Monday, August 24, 2015

ခွေးကိုက်ခံရတဲ့အခါ

ဒီရက်ပိုင်း ခွေးလေခွေးလွင့်တွေ နေရာတကာမှာ တွေ့နေရတယ်။ သူတို့ရာသီမို့လည်း ဖြစ်နိုင်တယ်။ ဒီဆောင်းပါးကို ရေးနေချိန်မှာတောင် ခွေးဟောင်သံကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်။ ပတ်ဝန်းကျင်မှာ ခွေးတွေကလည်း ပိုများလာသလိုပဲ။  ဘေးပတ်ဝန်းကျင်မှာ ခွေးလေခွေးလွင့်များခြင်းဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မက ကျန်းမာရေး ရှုထောင့်က ကြည့်ရင်လည်း မကောင်းပြန်ဘူး။ ခွေးဆိုတာ အစုံစားသတ္တဝါဖြသ်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ရောဂါပိုးမွှား စုံလင်ပါတယ်ဆိုတဲ့ မစင်လို အညစ်အကြေးကိုတောင် ချမ်းသာပေးတာမဟုတ်ပါ။ ဒါ့ကြောငိ့ သူ့ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ စုံလင်ပါတယ်။

Sunday, August 16, 2015

Tuesday, August 11, 2015

Photo gallery (3)

မိသားစုနှင့် အမှတ်တရ












ဒေါက်တာ ချမ်းမြေ့ထူး၊ ဒေါက်တာ အေးမင်းထူး ၊ ကိုပြည့်ဖြိုးအောင် ၊ ဒေါ်နုနု

(ဝဲမှယာ)

ဒေါက်တာ အေးမင်းထူး
၁၂.၈.၁၅

Photo gallery (2)

Dr. Aye Min Htoo ( ဒေါက်တာ အေးမင်းထူး )
M.B.,B.S , C.C.F.M
Doctor , Writer (ဆရာဝန်၊ စာရေးဆရာ)

Clinic 64 ဆေးခန်း
64 st, between 37 & 38 st, Mahar Aung Myay Township, Mandalay.

E-mail : dr.ayeminhtoo@gmail.com
Web : drayeminhtoo.blogspot.com
         

ဒေါက်တာအေးမင်းထူး
၁၂.၈.၁၅

Photo gallery (1)

Dr. Aye Min Htoo
M.B.,B.S , C.C.F.M
Doctor , Writer

Clinic 64
64 st, between 37 & 38 st, Mahar Aung Myay Township, Mandalay.


E-mail : dr.ayeminhtoo@gmail.com
Web : drayeminhtoo.blogspot.com
         
     



ဒေါက်တာ အေးမင်းထူး
၁၂.၈.၁၅

Monday, August 10, 2015

နှုတ်ခမ်းကွဲခြင်း

နှုတ်ခမ်းကွဲပြီးခြောက်တာကို အင်္ဂလိပ်လို chapped lip လို့ခေါ်ပြီးတချို့က cracked lip လို့လည်း သုံးတယ်။ ဆေးစာမှာတော့ cheilitis လို့ခေါ်ပါတယ်။တကယ်တော့ နှုတ်ခမ်းရောင်ရာက ကွဲတာပါ။ 
နှုတ်ခမ်းကွဲတာ အစားအသောက် အနေအထိုင်နဲ့ ဆိုင်တယ်။ ရောဂါကြီး မဟုတ်ပေမယ့် ပြဿနာတော့ အတော်ပေးတယ်။ တချို့ကရာသီပေါ်လိုက်ြပီးဖြစ်တယ်။ ပူလွန်းအေးလွန်းတဲ့ရာသီမျိုး၊ခြောက်သွေ့ပြီးရေဓာတ်နည်တဲ့ပတ်ဝန်းကျင်နဲ့ နေလောင်ဒဏ်ကြာင့် ဖြစစ်တတ်တယ်။ အလေ့အကျင့်တခုခုရှိရင်ပဖြစ်တယ်။ ဥပမာ (လျှာသတ်တတ်သူ၊ပါးစပ်နဲ့ အသက်ရှုသူတွေ)က သူများထက်ထူးဖြစ်တာ တွေ့တတ်တယ်။ အမျိုးသမီးတွေမှာ နှုတ်ခန်းလိမ်းဆေးတွေနဲ့ဓာတ်မတဲ့တာကလည်းဖြစ်ကြတယ်။ရေဓာတိနည်းတာ၊ အာဟာရဓာတ်ချို့တဲ့တာ၊အနာခွက်ပေါက်တာ၊အအေးမိတာတွေကနေလည်း နှုတ်ခမ်းကွဲတတ်သေးတယ်။ 

