တချို့က အာသံသီး တဲ့။ အတွင်းသားမှာ Hydroxycittic Acid (HCA) ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တယ်။ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ အဆီဖြစ်ပေါ်စေတဲ့ အင်ဇိုင်းကို တားဆီးပေးတယ်။ Glycogen ပုံစံဖြင့်သာ သိမ်းဆည်း နိုင်အောင် ဆောင်ရွက်ပေးလို့ အဆီပိုတွေ တက်မလာ တော့ဘူး။ နောက်ပြီး ဆီရိုတိုနင် (Serotonin) ဓာတ်ကိုလဲ များစေတယ်။ အဲဒီဓာတ်ကြောင့် ရင်ခံစေတယ်။ အစာစားချင်စိတ် လျော့ နည်း စေတယ်။ ၂ဝ၁၁ ခုနှစ် လေ့လာမှုတွေ အရဒီဆေးက နှစ်ပတ်အတွင်း နှစ်ပေါင်ကျ စေနိုင်သတဲ့။ အသီးက ထုတ်တာဖြစ်လို့ ဘေးထွက်ဆိုးကျိုး နည်းတယ်။ဒါပေမဲ့ အစာမကြေ၊ ရင်ပြည့်တာမျိုးတော့ ဖြစ်နိုင်တယ်။
L-carnitine
Levocarnitineရဲ့ အတိုကောက်မို့ L-carnitine လို့ ရေးတယ်။ vit BTဆိုပြီး ဗီတာမင်အုပ်စုထဲ ထည့်ထားတယ်။ ဗီတာမင် အစစ်တော့ မဟုတ်ပါ။Carnitine ကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးတယ်။နီတဲ့အသားတွေက အဓိကရရှိတယ်။အသားထဲမှာပါဝင်တဲ့ Lysine နဲ့methionine ဆိုတဲ့ အမိုင်နိုအက်ဆစ်တွေက ထုတ်ယူပြီး အသည်း၊ကျောက်ကပ်တွေထဲမှာ ထုတ်လုပ်ပေးတယ်။Carnitine ဓာတ်က အဆီတွေကနေ စွမ်းအင်ရဖို့ ကူညီလုပ်ဆောင်ပေးတယ်။အထူးသဖြင့် နှလုံးကြွက်သားတွေ စွမ်းအင်ရဖို့အတွက် ဒီဓာတ်က အဓိကကျတယ်။ Fatty acid ကို mitochondria(စွမ်းအင်ထုတ်စက်ရုံ)ထဲကို ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ရရှိစေတယ်။ ဦးနှောက်ကလွဲရင် ကျန်တဲ့အစိတ်အပိုင်းတွေဟာ စွမ်းအင်ရဖို့ fatty acid ကို အဓိက အသုံးပြုရတယ်။ဒါ့ကြောင့် carnitine ရဲ့ အသုံးဝင်ပုံကများတယ်။
Melilotus extract powder
Melilotus ကို Sweet Clover လို့လည်း ခေါ်တယ်။mel ဆိုတာ ပျားရည်၊ lotus က ကြာပန်းဖြစ်တယ်။ အရသာက ချိုတယ်။ coumarin ဓာတ်ပါလို့ဖြစ်တယ်။ အဝလွန်ခြင်းကို တားဆီးတဲ့ Flavonoidsနဲ့ saponins ဓာတ်တွေပါဝင်နေတယ်။ Melilotus အဓိကအာနိသင်က ဆီးသွားစေတာဖြစိတယ်။ ဒါ့ကြောင့်ပဲ ဝိတိချရာမှာ သုံးလာကြတယ်။
apple vinegar (ပန်းသီးရှာလကာရည်)
