Tuesday, April 14, 2015

ခြေဆီလက်ဆီထွက်နေလို့

Re: မင်္ဂလာပါဆရာကျနော် လက်နဲ့ခြေက ချွေူထွက်တဲ့အကြောင်းမေးဖူး သူပါ ဆရာပြောတဲ့နံပတ်(၁)အချက်မှာaluminum chloride solution (Drysol) က အမျိုးအစား အများကြီး ဖြစ်နေ့ ဘယ်အမျိုး အသုံးသင့်ပါလည်း ဆရာ ပြီးတော့ တစ်နေ့ဘယ်နှစ်ကြိမ် လိမ်းရပါမည်နည်း တကယ်လို့ ကျောက်ချည်ဆိုရင်ကော ဘယ်လို အသုံးပြုရမှာလည်း ဆရာ တစ်နေကော့ ဘယ်နှစကြိမ်း လိမ်းသင့်ပါလည်း ဆရာ ဆရာဖြေကို စောင့်နေပါမယ် ကျေးဇူးတက်ပါတယ် ဆရာ 



Drysol ဗူးရည် 35mlလောက်ပါတဲ့ roll onလိုအပိတ်နဲ့ဟာ ဝယ်ပါ။ ဆေးကို ညစဉ်လိမ်းပေးရတယ်။ မလိမ်းခင် ရေနဲ့လက်ကို သန့်အောင်ဆေးပြီး ခြောက်သွေ့အောင်ထားပါ၊ခြောကိသွေ့ပြီဆိုတာနဲ့ ခြေဖဝါး၊လက်ဖဝါးကို ထိပ်မှာပိတ်ထားတဲ့ roll on လိုဟာနဲ့ ဖိပြီး လိမ်းရုံပဲ။ လိမ်းပြီး (၅)မိနစ်ခြောက်အောင်ထားဦး၊ပြီးရင် ပလတ်စတစ်လက်အိတ်ကို တညလုံးစွပ်ထားပါ။ ဒါမှ ဆေးက ကြာရှည်ခံမှာ။ မနက်ရောက်ရင် လက်အိတ်ချွတ်ပြီး ရေနဲ့လက်ကို စင်အောင်ဆေး သန့်တဲ့အဝတ်နဲ့ သုတ်ပါ။ ဒီတိုင်း ချွေးထွက်သက်သာသည်ထိ လုပ်ပေးရမယ်။ 

ကျောက်ချဉ်ကို Alumလို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ ပါဝင်ပါတယ်။တိုင်းရင်းဆေးအယူအရ ကျောက်ချဉ်မှာ ကျုံ့တဲ့အာနိသင်ရှိတယ်။ချွေးဂလင်ာကို ကျုံ့စေတယ်။ ချွေးထွက်တဲ့နေရာကို ကြိတိပြီး သိပ်ရတယ်။ ကျောက်ချဉ်ရေထဲလက်စိမ်လို့လည်း ရတယ်။တနေ့တကြိမ်မှ (၂)ကြိမ်သုံးပါ။

ဒေါက်တာ အေးမင်းထူး
၂၇.၃.၁၅

No comments:

Post a Comment