Sunday, August 10, 2014

ပခုံးဝေဒနာ သက်သာစေဖို့


ဆရာရှင့် ကျွန်မလည်း ပုခုံးတ၀ိုက် အရမ်းလည်းနာကျင်နေပါတယ်ဆရာ မခံမရပ်နိုင်အောင် နာကျင်နေပါတယ် စိတ်ဓာတ်တွေကျနေပါပြီဆရာရယ်  ကျွန်မလည်းဆေးတွေစစ်နေပါတယ်ဆရာ အခုထက်ထိ တိတိကျကျ ရောဂါ ရယ်လို့ ရှာလို့မတွေ့သေးပါဘူးဆရာ စင်္ကြာမင်းလိမ်းဆေးလည်း လိမ်းနေပါတယ် ဆရာ သောက်ဆေးလည်းကတော့ တစ်ဗူးတော့ကုန်သွားပါပြီးဆရာ ကျွန်မခံစားနေရတဲ့ဝေဒနာကို သက်သာချင်နေပါပြီး အဲဒါကျွန်မ ရောဂါဘာဖြစ်နိုင်လဲဆရာ ဖြေကြားပေးချင်ပါတယ်
ကျေးဇူးတင်ပါတယ်ဆရာ၊အသက် 41 နှစ်ပါ။



ပခုံးတဝိုက်နာကျင်တာ အမျိုးမျိုး ဖြစ်နိုင်တယ်။ အရိုး၊အဆစ်၊အကြောနဲ့ ကြွက်သားရောဂါတွေကြောင့် ဖြစ်တယ်။ အရိုးကျိုးဖူးသလား၊ထိခိုက်မိဖူးသလား။ အသက်(၄၀)ဆိုတော့ အရိုးပွတာတော့ မဖြစ်နိုင်ပါ။ အသက်ကြီးရင်တော့ အဆစ်ရောင်ရောဂါကြောင့် အဖြစ်များတယ်။ လှုပ်ရှားမှုများတာ၊အရိုးနုစားတာ ဖြစ်နိုင်တယ်။ ဓာတ်မှန်ရိုက်ကြည့်ပါ။ ဒါပေမယ့် အများစုက ဓာတ်မှန်မှာ ထူးခြားမှုမတွေ့တာများတယ်။ အာရုံကြောရောင်တာလည်း ဖြစ်နိုင်ပြန်တယ်။ ဖြစ်နိုင်ချေများတာကြောင့် လိုရမယ်ရ သွေးစစ်၊ဆီးစစ်၊ဓာတ်မှန်ရိုက်ကြတယ်။ ဆရာဝန်ပြရတယ်။ 

တကယ့်လက်တွေ့က်ု ပြောရရင် ဒီလိုရောဂါမျိုးမှာ အရေးကြီးတာက ရောဂါနာမည်တပ်ဖို့မဟုတ်ပါ။ ကိုယ်တိုင်ကြည့်ရတာ မဟုတ်လို့ ရောဂါအမည်မတပ်နိုင်ပါ။ တပ်ရင်လည်း မှားဖို့ရာခိုင်နှုန်းများမယ်။ လိုရင်းက အနာသက်သာစေဖို့သာဖြစ်တယ်။ ဆေးခန်းလာသူအများစုလည်း ဒီလိုမျိုးဖြစ်ပြီး လာတတ်တယ်။ ကျွန်တော်ကတော့ ရောဂါထက် လက္ခဏာသက်သာအောင် ဦးစားပေးကုပါတယ်။ 

ဘာတွေ ရှောင်မလဲ
-ရေအေးကိုင်တာ လုံးဝလုံးဝမလုပ်ပါနဲ့။ 
-ဖြစ်တဲ့ဖက်ကို တတ်နိုင်သမျှ အနားပေးပါ။ ဖြစ်နိုင်ရင် မလှုပ်ပါနဲ့။
-အဲယားကွန်းနဲ့ အိပ်တာ မလုပ်သင့်ပါ။
-အချိုဓာတ်များတာ မကောင်းပါ။ ကော်ဖီ၊လက်ဖက်ရည် ရှောင်ပါ။
-အစားအသောက်ထဲမှာ ပင်လယ်စာ၊နီတဲ့အသား၊အစို့အပေါက် ရှောင်ပါ။

ဘာတွေဆက်လုပ်မလဲ
-သိပ်နာရင် ရေနွေးအိတ်ကပ်ပါ။ တင်ပါ။ အိပ်ရင်တောင် ရေနွေးအိတ်ကပ်ပြီး အိပ်ပေးသင့်တယ်။
-ဆေးသောက်ဖို့တော့ လိုပါတယ်။ သိပ်မပိန်ရင် naproxen 250mg တနေ့သုံးကြိမ်သောက်နိုငိတယ်။ နှစ်ပတ်လောက် သောက်ကြည့်ပါ။
-အစာအိမ်ရောဂါအခံရှိရင် omeprazole 20mg တနေ့နှစ်ကြိမ် ထညိ့သောက်ပါ။
-အာရုံကြောဆေး neurobion အပြာကဒ်တနေ့သုံးကြိမ် တလ သောက်ပါ။
-vitamin B12 500mcg(methicol,neuroxl) တနေ့ သုံးကြိမ် နှစ်ပတ်သောက်ပါ။
-အဆစိရောင်ခြင်းအတွက် mega 3 တနေ့ သုံးကြိမ် သုံးလသောက်ပါ။ 
-အရိုးထဲကနာရင် calcium 500 တနေ့ ၂ကြိမ်ထည့်သောက်ပါ။
-သံဓာတ်ကို တချက်စစ်ပါ။ လိုရင် elemental iron 100mg တနေ့နှစ်ကြိမ်သောက်ပါ။
-လိမ်းဆေး လိမ်းပေးနိုင်တယ်။ naproxen သို့ nimesulide cream လိမ်းပေးပါ။
-ဒီနည်းတွေမှ မရရင် ထိုးဆေးလိုပါလိမ့်မယ်။ ဒါကတော့ ပြတဲ့ ဆရာဝန်အပိုင်းဖြစ်သွားပါပြီ။ လိုတာကို ဆက်လုပ်ပေးပါလိမ့်မယ်။
-နိုင်ငံသားအပေါင်း နာကျင်မှုအပေါင်း ကင်းဝေး၍ ရောဂါဘယ ကင်းရှင်းကြပါစေ။

ဒေါက်တာ အေးမင်းထူး
၃၀.၇.၁၄

No comments:

Post a Comment