Thursday, March 28, 2013

ရူမက်တစ် လေးဖက်နာ အဖျားရောဂါ

 Rheumatic ဆိုတဲ့စကားလုံးကို ဆေးပညာဝေါဟာရမှာ တော်တော်များများ တွေ့ရပါတယ်။ရူမက်တစ်ဆိုတာ အကြော၊အဆစ်၊ကြွက်သားစတဲ့ တွယ်ဆက်တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် နာကျင်စေတဲ့အပြင် လှုပ်ရှားမှုကို ထိခိုက်စေတဲ့ သဘောမျိုးရှိပါတယ်။ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပေးတယ်။ ဆေးပညာမှာ rheumatology ဆိုပြီး သီးသန့်ဘာသာရပ်ခွဲကို ရှိသေးတယ်။ autoimmuneခေါ်တဲ့ ခုခံအားအချင်းချင်းပြန်တိုက်တဲ့ ရောဂါတွေကိုပါ လေ့လာရတယ်။ဒါ့ကြောင့် ရူမက်တစ်နဲ့ ပက်သတ်တဲ့ ရောဂါတွေမနည်းလှသလို စိတ်ရှုပ်စရာလဲကောင်းလှတယ်။ ရောဂါတွေဘယ်လိုများပေမယ့် rheumatic နဲ့ ပတ်သက်တဲ့ အဓိကအချက်နှစ်ချက်က တူညီကြတယ်။ ပထမအချက်က နာကျင်မှုဟာ မကြာခဏ ပြန်ဖြစ်တတ်တယ်။ဒုတိယအချက်က ကုသရခက်ခဲတတ်တယ်။ရူမက်တစ်ခေါင်းစဉ်အောက်က ရောဂါ တော်တော်များများမှာ ဒီအချက်တွေ သွားတူတာတွေ့ရတယ်။နောက်သီအိုရီတခုက rheumatic ရောဂါတွေဟာ လေထုအပြောင်းအလဲနဲ့ သက်ဆိုင်နေတတ်ပြန်တယ်။ပတ်ဝန်းကျင်ရုတ်တရက်အေးလာတဲ့အခါ အထူးသဖြင့် မိုးတွင်းကာလတွေမှာ

Thursday, March 21, 2013

Ginkgo ကမ္ဘာဦးပင်၊နှစ်တစ်ရာသီးနှင့် ပဲကော

သက်ရှိအပင်တွေထဲမှာ သက်တမ်းအရှည်ကြာဆုံး၊ရာသီဥတုဒဏ်ကို အခံနိုင်ဆုံးက ginkgo bilobaခေါ်တဲ့ ကမ္ဘာဦးပင် ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်း၂၇၀ကျော်က ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရတယ်။ရှေးယခင် နှစ်သန်းပေါင်းများစွာကတည်းက ယနေ့ထက်တိုင် တွေ့နေဆဲဖြစ်တာကြောင့်ကမ္ဘာဦးပင်လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ 

နောက်ကြောင်းရာဇဝင်လိုက်ကြည့်ရင် တရုတ်ပြည်က ဇာတိချက်ကြွေဖြစ်နေတာ တွေ့ရတယ်။ပုံမှန်အားဖြင့် မီတာ ၃၀လောက်ရှိတဲ့အပင်ဟာ တရုတ်ပြည်မှာ မီတာ၅၀ကျော်လောက် ဖြစ်နိုင်တယ်။သက်တမ်းရင့်လာတာနဲ့အမျှ အပင်ဟာ ကြီမားသလို ပိုမိုကျယ့်ပြန့်လာတယ်။အမြစ်ဟာ နက်ရှိုင်းစွာတွယ်ဝင်နေသလို ပျက်ဆီးဖို့လည်း ခက်ခဲလာတယ်။လေဒဏ်၊မိုးဒဏ်သာမက ပိုးမွှားဒဏ်တွေပါကာကွယ်ပေးတယ်။ ရေစီးရေလာကောင်းမွန်တဲ့နေရာမှာ အဓိကပေါက်ရောက်တယ်။အပင်မှာ အဖိုပင်၊အမပင် နှစ်မျိုးရှိတယ်။အပင်ကရတဲ့ အရွက်၊ အသီးတွေ ဟာ ဆေးဖက်ဝင်လို့  သမိုင်းမတင်မီခေတ်တွေကတည်းက သုံးစွဲခဲ့ကြပြီး ဖြစ်ပါတယ်။