အရိုးအဆစ်ရောင် ရောဂါ

ပုံမှန်လူတယောက်မှာ သိသာထင်ရှားတဲ့အရိုးပေါင်း ၂၀၆ခု ရှိပါတယ်။ သက်ရှိတွေရဲ့ရပ်တည်မှုမှာ အရိုးရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ဒီအရိုးတွေကပဲ ခန္ဓာကိုယ်တခုလုံးကို ထောက်ပံ့ပေးထားတယ်။ အရိုးချင်း တွယ်ဆက်တဲ့နေရာကို အဆစ်လို့ခေါ်ပါတယ်။လူ့ခန္ဓာကိုယ်မှာ အဆစ်စုစုပေါင်း ၃၆၀ခန့် ရှိပါတယ်။အဆစ်သဘောက လှုပ်ရှားမှုကို အဓိကဖြစ်စေတယ်။ နေ့စဉ်လှုပ်ရှားနေရတဲ့  အရိုးအဆစ်တွေရဲ့ လုပ်ဆောင်မှုကို လျှော့မတွက်သင့်ဘူး။လှုပ်ရှားမှုများတာလာနဲ့အညီ ပျက်ဆီးမှုလည်း များလာတာ သဘာဝပါ။ ဒါ့ကြောင့်ပဲ အသက်အရွယ်မရွေး အရိုးအဆစ်ရောဂါတွေ အတွေ့များလာတယ်။လက်ရှိချိန်ထိ အဆစ်ရောင်ရောဂါတွေထဲမှာ  အဖြစ်များဆုံးက Osteoarthritis ခေါ်တဲ့  အဆစ်ရောင် ရောဂါ ဖြစ်ပါတယ်။ 

မိုက်ဂရိန်း ခေါင်းကိုက်ခြင်း


ခေါင်းကိုက်ဝေဒနာဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်များဆုံး ရောဂါဝေဒနာ တစ်ခု ဖြစ်ပါတယ်။နှစ်စဉ် ကမ္ဘာ့လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းခန့်ဟာ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်တယ်ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOက ကြေငြာချက် ထုတ်ပြန်ပြီး သတိပေးထားတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်ပြောကြပေမယ့် လက်တွေ့မှာ ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေက မနည်းပါဘူး။ ဒါ့ပြင် အမျိုးအစားတွေကိုလည်း ထပ်မံ ခွဲခြားထားသေးတယ်။


ပါကင်ဆန်ရောဂါ

ပါကင်ဆန်ရောဂါဆိုတာ အသက်ကြီးတဲ့လူတွေမှာ အဖြစ်များတယ်။ ဖြစ်ပွားမှုက Alzheimer's ရောဂါပြီးရင် ဒုတိယလိုက်ပါတယ်။လူ့သက်တမ်းဟာ တိုတောင်းလှပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အို၊နာ၊သေဘေးကို ဘယ်သူမှ ပြေးမလွတ်နိုင်ဘူး။ အိုမင်းယိုယွင်းမှုရဲ့နောက်မှာ ပျက်စီးခြင်းဆိုတာပါလာတယ်။ အသက်ကြီးလာတဲ့အခါ ဦးနှောက်နာ့ဖ်ကြောတွေ ယိုယွင်းပျက်ဆီးလာပါတယ်။  "ပျက်အစဉ် ပြင်မရတာထဲမှာ ဦးနှောက်နဲ့ အာရုံကြောရောဂါ"တွေလည်းပါတယ်။  

