Thursday, November 14, 2019

ဒါဖတ်ပြီးမှ မျက်ကပ်မှန်တပ်ပါ

ဒီဖက်ခေတ် လူသုံးများလာတဲ့ မျက်ကပ်မှန်အကြောင်း နည်းနည်းပြောပါရစေ။ မျက်ကပ်မှန်ဆိုတာ မျက်စိပေါ်မှာဖုံးအုပ်လို့ရတဲ့ သေးငယ်တဲ့ မှန်အသေးစား တမျိူး ဖြစ်တယ်။ မှန်ဆိုပေမယ့် ပလတ်စတစ် အကြည်တမျိုးပဲ။ မျက်ကပ်မှန်ကို polymethyl methacrylate (PMMA),silicone acrylate, hydrogels စတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်။မျက်ကပ်မှန်တခုမှာ အရေးကြီးဆုံးက  အောက်စီဂျင်ဝင်ရောက်လွယ်ဖို့နဲ့ အစိုဓာတ်ထိန်းဖို့က ဖြစ်ပါတယ်။ ဒါမှမျက်ကြည်လွှာကို မထိခိုက်စေမှာ ဖြစ်ပါတယ်။ 


မျက်ကပ်မှန်တွေပေါ်ပေါက်လာတာ ရာစုနှစ်တခုကို ကျော်လွန်ခဲ့ပါပြီ။ပထမဆုံးမျက်ကပ်မှန်အိုင်ဒီယာကို စတင်အကြံပြုခဲ့တာကတော့ ၁၆ရာစုကတည်းက ဖြစ်ပါတယ်။ လီယိုနာဒိုဒါဗင်ချီက Codex of the eye မှာ အဲဒီအကြောင်း စတင်အကြံပြုဖော်ပြခဲ့တယ်။  ဒါပေမယ့် လက်တွေ့အကောင်ထည်ဖော်နိုင်ခဲ့တာတော့ ၁၈၈၈ ခုနှစ်ရောက်မှပါ။ ဂျာမန်လူမျိုး Adolf Fick ဆိုသူက မျက်စိနဲ့ကိုက်ညီမယ့် ပထမဆုံးမျက်ကပ်မှန်က်ု အောင်မြင်စွာစတင်တီထွင်နိုင်ခဲ့တယ်။ စပေါ်ခါစက မှန်အစစ်ကို အသုံးပြုခဲ့ပြီး အရွယ်အစားက လက်ညှိုးတဆစ်စာ-စင်တီမီတာလောက်ရှိတယ်။ ဒါ့ကြောင့် သုံးရတာ သိပ်အဆင်အပြေပါ။ ပိုဆိုးတာက မျကိကြည်လွှာကို အောက်စီဂျင်မရောက်နိုင်တာ ဖြစ်ပါတယ်။ 

၁၉၈၀နှောင်းပိုင်းကာလတွေရောက်တော့ polymer နဲ့လုပ်တဲ့ မျက်ကပ်မှန်တွေ ပေါ်ပေါက်လာတာမို့ သုံးစွဲသူတွေ ပိုအဆင်ပြေလာတယ်။ ၁၉၉၈ ခုနှစ်မှာ silicone hydrogelsနဲ့ လုပ်တဲ့ ပထမမျိုးဆက် မျက်ကပ်မှန်အပျော့တွေ စျေးကွက်ထဲစရောက်လာပါတယ်။ ဆီလီကွန်ရဲ့ အားသာချက်က အောက်စီဂျင်ပျံ့နှံ့မှု အားကောင်းတာပဲ ဖြစ်တယ်။hydrogelsပါလို့ တပ်ဆင်ရပိုမိုလွယ်ကူပြီး အစိုဓာတ်ထိန်းနိုင်တယ်။ ဒုတိယမျိုးဆက်ဖြစိတဲ့ silicone hydrogels(galyfilcon A)မှာ Tanaka monomer ဆိုတဲ့ပစ္စည်းကို သုံးလာကြတယ်။ အတွင်းမျက်နှာပြင်က စိုစွတ်မှု ပိုထိန်းပေးနိုင်တယ်။ အခုနောက်ဆုံး တတိယမျိုးဆက် ဆိုတာတွေပါ ပေါ်ပေါက်လာပြီ။ enfilcon A ဆိုရင် ရေဓာတ်၄၆%ထိ ပါတယ်။

