Thursday, November 14, 2019

နေ့လိမ်းခရင်မ်နဲ့ ညလိမ်းခရင်မ်

နေ့ပိုင်းနဲ့ ညပိုင်း အသားအရေထိန်းသိမ်းပုံမတူညီတာကြောင့် နေ့လိမ်းခရင်မ်နဲ့ ညလိမ်းခရင်မ်ဆိုပြီး ကွာခြားသွားတယ်။ နေ့ပိုင်းမှာ နေရောင်ကြောင့် အသားအရေပျက်ဆီးတတ်တာမို့ မပျက်စီးအောင် ကာကွယ်ဖို့ နေ့လိမ်းခရင်တွေကို သူံးကြတာဖြစ်ပါတယ်။ ညပိုင်းမှာတော့ အသားအရေပျကိဆီးစရာမရှိတော့ဘူး။ ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ထိန်းသိ်မ်းဖို့ သာလိုအပ်တယ်။ အဆိုပါ ရည်ရွယ်ချက်နဲ့ ညလိမ်းခရင်တွေသုံးကြတာဖြစ်ပါတယ်။ နေ့လိမ်ခရင်တွေမှာ နေလောင်ကာလိမ်းဆေးတွေနဲ့ အစိုဓာတ်ထိန်းဆေးတွေ ပါလေ့ရှိတယ်။ ညလိမ်းခရင်တွေမှာ အစိုဓာတ်ထိန်းဆေးနဲ့ အရေပြားအားဖြည့်ဆေး(serum, essence)လိုု ဆေးတွေ လိမ်းရတာဖြစ်ပါတယ်။


day cream တွေဟာ နေ့လိမ်းခရင်မ်တွေဖြစ်ကြတယ်။ အရေပြားကာကွယ်ဖိုု့ အဓိကသုံးတယ်။ ဆေးထဲမှာ နေလောင်ကာဆေးတွေပါဝင်ပြီး အရေပြားအစိုဓာတ်ထိန်းဖို့ moisturizer တွေ ပါလေ့ရှိတယ်။ ဒါ့ပြင် အသားအရေပျက်ဆီးမှုကိုကာကွယ်ဖို့ အင်တီအောက်စီးဒင့်တွေလည်း ထည့်ကြတယ်။ မိတ်ကပ်မလိမ်းခင် day cream ကိုအောက်ခံ foundation အနေနဲ့ လိမ်းကြပါတယ်။ လိမ်းထားခြင်းအားဖြင့် နေလောင်တာကို ပုံမှန်ထက်ပိုခံနိုင်ကြတယ်။ 

night cream တွေကို ညဖက်အိပ်ခါနီးလိမ်းရတယ်။ နေ့ပိုင်းက ပျကိစိးသွားတဲ့အသားအရေကို ညပိုင်းမှာ ပြန်လည်ပြုပြင်ဖို့ လိမ်းရတာဖြစ်ပါတယ်။ တနည်းအားဖြင့် အသားအရေပြုပြင်ဆေးတွေဖြစ်ပါတယ်။ ဒီထဲမှာ serum, essence , ampoule စတဲ့ အရေပြားအတွင်းပိုင်းထိ ပြုပြင်တဲ့ဆေးတွေပါတယ်။ အစိုဓာတ်ထိန်းဆေးတွေလည်း ပါလေ့ရှိတယ်။ hyaluronic acid, vitamin E စတာတွေ ထည့်လေ့ရှိတယ်။ အသားအရေပြုပြင်ဆေးအများစုဟာ night cream မှာ ပါဝင်လေ့ရှိတာကြောင့် day cream တွေထက် အရည်ပ်ုပျစ်လေ့ရှိပါတယ်။ 

