Thursday, November 14, 2019

ဘယ်သန်လား...ညာသန်လား

ဆရာ ကလေးဘယ်သန်နဲ့ညာသန်ဘယ်လိုခွဲလဲသိချင်ပါတယ်ရှင်
ခွဲနည်းလေးပြောပေးပါဦး။

မေးတဲ့သူက မိခင်ဖြစ်မယ်ထင်တယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို အမြဲမပြတ်လေ့လာတတ်တဲ့ အကျင့်မျိုး ရှိပါတယ်။ အထူးသဖြင့် မွေးကင်းစအရွယ်မှ သုံးနှစ်၊လေးနှစ်ထိ အချိန်ဟာ မိဘတိုင်းအတွက် အရိပ်တကြည့်ကြည့်ကြည့်ရတဲ့အချိန်တွေဖြစ်ကြတယ်။ စကားပြောတာ၊ ပြုံးတာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာကအစ အရာအားလုံးဟာ မိဘတွေအတွက်တော့ ကြည်နူးစရာတွေချည်းပဲ။ အရေးသိပ်မကြီးဖူးပြောလို့ရပေမယ့် ကလေးမိဘတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတခုလည်း ရှိနေသေးတယ်။ အဲဒါကတော့ သူတို့ကလေးဟာ ဘယ်သန်ဖြစ်မလား၊ညာသန် ဖြစ်မလား ဆိုတဲ့ကိစ္စပါ။ 


လူတိုင်းဟာ ညာသန်(right-handedness) (သို့ဘယ်သန်(left-handedness) ဖြစ်နိုင်တယ်။ လူအများစုက ညာသန်တွေဖြစ်ကြပါတယ်။ လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းလောက် ရှိတယ်။ အားလုံးထဲမှာ ၁၀ရာခိုင်နှုန်းကတော့ ဘယ်သန်တွေဖြစ်ကြတယ်။ နှစ်ဖက်လုံးသန်တဲ့(ambidexterity) ဆိုသူတွလည်းသတ်သတ် ရှိသေးတယ်။ အဆိုပါလူဦးရေအချိုးက -ရာခိုင်နှုန်းတောင် မပြည့်ချင်ဘူး။ 

ပုံမှန်အားဖြင့် ကလေးငယ်အများစုဟာ အသက်() မတိုင်ခင်မှာပဲ ကိုယ်အားသန်တဲ့ လက်ကို ရွေးချယ်သုံးစွဲနေတတ်ကြပြီးဖြစ်ပါတယ်။ သို့သော် ကျန်လက်တဖက်ကိုလည်း ရံဖန်ရံခါ သုံးစွဲတတ်တာမို့ မသဲကွဲကြသေးဘူး။အသက်(နှစ် အရောက်မှာတော့ မိမိသုံးစွဲမယ့်လက်ကို တိတိကျကျ ရွေးချယ်နေနိုင်ကြပါပြီ။ တချို့ကလေးတွေကတော့ အသက်()နှစ်ကျော်တဲ့ထိ မိမိသုံးစွဲမဲ့လက်ကို မရွေးချယ်နိုင်သေးဘူး။ ဒွိဟဖြစ်တာမျိုးရှိပါတယ်။ မိဘတွေလည်း ဝေခွဲရခက်တယ်။ ဒါပေမယ့် အဆိုပါအချက်တွေဟာ သိပ်ခက်ခဲတဲ့ အချက်တွေမဟုတ်ပါဘူး။ လွယ်ကူတဲ့ စမ်းသပ်နည်းရှိပါတယ်။ 

အဲဒါကတော့ ကလေးမျက်စိရှေ့တည့်တည့်မှာ သူလိုချင်တဲ့ပစ္စည်းတခုချပြီး စမ်းသပ်တာဖြစ်ပါတယ်။ မုန့်တခုဖြစ်နိုင်သလို ကစားစရာတခုခုလည်း ဖြစိနိုင်တယ်။ အဆိုပါ ပစ္စည်းကို ကလေးရှေ့ချပြီး သူစတင်ကောက်ယူလိုက်တဲ့လက်ဟာ သူအားသန်တဲ့လက်ဖြစ်ဖို့များပါတယ်။ ဒီtest ကို ကလေး ကိုးလအရွယ်မှာ တကြိမ်၊ ()နှစ်သားမှာ တကြိမ်နဲ့ ()နှစ်သားမှာ တကြိမ် စမ်းသပ်ကြည့်နိုင်ပါတယ်။ တခါစမ်းရင် သုံးရက်ဆက်တိုက် စမ်းသပ်ရမယ်။နောက်တခုက ကိုယ်လက်သန့်စင်တဲ့အခါ၊ ထမင်းစားတဲ့အခါမျိုးမှာ ဘယ်လက်တွေကို ဦးစားပေးသုံးသလဲဆိုတာမိဘလုပ်တဲ့သူက အမြဲသတိထားစောင့်ကြည့်နေရမယ်။ 