မျက်ကပ်မှန်တွေကို ယေဘုယျအမျိူးအစားခွဲလိုက်ရင် နှစ်မျိုးသာ ရှိတယ်။
()မျက်ကပ်မှန်အမာ(rigid lens)
()မျက်ကပ်မှန် အပျော့(soft lens) 

rigid lens ဆိုတာ မျက်ကပ်မှန်အမာကို ခေါ်တယ်။  အောက်စီဂျင်ပျံ့နှံမှုအားကောင်းလို့  rigid gas permeable lens(RGP lens) လို့ ပြောမှ ပိုပြည့်စုံတယ်။ မျက်ကပ်မှန်အသားက နည်းနည်းထူပြီး ခပ်မာမာလေးဖြစ်နေတယ်။လက်ပေါ်တင်ထားရင် အခွက်လေးအတိုင်းပဲ။ အသားနည်းနည်းထူလို့ တပ်ခါစမှာ ခိုးလိုးခုလုဖြစ်တတ်တယ်။အဆင်ပြေဖို့ ရက်နည်းနည်းစောင့်ပါ။ ၂ရက်၊၃ရက်တပ်ပြီးရင် နေသားတကျဖြစ်သွားပါလိမ့်မယ်။ ကောင်းတဲ့အချက်တွေက ကြာရှည်ခံတယ်။ စျေးပိုချိုတယ်။ ကိုင်တွယ်ရ လွယ်ကူတယ်။ မကောင်းတာက မျက်ဆံကို အုပ်နိုင်တဲ့ အချင်းဝက်အတိုင်းအတာပိုငယ်တယ်။ ဘေးမျက်နှာပြင်ကို ဖိမိတာနဲ့ မျက်ကပ်က ကွာဖို့ပိုလွယ်တယ်။

Soft lens ဆိုတာ မျကိကပ်မှန်အပျော့စားပဲ။ ပျော့ပြောင်းတဲ့ ပလတ်စတစ်တမျိုးနဲ့ လုပ်ထားတယ်။ ပျော့ပျောင်းလို့မျက်စိထဲ ရှိတယ်တောင် ထင်မထားရဘူး။ အများစုကို silicone-hydrogels လို ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်။silicone-hydrogels တွေက စိုစွတ်မှုအားနည်းတယ်။ 
 နောက်နည်းပညာမှာ plasma အလွှာပါးတခု အုပ်လိုက်တာမို့ အဆိုပါအချက်ကို သက်သာစေတယ်။

ဒီနောက်ပိုင်း ကြာရှည်ခံတဲ့ Extended wear contact lenses ဆိုတာတွေပေါ်လာပြီ။ တပတ်လောက် မချွတ်ဘဲဆက်တိုက် တပ်ထားလို့ရတယ်။ ဆိုလိုချင်တာက ညလုံးပေါက် () ဆက်တိုက် တပ်ထားလို့ရတဲ့သဘောပါ။ တချို့မျကိကပ်မှန်တွေဆိုရင် တလထိ မဖြုတ်ဘဲ တပ်ထားနိုင်တယ်။ သတိပြုရမှာက ကြာရှည်ခံအမျိုးအစားတွေ တခါဖြုတ်ပြီးတိုင်း မျက်စိကောင်းကောင်း အနားပေးပါ။ ဥပမာ တလတပ်လို့တရတဲ့အမျိုးအစားမှာ အနည်းဆုံးတညလောက် မျက်ကပ်မှန်မတပ်ဘဲ အနားပေးသင့်တယ်။