serum တွေမှာ hyaluronic acid, ceramides တွေပါလေ့ရှိတယ်။ အရေမပျစ်ဘူး။ လိမ်းပြီး စေးကပိတာမရှိဘူး။ night cream တွေမှာ petrolatum, mineral oil တွေ ပါလေ့ရှိတာကြောင့် စေးကပ်ကပ်နေတာရှိတယ်။ serum အများစုဟာအရေပြားစုပ်ယူမှုအားကောင်းသလို ပါဝင်ပမာဏမြင့်မားတယ်လေနဲ့ထိရင်လည်း ပျက်ဆီးလွယ်တယ်။ ဒါ့ကြောင့် လေလုံးပြီး အေးမြခြောကိသွေ့တဲ့ နေရာမှာ ထားသင့်တယ်။ serum တခုကို သုံးပြီး ၆လ-၁နှစ်အတွင်း ကုန်အောင် သုံးသင့်တယ်။ 

cream တွေက အဆီနဲ့ ရေကို ရောပြီး ထုတ်ထားတာဖြစ်ပါတယ်။ အဆီများလေ ခရင်မ်ပိုပျစ်လေပဲ။ serum တွေကတော့ ရေဓာတ်အခြေခံထုတ်ထားတဲ့ အရည်မျိုးဖြစ်တယ်။ ရေထက် နည်းနဘ်းပဲပျစ်တယ်။ ပမာဏနညိးနည်းနဲ့အာနိသင်ထိရောက်အောင် ပြုလုပ်ထားတယ်။
အဆီပြန်တဲ့အသားအရေမှာ ခရမ်တွေမသူံးသင့်ဘူး။ oil-free (အဆီမပါတဲ့) lotion နဲ့ serum တွေသာ သုံးသင့်တယ်။ကျန်တဲ့အသားအရေမှာတော့ ခရင်မ်တွေကို အသုံးပြုနိုင်ပါတယ်။

skin care သီအိုရီအရ အရည်ကျဲလေ မော်လီကျူးဆိုက်သေးငယ်တာကြောင့် အရေပြားထဲ စိမ့်ဝင်နိုင်လေဖြစ်ပါတယ်။ ဒါ့ကြောင့် အရည်ကျဲတာတွေ အရင်လိမ်းပြီး နောက်မှအရည်ပျစ်တာ ဆက်လိမ်းသင့်တယ်။ 

ဒေါက်တာ အေးမင်းထူး
၁၂..၁၇

(English Version)

Day cream Vs Night cream

The difference between day and night skin care is the difference between day creams and night creams. In the daytime, they use sunscreen to protect their skin from sun damage. In the evening, the skin is free of skin. It is only necessary to restore the damaged skin. For this purpose, nightclubs are used. Sunscreens often contain sunscreen and lotions and moisturizers. Nightclubs contain moisturizer and serum (essence, skin).

Day creams are day creams. It is used mainly for skin protection. It contains sunscreen and contains moisturizer to moisturize the skin. In addition, antioxidants are added to prevent skin damage. Day creams are applied as a foundation before applying makeup. By applying sunscreen, they are more resistant to sunlight than normal.

Nourish creams are applied at night. The skin will be repaired overnight to repurpose the skin. In other words, it is a skin remedy. These include serum, essence, ampoule. It also contains moisturizers and moisturizers. They include hyaluronic acid and vitamin E. Most skin creams are included in night creams, so they are more effective than day creams.

Serum usually contains hyaluronic acid and ceramides. I'm not drunk. The topicality of the glue is not too dry. Night creams often contain petrolatum and mineral oil, which are sticky. Most serums are good for skin absorption and high content. Exposure to air is easy to break. Therefore, it should be kept in a cool, cool place. One serum should be used within 6 months to 1 year of use.

The creams are mixed with oil and water. The more fat, the more fat. Serum is a fluid-based fluid. It is less than water. It is effective in low volume.
It should not be used on oily skin. Use only oil-free lotion and serum, while the rest of the skin can be used as creams.

According to the theory of skin care, the thinner the molecule, the less it can penetrate the skin. Therefore, the skim coat should be applied first and then the liquid should be continued.

Dr. Aye Min Htoo

12.7.17

No comments:

Post a Comment