အနေအထားပြောင်း အမူးရောဂါ

ခေါင်းမူး၊ခေါင်းနောက်ဆိုတာမျိုးက လူတိုင်းနီးပါး ဖြစ်ဖူးကြုံဖူးကြပါတယ်။ ခေါင်း မူးတဲ့ပုံစံ အမျိုးမျိုးရှိသလို ဖြစ်တဲ့ရောဂါတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် ခေါင်းမူးတယ်ဆိုတိုင်း ရောဂါလို့ သတ်မှတ်ရင်မှားပါတယ်။ ဒီဘက်ခေတ်မှာ ရောဂါနဲ့မဆိုင်တဲ့ အရက်သောက်၊ဘီယာသောက်ပြီးမူးနေသူတွေဆိုတာလည်း အများသားလား။ အစားပျက်၊အအိပ်ပျက်ပြီး ခေါင်းမူးတာမျိုးက ရောဂါမှမဟုတ်တာ။စွမ်းအင်ထုတ်လုပ်တဲ့အခါ လိုအပ်တဲ့ ဂလူးကိုစ့်ဓာတ်နည်းရင်လည်း ခေါင်းမူးတတ်တယ်။သွေးပေါင်ချိန် အတက်၊အကျကြောင့်မူးတာလည်း ကြုံဖူးလိမ့်မယ်။ serotonin များတဲ့အစားစာတွေ(ချီးစ်၊ထောပတ်၊ဝိုင်)ကလည်း ခေါင်းမူးစေတယ်။ ခေါင်းခိုက်မိပြီး ဦးခေါင်းထိမိသူတွေလဲ မူးတာတင်မက ထိုးအန်တာမျိုးပါ တွဲတတ်တယ်။ အစားသောက်၊အနေထိုင်မမှန်လို့ မူးသူတွေအနေနဲ့ စိုးရိမ်ဖို့မလိုပေမယ့် ခေါင်းထိခိုက်မိသူတွေမှာတော့ မပေါ့ဆသင့်ပဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ 


ရေယုန်အကြောင်း သိကောင်းစရာ

ရေယုန်ရောဂါဟာ varicella zoster virus ကြောင့် ဖြစ်စေတယ်။ varicella ဟာ chicken pox ရေကျောက်အဆင့်ကို ခေါ်ဝေါ်တာဖြစ်ပြီး zoster က ရေယုန်နာပေါက်တဲ့ အခြေအနေကို
ခေါ်ပါတယ်။ဒီအဆင့်နှစ်ခုကိုပေါင်းပြီး varicella zoster virusဆိုပြီး သတ်မှတ်ကြပါတယ်။


Zosterဆိုတာ
Zoster ဆိုတာ ဂရိဘာသာစကားက ဆင်းသက်လာပြီး "ခါးစည်းကြိုး(သို့)ဝန်းရံသည်၊ဝိုင်းပတ်သည်" လို့အဓိပ္ပါယ်ရပါတယ်။လက်တင်ဘာသာနဲ့ဆို shingles လို့ ခေါ်ပါတယ်။ရေယုန်ဖြစ်ပွားပုံ လက္ခဏာက ခါးစည်းကြိုးပတ်ထားသလို ဝန်းရံဖြစ်ပွားပြီး အများအားဖြင့် ကိုယ်ခန္ဓာတစ်ဖက်တည်းတွင်သာ