တခါသုံးမျက်ကပ်မှန်(Disposable contact lens) တွေလည်း ရှိသေးတယ်။ မျက်ကပ်မှန်အပျော့(Soft contact lenses) အမျိုးအစားထဲမှာ ပါတယ်။ ကိုရီးယားလူမျိုးတွေကတော့ ပိုအသုံးများတယ်။ တနေ့ တခုသုံး နောက်ရက် လွှင့်ပစ်ရတယ်။ Hybrid Lens ဆိုတာလည်းရှ်ိပါသေးတယ်။ သူငယ်အိမ်စောင်းတဲ့သူတွေမှာ အဓိကအသုံးပြုတယ်။အလယ်မှာ အောက်စီဂျင်ဝင်ရောက်လွယ်တဲ့ အလွှာတခုရှိပြီး အပြင်ပိုင်းက ပျော့တယ်။ 

မျက်ကပ်မှန်ကို မျက်စိပါဝါအတွက်သာမက အလှအပအတွက်ပါ အသုံးပြုလာကြပါတယ်။ မျက်ဆံနက်နေရာမှာလှတပတလေးဖြစ်အောင် အပြာတွေ၊အစိမ်း ရောင်စုံတွေ ဖြစ်လာတယ်။ ၂၀၁၄ AOA ရဲ့ အစီရင်ခံစာတခုမှာ မျက်ကပ်မှန်အလှတပ်သူတွေရဲ့ ထက်ဝက်ခန့်ဟာ ဆရာဝန်ညွှန်ကြားချက်မရှိပဲ မိမိဘာသာ ဝယ်တပ်ကြတယ်လို့ ဖော်ပြထားတယ်။  သုံးစွဲသူအများစုဟာ လူလတ်ပိုင်း အသက် (၃၀အရွယ်တွေဖြစ်ကြတယ်။ မျက်ကပ်မှန်သုံးစွဲသူရဲ့သုံးပုံနှစ်ပုံက အမျိုးသမီးတွေ ဖြစ်တယ်။ ထုတ်တဲ့ ကုမ္ပဏီတွေလည်း မနည်းပါ။ နာမည်ကြီးကုမ္ပဏီ()ခုလောက်ရှိတယ်။ Johnson & Johnson က Acuvue နာမည်နဲ့ထုတ်တယ်။ The Cooper က CooperVision နာမည်နဲ့ထုတ်သလို၊Norvatis ကလည်း Alcon နာမည်နဲ့ ထုတ်ပါတယ်၊ valeant ကုမ္ပဏီကတော့ Bausch&Lomb နာမည်နဲ့ စျေးကွက်တင်တယ်။ 

၂၀၀၄ စာရင်း ဇယားတွေအရ ကမ္ဘာပေါ်မှာ မျက်ကပ်မှန်တပ်သူ ၁၂၅သန်း ရှိတယ်။ ဒါဟာ တကမ္ဘာလုံး လူဦးရေရဲ့၂ရာခိုင်နှုန်း ပမာဏလောက်ရှိတယ်။ ယူအက်စ်မှာ သုံးစွဲသူ ၃၅ သန်း နီးပါးရှိသတဲ့။ သုံးစွဲမှုများသလို စျေးကွက်ကလည်း တဖြညး်ဖြည်း ကျယ်လာတယ်။ အနောက်ဥရောပနိုင်ငံတွေဟာ မျက်ကပ်မှန်ရဲ့ အဓိက စျေးကွက်ဖြစ်လာပါတယ်။ ၂၀၁၅ ကိန်းဂဏာန်းတွေအရ တကမ္ဘာလုံးရဲ့ မျက်ကပ်မှန်စျေးကွက်ဟာ ဒေါ်လာ (၁၁)ဘီလီယံကျော်ထိ ရောက်လာတယ်။ လေ့လာတွက်ချက်မှုတွေအရ လာမယ့်ငါးနှစ်အတွင်း မျက်ကပ်မှန်စျေးကွက်ဟာ ၁၀မက တိုးတက်လာမယ်လို့  ခန့်မှန်းထားကြပါတယ်။ 


