ဆံပင်ကျွတ်လွယ်သူ၊ ထိပ်ပြောင်သူအတွက် အလွန်ကောင်းတဲ့နည်းတခုရှိတယ်။ ဆံပင်တွေဟာ တပတ်အတွင်း အံ့ဖွယ်ကောင်းလောက်အောင် ထူးထူးခြားခြား ပြန်လည်သန်စွမ်းလာတယ်။ ဒီနည်းမှာ ငှက်ပျောသီးနဲ့ ပျားရည်ကို အဓိကသုံးတယ်။ ငှက်ပျောသီးက ဆံသားကို နက်မှောင်သန်စွမ်းစေပြီး နူးညံ့ပျော့ပြောင်းစေတယ်။ ပျားရည်မှာvitamin B1, B2, B6, E, K, C စတဲ့ ဓာတ်တွေ ကြွယ်ဝတယ်။ ဒီဓာတ်က ဆံပင်သန်စေတဲ့ အစွမ်းရှိပြီး ဆံပင်အရင်းက hair follicle တွေကို နှိုးဆွပေးတယ်။ တခြားဓာတ်တွေက ဆံသားအခြေကို သွေးလျှာက်အားကောင်းစေတဲ့ဘီယာနဲ့ ဆံသားအသစ်ဖြစ်အောင် ကြက်ဥကို ထည့်ထားတယ်။
ပြုလုပ်နည်း
ငှက်ပျောသီး -တလုံး
ကြက်ဥ -တလုံး
ပျားရည် -ထမင်းစားဇွန်း(၁)ဇွန်း
ဘီယာ - ခွက်တဝက်(120ml)
အဆိုပါပစ္စည်းတွေကို ရောပြီး ခေါင်းမှာ လိမ်းပါ။ ခေါင်းအပေါ်က cap အုပ်ပြီး ၁ နာရီထားပါ။ ပြီးရင် သုံးနေကျခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပါ။ တပတ်တကြိမ် တလ လုပ်ပါ။ တချို့က တစေးမှို(yeast)လည်း ထည့်ကြတယ်။ ဆံပင်သန်စွမ်းမှုကို အားပေးလို့ ဖြစ်ပါတယ်။ ဆံပင်သန်ဆေးတိုင်းမှာ ဗီတာမင် ဘီ၊ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်စတာတွေ ပါသင့်တယ်။ သောက်ဆေးထဲမှာ biotin 5mg, အိုမီဂါသရီး 2g နဲ့ သွပ်ဓာတ် 50 mg ပါဝင်သင့်တယ်။ ဆံပင်ကို တလအတွင်း ထူးထူးခြားခြား သန်စွမ်းလာစေတယ်။
ဒေါက်တာ အေးမင်းထူး
၁၂.၂.၁၇
No comments:
Post a Comment