ဦးနှောက်မှာ ဘယ်ခြမ်းနဲ့ ညာခြမ်းဆိုပြီး အခြမ်းနှစ်ခုရှိပါတယ်။ ဒီအခြမ်းနှစ်ခုကို corpus callosum နဲ့ ဆက်သွယ်ပေးထားတယ်။ ဦးနှောက် ဘယ်ခြမ်းက အတွက်အချက်ဆိုင်ရာ သချာင်္ကိန်းဂဏာန်းတွေ၊ အရေး၊အဖတ်၊အပြော၊ဘာသာစကား စတဲ့စွမ်းရည်တွေမှာ ကျွမ်းကျင်တယ်။ ဦးနှောက် ညာခြမ်းကတော့ အနုပညာခံစားမှု၊တီထွင်မှုကိုကိုယ်စားပြုတယ်။ corpus callosum နေရာက ကြီးရင်တော့ ဝမ်းသာစရာ။ 

ဦးနှောက်ဟာ ဆန့်ကျင်ဖက် ခြေလက်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့သဘောရှိတယ်။ဒါ့ကြောင့် ဦးနှောက်ဘယ်ခြမ်းအားကောင်းသူဟာ ညာသန်တွေဖြစ်ပြီး ညာဖက်ခြမ်း အားကောင်းသူဟာ ဘယ်သန်တွေဖြစ်ကြတယ်။ညာသန်သမားဟာ သချာင်္ပညာ၊ အတွက်အချက်ပိုင်းမှာ ပိုတော်တာကြောင့် စီးပွားရေးလုပ်ရင် ပိုအောင်မြင်နိုင်တယ်။ဘယ်သန်သမားတွေကတော့ နှလုံးသားနဲ့ အနုပညာခံစားနိုင်စွမ်း၊တီထွင်နိုင်စွမ်းပိုကောင်းတာတွေ့ရတယ်။ ဒါ့ကြောင့် အနုပညာသမားအများစုဟာ ဘယ်သန်တွေဖြစ်ရင် ပိုအောင်မြင်လေ့ရှိတာပါ။ 

ဘယ်သန်သမားတွေကို အင်္ဂလိပ်လို lefties ခေါ်ပါတယ်။ တချို့ကလည်း southpaws လို့ခေါ်ကြတယ်။ မြန်မာလိုဘယ်လို အသံထွက်ရမလဲမသိပါ။ သို့သော် အဲဒီ ဘယ်သန်(southpaws) တွေကပဲ ကမ္ဘာကို ကိုင်လှုပ်နိုင်သူတွေ ဖြစ်ကြတယ်။ ထူးခြားချက်တခုက နှစ်ဆယ်ရာစု အမေရိကန်သမ္မတအများစုဟာ ဘယ်သန်တွေဖြစ်နေတဲ့ အချက်ပါ။James Garfield, Herbert Hoover, Harry Truman, Gerald Ford, Ronald Reagan, Bill Clinton , George H.W. Bush ကအစ Barack Obama အဆုံး အကုန်လုံး ဘယ်သန်သမားတွေချည်းပဲ။ ကမ္ဘာကျော်တွေထဲမှာလည်း ဘယ်သန်သမား မနည်းလှပါဘူး။ ဘီလ်ဂိတ်၊ အော်ပရာဝင်းဖရေး၊ နပိုလီယံ၊ လီယိုနာဒို ဒါဗင်ချီ၊ မဒမ်ကျူရီ၊ အဲရစ်တိုတယ်တို့ကအစ ဘယ်သန်တွေချည်းဆို မအံ့သြပါနဲ့။ အခုခေတ် နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဂျက်စတင်ဘီဘာလည်း ဘယ်သန်သမားတယောက်သာ ဖြစ်ပါတယ်။ သူဂီတာတီးတဲ့အခါ ဘယ်လက်နဲ့ တီးတာ သတိပြုမိလိမ့်မယ်။