ဒေါက်တာ အေးမင်းထူး
..၁၇

(English version)

How to choose Contact Lens (Soft Vs Rigid lens)

Let's talk a little bit about the eyeglasses that are becoming popular today. An eyeglass is a small, small lens that can be covered over the eye. It's true, but it's a kind of plastic glow. The contact lenses are made of polymethyl methacrylate (PMMA), silicone acrylate and hydrogels, the most important of which is to absorb oxygen and moisturize. This will not damage the cornea.

The lens of the eye has been around for over a century, and the first idea for the lenses was since the 16th century. Leonardo da Vinci introduced this in Codex of the Eye. However, it was not until 1888 that it became practical. German inventor Adolf Fick successfully invented the first eye-contact lens to fit the eye. It uses a real mirror, and the size is about a finger (2 cm). So it's very convenient to use. What's worse is that the capsule can't reach oxygen.

By the late 1980's, polymer-based contact lenses had developed, so that users were more comfortable. In 1998, the first generation of lightweight lenses made with silicone hydrogels were introduced to the market. The advantage of silicon is that it diffuses with oxygen, making it easier to install and maintain hydrogels. The second-generation silicone hydrogels (galyfilcon A) are used as the Tanaka monomer. The inside surface provides more moisture. And the third generation is coming up. Enfilcon A contains 46% water.

There are only two types of eyeglasses in general.
(1) rigid lens
(2) soft lens

A rigid lens is called a lens. Because of its enhanced oxygen diffusion, the rigid gas permeable lens (RGP lens) is more complete. The lens of the eye is slightly thick and rigid, and it rests on the hand. The skin is a little thick, and it is almost always cracked in the beginning. After 2 or 3 days, it will become normal. The good things last. It's cheaper. Easy to handle. The bad thing is that it's less than half the diameter of the eyelids. When you touch the side of the face, it is easier to separate the eyes.

Soft lens is a soft lens. Made of soft plastic. Don't be so soft in the eyes. Most are made of materials such as silicone-hydrogels. Salicone-hydrogels are less wet.
 Another technique is to reduce this by covering a thin layer of plasma.

Extended wear contact lenses have also appeared. It can be put on for one week without detention. It means that you can put up for six consecutive nights. Some lenses can be fitted for up to one month. Keep in mind that every type of long lasting product once removed, rest a good eye. For example, a month's worth of rest should be at least one night without eye contact.

There are also Disposable contact lenses. It is in the category of soft contact lenses. Koreans are more used. We had to drop out three days a day. Hybrid Lens is also good. It is mainly used for baby scavengers, with a layer of oxygen in the middle and a soft outer layer.

Eyeglasses are used not only for eye power but also for beauty. The color of the eyes turns blue and green to make it look beautiful on the eyes. According to a 2014 AOA report, about half of eyeglasses are self-employed without a doctor's instruction. Most users are in their mid-30s. Two-thirds of eyeglasses are women. There are few manufacturers. There are about four famous companies. Johnson & Johnson is an Acuvue brand. The Cooper releases the CooperVision name, and Vorvatis the Alcon. The valeant company sells the brand by Bausch & Lomb.

According to the 2004 statistics, there are 125 million eyeglasses in the world. It accounts for about 2% of the world's population. The United States has nearly 35 million users. The market is expanding, and the market is expanding. Western Europe has become a major market for eyewear. According to the 2015 figures, the global lenses market has reached more than $ 11 billion. According to the estimates, the market for eyewear will increase by more than 10% over the next five years.


Dr. Aye Min Htoo

9.7.17

No comments:

Post a Comment