မျက်နှာလေး သွယ်လျလှပနေအောင်

ခေတ်က ကိုရီးယားကားတွေ ခေတ်စားနေတဲ့ခေတ်မို့ ကိုရီးယားမင်းသား၊မင်းသမီးတွေလို မျက်နှာရှည်ရှည် မျက်လုံးပြူးပြူးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ချင်လာကြပါတယ်။ ဖေ့စ်ဘွတ်မှာလည်း selfie ရိုက်သူအများစုက မျက်နှာရှည်ရှည် နှာတံပေါ်ပေါ်ဆိုတာတွေကို အလေးထားဂရိုစုက်လာကြတယ်။ ဆေးပညာအရ ရုပ်ရည်၊သွင်ပြင် စတာတွေက မိဘမျိုးရိုးဆီက ပါလာပြီးသားဖြစ်တယ်။ တနည်းအားဖြင့် သတ်မှတ်ပြီးသားဆိုတဲ့သဘောမို့ ပြောင်းလဲလို့မရဘူး ထင်စရာရှိတယ်။ ဒီအဆိုဟာ လုံးဝဥဿုံမမှန်ပါ။ ရုပ်သွင်ကို အများကြီးမဟုတ်တောင်  အနည်းငယ်တော့ ပြောင်းလဲလို့ရပါသေးတယ်။ မျက်နှာလေးရှည်ပြီး ဗွီ-ပုံစံ မျက်နှာလေးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပြုလုပ်ပုံ လေ့ကျင့်ခန်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ဆစ်ဖလစ် ကာလသားရောဂါ

ဆစ်ဖလစ်ရောဂါဟာ Treponema pallidum ဘက်တီးရီးယားပိုး တမျိုးကြောင့် ဖြစ်ရတယ်။ ကာလသားရောဂါလို့လည်း ခေါ်ပါတယ်။ယောကျာ်းမိန်းမအရွယ်မရွေးဖြစ်နိုငိတယ်။ အဓိကအားဖြင့် လိင်လမ်းကတဆင့် ကူးစက်စေတယ်။  ကူးစက်ခံရသူဟာ ကူးစက်ခံရပြီး လက္ခဏာတွေပေါ်မှ သိပါတယ်။ လက္ခဏာအများစုဟာ ကူးစက်ခံရပြီး တလအတွင်း စတင်ပေါ်ပေါက်လာတယ်။ရောဂါပိုးရှိတဲ့ အနာနဲ့ တိုက်ရိုက်ထိတွေ့တဲ့ဆက်ဆံအခါ ရောဂါကူးစက်ခံရတယ်။ မွေးရာပါ ဆစ်ဖလစ်ဆိုတာ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကို ကူးစက်စေတာမျိုးကို ခေါ်ပါတယ်။ မွေးလာတဲ့ကလေးမှာ ချို့ယွင်းချက်တွေပါလာတယ်။ 

Botox အသားအရေတင်းဆေး ထိုးခြင်း

အသားဖြူဆေးဆောင်းပါး ရေးပြီးတော့ အလှအပအတွက်သုံးတဲ့ Botoxထိုးဆေးအကြောင်း ထပ်မေးလာကြပါတယ်။ မျက်နှာအရေးအကြောင်းအတွက် Botox ထိုးလေ့ရှိတာ တချို့ ကြားဖူးကြလိမ့်မယ်။ တချို့က အသားဖြူဆေးနဲ့မှားတယ်။ Botox ထိုးတာ မျက်နှာပြုပြင်ဖို့နဲ့ အရေးအကြောင်း ကင်းစင်အောင်သာ ဖြစ်ပါတယ်။ နာမည်ကြီးတွေထိုးတဲ့ botox အကြောင်း ဖော်ပြပေးပါမယ်။

Botox ဆိုတာ botulinum toxin(အဆိပ်) တမျိုးဖြစ်ပါတယ်။ ဒီအဆိပ်အတောက်က Clostridium botulinum ခေါ်တဲ့ ဗက်တီးရီးယားတမျိုးက ထွက်လာတယ်။ ပိုးက မေးခိုင်ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားနဲ့ အမျိုးအစားချင်းတူပါတယ်။ အများအားဖြင့် အုံ့ဆိုင်းနေတဲ့ သစ်တော၊စိမ့်စမ်း၊ တောတောင်၊လျှိုမြောင်၊ ချောင်း၊ရေအိုင် စတဲ့နေရာတိုင်းမှာ တွေ့နိုင်တယ်။ နို့တိုက်သတ္တဝါ၊