ယနေ့ကမ္ဘာမှာ ဘယ်သန်ဦးရေဟာ တဖြည်းဖြည်းတိုးပွားလာတယ်။ ဒါနဲ့ပက်သတ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်(Johns Hopkins University)က လေ့လာမှုစစ်တမ်းတခု လုပ်ခဲ့တယ်။ ဒီစစ်တမ်းအရ ဘယ်သန်တွေဟာ ညာသန်တွေထက် သင်ယူနိုင်စွမ်း ၁၅ ရာခိုင်နှုန်းထိ ပိုကောင်းတာတွေ့ခဲ့ရတယ်။ ၂၀၁၃ ခုနှစ် BBC သတင်းတပုဒ်မှာတော့ဘယ်သန်သမားတွေဟာ ညာသန်တွေထက် အသက်ပိုတိုတယ်လို့ ဆိုထားတယ်။ လူ(၂၀၀၀)ကျော်ကို နှိုင်းယှဉ်လေ့လာပြီးရလာတဲ့ အဖြေကတော့ ဘယ်သန်တွေက ညာသန်တွေထက် ပျမ်းမျှ ()နှစ်လောက် အသက်ပိုတိုနိုင်တာ တွေ့ရှိခဲ့ရတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၈..၁၆

(English Version)

Left-handedness Vs Right-handedness

I want to know how the teacher left and right
Please tell me a little bit about that.

I think the questioner will be the mother. Every parent has a habit of constantly educating their children. Especially the time from birth to three or four years is a must-see for every parent. Talk, Smile Standing up Everything from the beginning to the end of the walk was fun for the parents. Although it may seem trivial, there is still something that parents are interested in. That's the question of whether their child is right or left.

Everyone can be right-handedness or left-handedness. Most people are right. About 90% of the population. Of those, 10% are leftists. There is also ambidexterity. The population does not want to be less than 1%.

Normally, most babies are choosing to use their active hands before the age of nine months. However, the other hand is often used, but it is not yet clear that when they are two years old, they can choose their exact hand. Some children may not even choose to use their hands until they are more than 5 years old. There is a problem. It is difficult for parents to share. But these are not very difficult points. There is an easy test.

This is a test that puts the object in the child's eye. It could be a pie or a toy. It is likely that the hand that he picks up in front of the child and that he begins to collect is likely to be a strong hand. The test is given once every nine months at the age of nine. You can try one at two and one at five. Each test should be repeated for three consecutive days. When making a meal, a parent must always be careful about which hands he puts first.

There are two sides to the right and left brain. These two halves are connected to the corpus callosum. The number of brain cells in a brain He is proficient in writing, reading, speaking, and language skills. The right brain represents art, creativity, and creativity. Happily, the corpus callosum is large.

The brain is the one that controls the movement of the opposing limbs, so that the left side of the brain is the right one and the left hand is the left-handed. For the better part of the reason, entrepreneurs are more successful at doing business, and left-handed people find that their heart and artistic ability and creativity are better. So most artists are more successful when leftists.

The lefties are called lefties in English. Some call it southpaws. I don't know how to pronounce it in Myanmar. But these southpaws are the only ones who can shake the world. One difference is that most twentieth-century US presidents are left-leaning .James Garfield, Herbert Hoover, Harry Truman, Gerald Ford, Ronald Reagan, Bill Clinton, George H.W. Bush, from left to right, is Obama. No one is the least famous in the world. Bill Gates Winfrey Opera Napoleon, Leonardo da Vinci Madam Curie, Don't be surprised by Aristotle and Aristotle. Today's little lipstick artist Jackie Williams is also a leftist. As he plays the guitar, he will notice which hand he plays.

Today, the number of people in the world is increasing steadily. So I did a study at Johns Hopkins University. The survey found that left-handed people were 15% better at learning than right-handed. In a 2013 BBC story, left-handed people are shorter than right-wingers. The results, compared to more than 2,000 people, found that left-handed people had an average life of nine years shorter than their right-handed ones.

Dr. Aye Min Htoo

28.6.16

No comments:

Post a Comment