ပန်းသီးရှာလကာရည်အကြောင်း ရှာလကာရည်ဝိတ်ချနည်းမှာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ရှာလကာရည်ကအဆီပိုတွေ၊ သကြားဓာတ်တွေကို မြန်မြန်လောင်ကျွမ်းစေတယ်။ citric acid cycle သို့မဟုတ် TCA cycle(Tricarboxylic acid) ကို သက်ဝင်လှုပ်ရှားစေတယ်။ TCA cycle ဆိုတာ စွမ်းအင်ထုတ်လုပ်တဲ့ ဖြစ်စဉ်ပါ။ နောက်အာနိသင်တခုက lactic acid စွန့်ထုတ်မှုကို အားပေးတာဖြစ်တယ်။ သွေးထဲမှာ lactic acid များလာရင် အားယုတ်၊နုံးချိတာဖြစ်မယ်။ ခန္ဓာကိုယ်ထဲမှာ TCA cycle ဖြစ်စဉ်အသက်ဝင်လာတာနဲ့ lactic acid နည်းပြီး အားအင်ကုန်ခမ်းမှုကို သက်သာစေတယ်။ ဇီဝဖြစ်စဉ်မြန်ပြီး အဆီပိုလောင်ကျွမ်းမှုအားကောင်းလာတာနဲ့ အဆီကျလာမယ်။ ဒါ့ကြောင့် natural fat blocker အဆီမတက်အောင် တားဆီးတဲ့ဓာတ်တမျိုးလို့ ပြောလို့ရတယ်။
ginger(ဂျင်း)
ဂျင်းကို အိန္ဒိယတိုင်းရင်းဆေးမှာ အသုံးများတယ်။ သွေးလည်ပတ်မှုကို အားပေးပြီး ဇီဝဖြစ်ပျက်မှုမြန်စေတယ်။အဆီပိုလောင်ကျွမ်းစေတယ်။ အထူးသဖြင့် ဝမ်းဗိုက်အဆီတွေပါ။
Co-enzyme Q10
Co-enzyme Q10 ဆိုတာ ဗီတာမင်လို ပစ္စည်းတမျိုး ဖြစ်တယ်။ CoQ10 လို့လည်း အတိုကောက်ခေါ်တယ်။ ဆေးစာထဲမှာ ubiqunone ဆိုတာ CoQ10 ကိုပြောတာပါ။ ခန္ဓာကိုယိဆဲလ်တိုင်းမှာ ဒီအင်ဇိုင်းဓာတ်တွေရှိပါတယ်။ အထူးသဖြင့် နှလုံး၊အသည်း၊ကျောက်ကပ်၊ပန်ကရိယတွေမှာ အဓိကတွေ့ရတယ်။ သက်ရှိဆဲလ်တွေ စွမ်းအင်ထုတ်လုပ်ဖို့Co-enzyme Q10ကို လိုအပ်ပါတယ်။ စွမ်းအင်ကို ရရှိစေတဲ့အပြင် ထုတ်ယူ သုံးစွဲတဲ့စွမ်းအင်ကလည်း အဆီထဲကပဲဖြစ်တာမို့ အဆီကျစေတယ်။ ဒါ့ကြောင့် ပိန်ဆေးတွေမှာ ထညိ့လာကြတာပါ။
Dextrin(အမျှင်ဓာတ်)
Dextrin ဆိုတာ ဂလူးကိုစ့်တမျိုးပဲ။ ကစီဓာတ်ကို ရေသွင်းဖြိုခွဲရင် Dextrin(အမျှင်ဓာတ်)တွေ ထွက်လာတယ်။ ဂျုံမှာ အမျှင်ဓာတ်များတာ Dextrin ပါလို့ဖြစ်တယ်။ အာနိသင်က ဝမ်းမှန်စေတယ်။ ဗိုက်ပြည့်စေတယ်။ ဗိုက်ဆာခံသလို စွမ်းအင်ကိုလည်းဖြစ်စေလို့ အစားရှောင်သူတွေအတွက် ဒီဓာတ်ကို ထည့်ပေးထားတာဖြစ်တယ်။ ဂလူးကို့စ်တမျိုးဖြစ်လို့ အာဟာရလညိး ဖြစ်စေတယ်။
သောက်နည်း
LAC FX 7 ဆေးပုလင်းတလုံးမှာ 30 ml ပါတယ်။ တရက်ကို တလုံးပဲ သောက်ဖို့လိုတယ်။ မစားခင် ၁၀ မိနစ်အလိုကြိုသောက်သင့်တယ်။ မသောက်ခင် ဆေးပုလင်းကို အရင်လှုပ်ပါ။ ဖွင့်ပြီးပြီးချင်းသောက်ပါ။ ဆေးတစ်ဗူးတွင် ဆေးပုလင်း(၁၀)လုံးပါပြီး ပုံမှန်အားဖြင့် တစ်နေ့ တစ်လုံးသောက်သင့်တယ်။ အစားများများစားဖြစ်သောနေ့တွေမှာမနက်တကြိမ် ညတကြိမ် တနေ့ နှစ်ကြိမ်အထိ သောက်ပေးနိုင်တယ်။ နေ့စဉ်သောက်သုံးခြင်းအားဖြင့် တပတ်အတွင်း ခါးဆိုက်ကို လက်မဝက်(1.5cm )နီးပါး လျှော့ကျစေမှာ ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
၃.၃.၁၈
No comments:
Post a Comment