Wednesday, March 13, 2013

ဆီးကျောက်တည်နေသလား

 လောကမှာ ကျောက်ဆိုရင် တန်ဖိုးရှိမယ်၊အဖိုးတန်မယ်သာ ထင်တတ်တယ်။အထူးသဖြင့်မြန်မာနိုင်ငံက ကျောက်နဲ့နာမည်ကြီးတာမလား။ ကျောက်ဆိုရင် လူမျိုးတိုင်း၊နိုင်ငံတိုင်းက တန်ဖိုးထားချင်ကြတယ်။တချို့နေရာတွေမှာ တန်ဖိုးထားချင်စရာမကောင်းတဲ့ကျောက်လည်း ရှိတတ်တာပဲ။လူ့ခန္ဓာကိုယ်ထဲက ထွက်တဲ့ကျောက်မှန်သမျှတော့ ကောင်းတယ်ကိုမရှိဘူး။bladder stoneသည်းခြေကျောက်၊kidney stoneဆီးကျောက် စသည်ဖြင့် ကျောက်အမျိုးမျိုးထွက်နေပေမယ့် တန်ဖိုးမရှိတာသာများတယ်။ တခါတရံ တန်ဖိုးမရှိတဲ့ကျောက်က တန်ဖိုးရှိလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဥပမာ ဆေးရုံဆေးခန်းတက်ရပြီဆို သူ့တန်ဖိုးကတက်လာတယ်။ ပြောမယ်ဆို ကြီးရင် ကြီးသလောက်တန်ဖိုးတက်သလို အရင်းအနှီးပိုများလာတယ်။ ကရိကထ ပိုများလာတယ်။ 

Wednesday, March 6, 2013

 ပိန်ဆေးမသုံးခင် ဘာတွေ သိရမလဲ

ပိန်ဆေးဆိုတာ ဈေးကွက်ထဲမှာ အမျိုးမျိုးရှိကြတယ်။ သုံးစွဲတဲ့အခါ သေချာရွေးချယ်တတ်ဖို့တော့ လိုအပ်ပါသေးတယ်။အဆီဓာတ်ချပေးတဲ့ပိန်ဆေးလား၊ကစီဓာတ်ချပေးတဲ့ ပိန်ဆေးလား၊ဒါမှမဟုတ် အမျှင်ဓာတ်ပါဝင်တဲ့ ဝမ်းသွားစေတဲ့ ပိန်ဆေးမျိုးလား။ ဒါသိရုံနဲ့တင် မပြီးသေးဘူး။ပါဝင်တဲ့ဆေးအမျိုးအစား၊ဘယ်လောက်ပမာဏ ပါဝင်ကြသလဲ။ အရေးကြီးဆုံးက ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်နိုင်လဲ ဆိုတာပဲ။ တွေ့သလောက်ပြောရရင် အများစုဟာ ပိန်ဆေးဆိုတာလောက်သာ သိရှိကြတယ်။ အာနိသင်ဘယ်လိုရှိလဲ။ဘယ်နေရာတွေမှာ အသုံးပြုရလဲ။ ဆေးပမာဏ ဘယ်လောက်ထိ သုံးစွဲရမှာလဲ။မသိသူသာ များကြတယ်။သူများကောင်းတယ်ပြောလို့ လိုက်သောက်ကြသူက ထက်ဝက်ကျော်လောက်ရှိမယ်။ ဆေးဆိုင်ညွှန်းလိုက်တာပါထည့်တွက်ရင် ရာခိုင်နှုန်းက ပိုများသွားမယ်။ ဆေးကြေငြာတွေကလည်း ကောင်းလိုက်တာ ကလား။ဆေးက ဘယ်နှစ်ရက်အတွင်း ဘယ်လိုကျသွားစေရမယ်၊အစာရှောင်စရာ မလိုဘူးဆိုတာက