ဒီနေ့တော့ ATM ကဒ်မပါဘဲ CB pay နဲ့ အရေးပေါ်ငွေထုတ်လို့ရတဲ့အကြောင်း မျှဝေပါရစေ။ ကျတော်တို့ တခါတရံဈေးဝယ်ထွက်တဲ့အခါ လက်လွန်ပြီး ပိုက်ဆံမလောက်တဲ့အခါမျိုးမှာ ATM စက်ကြီးဘေးမှာ ရှိပါလျက်နဲ့ ငုတ်တုတ်ထိုင်နေရတာမျိုး ရှိတတ်ပါတယ်။ (ATM ဆိုတာ automated teller machine ရဲ့ အတိုကောက်ဖြစ်ပါတယ်)။ ATM ကဒ်မသုံးဘဲ ATM ကဒ်ကနေ အရေးပေါ် ငွေထုတ်ချင်တယ်ဆိုရင် CB pay အကောင့်ကို ရှိဖို့ လိုပါတယ်။
ငွေထုတ်ယူနည်း
(၁) CB pay ကို ဒီနေရာကနေ ဒေါင်းလုတ်ဆွဲပါ။
(၂) ပြီးရင် လိုတာတွေဖြည့်ပြီး CB pay ထဲဝင်ပါ။
(၃) log in ဝင်ပြီးတာနဲ့ ညာဖက်အောက်ဆုံးနေရာမှာ cash-out ဆိုတာ ရှိပါတယ်။
(၄) cash-out ထဲက amount ဆိုတဲ့နေရာမှာ ကိုယ်ထုတ်ချင်တဲ့ပမာဏကို ထည့်ရေးပါ။
ဥပမာ - ငွေတစ်သိန်းထုတ်ချင်ရင် 100,000 လို့ ရိုက်ပါ။
(၅) security code မှာ ကိုယ်ပေးချင်တဲ့ ဂဏာန်း(၆)လုံး ရိုက်ပါ။ re-type security code မှာ စောစောက ဂဏာန်း(၆)လုံးရိုက်ထည့်ပါ။
(၆) အဲလိုရိုက်လိုက်တာနဲ့ ဖုန်းထဲကို transaction ref ဆိုတဲ့ ဂဏာန်း (၁၁)လုံး ရောက်လာပါလိမ့်မယ်။ ဂဏာန်းရောက်လာတာနဲ့ ATM စက်ရှိရာသို့ သွားပါ။
ATM စက်မှာ ဘာလုပ်မလဲ
(၁) ပုံမှန်မျက်နှာပြင်မှာ ပေါ်နေတဲ့ cardless withdrawal ဆိုတဲ့ စာတမ်းကို နှိပ်ပါ။
(၂) ပြီးရင် စောစောက ရထားတဲ့ transaction ref ဂဏာန်း (၁၁)လုံးကို ရိုက်ထည့်ပါ။
(၃) ပြီးရင် ကိုယ်ပေးထားတဲ့ security code password ဂဏာန်း(၆)လုံး ရိုက်ထည့်ပါ။
(၄) အဲလိုရိုက်ထည့်ပြီးတာနဲ့ သင့်ဖုန်းထဲကို ဂဏာန်း (၆)လုံးပါတဲ့ OTP(one time password) ချက်ချင်း ပို့ပေးပါလိမ့်မယ်။
(၅) စက်မှာ OTP ရိုက်ထည့်လိုက်တာနဲ့ ကိုယ်ထုတ်ချင်တဲ့ ငွေပမာဏအတိုင်း အလိုအလျှောက် ထွက်လာမှာ ဖြစ်ပါတယ်။
CB pay နဲ့ချိတ်ဖို့ ကိုယ့်မှာ ငွေစုဘဏ်စာအုပ် တခုရှိဖို့တော့ လိုအပ်ပါတယ်။ ဒါဆို ဈေးဝယ်ထွက်တိုင်း ပိုက်ဆံကိုင်စရာမလိုတော့ဘူးပေါ့။
(cardless withdrawal နဲ့ငွေထုတ်တိုင်း တကြိမ်ကို ၂၀၀ နှုန်းနဲ့ ဖြတ်တယ်လို့ သိရပါတယ်)
ဒေါက်တာအေးမင်းထူး
၁.၃.၁၈
No comments:
Post a Comment