Monday, March 23, 2015

ငှက်ပျောသီး ဝိတ်ချနည်း 

မနက်စာကို ငှက်ပျောသီးစား၊ဝိတ်ကျတယ်ဆိုတာ ဂျပန်မှာ ခေတ်စားခဲ့တာ ကြာပြီ။ တိတိကျကျပြောရရင် ၂၀၀၈ခုနှစ်မှာ စတင်ခေတ်စားလာခဲ့တယ်။ငှက်ပျောသီးဝိတ်ချနည်းကို morning  banana diet လို့ ခေါ်ပါတယ်။ မနက်စာကို ငှက်ပျောသီးစား၊ရိုးရိုးရေသောက် ပြီး ဝိတ်ချတဲ့နည်းဖြစ်ပါတယ်။ ငှက်ပျောသီးနည်းကို စတင်သူက ဂျပန် အမျိုးသမီး sumiko ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ဝိတ်ချခဲ့တဲ့ သူ့အမျိုးသားHitoshi ကတော့ (၃၇)ပေါင် လောက်ဝိတ်ကျသွားပါတယ်။ အဲဒီအကြောင်း သူတို့ဆီကနာမည်ကြီး Mixi ဆိုရှယ်နက်ဝဒ်မှာ ဖော်ပြပြီးနောက် စတင်ရေပန်းစားလာတယ်။

Thursday, March 19, 2015

ပေါင်ငါးဆယ်လောက် ဝိတ်ကျလိုပါသလား

Hello Doctor, 
I am 25-year old single female. I got 170 lbs. I would like to reduce weight to 120 lbs. I usually walk 30 minutes 5 days a week. I am now taking xytrim 120 mg after every meal two times a day. It has been just two days that I am taking that drug.What I would like to know is that should I take that medicine at this age and is there any side effects while taking that kind of pills at this age? 

Wednesday, March 18, 2015

နွေရာသီနဲ့ အပူ

(၂၁)ရာစုဟာ လူသမိုင်းရဲ့ အပူပြင်းဆုံးကာလတွေလို့ ဆိုရင် မမှားပါဘူး။ ပူပြင်းတဲ့နွေရာသီရောက်တဲ့အခါ အပူနဲ့ ပက်သက်တဲ့ ရာသီပေါ်ရောဂါတွေ ဖြစ်လေ့ရှိပါတယ်။ အပူထုတ်လုပ်မှုများခြင်း(သို့) အပူဆုံးရှုံးမှုမလုံလောက်ခြင်းကြောင့် ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲစေတယ်။ တကယ်တော့ ပြင်ပအပူချိန် ဘယ်လောက်ပြောင်းပြောင်း ခန္ဓာကိုယ်အပူချိန် ပြောင်းလဲလေ့မရှိဘူး။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်အပူချိန်ဟာ 98.6° F (37° C) ရှိပါတယ်။ core temperature ခေါ်တဲ့ ဝမ်းတွင်းအပူချိန်က 100.4° F (38° C) လောက်ထိ ရှိတယ်။ ခန္ဓာကိုယ်အပူချိန်အတက်အကျကို အာရုံခံနာ့ဖ်တွေက ပြုပြင်ပြောင်းလဲပေးပါတယ်။ပြုပြင်ပြောင်းလဲမှုတွေက ဦးနှောက်ရဲ့ သိစိတ်မဲ့ လှုံ့ဆော်မှုတွေက ဖြစ်လာပြီး အရေပြားက လုပ်ဆောင်ပေးတယ်။ အရေပြားရဲ့ အရေးကြီးလုပ်ဆောင်မှုတွေထဲမှာ ရောဂါပိုးမွှားတွေ ကာကွယ်ဖို့နဲ့ အပူထိန်းဖို့က အဓိကဖြစ်တယ်။ 

Saturday, March 14, 2015

ဗိုက်ကြွက်တက်ခြင်း


ဆရာရှင့်
ဗိုက်ကြွက်တက်တယ်ဆိုတာမျိုးရှိပါသလားရှင့် ကျွန်မ အမေတွင် အိပ်ယာမှအထ or စိတ်ကျဉ်းကျပ်ကိုယ်ကျဉ်းကျပ်ချိန်မျိုးတွင် အဲကြွက်တက်သလိုမျိုး တက်တာဖြစ်တတ်ပါလို့ပါရှင့် ခြေထောက်မှာ မဟုတ်တော့ ဘယ်လိုမျိုးဆိုလျှင်သက်သာပျောက်ကင်းနိုင်မလဲ ဘာဆေးသောက်ပေးရမလဲ သိချင်ပါတယ်ရှင့် ကျွန်မ အမေက အသက် 50 ကျော်ပါရှင့်

ခွေးကြောင် ချစ်တတ်သူများ ဖတ်ရန်


မင်္ဂလာပါဆရာ။ သမီးအမည်က ဖြူဖြူလို့
ခေါ်ပါတယ်။ သမီးက မကွေးမှာနေပါတယ် သမီးမေးချင်တာကတော့ သမီးရဲ့ အရေပြား ယားယံမှုပါ သမီးက ခွေးတွေ ကြောင်တွေ ချစ်တတ်တော့ ကြောင်တွေဆိုထွေးပွေ့ထားတတ်တယ်ရှင့် ဒါပေမယ့် နောက်တော့ အဲဒီ အ၀တ်ကိုဝတ်ရင် ယားယံလို့ မ၀တ်ရဲ ပြီး စွန့်ပစ်နေတာ အ၀တ်အထည်ပေါင်း များစွာပါ။ နောက်ပြီး သမီးက အရမ်း အသန့်အရှင်းကြိုက်တယ် ယားတော့ မနေတတ်ဘူးရှင့် ဆရာ အခုနောက်ပိုင်း ခွေးတွေကြောင်တွေနဲ့ လည်း မဆော့ပါဘူး အ၀တ်တွေလည်း အဟောင်းဆိုတာ မရှိသလောက်ပါ အားလုံးအသစ်တွေချည်းပါ ဒါပေမယ့် အရေပြားက ယားယံနေတုန်းပဲရှင့် ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ရှင့် ကျေးဇူးပြု၇်ျ ဖြေကြားပေးပါ့ရှင့် ဘယ်လို ကာကွယ်ရမလဲ သိချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်

လိင်ဆက်ဆံမှုများရင်

ဆရာ ကျွန်တော်မှာဖြစ်နေတာက လိင်ဆက်ဆံပြီးအကြိမ်အရေ အတွက်များရင် လိင်တံထိပ်ကနေ အဖုသေးသေးလေးတွေ အများကြီးပေါက်တတ်တာခင်ဗျ ဘာ့ကြောင့်ဖြစ်တာရယ် ဘာဆေးသောက်ရမယ်ဆိုတာကိုသိချင်လို့ပါခင်ဗျ အမှားပါ င် ခွင့်လွတ်ပါခင်ဗျ

Monday, March 9, 2015

သည်းခြေကျောက်တည်ခြင်း

သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခြေအိတ်(gallbladder)လို့ခေါ်ပါတယ်။ သူ့တာဝန်က အသည်းကထွက်လာတဲ့သည်းခြေရည်(bile)တွေကို သိုလှောင်ထားဖို့ပါ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic ductကတဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားတယ်။ လိုအပ်တဲ့အခါ common bile ductဆိုတဲ့ ပြွန်မကြီးကတဆင့် အူသိမ်ထဲဝင်ပြီး အဆီကို ခြေဖျက်ပေးပါတယ်။