ရေဘေးသင့်ပြည်သူ ဘာလှူမလဲ

ဆရာ
သမီးတို့ကရေဘေးသွားလှုမှာပါ အကျီင်္တွေတော့သူငယ်ချင်းတွေပေါင်းပြီးစုပြီးပါပြီဆရာ.
ဒါပေမယ့်ဆေးဝါးတွေလည်းယူသွားချင်ပါတယ် လှုချင်လို့ပါ.
ဆရာအပမ်းမကြီးဘူးဆိုရင်အသုံးများတဲ့ဆေးဝါး၊သူတို့လိုအပ်နိုင်တယ့်ဆေးဝါးတွေကိုယူသွားချင်ပါတယ်ဆရာ ဆရာ့အနေနဲ့ဘယ်ဆေးဝါးတွေဝယ်သင့်လဲ ဘာတွေဆောင်သွားသင့်လဲ တချက်အကြံပြုပေးပါလားဟင်.သမီးတို့ကသိပ်နားမလည်လို့ပါ
ဆရာအားရင်ဆက်ဆက်ပြန်ဖြေပေးပါနော်.
ဆရာ့ကိုအစဉ်လေးစားခင်မင်လျက်...

Botox နဲ့ Fillers ဘာကွာခြားလဲ

ဆရာ botox နဲ့ filler တူပါလားဆရာ၊ ဘယ်နေရာတွေမှာ သုံးပါလဲ။ အားတဲ့အချိန် ပြန်ဖြေပေးဦးနော်

botox နဲ့ fillers မတူပါ။ botox ဆိုတာ ကြွက်သားထဲထိုးထည့်ရပြီး fillers က အရေပြားထဲထိုးထည့်ရတယ်။ botox က ကြွက်သားတွေယာယီအကြောသေစေတဲ့ဆေးဖြစ်တယ်။ ကြွက်သားတွေ လှုပ်ရှားမှုမရှိလို့ မျက်နှာအရေးအကြောင်းတွေကင်းစင်ပြီး လျှော့ပါးသွားစေတယ်။ မကောင်းတာက အာနိသင် ကြာကြာမခံဘူး။ ၃-၆လ လောက်သာခံတယ်။ botox ကို ၂၀၀၂ ခုနှစ်ကတည်းက အလှအပရေးရာမှာ သုံးစွဲဖို့ ခွင့်ပြုခဲ့တယ်။

မိန်းကလေးတိုင်းသိသင့်တဲ့ တင်းတိပ်

တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားကလာတယ်။ အမဲရောင်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့တောင် တင်စားခေါ်ကြတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်နိုင်တယ်။

ဆေးပညာမှာ ပုံမှန်ထက် အရောင်ရင့်တဲ့အကွက်တွေကို hyperpigmentation လို့ သုံးပါတယ်။ တင်းတိပ်အကြောင်းမပြောခင် တင်းတိပ်အမဲကွက်ဖြစ်စေတဲ့ melanin အကြောင်းအရင်ရှင်းရပါမယ်။melaninဆိုတာ ရောင်ခြယ်ပစ္စည်းတမျိုး။ melanin ထုတ်တဲ့ဆဲလ်ကို melanocyte လို့ ခေါ်ပါတယ်။ melanocyte ဆိုတာ အရေပြားအပေါ်လွှာ(epidermis)မှာ ရှိတဲ့ဆဲလ်တွေဖြစ်ပါတယ်။ အဆိုပါဆဲလ်တွေက မယ်လနင်ပုံမှန်ထက် ပိုထုတ်တဲ့အခါ တင်းတိပ်ဆိုတာ ဖြစ်လာတယ်။