Monday, February 16, 2015

ချွေးထွက်သော လက်

မင်္ဂလာပါ ဆရာ ကျနော် ကျန်းမာရေး အကြောင်းမေးချင်လို့ပါ  ကျနော် လက်နဲ့ခြေ က မွေးရာပါ အမြဲ ချွေးထွက်ပါတယ် စိတ်လူပ်ရှားဖြစ်လို့ ထွက်တာမဟုတ်ပါဘူး အလိုလိုနေရင်းထွက်နေတာပါ အခု ကျနော်အသက် (၂၀) ပါ  ချွေး အများကြီးထွက်လို့ အလုပ်တဲ့အခု လူများနဲ့ ဆက်ဆံရတဲံ့ အခါ အမြဲ စိတ်ညစ်ရပါတယ် အဲ့တာ ဘယ်လို လုပ်ရမလည်း ဆရာ

ချွေးထွက်စေမယ့် အကြောင်းများစွာရှိမယ်။ ခြေဖဝါး၊လက်ဖဝါးချွေးထွက်တာကို ခြေဆီ၊လက်ဆီ ထွက်တယ်ခေါ်တယ်။ ရောဂါတော့မဟုတ်ပါ။ ထူးတာတော့ ဟုတ်တယ်။ ခြေဖဝါး၊လက်ဖဝါးမှာ သူများထက် ချွေးဂလင်းတွေ ပိုများလို့ဖြစ်တယ်။ မျိုးရိုးနဲ့ ဆိုငိတတ်တယ်။ ယောကျာ်းလေးတွေမှာပိုဖြစ်တယ်။ အများစုက ကလေးဘဝကတည်းစဖြစ်တယ်။ စိတ်လှုပ်ရှားမှု၊စိတိဖိစီးမှုများရငိ ပိုထွကိလာတယိ။ ဒါပေမယ့် အိပ်နေစဉ်မှာ ထွက်လေ့မရှိဘူး။ 

ဘယ်လိုကုသမလဲ
၁။aluminum chloride solution (Drysol) ကို ခြေဖဝါး၊လက်ဖဝါးမှာ လိမ်းပါ။တချို့က ကျောက်ချဉ်ကို ကျိတ်ပြီး သိပ်ခိုင်းတယ်။ နှစ်ခုလုံးကောင်းတယ်။
၂။နောက်တနည်းက tap-water iontophoresisဆိုတာ လျှပ်စစ်ဓာတ်ကို ရေကတဆငိ့ဖြတ်ဆီးပြီးကုသတာဖြစ်တယ်။ ဘေးထွက်ရှိတယ်။
၃။ပိုဆိုးသူတွေမှာ အရေပြားတင်းဖို့သုံးတဲ့ botulinum toxin type A (Botox)ထိုးကြတယ်။ ဘေးထွက်ဆိုးကျိုးပိုများတယ်။
၎။ဘယ်လိုမှမရရငိ ခွဲစိတ်ပြီး ချွေးထွက်ခြငိးကို ဖြစ်စေတဲ့ နာ့ဖ်ကြောတွေကို ဖြတ်တောက်နိုင်တယ်။ ဒါကနိုင်ငံခြားမှာပဲ လုပ်လို့ရတယ်။

အစားအသောက်
-အဆီအဆိမ့်ရှောင်ပါ
-အကင်တွေရှောင်ပါ
-စပျစ်သီးဖျော်ရည်သောက်ပါ
-အသီးအရွက်များများစားပါ
-ဗီတာမင်ထဲမှာ စီ၊အီးနဲ့ ကယ်လ်စီယမ်လိုတယ်။
-စိတ်ဖိစီးမှုလျှော့ပါ။ 

ဒေါက်တာ အေးမင်းထူး
၂၉.၁.၁၅

No comments:

Post a Comment